Thursday, February 26, 2009

မောတယ်



လူဖြစ်ရတာ မောတယ်.............
ဒေါသဖြစ်နေရတာမောတယ်......
အသက်ရှူရနေရတာမောတယ်...
အလုပ်လုပ်ရတာမောတယ်........
ငွေရှာရတာမောတယ်...............
ပြောနေရတာ မောတယ်............
သည်းခံရတာ မောတယ်............
ချစ်ရတာ မောတယ်..................
လွမ်းရတာ မောတယ်................
မျှော်လင့်ရတာ မောတယ်...........
တွေးရလွန်းလို့မောတယ်.............

ဖြစ်ခြင်တာတွေမဖြစ်လို့မောတယ်..
မဖြစ်ခြင်တာတွေဖြစ်လို့မောတယ်..
စိတ်ညစ်ရလွန်းလို့ မောတယ်.......
အသက်ရှင်ရတာမောတယ်.........
ဝမ်းနည်းရတာမောတယ်...........
မောရလွန်းလို့ မောတယ်...........။
မောတယ်...........။
မောတယ်...........။
မောတယ်...........။
မောတယ်...........။



(၂၆.ဝ၂.၂ဝဝ၉)
မှတ်ချက်- အရမ်းကိုမောနေလို့  ဧည့်ဝတ်မကျေခဲ့တာများရှိ ခဲ့ရင်ခွင့်လွတ်ပေးကြပါလို့ အားလုံးကို(အနူးအညွတ်)တောင်းပန်ပါတယ်ခင်ဗျာ..

Thursday, February 19, 2009

သင်သိပါသလား ? ဤဓါတ်ပုံများဖြစ်ပေါ်လာရခြင်းအကြောင်း........


ကျည်ကာအကျီဝတ်နေရတဲ့ ရဟန်းတော်

ကျည်ဆန်ကာယာဉ်ဖြင့် ဆွမ်းခံနေရပုံ

ဘုန်းကြီးကျောင်းသား ထိုင်းစစ်သားများ-၁

ဘုန်းကြီးကျောင်းသား ထိုင်းစစ်သားများ-၂

ဤကဲ့သို့.. ထိုင်းရဟန်းတော်များ ရက်ရက်စက်စက် အသတ်ခံကြရသောကြောင့်ပင်ဖြစ်သည်။

ဓါးဖြင့် ရက်ရက်စက်စက် ခုတ်သတ်ပြီး မီးဖြင့် ထပ်မံရှို့  သွားသေးသည်။
ဤ ဘုန်းကြီးတွင် မည်သည့်အပြစ်ရှိသောကြောင့်နည်း.....။ သင်ဖြေကြားပါမိတ်ဆွေခင်ဗျာ။
ဤ ဘုန်းကြီးတွင် ကြီးမားသောအပြစ်ရှိပါသည်။ ထိုအပြစ်မှာ ဗုဒ္ဓဘာသာဝင်ဖြစ်နေခြင်းပင်ဖြစ်ပါသည်။

Friday, February 13, 2009

My Heart is Just for You


I love you more than life itself
But I'm afraid to love.
My heart is like the fragile wings
Of a tiny little dove.

I'm scared to get too close.
I feel that I can't win.
You'll love me for a little while
Then you'll set me free again.

I've lived so long on hopes and dreams
I don't know what to do.
I don't think I can trust my heart,
For it belongs to you.

I know you'll only hurt me
Yet, I still keep running back.
Between the paths of our hearts
There's a worn and beaten track.

You've got my heart held on a string.
It's breaking right in two.
Enough belongs to me -to hurt-
The rest belongs to you.

I know that somewhere in your heart
There is a place for me.
I just don't know how to find it
And there's no way to make you see.
I can only hope that someday
You'll wake up and you'll find,
That while my heart belongs to yours,
Yours, too, belongs to mine.

မှတ်ချက်-နှစ်သက်မိလို့အားလုံးခံစားနိုင်ဖို့ ဒီနေရာက ကူးယူဖေါ်ပြလိုက်ပါတယ်။

Wednesday, February 11, 2009

ညီလေး ချစ်ခြင်းခြေရာ သို့ အိပ်ဖွင့်ပေးစာ...(TAG ပိုစ်)


( ဂီတ နှင့် ကျွန်တော်၏သမိုင်း )

ကျွန်တော် နှင့် ဂီတ၊ ဂီတ နှင့် ကျွန်တော် ဆိုသည်မှာကျွန်တော့်အတွက်တော့ခွဲခြားရန်မဖြစ်နိုင်သောအရာပင်ဖြစ်သည်။
လူမှန်းသိတတ်စ ခလေးဘဝ ပုခက်အတွင်း မှာကတည်းက ကျွန်တော်အိပ်ရန် ကက်ဆက် ဖွင့်ပေးထားရသည်။
သီချင်းသံ မကြားရလျှင် မအိပ်တော့။ မှတ်မိသေးသည်...နေရှင်နယ် ကက်ဆက်လေးနှင့် ကျွန်တော် နားထောင်ခဲ့ရ သည်က...
အဆိုတော် ကိုင်ဇာ၏ သီချင်းများ..... ယခုအချိန်ထိမှတ်မိနေသော သီချင်းတစ်ပုဒ်ကတော့.. မနိုးပါစေနဲ့ မိုးရယ်......

ဒီလိုနဲ့ ၁ နှစ်ပြီး ၁ နှစ်အသက်တွေကြီး လာခဲ့သည်...ယနေ့အချိန်အထိ ၁ ရက်မှ သီချင်းမဆို၊သီချင်းမညည်းဘဲ အိပ်ယာဝင်ခဲ့သော ည ၁ညမျှပင် မရှိခဲ့
( သာသနာ့ ဘောင်သို့ဝင်ချိန်မှအပ)..
ဘယ်လိုအခြေအနေဘဲရောက်ရောက်..ဘယ်လိုပြဿနာတွေဘဲကြုံကြုံ.....အသည်းကွဲတော့လည်း အလွမ်းအဆွေးသီချင်းတွေနှင့်..
လောကကြီးကို နာကျည်းတော့လည်း ဟဲဗီးရောခ် နှင့်..... သူငယ်ချင်များနှင့်ပျော်ရွင်သောအချိန်မျိုးတွင်တော့...ဒစ္စကိုသီချင်းလေးနှင့်..
အရာရာကိုရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့သည်။

သီချင်းဆိုသည်မှာ ကျွန်တော့်အတွက်တော့...ဖျော်ဖြေရေးအရာဝတ္တုတစ်ခုအဖြစ်အဓိပ္ပါယ်ဖွင့်ဆိုရန်မဖြစ်နိုင်ပေ...
အကြောင်းမှာမူ....သူသည်ကျွန်တော့်အတွက် ရင်ဖွင့်ရာ၊ထွက်ပေါက်တစ်ခု၊စိတ်ဖြေရာ......၊ အနားလည်းဆုံးသူငယ်ချင်း ၊တစ်ခါတွင်မှ
စိတ်မဆိုးတတ်သောချစ်သူ ဖြစ်သောကြောင့်ပင်ဖြစ်သည်။

လွန်ခဲ့သော ၁ဝနှစ် ကျော်ခန့်က... ရေကျော်၊ကျောက်မြောင်း ဘက်များတွင်...လုပ်သောပွဲ မှန်သမျှ.. ကျွန်တော်တို့ မရောက်သောပွဲ
မရှိ။ ဂီတမှူး က ကိုသန်းဌေး.....အတူတူ ဆိုခဲ့ သူများတွင်...အောင်မြင်နေသောသူ တစ်ဦးရှိသည်.. ထိုသူကား ကျွန်တော်က ဇာနည်ဟု
ခေါ်သော.. အဆိုတော် Rဇာနည် ပင်ဖြစ်သည်။

ယခုလည်းညီတော်လေးချစ်ခြင်းခြေရာမှ...သူ၏ တန်းဝင်သော သူ၏အသံ ကိုပရိတ်သတ်ထံသို့ ဤနေရာတွင် မှတ်ကျောက်တင်ခဲ့ပြီးဖြစ်သည်။နောက်ထပ် အဆိုရှင်များ ကိုလည်း ပရိတ်သတ်ကြီးနှင့်ထိတွေ့စေခဲ့ပြီးဖြစ်သည်။
ထင်ပေါ်သောကြောင့် စင်တော်ကကောက်သူများ မှာအခြားသူများမဟုတ်ပေ။
အမှတ်တရလေးများဘလောဂ် မှ.. အမတော် ဝါဝါခိုင်မင်း ( အဆိုတော်နာမည်နဲ့တူတယ်နော် ) နှင့်.. ညီတော် ပူတူတူးလေး အလှတရား
တို့ဖြစ်ကြပေ သည်။ အမတော် ဝါဝါခိုင်မင်း၏ အနုပညာအရည်အချင်း ကို ဤနေရာတွင် နားသောတဆင်နိုင်ပြီး... ဆရာမဆူမှာ စိုးသောကြောင့် ခေတ်ပေါ်သီချင်းများ ကိုဆိုချင်ပါလျှက်မဆိုရသော ညီတော် ပူတူတူးလေး အလှတရား ၏ တေးသံ ကို ဤနေရာတွင် နားသောတဆင်နိုင်ပါ ပြီးခင်ဗျာ....
ကျွန်တော်ကတော့..စင်ပေါ်တွင် ပထမဆုံးစဆိုခဲ့ သည့်..အဆိုတော် ထွဏ်းထွဏ်း၏ ၂၅မိနစ် သီချင်းကိုရှာရာ.. အဆိုတော်ရော..
သီချင်းရော နှစ်မျိုးစလုံး မတွေ့ ရပါသောကြောင့် သူငယ်ချင်း ဇာနည် ရဲ့ သီချင်းကို ဘဲ.. ရှေ့ မျက်နှာနောက်ထားပြီး ဆိုလိုက်ပါတယ်။
ပရိတ်သတ်ကြီး နားသောတဆင်တော်မူကြပါခင်ဗျာ..
(မှတ်ချက်- နားသောတဆင်၍ အဆင်မပြေပါက မူရင်းသီဆိုသူများ၏ တာဝန်သာ ဖြစ်ပါကြောင်း)
ဆက်ရန်..............

Tuesday, February 10, 2009

ဗိုလ်ချုပ်အောင်ဆန်းရဲ့ (၉၄) နှစ်ပြည့်မွေးနေ့ဆီသို့..



ဖေဖော်ဝါရီ တစ်ဆယ်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ ပါ

တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေဦးဖာ သား

ဇာတိနတ်မောက် မကွေးခရိုင်
သိကြ များခုတိုင်

ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စုသား ….

တစ်ထောင့် ကိုးရာလေးဆယ့်ခွန်
ပြောင်းကြွတမလွန်

မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး

ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် ဒို့ဖခင်

ကောင်းစေချင်တဲ့ အမှာစကား
ငါတို့ မမေ့အား

ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား…။

အောင်ဆန်းပေးတဲ့မြန်မာပြည်

ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရ


(စကားချီး။
လူ့လောကထဲ သူနေခဲ့ရတာက
၃၂ နှစ် ၅ လ ၆ ရက် ထဲရယ်ပါ။
၁၃-၂-၁၉၁၅ မှ ၁၉-၇-၁၉၄၇
နတ်မောက် ဦးသောဘိသကျောင်း
ရေနံချောင်း အမျိုးသားကျောင်း
ရန်ကုန်တက္ကသိုလ်တွေမှ ပညာဆည်းပူးခဲ့၊
၁၉၃၄ ကျောင်းသားသမဂ္ဂအမှုဆောင်နဲ့ နိုင်ငံရေးဘ၀စတင်၊
နိုင်ငံရေး လုပ်သက် ၁၃ နှစ်
အဓိက ဖြတ်သန်းမှုတွေက
သမဂ္ဂ၊ တို့ဗမာ၊ ရဲဘော်သုံးကျိပ်၊ ဖဆပလ
အဓိက အောင်မြင်မှုကတော့
မြန်မာ့လွတ်လပ်ရေး သို့မဟုတ် စတုတ္ထမြန်မာနိုင်ငံတော်)

အရပ် ပုပု
မျက်မှောင် ကုတ်ကုတ်
ပိုသီပတ်သီ အညာသား။

ဘီအေ ကျောင်းသား
စကား မပြော
ပြောရင်မရပ်
ညှင်းသိုးသိုး အရိုးခံ
ခေါင်း အမာဆုံး
ဇွဲ အရှိဆုံး
စိတ်ဓာတ် အပြင်းထန်ဆုံး လူသား။

သူမသိ နားမလည်တာတွေက အများသား
ရေ မကူးတတ်ဘူး
စက်ဘီး မစီးတတ်ဘူး
စန္ဒရား မတီးတတ်ဘူး
သီချင်းကောင်းကောင်း နားမထောင်ခဲ့ရဘူး
မိန်းမ မပိုးတတ်ဘူး
ဘိလပ်ပြန်သန်းကို မေရှင့်သီချင်း ဆိုခိုင်းခဲ့သူ
ချစ်ရတဲ့ နာစ့်မလေးကြည်ကို လူငှားနဲ့ ပိုးခဲ့ရသူ
ဗွီအိုင်ပီဆိုတဲ့ စာတန်းကို အလွန်စက်ဆုပ်ရွံရှာသူ
လမ်းဘေးမှာ ကျောက်ကျောရေသောက်တဲ့ ၀န်ကြီးချုပ်
မင်္ဂလာဆောင်မှာ ခဲဖိုးတောင်းတာ နားမလည်တဲ့သူ
လွတ်လပ်ရေးကို စဉ်းစားရင်း စစ်ဖိနပ် ပြောင်းပြန်စီးတဲ့သူ
လွတ်လပ်ရေးကို စဉ်းစားရင်း ဆံပင်ညှပ်မပြီးခင် ထထွက်သွားတဲ့သူ
တွေ့ချင်လွန်းလို့ လမ်းမှာတားတဲ့ ရွာသားတွေနဲ့
အတူ လမ်းဘေးမှာ အကြော်စားတဲ့ ၀န်ကြီးချုပ်
သူ့ကိုယ်သူ ပြည်သူတစ်ယောက်အဖြစ်ခံယူတဲ့ ၀န်ကြီးချုပ်
"ကြည်...ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ်"
မိန်းမကို မနက်စာပြင်ခိုင်းတဲ့ သူ့ရဲ့ ကမ္ဘာကျော်စာ
ဗိုလ်ချုပ်အဆင့်ရဲ့ အမှားနဲ့ သာမန်ရဲဘော်အဆင့်ရဲ့ အမှန်ကို
ကွဲကွဲပြားပြားသိတဲ့သူ
လူငယ်ဘ၀၊ လူ့ဘ၀ရဲ့ စည်းစိမ်အရသာတွေ
ခံစားဖို့ အချိန်မရခဲ့တဲ့သူ
သူ့ဖြတ်သန်းမှုမှာ
လွတ်လပ်ရေးဆိုတာ တစ်ခုတည်းနဲ့
ပကတိ ရိုးရှင်းသန့်စင်ခဲ့တဲ့သူ
သူ့ကို ဒဂုန်တာရာက ကင်ပွန်းတပ်
အောင်ဆန်း သို့မဟုတ် အရိုင်းတဲ့။

လုပ်သက်က ခပ်နုနု
ကျောင်းသား ပေါက်စ
သခင် ပေါက်စ
စစ်သား ပေါက်စ
နိုင်ငံရေးသမား ပေါက်စ
ဘ၀တွေက အဖုံဖုံ
အသက်က ၃၀ မရှိ တရှိ။

ဒီအောင်ဆန်း လက်တောက်လောက်လေးကို
ဘာ့ကြောင့်
နေမ၀င် အင်ပါယာကြီး ဒူးထောက်ခဲ့ရပါသလဲ...။

တကယ်ဆိုတော့
ငါတို့ အောင်ဆန်းက
နယ်နယ်ရရ မဟုတ်-
ရိုးသားတဲ့ မြန်မာတွေထက်ပို
ရိုးသားတဲ့ အောင်ဆန်း
သတ္တိပြောင်တဲ့ မြန်မာတွေထက်ပို
သတ္တိရှိတဲ့ အောင်ဆန်း
စွန့်လွှတ်ရဲတဲ့ မြန်မာတွေထက်ပို
စွန့်လွှတ်ပြတဲ့ အောင်ဆန်း၊
ဒီလို အောင်ဆန်း
သူ့သွေးသား အရိုးအချဉ်တွေ အားလုံး
လွတ်လပ်ရေး တစ်ခုတည်းနဲ့ အပြီး
စုစည်းတည်ဆောက်ပြတဲ့ အောင်ဆန်း
တကယ့်အရိုးခံ အောင်ဆန်းပေါ့။

ဒီအောင်ဆန်းကို
လွတ်လပ်ရေးလမ်းဝမှာ ဘွားကနဲ မြင်လိုက်ရရုံပဲ
အောင်ဆန်းရဲ့ဆရာတွေ မှိုင်း၊ မြ၊ ချိုတို့ကအစ
""ငါတို့ အားကိုးပါရစေ"" ဆိုလာကြ၊
ရှေးဘိုးဘွားမိဘပြည်သူတွေက
""ငါတို့ကယ်မယ့် မင်းလောင်းပေါ်ပြီ"" ပြုံးပျော်ကြ
လူငယ်သွေးသောက်မြန်မာတွေက
""ငါတို့ စွန့်ပါရစေ"" ဆိုပြီး ရှေ့ထွက်လာကြ
စုကြ၊ ရုံးကြ၊ စည်းလုံးကြ
တကယ့်ဗမာတွေ
မဟာအောင်ဆန်းအနောက်က
ပြည်သူ့ ဒီလှိုင်းလုံးကြီးတွေရဲ့
တ၀ုန်းဝုန်း ရိုက်ခတ်သံဟာ
အဲဒီအချိန်က ၀ိတိုရိယဘုရင်မကြီးကိုတောင်
အိပ်မက်တွေ အေးခဲစေခဲ့သပေါ့။

အောင်ဆန်းရှေ့ရောက်ရင်
ရှမ်းတွေက ရှမ်းစကားမဆိုကြ
ကချင်တွေကလည်း ကချင်စကားမဟကြ
အောင်ဆန်းကို ယုံကြည်စွာနဲ့
သူတို့ သခင်အဖြစ် သိမှတ်ပြုကြ
အားလုံးသော တိုင်းရင်းသားတွေ။

ဒီပြည်လုံးကျွတ်အားကို စုစည်းနိုင်ခဲ့လိုလည်း
အင်္ဂလိပ်တွေက ဒီအောင်ဆန်းလက်တောက်လောက်နဲ့
တစ်စားပွဲထဲ ၀ိုင်းခဲ့ကြပေါ့
အကင်းပါးသူတွေပီပီ
မတိုက်မီက ရှုံးနေတဲ့ ဒီစစ်ကို
ဒင်းတို့ မတိုက်ဝံ့ကြ
မျက်နှာမပျက် အောင်မြင်စွာ ဆုတ်ခွာမယ့်လမ်းကို
သူတို့ ရွေးခဲ့ကြ
အောင်ဆန်းနဲ့အတွေ့မှာ။

ယုံကြည်အားကိုးတဲ့
မျက်လုံးပေါင်း သန်း ၆၀
အောင်ဆန်းမှာ ရှိတယ်
လွတ်လပ်ရေးကို တရှိုက်မက်မက်တောင့်တတဲ့
နှလုံးသားသန်း ၃၀ အောင်ဆန်းမှာရှိတယ်
အောင်ဆန်းသေဆို သေပြ၀ံ့တဲ့သူ
အောင်ဆန်းမှာ တပြည်လုံးရှိတယ်
ဒီ မျက်လုံးနှလုံးအသက်
ဗို့အားသိန်းသန်းချီ မီးဆလိုက်အားတွေနဲ့
နေမ၀င်အင်ပါယာကို ပြတ်ပြတ်သားသား လှမ်းထိုးလိုက်တဲ့အခါ
အခြောက်တိုက် ဘ၀င်မြင့်နေသူတွေ
အားလုံး အရည်ပျော်သွားခဲ့ကြ။

ဘယ်ရာဇ၀င်မှာ ခင်ဗျားတို့ တွေ့ဘူးလဲ။
ဂျပန်ဆိုတာ မနူးမနပ်မဟုတ်ဘူး။
အင်္ဂလိပ်ဆိုတာက ဝေလာဝေး
သူငယ်နှပ်စားမဟုတ်။
ဒင်းတို့တွေတောင် ရအောင် စည်းရုံးနိုင်တဲ့သူ
အောင်ဆန်း
ဒီအောင်ဆန်းက စစ်ကို မလို
ဒါပေမဲ့ ရရင်ရ မရရင်ချ ဆိုတာ အောင်ဆန်းဝါဒ
လွတ်လပ်ရေးကို အမြန်ဆုံးလိုချင်နေတဲ့
အဲ့ဒီအချိန် ပြည်သူတွေရဲ့
တစ်ဦးတည်းသော ကိုယ်စားလှယ်
ငါတို့ အောင်ဆန်းပေါ့။

အောင်ဆန်း
ဒီအချိန်ဆို
၉၄ နှစ်ရှိပြီ
အောင်ဆန်းပြောမယ်
အဘိုးရဲ့စကား နားထောင်...။

""မမေ့နဲ့
မင်းတို့
ကနေ့ ရှုနေတဲ့ လေဟာ
ငါတို့
မနေ့က ချွေးစက်တွေဆိုတာ
မမေ့နဲ့
မင်းတို့
မြန်မာဆိုတဲ့ စကားတစ်ခွန်းကိုရဖို့
ငါတို့
ဘုံးဘောလအော ကျဆုံးပေးခဲ့ရတာ
မမေ့နဲ့
မင်းတို့
ကမ္ဘာ့မြေပုံပေါ်တက်နိုင်ဖို့
ငါတို့
အလောင်းကောင်တွေဆင့်ပြီး ထမ်းတင်ပေးခဲ့တာ မမေ့နဲ့။"" . . . . .

မြန်မာလူမျိုးတိုင်းမှာ
အဖေနှစ်ယောက်ရှိတယ်
တစ်ယောက်က
ကိုယ့်သွေးသားအဖေ
ကျန်တစ်ယောက်က
မြန်မာလူမျိုးကို မွေးပေးတဲ့အဖေ
မြန်မာလူမျိုးရဲ့အဖေ
မြန်မာ့အဖေ
အောင်ဆန်းပေါ့။

ကျုပ်အဖေနဲ့အဖိုးဟာ အောင်ဆန်းသားတွေ
အောင်ဆန်းက ကျုပ်အဖိုး
ကျုပ်သားက အောင်ဆန်းရဲ့မြစ်ပေါ့
သူ့အဘိုးကို သူ လွမ်းတတ်နေပြီ
သူ့သားကျရင်လဲ သူ့အဘေးနဲ့
ပေးတွေ့နိုင်ဖို့
အခုကတည်းက အသေအချာ
ကျုပ် မှာထားရအုံးမယ်။



မှတ်ချက်.... ဘယ်သူတွေဘဲမေ့မေ့.. ကျွန်တော်ကတော့ ကျွန်တော်အသက်ရှင်နေသ၍ ထာဝရ ဗိုလ်ချုပ် ကိုဦးညွတ်နေမယ်။

Monday, February 9, 2009

ရဲရင့်နီ အတွက် ရဲရင့်နီ ရဲ့ ဒဿနများ(၂)




(၁)မိမိကိုယ်ကို မိမိကိုယ်တိုင် မညှာမတာ ဝေဖန်ပါ။

(၂)မိမိ၏ အားနည်းချက်များကို အမြန်ဆုံးပြင်ဆင်ပါ။
မိမိ၏ အားသာချက်များကို ပိုမိုကောင်းမွန်အောင်ပြင်ဆင်ပါ။

(၃)အခက်အခဲဆိုသည်မှာရင်ဆိုင်ဖြေရှင်းပြီးအနိုင်ယူရန်ဖြစ်သည်။
ကြေက်ရွံ၊ထွက်ပြေးခြင်းဖြင့်အခက်အခဲများပျောက်ကွယ်သွားမည်မဟုတ်ပေ။

(၄)သင်အရှုံးမပေးမခြင်း၊လက်နက်မချမခြင်း၊သင်သည်ဘယ်သောအခါတွင်မှ မရှုံးနိမ့်ပေ။

(၅)သင်၏တန်ဖိုးသည် သင့်ကိုယ်ကိုသင်၏ ပြဌာန်းချက်ပေါ်တွင်သာ(လုံးဝ)မူတည်သည်။

(၆)မနက်ဖြန်တိုင်းအတွက်အသင့်ပြင်ဆင်ထားပါ။

(ရ)မနက်ဖြန်ဆိုတာ မရောက်သေးဘူး၊တွေးပြီးကြောက်မနေနဲ့။

(၈)မူကောင်းရန်ထက်၊လူကောင်းရန်က ပိုပြီးအရေးကြီးသည်။

(၉)သင်အလုပ်မည်မျှလုပ်ကြောင်းမပြောပါနှင့်။
သင်အလုပ်မည်မျှပြီးမြောက်အောင်မြင်ကြောင်းသာပြပါ။


(၉.ဝ၂.၂ဝဝ၉)

Friday, February 6, 2009

နာကျင်မှုနဲ့အခက်အခဲ ...



လင်းယုန်တစ်ကောင်ဟာ သက်တမ်း ၇၈နှစ်ဝန်းကျင် အသက်ရှင်နေထိုင်နိုင်ပါတယ်။
လင်းယုန်ဆိုတာက ကောင်းကင်မှာ သတ္တိရှိရှိ၊ အင်အားအပြင်းဆုံးပျံနိုင်တဲ့ငှက်မျိုး။
ဒါပေမဲ့ ...သက်တမ်း၄၀လောက်ရလာတဲ့အခါမှာ အဲဒီလင်းယုန်ဟာကောင်းကောင်းမပျံနိုင်တော့ဘူး။
ဘာကြောင့်လဲဆိုတော့သူ့ရဲ့နှုတ်သီးတွေဟာကွေးလာပြီး ရင်ဘတ်နီးပါးထိအောင်စိုက်ကျလာတယ်။
အတောင်ပံတွေဟာ မခတ်နိုင် တော့လောက်အောင် စိုက်ကျလာတယ်။ လက်သည်းတွေဟာ
အလွန်ရှည်လျားလာပြီး အစာရှာဖို့ခက်လာမယ်။ အဲဒါဟာ လင်းယုန်တိုင်းပါပဲ။အဲဒီမှာရွေးစရာလမ်းနှစ်ခုရှိတယ်။.........

တစ်ခုက ကောင်းကောင်းမပျံနိုင်တော့ပဲ သေပွဲဝင်မယ့်နေ့ကိုထိုင်စောင့်ဖို့။

နောက်တစ်ခုကတော့ ကျန်နေတဲ့သက်တမ်း ၃၈နှစ်ကို ကောင်းစွာပျံသန်းရင်းအသက်ဆက်ရှင်သန်ဖို့။

အဲ ဆက်ပြီးရှင်သန်ဖို့ဆိုရင်တော့ ဖြစ်စဉ်တစ်ခုကို မဖြစ်မနေ ဖြတ်သန်းရမယ်။
အဲဒီဖြစ်စဉ်နာမည်က "Pain and Difficulties" "နာကျင်မှုနဲ့အခက်အခဲ" ..ပထမဆုံးကျောက်တောင်ထိပ်ကြီး တွေပေါ်ကို ပျံသန်းသွားရမယ်။
အဲဒီ ကျောက်တောင်ထိပ်ပေါ်ရောက်ရင် နှုတ်သီးကိုကျောက်သားတွေနဲ့ဖဲ့ရိုက်ချိုးပစ်ရမယ်။
တစ်ခါနှုတ်သီးနဲ့ လက်သည်းတွေကိုဆွဲခွာပြီး နှုတ်ပစ်ရမယ်။ ဘယ်လောက်များ နာကျင်လိုက်လေမလဲ။
ဘယ်လောက်များခက်ခဲလိုက်လေမလဲ။ ကိုယ်တိုင်လုပ်ရတာ။
အသက်ရှင်ချင်သူကိုယ်တိုင်လုပ်မှ ရတာမျိုးပေါ့။ ပြီးရင်တော့
ရက်အနည်းနည်းငယ်ကြာကြာတောင်ထိပ်မှာနေပြီး လက်သည်းတွေ၊နှုတ်သီးတွေပြန်အသစ်ထွက်ပြီး အသားကျလာတဲ့အထိစောင့်ရမယ်။
ပြီးရင်တော့ အဲဒီလင်းယုန်ဟာ ကျန်ရှိတဲ့ သက်တမ်း၃၈နှစ်ကို ရှင်သန်ခွင့်ရသွားပြီ။

ဒုတိယလမ်းကိုရွေးချယ်တဲ့ လင်းယုန်တွေအများကြီးရှိပါတယ်။ကျွန်တော်တို့ကလူသားတွေပါ။
ငှက်တွေတောင် အကျိုးစီးပွားတစ်ခုအတွက်"နာကျင်မှုနဲ့အခက်အခဲ"ဆိုတဲ့ဖြစ်စဉ်ကိုကျော်နိုင်သေးရင်ကျွန်တော်တို့လိုလူသားတွေက ရည်မှန်းချက်ပန်းတိုင်တွေအရောက်သွားဖို့၊ဆက်လက်ရှင်သန်နေထိုင်ဖို့ "နာကျင်မှုနဲ့အခက်အခဲ" ဆိုတဲ့ဖြစ်စဉ်ကိုမဖြစ်မနေ ရင်ဆိုင်ရဲ့ရမှာပေါ့။

ကျွန်တော်တို့လိုချင်တဲ့ပန်းတိုင်ကို အရောက်သွားဖို့တစ်ခါတစ်ရံကျွန်တော်တို့တတွေ အရမ်းနာကျင်ကြရမယ်။
အခက်အခဲတွေမရေတွက်နိုင်အောင် ကျော်ဖြတ်ကြရမယ်။
အဲဒီ "နာကျင်မှုနဲ့အခက်အခဲ" ဆိုတဲ့ဖြစ်စဉ်ကိုကျွန်တော်တို့အတူ ဖြတ်ကျော်ကြရအောင်ပါလေ.........
ဘာလို့လဲဆိုရင် ကျွန်တော်တို့အားလုံး ကျန်တဲ့သက်တမ်းတွေကို အဓိပ္ပါယ်ရှိရှိ ရှင်သန်ရဦးမှာမို့ပေါ့။
ကျွန်တော်တို့တတွေဟာ လက်မြှောက်အရှုံးပေးကြမယ့်သူတွေ မဟုတ်လို့ပေါ့။

မှတ်ချက် -သူငယ်ချင်းဆီကမေလ်ကိုပြန်လည်ဝေမျှလိုက်ပါတယ်။

Thursday, February 5, 2009

သတိပေးကြေငြာချက် (၁)




Subject: FW: News from Ampang Gleneagles Hospital Important news to pass it on

Please spend 1 minute and read on... News from Gleneagles Hospital (Ampang) URGENT !!!!! from Gleneagles Hospital Limited Seven women have died after inhaling a free perfume sample that was mailed to them. The product was poisonous. If you receive free samples in the mail such as lotions, perfumes, diapers etc. throw them away The government is afraid that this might be another terrorist act. They will not announce it on the news because they do not want to create panic or give the terrorists new ideas.
Send this to all your friends and family members.

Warmest Regards,

Mei ling
Gleneagles Hospital Limited
Human Resource Department
Tel: 03-4270 3474
Fax: 03-4270 3472

ကိုယ်မသိတဲ့ အမည်၊လိပ်စာ၊အဖွဲ့ အစည်းက ပေးပို့တဲ့ စာ၊ပါဆယ်၊လက်ဆောင် ပစ္စည်းများကို လက်ခံအသုံးပြုခြင်းမှရှောင်ကြင်ရန်။

Sunday, February 1, 2009

ပေါ့ပေါ့..ပါးပါး... ပြုံး...............(၁၆)



ဝိတ်ချမယ်
လူဝကြီးတစ်ယောက်ဟာ ဝိတ်ချချင်တာကြောင့် ကုမ္ပဏီကို ဖုန်းဆက်လိုက်တယ်..။
ကုမ္ပဏီ.. ရဲ့ အစီအစဉ်တွေကို မေးပြီး (၅) ရက်ကို (၁ဝ) ပေါင် ဝိတ်ကျစေတဲ့လေ့ကျင့်ခန်းကို ယူမယ်လို့ပြောလိုက်တယ်...။

နောက်နေ့မနက်မှာတော့အိမ်တံခါးခေါက်သံကြားလို့သွားဖွင့်ပေးလိုက်တယ်..။
၁၉ နှစ်အရွယ်ချစ်စရာကောင်းတဲ့ အားကစားမယ်လေးတစ်ယောက် ရပ်နေတာတွေ့တယ်..။
ကလေးတစ်ယောက်လိုဝတ်ဆင်ထားပြီး Nike အပြေးလေ့ကျင့် ဖိနပ်တစ်ရန်ဝတ်ထား ပြီး လည်ပင်းမှာချိတ်ဆွဲထားတဲ့ စာတစ်ကြောင်းလဲရှိတယ်..။
မိန်းမငယ်လေးက သူ့ကိုယ်သူ ကုမ္ပဏီ ကလွှတ်လိုက်တဲ့ကိုယ်စားလှယ်ဖြစ်ကြောင်းမိတ်ဆက်ပြီး လည်ပင်းက စာကိုဖတ်ပြလိုက်တယ်...။
"""ငါ့ကို မှီအောင်လိုက်နိုင်ရင် ငါ့ကို နင်ပိုင်ပြီ"""
လူဝကြီး သိပ်ရှည်ရှည်ဝေးဝေး မစဉ်းစားတော့ ဘဲ မှီအောင်အတင်းပြေးလိုက်တော့တယ်... မိုင်အတော်လေး ပြေးပြီးတဲ့နောက် မောဟိုက်လွန်းတာကြောင့် စိတ်မတင်မကျနဲ့ ပဲ အရှုံးပေးလိုက်တယ်...။
မိန်းမငယ်လေးက နောက် ထပ်လေးရက် စလုံး လဲ ဒီလိုပဲ ရောက်လာပြီး ပြေးကြတယ်..။
၅ ရက်မြှောက်နေ့မှာတော့ ကုမ္ပဏီက ကတိပေးထားတဲ့ တိုင်း (၁၀) ပေါင်ဝိတ်ကျသွားမှန်းသိလိုက်တယ်..။
ကျေနပ်စွာပဲ နောက်တစ်နေ့မှာတော့ ကုမ္ပဏီကို ထပ်ဖုန်းဆက်ပြီး (၅)ရက် ကို ပေါင် (၂၀)ကျတဲ့ လေ့ကျင့် ခန်း ထပ်ယူမယ်လို့မှာလိုက်တယ်...။

နောက်နေ့မနက်မှာ အိမ်တံခါးခေါက်လို့သွားဖွင့်ပေးလိုက်တော့.........။
သူ့ဘဝမှာ မှာတွေ့ဖူးသမျှကြုံဖူးလာသမျှအချောဆုံးအလှဆုံးလို့ထင်ရလောက်တဲ့ အချိုးအစားကျကျမိန်း မပျိုလေး တစ်ယောက်
ရပ်နေတာတွေ့ပြန်တယ်..။
Reebok လေ့ကျင့် ဖိနပ်တစ်ရံကလွဲလို့ဘာမှဝတ်ဆင်မထားဘူး..။လည်ပင်းမှာ စာတန်း တစ်ခုပဲရှိတယ်...ဒါကတော့
"""ငါ့ကို မှီအောင်လိုက်နိုင်ရင် ငါ့ကို နင်ပိုင်ပြီ"""
မိန်းမပျိုလေးက ခန္ဓာကိုယ့် အချိုးအစားကအစ ချောမောပြေပြစ်လှလွန်းတာကြောင့် ပိုပြီး ကြိုးစားပန်းစား ပြေးလိုက်တာပေါ့...
ဒါပေမယ်ကံမကောင်းစွာပဲ မှီအောင်မလိုက်နိုင်ပြန်ဘူး..။
နောက်ထပ်လေးရက် လဲ ဒီလိုပဲ လိုက်ကြပြေးကြတာပေါ့ ...။
သူ့ခန္ဓာကို ပို ပြီးကြည့်ကောင်းလာတာကလွဲပြီှးီအောင်တော့မလိုက်နိုင်ခဲ့ဘူး..(၅) ရက်မြှောက်နေ့မှတော့ သူ့ကိုယ်သူ ပေါင် (၂ဝ) လျော့ကျသွားမှန်းသလိုက်တော့ ဝမ်းမြှောက်သွားတယ်...။

မကျေနပ်သေးဘဲ ကုမ္ပဏီကို နောက်တစ်ခါ ဖုန်းထပ်ဆက်ပြီး (၇) ရက် ကို ပေါင်(၅ဝ) ကျစေတဲ့ လေ့ကျင့် ခန်း ကို မှာလိုက်တယ်..။ ကုမ္ပဏီကသေချာအောင်ပြန်မေးတယ်..။
"""....ခင်ဗျား တစ်ကယ်ပဲ ဒီလေ့ကျင့်ခန်း ကို လုပ်ချင်ပါသလား...။ဒီလေ့ကျင့်ခန်းက ကုမ္ပဏီရဲ့ အရမ်း တင်းကျပ်ပြီး
ပြင်းထန်တဲ့လေ့ကျင့်ခန်းဖြစ်လို့ပါ...။"""
"""....အသေ အချာပါပဲ ဒီနှစ်တွေမှာ အဲ့ဒီလို အရသာမခံစားရတာ ကြာပြီ မို့စမ်းသပ်ကြည့်ချင်ပါသေးတယ်.."""
သူပြန်ပြောလိုက်တယ်..။

နောက်နေ့မနက်မှာတော့ တံခါးခေါက်သံ ကြားတာနဲ့ အပြေးလေး သွားဖွင့်ပေးလိုက်တယ်...။
ခန္ဓာ ကို တောင့် တင်း ခိုင်မာပြီး ကြွက်သားတွေနဲ့ ဖုထစ်ထွက်နေတဲ့လူသန်ကြီး တစ်ရောက် ရပ်နေတာတွေ့လိုက်တယ်...။
ပန်းရောင် ဖိနပ်တစ်ရံကလွဲပြီး ဘာမှဝတ်မထားဘူး.. လည်ပင်းမှာတော့စာတစ်ကြောင်းရေးဆွဲထားတယ်...။
""" မင်းကို ငါမှီရင် မင်းဟာ ငါ့ အတွက်ပဲ"""

အဲ့ဒီအပတ်မှာတော့ သူ့ ကိုယ်သူ ( ၆၃ )ပေါင်ကျသွားမှန်း သိလိုက်တယ်....

မှတ်ချက် -သူငယ်ချင်းဆီကမေလ်ကိုပြန်လည်ဝေမျှလိုက်ပါတယ်။