Monday, March 19, 2012

ရဲရင့်နီ ၏ ဖီလိုဆိုဖီများ

ဘယ်အရာကိုမှ ပုံသေကားချပ်တွက်လို့ မရနိုင်ပါဘူး။
မမျှော်လင့်ထားတဲ့ အဆိုးဆုံး အခြေအနေတစ်ခုကို
ရင်ဆိုင်နိုင်ဖို့ အတွက်တော့
ကိုယ့်အတွက် ထောင့်ချိုးလေးတစ်ခုကို
ကိုယ်ဟာကိုယ်ဘဲ ချန်ထားနိုင်ခဲ့ရပါမယ်။
   
ဘဝမှာ ရင်မော့ ခေါင်းကော့ပြီး.....
လမ်မလျှောက်နိုင်ရင်နေပါစေ....
ဒူးထောက်.. လက်မြှောက်ပြီး...
အရှူံးပေးမနေရဖို့တော့လိုတယ်။


ငါ.........
မှားခဲ့ဘူးတယ်......
မှားနေသေးတယ်......
ထပ်မှားနိုင်သေးတယ်........
ဒါပေမယ့်......နောက်ဆုံးမှာ ... အနည်းဆုံးတော့
အရင်ကထက် အမှားတွေနည်းသွားအောင်တော့ လုပ်နိုင်ပါသေးတယ်လေ...


ကိုယ့်ရဲ့  အိပ်မက်တွေကို တစ်ကယ်တမ်းအကောင်အထည်ဖေါ်တော့မယ်ဆိုရင်တော့.......
ကိုယ့်ကိုယ်ကို မညှာပါနဲ့။
ကိုယ့်ကိုယ်ကို မညာပါနဲ့။
ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်အကြောင်းကို ကိုယ်ကိုတိုင်ဘဲအသိနိုင်ဆုံးမို့ပါ။

ပထမဦးဆုံးအနေနဲ့ လုပ်သင့်လုပ်ထိုက်တာတွေကို
လုပ်ဖြစ်အောင်လုပ်လိုက်ပါ။

ဒုတိယအနေနဲ့ ဖြစ်သင့်ဖြစ်ထိုက်တာတွေက.....
သူ့ဟာနဲ့သူ ဖြစ်နိုင်သလောက် လိုက်ဖြစ်လာပါလိမ့်မယ်။

ဘာမှမလုပ်ဘဲနဲ့တော့
ဘာမှဖြစ်လာမှာမဟုတ်ပါ။

 

နောက်ဆုံး ခံတပ်
ရေဆန်ကို ဆန်မတက်နိုင်ဘူးဆိုရင်တောင်....
ရေစုန်မှာတော့ မျောပါမသွားစေနဲ့။
ရောက်နေတဲ့ နေရာ၊အဆင့်အတန်းမှာ...
တည်မြဲနေနိုင်ဖို့အတွက်တော့
ခြေလှုပ်၊လက်လှုပ်နဲ့....
ရေစီးမှာ မျောပါမသွားအောင်...
ရေထဲမှာ နစ်မြုပ်မသွားအောင်.... လုပ်နိုင်ဖို့တော့လိုမယ်။

Monday, September 5, 2011

ဟုတ်ကဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့ ....ဟုတ်ကဲ့ပါ

“ငါသည်နာကျင်သောကိုယ်ရှိသူဖြစ်လျှက်နာကျင်သောစိတ်ကင်းသူဖြစ်လတံ့”

Monday, June 6, 2011

သူငယ်ချင်းဆိုတာ



ရာသီဥတုတွေ ပြောင်းလဲနေသလိုပါပဲ။ လူ့ဘ၀ဆိုတာလည်း ဟောင်းလိုက် သစ်လိုက်။
ဖုန်းစာအုပ်ကို ဖွင့်ကြည့်လိုက်တော့ မရေမတွက်နိုင်အောင် ပလူပျံနေတဲ့
ဖုန်းနံပါတ်တွေ..ဘယ် ဖုန်းနံပါတ်ကိုများ စိတ်အားထက်သန်ပြီး
ရေးမှတ်ခဲ့မိလဲ... ဒီနေ့ထိ ဘယ်ဖုန်းနံပါတ်နဲ့များ အဆက်အသွယ်
အမြဲရှိခဲ့သလဲ... ကိုယ့်ကိုယ်ပြန် ဆန်းစစ်ကြည့်မိတယ်။

လူ့ဘ၀ဆိုတာ ရထားတစ်စီးလိုပဲ... သွားတဲ့ ခရီးတစ်လျောက်မှာ လူတွေက
တက်လာကြတယ်။ ဆင်းသွားကြတယ်။ နေရာသစ်၊ ပတ်ဝန်းကျင်သစ်မှာ အိမ်သစ်၊
ရာသစ်တွေနဲ့ သူငယ်ချင်း မိတ်ဆွေအသစ်တွေနဲ့ ဆုံမယ်။ မိတ်ဆွေသစ်
ဖွဲ့ဖို့အတွက် အချိန်တွေ ဘယ်လောက် ပေးဆပ်ခဲ့ဖူးလဲ... မိတ်ဆွေဟောင်းတွေနဲ့
ဆက်သွယ်ဖို့ အတွက် အချိန်တွေ ဘယ်လောက် ပေးဆပ်ခဲ့ဖူးလဲ... အချိန်တွေရဲ့
အပြောင်းအလဲကြားမှာ ရှိရင်းစွဲ သူငယ်ချင်းဟောင်းတွေနဲ့ အဆက်အသွယ်ဟာ
တဖြေးဖြေးကျဲလာခဲ့တယ်။

ညအခါ မိုးကောင်းကင်ကို မော့ကြည့်လိုက်ရင် ကြယ်လေးတွေဟာ တစ်စုတစ်စည်းထဲ
ရှိနေသလိုပဲ.. တကယ်တမ်းတော့ ကြယ်တွေဟာ တစ်ပွင့်နဲ့ တစ်ပွင့် အရမ်း
ဝေးကွာကြတယ်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ သူငယ်ချင်း မိတ်ဆွေတွေက
အများကြီးပဲ။ ဒါပေမဲ့ စိတ်တူကိုယ်တူ ပေါင်းဖက်ကြတဲ့ သူငယ်ချင်း မိတ်ဆွေ
ဘယ်နှစ်ယောက်ရှိလဲ... ဘယ်နှစ်ယောက်နဲ့များ အဆက်အသွယ်
အမြဲရှိလဲ...နှစ်တွေကြာလာမှ အဆက်အသွယ် နည်းခဲ့တဲ့ မိတ်ဆွေ
သူငယ်ချင်းဟောင်းတွေ လူလောက
ကနေ တဖြေးဖြေး ထွက်ခွာ သွားမှန်းသတိပြုမိတယ်။

လူတွေဟာ
အသက်(၂၀)မှာ အချစ်ကို မျှော်လင့်ကြတယ်။
အသက်(၃၀)မှာ လက်ထပ်ဖို့ကို မျှော်လင့်ကြတယ်။
အသက်(၄၀)မှာ အောင်မြင်မှုကို မျှော်လင့်ကြတယ်။
အသက်(၅၀)မှာ ကြွယ်ဝဖို့ကို မျှော်လင့်ကြတယ်။
အသက်(၆၀)မှာ ပြည့်စုံဖို့ကို မျှော်လင့်ကြတယ်။
အသက်(၇၀)မှာ ကျန်းမာဖို့ကို မျှော်လင့်ကြတယ်။
အသက်(၈၀)မှာ အိပ်လိုက်ပြီးရင် ပြန်နိုးလာဖို့ကို မျှော်လင့်ကြတယ်။


သာမန်သူငယ်ချင်းနဲ့ အစစ်အမှန် သူငယ်ချင်းတွေ ကိုယ့်မှာ ဘယ်နှစ်ယောက်ရှိလဲ
.... ကိုယ်ကရော သူတို့အတွက် ဘယ်လို သူငယ်ချင်းမျိုးလဲ.....?

သာမန် သူငယ်ချင်းတယောက်က သင်ငိုတာကို မမြင်ဖူးဘူး။
အစစ်အမှန် သူငယ်ချင်းတယောက်က သင်ငိုဖို့အတွက် သူ့ပုခုံးကို ဌားပေးတယ်။

သာမန် သူငယ်ချင်းတယောက်က သင့်မိဘနာမည်တွေကို မသိဘူး။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်မိဘ ဖုန်းနံပါတ်ကို သူ့စာအုပ်မှာ
ကူးထားတတ်တယ်။

သာမန် သူငယ်ချင်းတယောက်က သင့်ပြဿနာကို ဆွေးနွေးမယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်ပြဿနာကို ဖြေရှင်းကူမယ်။

သာမန် သူငယ်ချင်းတယောက်က သင့်ပါတီမှာ ၀ိုင်တပုလင်း ယူလာလိမ့်မယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်ပါတီ မစခင်ကတည်းက လာကူပြီး ပွဲပြီးမှ
ပြန်တတ်တယ်။

သာမန် သူငယ်ချင်းတယောက်က သူအိပ်နေချိန်မှာ သင်ဖုန်းဆက်တာကို စိတ်ဆိုးမယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင်ဘာဖြစ်လို့ အခုမှ ဖုန်းဆက်ရသလဲလို့ စိတ်ပူမယ်။

သာမန် သူငယ်ချင်းတယောက်က သင့်စိတ်ကူး အချစ်ဇာတ်ကို စပ်စုမယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်စိတ်ကူးကို ထုတ်ဖော်ပြောခိုင်းမယ်။
*
သာမန် သူငယ်ချင်းတယောက်က သင့်အိမ်လာလည်ရင် ဧည့်သည်လိုနေမယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်အိမ်လာလည်ရင် ရေခဲ သေတ္တာကို
သူကိုယ်တိုင် ဖွင့်မယ်။
*
သာမန် သူငယ်ချင်းတယောက်က သင်နဲ့ ကတောက်ကဆတ်ဖြစ်ပြီး သူငယ်ချင်း အဖြစ်ကနေ
ရပ်စဲမယ်။ အစစ်အမှန် သူငယ်ချင်းတယောက်က သင်နဲ့ ကတောက်ကဆတ် မဖြစ်ရင်
သူငယ်ချင်း မစစ်ဘူးလို့ ထင်မယ်။

သာမန် သူငယ်ချင်း တယောက်က သူ့အနားမှာ သင်အမြဲရှိနေတာကို လိုလားတယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်အနားမှာ သူအမြဲရှိနေတာကို လိုလားတယ်။

လောကကြီးတွင်လူတစ်မျိုးရှိသည်.....
တခြားလူ မသိသော ကိုယ်၏လျှို့ဝှက်ချက်များကို သူသိသည်။
ကိုယ်စာမရသောအချိန်တွင် ရှင်းပြတတ်ပြီး ကိုယ်အမှား လုပ်မိသောအချိန်တွင်
ကိုယ့်ဘက်မှရပ်တည်ပြီး ၀န်ခံပေးတတ်သည်။ အားငယ်သောအချိန်တွင်
အားပေးတတ်ပြီး ၀မ်းနည်းနေသည့် အချိန်များတွင် နှစ်သိမ့်တတ်သည်။
ကိုယ်အဆင်ပြေလျှင် သူ့ကိုမေ့နေတတ်ပြီး အဆင်မပြေသောအချိန်များတွင်
ကိုယ့်ရင်ဖွင့်သမျှကို စိတ်ရှည်ရှည်ဖြင့် နားထောင်ပေးတတ်သည်။
ကိုယ်နှင့်အတူ ရှိနေမည့် အချိန်များက ချစ်သူတစ်ယောက်ထက်ပင်
ကြာရှည်ခိုင်မြဲတတ်သည်။ ထိုလူမျိုးကို သူငယ်ချင်း ဟုခေါ်သည်။


အများဆီကသင့်ဘာများမျော်လင့်ထားပါသလဲ့....
အဲဒီအရာတွေကိုအများကိုပြန်ပေးလိုက်ပါ..
.ကိုယ့်အတွက်သူငယ်ချင်းကောင်းမရှိရင်တောင်သူများအတွက်ကောင်းအောင်ကြိုးစားပေးလိုက်ပါ


သူငယ်ချင်းဆိုတာ ဆွေမျိုးလည်းမဟုတ်၊ မောင်နှမလည်းမဟုတ်၊ မိသားစုဝင်လည်းမဟုတ်တဲ့
ကိုယ်ရဲ့အရင်းနှီးဆုံး သူစိမ်းတွေပါပဲ။ သူငယ်ချင်း အစစ်အမှန်မျိုး ကိုယ့်ဘေးမှာ
ရှိနေရင်တောင် လက်လွှတ်ဆုံးရှုံးမသွားစေနဲ့နော်။ သင့်အနားမှာ သူအမြဲရှိနေတာကို
လိုလားနေလို့ ပဲလေ ။

ငါဒီလို သူငယ်ချင်းတစ်ယောက် မင်းအတွက်ဖြစ်ချင်ပါတယ်။
Remark : Forward Mail from my Friend...

Friday, May 6, 2011

Not Afraid

“ငါသည်နာကျင်သောကိုယ်ရှိသူဖြစ်လျှက်နာကျင်သောစိတ်ကင်းသူဖြစ်လတံ့”

Tuesday, March 15, 2011

ငလျင် အန္တရာယ် ဒ်ီလို ပြင်ဆင် ကာကွယ်မယ်


ငလျင်မလှုပ်မီ
  • စာအုပ်စင်၊ ပန်းကန်စင် စတဲ့စင်တွေ ကို နံရံ နဲ့ အသေအချာတွဲ ၍ချည်နှောင် ထားရန်။ လေးလံတဲ့ အရာဝတ္တုတွေကို စင်တွေရဲ့ အောက်အဆင့် မှာရွှေ့ထားရန်။

  • ကွဲစေတတ်တဲ့ အရာဝတ္ထုတွေကို ဘီရို သို့မဟုတ် အံဆွဲ အောက်ဆုံး အဆင့်တွေမှာ ထားပြီး အသေအခြာပိတ်ထားရန်။
  • မှန်၊ ပန်းချီကား၊ ဓါတ်ပုံ စတဲ့ နံရံမှာ ချိတ်ထားတဲ့ အရာတွေကို အိပ်ယာ၊ လူထိုင်လေ့ရှိတဲ့ နေရာတွေက နေ အဝေးကို ရွှေ့ထားရန်။
  • မျက်နှာကျက်၊ နံရံ စသည်တို့မှ မီးအိမ်၊ မီးချောင်းများ ကို အသေအချာ တင်းကျပ်စွာ ချည်နှောင်ထားရန်၊ ချုပ်တန်း (ဘရက်ကက်) စသည်တို့ဖြင့် မရွေ့ နိုင်စေရန် ပြင်ဆင် ဆောင်ရွက်ထားရန်။
  • အန္တရာယ်ရှိ စေနိုင်တဲ့ လျှပ်စစ်မီးကြိုး ၊ ဂတ်စ်ပိုက်လိုင်း ယိုစိမ့် မှု့ စသည်တို့ ကို ကြိုတင် ပြုပြင်ထားရန်။
  • ရေပူပေးတဲ့ စက်ကို နံရံမှာ သေခြာ ကပ်နေစေပြီး ကြမ်းပြင် အထိ မူလီ စသည်တို့ဖြင့် ပြုတ်မကျစေရန် ဆောင်ရွက်ထားရန်။
  • နံရံ၊ ကြမ်းပြင် စသည့် နေရာများ တွင် အက်ကွဲကြောင်း များရှိနေပါက ကြိုတင် ပြုပြင်ထားရန်။
  • အဆိပ်အတောက် ဖြစ်စေတတ် သောအရည် နဲ့ ပေါက်ကွဲစေတတ်တဲ့ အရည် တွေ ထည့်ထားတဲ့ ပုလင်း၊ ဗူး စသည် တို့ကို သော့တတ်ထားတဲ့ သေတ္တာ များအတွင်း ထည့်၍ ဘေးကင်းရာ ကြမ်းပြင် မှာ သိမ်းဆည်းရန်။
  • အခန်းတိုင်း မှာ ဘယ်နေရာ အလုံခြုံ ဆုံးလဲ သေချာ လေ့လာသတ်မှတ် ထားရန်။
  • မိသားစု ၀င်အားလုံး ကို လျှပ်စစ် မိန်းခလုပ်၊ ရေပိုက်၊ ဂတ်စ် အ၀င် ပိုက်လိုင်း စသည်တို့ ကို မည်သို့ ပိတ်ရမည် ကို သိရှိနေစေရန်။
  • မိသားစု ၀င် ကလေးငယ်များ ကိုပါ ၉၁၁ စသည့် အရေးပေါ် ဖုန်းနံပါတ်များ ကို မည်သို့ ခေါ်ဆိုရမည် ကို သင်ကြားထားရန်။
  • သဘာဝ ဘေးအန္တရာယ် အတွင်း အထောက်အပံ့ ဖြစ်စေမည့် (ဓါတ်မီး နှင့် အပို ဘထ္ထရီများ၊ ဘထ္ထရီ ဖြင့် ဖွင့်သည့် ရေဒီယို၊ အရေးပေါ်သူနာပြု သေတ္တာ နှုင့် အသုံးပြုပုံ စာအုပ်၊ ရေ နှင့် အရေးပေါ် အစားအသောက်၊ သံဗူးဖောက်တံ၊ လိုအပ်လျှင်အသုံးပြုရန် ပိုက်ဆံ၊ ခိုင်မာ ထူထဲသည့် ဖိနပ်) စသည် တို့ ကို ပြင်ဆင်ထားရန်။
  • အကယ်ဤ မိသားစုဝင် များ တကွဲတပြားစီ ဖြစ် နေလျှင် အရေးပေါ် အချင်းချင်း ပြန်လည် ဆက်သွယ်ရမည့် အစီအစဉ် များ ချမှတ်တိုင်ပင်ထားရန်။

ငလျှင် လှုပ်နေချိန် (အဆောက်အဦအတွင်း)
  • မရွေ့လျား နိုင်သည့် ဘီရိုကြီး များ၊ နံရံများ အောက်ခြေ မှာ အကာအကွယ်ယူပါ။ ကွဲစေနိုင်သော မှန်ပြူတင်း ပေါက်များ၊ မှန်အကာအရံ များ အဝေး သို့တိမ်းရှောင် နေပါ။
  • အဆောက်အဦ အတွင်းမှာပဲ ဆက်လက်နေပါ။ ငလျှင် လှုပ်စဉ် အတွင်း အန္တရာယ် အရှိဆုံး လုပ်ဆောင်မှု့ ကတော့ အဆောက်အဦ အတွင်းက ထွက်ခွာဖို့ ကြိုးစားခြင်း ပဲဖြစ်တယ်။

ငလျှင် လှုပ်နေချိန် (အဆောက်အဦပြင်ပ)
  • ကွင်းပြင် ကျယ် သို့မဟုတ် နေရာ ကျယ်ကျယ် ရှိတဲ့ နေရာ ကိုသွားနေပါ။ ပြိုကျနှိုင်တဲ့ အဆောက်အဦတွေ၊ လမ်းမီးတိုင်တွေ၊ သွယ်တန်းထားတဲ့ မီးကြိုး တွေ နဲ့ဝေးရာမှာ နေပါ။ အဲဒီနေရာမှာပဲ ငလျှင် လှုပ်ခြင်း ရပ်တန့်ပြီးသည် အထိ နေပါ။

ငလျှင် လှုပ်နေချိန် (မော်တော်ကား မောင်းနှင်နေစဉ်)
  • အဆောက်အဦ၊ သစ်ပင်၊ ဂုံးကျော်တံတား၊ လျှပ်စစ်မီး ကြိုးများ နဲ့ ကင်းလွတ်ရာ နေရာကို ရှာဖွေပါ။
  • မော်တော်ကား ကို အလျှင် အမြန်ရပ်တန့်၍ မော်တော်ယဉ် မတွင်းမှာပဲ ဆက်လက်နေရန်။
  • ငလျှင် ရပ်တန့် သည့် အခါတွင်မှ သတိပေးချက် အတိုင်းလိုက်နာဆောင်ရွက်ရန်။ တံတားများ ၊ ဆင်ခြေလျှော များ ငလျှင် လှုပ်နေစဉ် အတွင်း ပျက်စီး ပြီး ဖြစ်နိုင်တယ်။

အိမ်မွေး တိရိစ္ဆာန် များနှင့် ထိတွေ့ဆက်ဆံခြင်း
  • ငလျှင် လှုပ်ပြီးစ အချိန်တွင် အိမ်မွေး တိရိစ္ဆာန်များ ဧ။် အပြုအမူ များ ပြောင်းလဲကောင်း ပြောင်းလဲနေနှိုင်တယ်။ ရန်လိုပြီး တိုက်ခိုက် နိုင်တဲ့ အခြေအနေဖြစ်ကောင်း ဖြစ်နေနိုင်တယ်။
  • ခွေးများ ကို ကြိုးချည်ထားပါ သို့မဟုတ် လှောင်အိမ်၊ ခြံဝန်း အတွင်း ပိတ်လှောင်ထားရန်။
  • အိမ်မွေး တိရိစ္ဆာန်များ ကို အရေးပေါ် ကယ်ဆယ်ရေးစခန်း များ မှ လက်ခံ ထိမ်းသိမ်း မည် မဟုတ်သည့် အတွက် ၄င်း တို့ အတွက် အစာခြောက်၊ ရေ စသည် တို့ ကို ရက်အနည်းငယ် စာ ပြင်ဆင်ပေး ထားရန်။

ငလျှင်လှုပ်ပြီးချိန်

  • ငလျှင် အသေးကလေး များ နောက်ဆက် တွက် လှုပ်တတ်ခြင်းအတွက်ပြင်ဆင်ထားရန်။ အဆိုပါ ငလျှင် အသေးစား ကလေးများ ကြောင့် အပျက် အစီး များထပ်မံ ဖြစ်ပေါ်တတ်ပြီ နာရီပိုင်း မှ လနှင့်ချီ ၍ကြာ မြင့်တတ်ပါသည်။
  • ထိခိုက် ဒဏ်ရာရရှိသူများ၊ အပျက်အစီးများအောက် တွင် ပိတ်မိနေသူများ ကို မိမိတတ် နိုင်သလောက် ကူညီ ပေးရန်။
  • ဘတ္ထရီ ဖြင့် ဖွင့်ရသည့် ရေဒီယို၊ ရုပ်မြင်သံကြား စသည်တို့မှ အရေးပေါ် သတင်းထုတ်ပြန်မှု့ကို နားထောင်ပါ။
  • အကူ အညီလိုအပ်မည့် သက်ကြီးရွယ် အိုများ၊ မသန်မစွမ်းများ နှင့် ကလေးသူငယ်များ ရှိမရှိ ကြည့်ပါ။
  • ပျက်စီး နေသည့် အဆောက်အဦ အတွင်းမှ ထွက်ပါ။
  • တယ်လီဖုန်း ကို အရေးပေါ် အခြေအနေမှသာ အသုံးပြုပါ။
  • ရေ များ စိုစွတ် နေသည့် အရာ များ အား ခြောက် သွေ့စေရန် ရှင်းလင်း ဆောင်ရွက်ရန်။
  • ဘီရိုများ၊ အံဆွဲ များ အား သတိထား ၍ဖွင့် ရန်။
  • အပျက်အစီး များ အား စစ်ဆေးပါ။ မီးခိုးထွက် နေသည်များ ကိုအထူး သတိထားပါ။ အပျက် အစီးများ မှ မီးအချိန်မရွေး တောက်လောင် နိုင်သည် ကို သတိပြုပါ။
  • ဂတ်စ် ပိုက်လိုင်းများ ယိုစိမ့် နေမှု့ ရှိမရှိ စစ်ဆေးပါ၊ အကယ်ဤ ဂတ်စ် အနံ့ရပါက ပိုက်လိုင်း ကို ပိတ်ပါ။ မီးဖိုခြင်း၊ လျှပ်စစ်ပစ္စည်းများ အသုံး ပြုခြင်း ကို ရှောင်ကျဉ်ပါ။ မိုဘိုင်း ဖုန်း များ ကိုပင် အသုံးမပြုနှင့်။ (မိုဘိုင်းဖုန်း လှိုင်းများ မှ မီးတောက်လောင်စေရန် အထောက်အပံ့ ဖြစ်နိုင်သည် ကို သတိချပ်ပါ)။ ပေါက်ပြဲ နေသည့် လျှပ်စစ်မီးကြိုးများ အဝေး မှ နေပါ။ မိန်းခလုပ် သို့မဟုတ် ဆားကစ် ဘရိတ်ကာ ကို ပိတ်လိုက်ပါ။ အကယ်၍ ရေပိုက် လိုင်းများ ပေါက်နေပါက အိမ်သာ ကို အသုံးမပြုပါ နှင့်၊ ဘုံဘိုင် မှရေ ကို သောက်ခြင်း မှ ရှောင်ကျဉ်ပါ။ အရေးပေါ်အခြေအနေ အတွက် သိမ်းထားတဲ့ ရေကို သောက်ပါ၊ ရေခဲများ မှ အပိုသောက်ရေ အတွက် အသုံးပြုပါ။


မှတ်ချက်။ ။ Federal Emergency Management Agency (FEMA) မှ ထုတ်ပြန်သည့် What can I do to prepare for an earthquake? (Created by Bill Haneberg) ကို ဆီလျော် အောင် ပြန်ဆိုပါ သည်။ သဘာဝ ဘေးအန္တရာယ် နှင့် ရင်ဆိုင် သည့်အခါတွင် အထောက်အပံ့ အနည်းငယ်မျှ ဖြစ်သည်ဆိုလျှင်ပင် အားထုတ်ရကျိုး နပ်ပါပြီ။

Cartoons by Jan Thomas

ဘာသာပြန်သူ Anasian Tour Operator

Thursday, December 9, 2010

Postal Codes of Yangon

The postal codes of different townships in Yangon are listed as below. Some townships are divided into two parts.

Post Office Township Postal Code
Ahlone 11121
Aung San Insein 11012
Bahan 11201
Bayintnaung Market (Thamine) Mayangone 11062
Bogyoke Market Pabedan 11143
Botahtaung 11162
Botahtaung 11161
Dagon Dagon 11191
Dagon Myothit (North) 11421
Dagon Myothit (South) 11431
Dawbon 11241
Hlaing 11051
Hlaing Thar Yar 11401
Insein 11011
Kaba Aye Mayangone 11061
Kamayut 11041
Kyauk Tan 11301
Kyauktada 11182
Kyimyindaing 11101
Lanmadaw 11131
Mingalar Taung Nyunt 11221
Mingalardon 11021
Okkalapa (North) 11031
Okkalapa (South) 11091
Pabedan 11141
Pazundaung 11171
Pyi Thar Yar Yankin 11082
Sanchaung 11111
Shwe Pyi Thar 11411
Shwepaukan Okkalapa (North) 11032
Tamwe 11211
Tanyin 11291
Thamine College Hlaing 11052
Tharkayta 11231
Theingyi Market Pabedan 11142
Thingangyun 11071
Thuwunna Thingangyun 11072
Yangon 11181
Yangon Station Mingalar Taung Nyunt 11222
Yankin 11081