Friday, April 10, 2009

လူ့အတွေး ကိုတွေးကြည့်ခြင်း



ငါ့မြင်းငါစိုင်း.....
စစ်ကိုင်းရောက်ရောက်...
ငါ့လှေငါထိုး...
ပဲခူးရောက်ရောက်.....

ဒီလိုနဲ့ဘဲ....
သူတို့တွေက ..စိုင်းလိုက်... ထိုးလိုက်နဲ့.....
ငါတို့တွေလည်း....
မြင်းတွေဖြစ်လိုက်..လှေတွေဖြစ်လိုက်ပေါ့...

တစ်ခါတစ်ခါများဆိုရင်...
ကိုယ်ကိုကိုယ်တောင်...
ဘာကောင်ဖြစ်လို့
ဘာကောင်ဖြစ်မှန်းမသိနိုင်အောင်...
သူတို့ကတော့
စီးလို့ကောင်း...ထိုးလိုးကောင်းနေတုန်း။

သင်္ချိုင်းနေရာတောင်... မရှိရရှာတဲ့
အဓိပတိဟောင်းကြီးတွေရှိတယ်....
တူသောအကျိုးပေးတွေဘဲပေါ့။

ငါ့အလှည့်
ငါ့အလှည့်ရောက်နေတယ်ဆိုပြီး....
အရမ်းကာရော မလုပ်မိပါစေနဲ့။

ငါ့အလှည့်ဆိုတာရှိနေရင်....
သူအလှည့်ဆိုတာလည်းအမြဲရှိနေမယ်......

ပြုသူအသစ်...
ဖြစ်သူအဟောင်းတဲ့....

ရှည်လျှားလွန်းတဲ့...သံသရာကို...
သူတို့တွေဘာကြောင့်များ...
ထပ်ခါထပ်ခါ ဆွဲဆန့်ခြင်နေကြတာလည်း။

သုညနဲ့ စတဲ့ဘဝတွေက...
သုညတွေနဲ့ဘဲဆုံးလိမ့်မယ်။

နေထွက်တုန်း ဗလာသက်သက်ဘဲလေ....
နေဝင်တော့လည်း ဗလာသက်သက်ဘဲပေါ့....
လောကရဲ့ သစ္စာတရားတွေ.....
လောကကြီးရဲ့ သစ္စာတရားတွေ...။

ငါတို့ ကတော့...
ဘေးလည်းမထိုင်..
ဘုလည်းမပြော....
ဟိုဘက်မှာလည်းမနေ...
ဒီဘက်မှာလည်းမရပ်
ခြံစည်းရိုးပေါ်လည်းတက်မခွဘူး။

ငါ့မြင်းငါစိုင်း.....
စစ်ကိုင်းရောက်ရောက်...
ငါ့လှေငါထိုး...
ပဲခူးရောက်ရောက်.....

(၁ဝ.ဝ၄.၂ဝဝ၉)

5 comments:

  1. "ငါ့အလှည့်
    ငါ့အလှည့်ရောက်နေတယ်ဆိုပြီး....
    အရမ်းကာရော မလုပ်မိပါစေနဲ့။

    ငါ့အလှည့်ဆိုတာရှိနေရင်....
    သူအလှည့်ဆိုတာလည်းရှိနေမယ်......"တဲ့

    ကောင်းလိုက်တာ။

    ReplyDelete
  2. နေထွက်တုန်း ဗလာသက်သက်ဘဲလေ....
    နေဝင်တော့လည်း ဗလာသက်သက်ဘဲပေါ့....
    လောကရဲ့ သစ္စာတရားတွေ.....
    လောကကြီးရဲ့ သစ္စာတရားတွေ...။

    မှန်တယ် အကိုရေ

    ReplyDelete
  3. အကိုရေ ဖတ်သွားတယ် ။ တွေးသွားပါတယ် ။

    ReplyDelete
  4. အင်းးးးးးးးးးးးးးးးးးးးးးးးးးး
    တွေးသွားတယ်--
    စဉ်းစားတယ်---

    ReplyDelete
  5. တယ်ကောင်းတဲ့ ကဗျာပါပဲဗျာ။ ဖတ်ရူခံစားသွားပါတယ်။

    ReplyDelete

ပေါ့ပေါ့ပါးပါးပေါ့ဗျာ... ရင်ထဲရှိတာလေးတွေဖွင့်ထုတ်ခဲ့ပေါ့..
ကျေးဇူးအထူးပါဘဲဗျာ..