Wednesday, March 10, 2010

ငါ့....ငါ

ငါ့ လမ်း ငါ ဖောက်....
ငါ့ ခရီး ငါ ဆက်လျှောက်မယ်....

ငါ့ စိတ်နဲ့ ငါတွေးပြီး
ငါ့ သမိုင်း ငါ ရေးမယ်.....

ငါ့ အမြင်နဲ့ ငါ မို့
ငါ့ အယူဝါဒ ကို ငါ ဆုပ်ကိုင်မယ်.....

ငါ့ စည်းနဲ့ ငါ့ ကမ်း
ငါ့ လမ်းနဲ့ ငါ လှမ်းမယ်......

ငါ့ အကြောင်း ငါ သိလို့....
ငါ့ဘဝ ငါ ကြည့်မယ်....

ငါ့ အလုပ် ငါ လုပ်လို့....
ငါ ဖြစ်တာ ငါ ခံမယ်....

သေခြာတစ်ခုကတော့
ငါ မှန်တာ ငါ သိဖို့နဲ့....
ငါ ဆိုတာ လူပီသဖို့ဘဲ အရေးကြီးတယ်။။


(၁၀.၀၃.၂၀၁၀)

7 comments:

  1. ငါမှငါအတ္တတွေများနေတာကတော့
    ဗိုလ်ရှုပ်ကြီးတွေပါပဲ

    ReplyDelete
  2. မှန်ကန်တော့ ကွဲပြန်ရော အကိုရာ

း(

    ReplyDelete
  3. ကဗျာကိုကြိုက်လို့ တခါတရံ လိုရမယ်ရ ပေတံတချောင်း ကောင်းကောင်း လက်ဆောင်ရစေပါဘိနှယ်..

    လေးစားစွာဖြင့်

    ကျော်နိုင်

    ReplyDelete
  4. လူသား
    အားလုံး ကိုလေးစားပါတယ်..

    ReplyDelete
  5. သေခြာတစ်ခုကတော့
    ငါ မှန်တာ ငါ သိဖို့နဲ့....
    ငါ ဆိုတာ လူပီသဖို့ဘဲ အရေးကြီးတယ်။။

    ငါ ဆိုတာအတ္တမို့လား
    ဒါပေမယ့်
    ငါဆိုတာ လူပီသ ဖို့ဘဲ
    အရေးကြီးတယ်
    ဆိုတော့
    အကောင်းကိုညွှန်းတာလား
    အဆိုးကိုညွှန်းတာလား။
    ဥာဏ်မမှီလို့ပါ။
    ဟစ်တလာပုံကလည်းပြထားတယ်ဆိုတော့။

    ReplyDelete
  6. မှန်တာကို လုပ်ရဲဖို့နဲ့....
    ကိုယ့်လုပ်ရပ်ကို တာဝန်ယူရဲဖို့ ရည်ညွှန်းပါတယ်..
    ဟစ်တလာ ဟာ ဂျာမန်တွေ အတွက်တော့.. သူရဲကောင်းပါ ညီမလေးရေ..

    ReplyDelete
  7. သေခြာတစ်ခုကတော့
    ငါ မှန်တာ ငါ သိဖို့နဲ့....
    ငါ ဆိုတာ လူပီသဖို့ဘဲ အရေးကြီးတယ်။။
    အင်းးးးးးးးး မှန်လိုက်လေဗျာ.....

    ReplyDelete

ပေါ့ပေါ့ပါးပါးပေါ့ဗျာ... ရင်ထဲရှိတာလေးတွေဖွင့်ထုတ်ခဲ့ပေါ့..
ကျေးဇူးအထူးပါဘဲဗျာ..