Saturday, January 10, 2009

မေကြီး (သို့) အမေ...( အမေများနေ့ အမှတ်တရ )


ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ..
သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်.....

ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ..
သူများအမေတွေထက် အကုန်များခဲ့ရတယ်.....

ကျွန်တော့်ကိုချစ်တဲ့...အမေ..
သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်.....

သားကို သခင်...
လင်ကို ဘုရား ဆိုတဲ့ အမေ....
ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်...

လောကမှာ ကျွန်တော်
တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်...
မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့..
တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး
ရင်ဆိုင်နိုင်ခဲ့တယ်...

အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု
မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ...

အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု
မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ...

ကျေးဇူး အထူးပါမေကြီးရယ်...
အရာရာအားလုံးအတွက်ပါခင်ဗျာ.....

သားကြီးဂတိပေးပါတယ်...မေကြီး
သားအသက်ရှင်နေသမျှကာလပတ်လုံး..
ဒီလောကကြီးထဲမှာ...
မေကြီးဘာအကြောင်းကြောင့်နဲ့မှ
စိတ်ဒုက္ခတွေ သောကဝေဒနာတွေ
ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...


(၁၀.ဝ၁.၂၀၀၉)

13 comments:

  1. အော်..နောင်တ နောင်တ ခွင့်လွှတ်ပါတယ် မေကြီးက
    စတာနော် လိမ်မာတော့မယ်ဆိုတော့ အတိုင်းနဲ့ အလွန်ဝမ်းသာပါတယ် မောင်လေးရေ..

    ReplyDelete
  2. ညီနဲ့တူတယ်
    လိမ္မာတယ်။
    :P

    ReplyDelete
  3. အမေ့ကို သိတတ်တဲ့ ကလေး ..
    အစစအရာရာ အဆင်ပြေပါစေကွယ် ..
    အစ်မတော် အခုတလော
    အလုပ်ထဲက pressure ပေါင်းများစွာနဲ့
    blog မလည်အားလို့ မရောက်ကြောင်းပါ ..
    ကိုယ့်ကို ( ၅၀) ပေးပါ ကလေးရယ် ..
    sorry ... နားလည်ပေးပါ ..

    ReplyDelete
  4. စာသားတွေမှာ မေကြီးပေါ်ထားတဲ့ မေတ္တာတွေတွေ့နေရတယ်နော်
    ကတိအတိုင်း တည်မြဲပါစေ
    ညီမလေးလဲကြိုးစားရဦးမယ် :)

    ReplyDelete
  5. ကောင်းတယ် ကိုခန့်ချောရေ
    ကိုခန့်ချောက လိမ္မာတယ်

    ReplyDelete
  6. ကောင်းတယ် ကိုရဲရင့်နီရေ....... အမေကိုချစ်တဲ့သားဆိုတာ ပေါ်လွင်နေပါတယ်ဗျာ။ နောက်နောင်များမှာလည်းအမေ့နားမှာနေပြီးတော့ အမေကိုပြုစုနိုင်ပါစေဗျာ။

    ReplyDelete
  7. ကဗျာလေးကိုဖတ်ပြီး မောင်လေး မောင်လေးရဲ့အမေ
    အပေါ်မှာထားတဲ့ စေတနာတွေ၊မေတ္တာတွေကို ထင်ထင်
    ရှားရှားမြင်ရ ၊ခံစားရပါတယ်ကွယ်။

    ကဗျာလေးအတိုင်းပဲ အမေ့ကို စိတ်ချမ်းသာမှုတွေပေး
    နိုင်တဲ့ သားလိမ္မာလေးတစ်ယောက်ဖြစ်နိုင်ပါစေနော်.

    ခင်မင်စွာနဲ့
    အစ်မ၀ါ

    ReplyDelete
  8. နောက်မဆိုးနဲ့တော့ပေါ့ဗျာ ။ ကောင်းကောင်းနေ :)။

    ReplyDelete
  9. အမေ့ကျေးဇူးဆပ်နိုင်သောသားကောင်းရတနာ
    လေးဖြစ်ပါစေဗျာ....

    ReplyDelete
  10. နောင်တတွေရနေတာပေါ့လေ နောက်မကျသေးဘူးဗျို့ အမေ့ကျေးဇူးဆပ်နိုင်
    သော သားကောင်းရတနာလေးဖြစ်ပါစေဗျာ

    ReplyDelete
  11. မနက်စောစောဖတ်လိုက်ရတာ မင်္ဂလာပါပဲး)

    ReplyDelete
  12. မေမေချစ်တဲ့သားကြီး
    အဝေးဆီရောက်နေပြီ
း)

    သားကြီးဂတိတွေ မေကြီးကြားရင် သူများမေမေတွေထက်
    ပိုပျော်လိမ့်မယ်။

    သားကြီးရေ
    ကြိုးစားထား
း)

    ReplyDelete
  13. ကဗျာလေးကိုဖတ်လိုက်ရတဲ့အချိန်မှာ အတိတ်လေးကိုပြန်ပြီး သတိ၇လာတယ် ပြန်ပြီးနောင်တရလာတယ် ကိုယ့်လုပ်ခဲ့တဲ့အရာတွေကို ဒီကဗျာလေးကဖော်ထုတ်ပေးခဲ့တယ် ကျေးဇူးတင်ပါတယ်
    ကဗျာတင်တဲ့လူရော ကဗျာရော.........နောက်လည်
    များများရေးနော် အားပေးနေပါတယ်...ပြောရင်ဆိုရင်နဲ့
    မေမေကိုသတိရလာတယ်.....မေကြီးကိုအဝေးကနေပြီးကန်တော့လိုက်ပါတယ်မေမေ ခွင့်လွှတ်ပါလို့ ဒီကဗျာလေး
    နဲ့(သို့)ဒီစာသားလေးနဲ့ပဲတောင်းဆိုလိုက်ပါတယ်မေမ...
    မေမေကျန်းမာပါစေ ချမ်းသာပါစေလို့ ဆုတောင်းပေး
    လိုက်ပါတယ် လိုရာဆန္ဒပြည့်ဝပါစေမေမေ........
    မေမေဟာဘာပဲဖြစ်ဖြစ်မေမေဟာမေမေပါပဲ.....အ
    အမေ့ကိုချစ်တယ်.အမေကိုဘယ်အရာနဲ့မှမနှိုင်းဆနိုင်ဘူးမေမေ ချစ်တဲ့မေမေ.........
    junejune843@gmail.com

    ReplyDelete

ပေါ့ပေါ့ပါးပါးပေါ့ဗျာ... ရင်ထဲရှိတာလေးတွေဖွင့်ထုတ်ခဲ့ပေါ့..
ကျေးဇူးအထူးပါဘဲဗျာ..