Thursday, January 15, 2009

စိတ်ကူးယဉ် တဲ့ နေရာ..


ကျွန်တော်သည် လူသားတစ်ဦးဖြစ်သည်။ဤကမ္ဘာတွင်ကျွန်တော်ကဲ့သို့ပင်လူသားများစွာနေထိုင်ကြသည်။
ကျွန်တော်တို့အားလုံး၏ မျက်နှာများသည် ထာဝစဉ် ပြုံးပျော်၍နေကြသည်။
အဘယ်ကြောင့်ဆိုသော်ဤနေရာတွင် ပူပင်သောကမရှိ၊စိုးရိမ်ကြောင့်ကျမှုမရှိသောကြောင့်ဖြစ်ပေသည်။
သူတို့သည်တစ်ဦးအပေါ်တစ်ဦးကမနာလိုဝန်တိုမှု၊အပြစ်မြင်မှုတို့မရှိကြသောကြောင်ဤနေရာသည်အလွန်တရာမှပင်ငြိမ်းချမ်း
သာယာလှပေသည်။လူတိုင်းတွင်မိမိ၏အရည်အချင်းနှင့်ထိုက်တန်သောအလုပ်ကိုယ်စီရှိကြသည်။
အလုပ်သမားတိုင်းသည်မိမိ၏အလုပ်ကိုရေသာခိုခြင်းမရှိကြဘဲ တာဝန်ကျေပွန်စွာဆောင်ရွက်ကြသည်။
အလုပ်ရှင်တိုင်းသည်လည်းမိမိ၏အလုပ်သမားများကို ရင်ဝယ်သားပမာချစ်ခင်မြတ်နိုးကြသည်။
ဤနေရာတွင်နေထိုင်သူတို့သည်မိမိတို့၏ ကိုယ်၊စိတ်၊နှလုံး (၃) ပါးစလုံးကိုကောင်းမွန်စွာထိန်းသိမ်နိုင်သောကြောင့် ခိုက်ရန်ဒေါသဖြစ်ပွါးခြင်း၊
ခိုး၊ဆိုး၊လုယက်မည့်သူမရှိ လွန်စွာပင်ငြိမ်းချမ်းကုန်၏။
ထိုကဲ့သို့ငြိမ်းချမ်းသာယာသောကြောင့် ရဲစခန်းများ၊အကျဉ်းထောင်တို့မရှိကြပေ။
ဤကမ္ဘာတွင်ရှိသောသူယောက်ကျာင်္းတို့သည်သူတို့၏ တစ်ဦးတည်းသော ချစ်သူမိန်းကလေးကိုသာ အသက်နှင့်ဘဝပေးပြီး ချစ်ခင်မြတ်
နိုးကြသည်။ထို့ကြောင့် မိန်းကလေးများကလည်း မိမိတို့၏ချစ်သူယောက်ကျာင်္းလေးဖြင့်သာသေတစ်ပန်သက်တစ်ဆုံးပေါင်းသင်းနေထိုင်
သွားကြသောနေရာလေးပင်ဖြစ်ပေတော့သည်။
မှတ်ချက်.. ကျွန်တော့်ကိုစိတ်ကူးယာဉ်ခွင့်ပေးတဲ့ ညီလေး ဂျဲလ်လီ နှင့် ညီမလေး မယ်ဂုမိ တို့ကို ကျေးဇူးအထူးတင်ရှိပါတယ်။
ရဲရင့်နီ
(၁၅.၀၁.၂ဝဝ၉
)

5 comments:

  1. ကိုယ့်ဆ၇ာ ဘယ်လိုဖြစ်တာလဲ သူများတွေေ၇းပြီးလို့ ကြာမှ ထရေးတယ်။စိတ်
    ကူးလေးများ ကောင်း၏

    ReplyDelete
  2. ကျွန်တော်သည် လူသားတစ်ဦးဖြစ်သည်။

    မီးမီးသည် နတ်သမီးတစ်ပါးဖြစ်သည်။
း)

    ReplyDelete
  3. ဆရာရဲတို့ကတော့ခုမှပဲစိတ်ကူးယဉ်လို့ပြီးတော့တယ်....

    ReplyDelete
  4. ကိုခန့်ချော စိတ်ကူးကလဲ မိုက်တယ်
    အေးဆေးသာဆက်ယဉ်နော်

    ReplyDelete
  5. ကိုရဲရင့်နီကြီး ပြောတဲ့နေရာလေးက အေးချမ်းလိုက်တာ။
    တကယ်ရှိလားဟင်။ သွားနေမလို့။
    :P :P

    ဟိဟိ၊ ပြောဖို့မေ့သွားတယ်။ ရေးပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်ရှင်။

    ReplyDelete

ပေါ့ပေါ့ပါးပါးပေါ့ဗျာ... ရင်ထဲရှိတာလေးတွေဖွင့်ထုတ်ခဲ့ပေါ့..
ကျေးဇူးအထူးပါဘဲဗျာ..