Monday, August 4, 2008

ဆုတောင်း




*ဖြစ်လေရာ..လူဖြစ်တဲ့ဘဝတိုင်း..

မြန်မာမဖြစ်ရပါလို၏....
*ဦအောင်ဇေယျရေ....ခင်ဗျားသိမ်းခဲ့တဲ့ယိုးဒယားမှာတော့..
ကျုပ်တို့ မြန်မာတွေ...ကျွန်ခံနေကြရပြီ..
*ဒီလေ....ဒီမိုး
ဒီအစိုးရနဲ့ ....ဒီအတိုက်အခံ
အကုန်လုံးက..လိုက်လည်းလိုက်ကြပါပေတယ်။
ဘုန်းကြီးရူးနဲ့ လှေလူး..
ကြောင်ကတွင်းပျက်နဲ့ ...ဇရက်တောင်ပံကျိုးတွေသလိုဘဲ...
မင်းသားကြီးကနေတဲ့သူကလည်း...ကလို့ ကိုမပြီးနိုင်..
ပတ်မကြီးဖောက်နေတဲ့သူကလည်း...ဖောက်လို့ ကိုမပြီးနိုင်နဲ့ ..
ကျလည်းကျပါပေတယ်။
*ဒီနိုင်ငံရေးဝဲဂယက်ထဲမှာ.......
စီးနေတဲ့သွေးတွေဘယ်လောက်များခဲ့ပြီလည်း....
ပျက်သွားခဲ့တဲ့ဘဝတွေဘယ်လောက်များခဲ့ပြီလည်း....
မဆုံးနိုင်ခဲ့တဲ့ငိုရှိုက်သံတွေကဘယ်တော့မှဆုံးအုံးမှာလည်း........
မင်းတို့ တွေအဲ့ဒါကိုတောင်နဲနဲမှမတွေးဘူး....
အဲ့ဒီလူတွေက..မြန်မာလူမျိုးတွေပါ၊၊
*ပြောတော့...မြန်မာ........မြန်မာ.......
ဗုဒ္ဓဘာသာ......ဘာသာနဲ့ 
သနားကြင်နာမှုမရှိ..
တရားလက်လွက်နဲ့ ........
အတ္တကိုရှေ့တန်းတင်ပြီး......
မင်းတို့ လုပ်နေတာတွေကြည့်ပြီး......ငါရင်နာတယ်။
ငါ့ကိုယ်ငါ....မြန်မာလို့ ..
ငါဘယ်သောအခါမှ...မပြောဘူး......
မြန်မာဖြစ်ရတာကို....ငါရှက်လွန်လွန်းလို့ ..။

(၁.၉.၂၀၀၈)

Saturday, August 2, 2008

ကျွန်တော်ကြိုက်သောကဗျာတစ်ပုဒ်


ဒုက္ခသစ္စာ

လောကဓံက လေလေးတစ်ချက်
စိမ့်ကနဲတိုက်ရုံနဲ့
မိုက်ကနဲပုံကျပြီး
အဝေးကြီး လိမ့်သွားတဲ့အထိ
ကိုယ်က...
ပျော့ညံ့ခြင်းအတိပြီးသူပါ...

ဘာပဲပြောပြော
"၀ဋ်ကြွေးပါ" ဆိုတဲ့ အသိတစ်ခုကအားနဲ့ပဲ
အခါးတွေကို မြိုမြိုချနေမိတော့တာ
ကြာ...ကြာလှပြီပဲ...

စိမ်းဖန့်ဖန့်လေအဟုန်ထဲမှာ
ခိုက်ခိုက်တုန်အောင် ချမ်းနေတဲ့ကြားက
ကိုယ့်ကိုကိုယ် စကားတစ်ခွန်းတော့
ပြောဖြစ်အောင် ပြောလိုက်တယ်...
"လူဖြစ်လာမှတော့ ခံပေါ့ကွယ်"လို့...

ရွှေပြည်သူ
(ညနေ ၄း၅၅ နာရီ ~ ၃၀.၀၆.၂၀၀၈)

Friday, August 1, 2008

တန်ဖိုး


လူတစ်ယောက်ရဲ့  တန်ဖိုးဆိုတာ...

အဲ့ဒီလူရဲ့ မသေခင်အချိန်အတွင်း
လူ့ လောကကြီးအကျိုး
ထမ်းဆောင်မှုကိုပြသွားတဲ့
ပြဒါးတိုင် တစ်ခုပါ။
နဲနဲအကျိုးပြုရင်
နဲနဲတန်ဖိုးရှိမယ်...
များများအကျိုးပြုရင်
များများတန်ဖိုးရှိမယ်...
ဒီမှာဟေ့လူ.....
မင်းသေသွားရင်...
ဝမ်းသာမှုပီတိသောမနတွေနဲ့ ..
ပြုံးပျော်နေတဲ့လူတွေကိုတွေ့ ခြင်တာလား..?
မင်းသေသွားရင်...
မျော်လင့်ချက်တွေပျောက်ဆုံးပြီး
သေတော့မလောက်ဖြစ်နေကြတဲ့လူတွေကိုတွေ့ ခြင်တာလား..?
အရာအားလုံးဟာ....
မင်းရဲ့ တန်ဖိုးပေါ်မှာဘဲမူတည်နေပါတယ်။
ဒီမှာဟေ့လူ.....
မင်းမှာလူ့တန်ဖိုးရှိပါစေ....။


Tuesday, July 15, 2008

သုည + သုည = တစ်


ငါဟာဘယ်လက်တစ်ဖက်ဆိုရင်
မင်းဟာညာလက်တစ်ဖက်ပါ။
ငါဟာနှလုံးခုန်သံတစ်ချက်ဆိုရင်
မင်းဟာအသက်ရူသံတစ်ချက်ပါ။

ငါဟာရုပ်ဝတ္တုဆိုရင်
မင်းဟာစိတ်ဝိညာဉ်ပါ။
သေချာတာတစ်ခုက
မင်းနဲ့ ငါဟာ
ဘာတစ်ခုမှခွဲခြားလို့ မရ
နှစ်ယောက်ပေါင်းမှ
တစ်ဘဝဖြစ်မှာပါ။
သေချာတာတစ်ခုက
မင်းမရှိရင်ငါမရှိ
နေ့ မရှိရင်ညမရှိသလိုမျိုးပါ။
မင်းမရှိရင်ငါမရှိတဲ့ဘဝမှာ
ငါဆိုတာရှိနေအောင်
မင်းဆိုတာငါနဲ့ အတူရှိနေပေးပါ။

(၂၃.၀၇.၂၀၀၈)

Friday, July 11, 2008

"သက်ဆိုင်သူသို့ သာ"


မှောင်မှောင်မဲမဲ
လမ်းကြမ်းကြီးထဲမှာ
တွန်းတွန်းတိုက်တိုက်နဲ့ 
လျှောက်လှမ်းနေရတာ..
ကိုယ်တစ်ယောက်ထဲပါ...
ချစ်ရသူရယ်။
ခြေကုန်လက်ပန်းနဲ့ 
အကြိမ်ကြိမ်ဒူးထောက်လဲကျ
ဇွတ်အတင်းကုန်းရုန်းထလို့ 
ကြိုးပမ်းလမ်းလျှောက်နေရသူပါ။
တစ်ခါတစ်ခါတော့လည်း
နှလုံးသားတစ်စုံနဲ့ 
နားခိုရမဲ့ရင်ခွင်တစ်ခုကို
မက်မက်မောမောနဲ့ 
ကိုယ်တမ်းတနေမိတာပါ။
ချစ်ရသူရယ်
အဝေးကနေရပ်လို့ 
လှမ်းကြည့်မနေပါနဲ့ ။
အနီးကပ်ရပ်ပြီး
ငေးကြည့်လို့ လည်း မနေပါနဲ့ ။
ဖြစ်နိုင်မယ်ဆိုရင်
မင်းနဲ့ ငါတစ်ခုတည်း
အတူတူဖြစ်ပါရစေ။


(၁၁.၀၇.၂၀၀၈)

Tuesday, July 8, 2008

" တစ်ယောက်သောသူ၏......ရင်ဖွင့်လွှာ......"


ရင်ထဲမှာ တန်ဖိုးထားစွာ နာမည်လေးပေးပြီးခေါ်ခဲ့ မိတယ်"မောင်"လို့  ဘာလို့  သူကိုဒီလိုခေါ်တယ် ဘာဖြစ်လိုသူကိုချစ်တယ်ဆိုတာသူလည်းမမေးခဲ့သလို ကိုယ်ကလည်းမပြောပြခဲ့မိဘူး….

ဘ၀မှာပူလောင်မူကိုယ်စီ ရှိကြသလို မပြည့်စုံမူတွေကို ပြည့်စုံအောင်ဖန်တီး ရှာဖွေနေကြတယ်.. အဲဒီအထဲမှာလူသားထဲကလူသားကျမတယောက်အပါအ၀င်ပေါ့…
ဘ၀ရဲ့အပြောင်းအလဲတွေ ကြားထဲမှာ ရုန်းကန်လူပ်ရှားနေတဲ့ ကျမတယောက် အေးချမ်းမူ၊
ဘ၀ရဲ.အဓိပါယ်တွေ အမြဲတမ်းရှာဖွေနေခဲ့တယ်၊
လူတွေကိုလည်း အမြဲစိတ်ဝင်စားပြီးလေ့လာခဲ့တယ်၊
ဘ၀နွံထဲမနစ်အောင်လည်း လူပ်ရှားရင်းပေါ့…မမျော်လင့်ဘဲမောင်နဲ့ တွေ့ခဲ့တယ်…

သူရဲ့ အားပေးမူတွေကမနူးညံ့သလို ချိုသာတဲ့စကားတွေသိပ်မကြားခဲ့ရပါဘူး…. ဒါပေမဲ့သူ့ရင်ထဲကစကားတွေဆိုတာတော့ခံစားနိုင်တယ်..
စိတ်ဓါတ်ပျက်ပြားနေသူတယောက် ကို လူပ်နိုးလိုက်သလို..ခြေလှမ်းသစ်နဲ့ပြန်လည်စတင်စေခဲ့တယ်..အလင်းတန်းအသစ်ဆိုတာ လည်းမမှားဘူးပေါ့… အထူးသဖြင့်သူ့ရဲ့အချစ်တွေနဲ့ဖေးမခဲ့တယ်..

ဘ၀တလျှောက်လုံးမှာ နူးညံ့မှုတွေနဲ့ချစ်ခဲ့သူတွေ၊ ကိုယ်ကိုမုန်းလို့ ပစ်သွားသူတွေဒုနဲ့ဒေး.. ဒါတွေကိုတခါမှအလေးအနက်မထားခဲ့.. တန်ဖိုးလည်းမထားခဲ့သလိုစိတ်လည်းမ၀င်စားခဲ့ဘူး၊
ကိုယ်ဘ၀ရဲ ယုံကြည်ချက်နဲ့ ကိုယ်လျောက်လှမ်းတယ်…

အခုတော့လည်း သူကစိမ်ခေါ်နေတယ်.. သတိတွေပြန်လည်နိုးကြားစေခဲ့တယ်..အိပ်ပျော်နေတဲ့နှလုံးသားကို
သူတံခါးခေါက်သွားခဲ့တယ် ကြည်နူးမိတယ်ဝမ်းသာမိတယ်.. အမြဲဘဲတမ်းတနေမိတယ်… သူကိုအမြဲဘဲရှိနေစေချင်တယ်

ဒါပေမဲ့.. သိနေတယ် သူကျမကိုပြတ်သားစွာစပြီးဆက်ဆံတဲ့နေကပေါ့.. သူဘာကိုရွေးချယ်တော့မယ် ဆုံးဖြတ်ချက်ကိုစတင်ချနေတယ်ဆိုတာကို…..

တကိုယ်ကောင်းမဆန်သင့်ဘူးဆိုတာကိုပါ.. သူကိုကိုယ်ကျေးဇူးဆပ်နိုင်မဲ့နည်းကသူကိုလွတ်လပ်စွာ ရွေးချယ်ခွင့်နဲ့ ဆုံးဖြတ်ခွင့်တွေပေးရမယ်ဆိုတာကိုပါဘဲ.. သူအတွက်အကောင်းဆုံးပေးဆပ်မူတွေနဲ့ သူကိုကိုယ်ကျေးဇူးဆပ်မှာပါ…သူရဲ.ရွေးချယ်မူတွေဟာ ကိုယ်အတွက် အရှုံးဆိုရင်တောင် သူပျော်နေတာကို မြင်ရရင်ကျေနပ်စွာနဲ့ အဝေးကနေကြည်နူးခံစားနားလည်ပေးနေပါမယ်…
သူကိုကျေးဇူးတင်တာသူမကြိုက်ဘူး အဲဒီကျေးဇူးတွေဘယ်လိုဆပ်မှာလည်းတဲ့.. ဒီလိုနည်းနဲကျေးဇူးဆပ်မယ်ဆိုရင် သူကျေနပ်လိမ့်မယ်လိုမျော်လင့်တယ်…
သူဘ၀လေးထဲမှာကောင်းတဲ့ သူနဲ့ တွေ့နိုင်ပြီးသာယာတဲ့ဘ၀လေး သူတည်ဆောက်နိုင်ပါစေရယ်လို့ပါ..

သူနဲမတွေ့တွေ့အောင်ရှာကျန်ခဲ့တယ်.. တွေ့ ချိန်လေးမှာ
အရမ်းကိုပျော်ခဲ့တယ် နွေးထွေးမူတစ်ခုကိုခံစားခဲ့ရပါတယ်
ဒါပေမဲ့ တွေဝေတဲ့မျက်ဝန်းက ၀န်ခံခဲ့တယ်.
သူရင်ထဲမှာနေရာမရှိ တော့ဘူးဆိုတာ
သူရဲ့စကား တွေဟာ ခံစားချက်မပါဘူးဆိုတာသိနေတယ်..

ဘာလို့ လဲဆိုတာကိုသိနေပေမဲ့… ဘယ်လိုမှမေ့လို့မရဘူး….
သူအတွေးထဲမှာနှိုင်းယှဉ်မူနဲ့အတူ သူ့ အတွက်အကောင်းဆုံးလူကိုသူရွေးချယ်တော့မယ် ကျမကိုတဖြည်းဖြည်းခြင်းသံယောဇဉ် ဖြတ်နေတယ် ဆိုတာသိနေတယ်လေ..

အရာရာတိုင်းအတွက်ကျေးဇူးပါ…. ဘ၀ပေးကုသိုလ်အရဒီလိုဖြစ်ခြင်းဘဲလေ..
ဒါဘယ်သူကိုမ အပြစ်တင်စရာမလိုသလို..
သူ့ အတွက် အချစ်ကိုဘယ်လိုယုံကြည်ထားသလဲ
အခုလည်းဘယ်ကိုဦးတည်နေတယ်ဆိုတာခံစားလို.ရ ပါတယ်..
ဘယ်တော့မှ သူ့ ကိုစိတ်မဆင်းရဲစေရဘူး

သူမတွေ့ချင်တဲ့လူ…
သူမကြားချင်တဲ့အသံ…
သူရဲအာရုံထဲကနေ အမြန်ဆုံးထွက်ခွာသွားဘို့ပါဘဲ
လောကရဲ့ ဟိုးအဝေးတနေရာမှာပုန်းရှောင်ပေးနေပါ့မယ်..
သူဘလောက်မလုတ်ဘူးဆိုတာလည်း
ကျမထင်ပါတယ် ကိုယ်ဖါသါထွက်သွားမဲ့နေ့ကိုစောင့်ကြည့်နေတာလားဘဲလား..

ကျေနပ်ပါတော့နော်….. လောကကြီးရေ… ကျေ နပ်ကြပါတော့ …………
ခံစားချက်တွေ အရမ်းပြင်းထန်သွားတယ်…ကျမ ကြိုးစားရတော့မယ်… ကျမရဲ့ မျက်ရည်တွေနဲ့သူ့ကိုမပူလောင်စေချင်ဘူး..မချစ် မနှစ်သက်တဲ့လူနဲ့နေရခြင်းဟာငရဲ တဲ့… သူကိုငရဲမှာမနေစေချင်ဘူးသူပျော်ရွင်နေတာကိုဘဲအမြဲမြင်ချင်တယ်….ကျမကို..
လူတွေအားလုံးကအရူးတဲ့.. နင်ကတော့သွားပြီတဲ့…ဒါလဲသူကိုအပြစ်မမြင်အောင်ကိုဘဲချစ်ခဲ့တယ်….

သူကိုဘာလို့ ချစ်တာလဲ…. ကိုယ်မှာအဖြေရှိနေပေမဲ့… သူစိတ်မ၀င်စားလို့… မပြောပြခဲ့..
ဘယ်တော့မှလည်း.. သူမေးမှာမဟုတ်တော့သလို
ကျမဟာသူ့ အတွက် ဘာမှတန်ဘိုးမရှိတဲ့
သစ်ရွက်ခြောက်တစလို
သူရဲ.ဘ၀အတိတ်ကနေ တစစနဲ.
လေထဲလွင့်ပြယ်ပျောက်ကွယ် သွားရှာတော့မဲ့ ကျမရဲ့ဘ၀လေး….
မေ(၈.၇.၂၀၀၈)

Friday, July 4, 2008

"အတွေးစများ..........."


*မငိုဘဲနဲ့  မျက်ရည်တွေ...
တတောက်တောက် ကျနေရတာ...
ဘဝလား....?
.....
*ဒိန်ခဲစားပြီး..
လစ်ပိုသောက်ရတဲ့....
ခွေးတွေအကြောင်း..တွေးရင်း...
လူတွေလောကကြီးထဲကို...
ဘာကြောင့်ရောက်လာရလည်းဆိုတာကို..
တွေးနေမိတယ်....
.....


(၁၀.၇.၂၀၀၈)