Tuesday, July 20, 2010

သတိ


သားကို အဖေကသတ်ပြီး
အဖေက သားကိုပြန်သတ်နေတဲ့ ခေတ်။
စုန်ရေဆိုတာ မသိ
ဆန်ရေဆိုတာမရှိ
ဦးသူလုပ်ကြေးဆိုပြီးဖြစ်နေတဲ့ ခေတ်။

အမြှီးကျက်ရင် အမြှီးစားပြီး
ခေါင်းကျက်ရင်
ခေါင်းစားတတ်တဲ့သူတွေများလာတော့
နေ့မြင်ညပျောက်...
ညမြင်နေ့ပျောက်တွေဖြစ်လာတယ်..။

ရှု့ တတ်သူတွေအဖို့တော့
တရားတွေရမယ်။
အနိစ္စဆိုတာကို
ကွက်ကွက်ကွင်းကွင်း
မြင်လာရမယ်။

ကမ္ဘာကြီးက ပိုပူနွေးလာတယ်။
လူတွေရဲ့ သိက္ခာကို
ငွေနဲ့ဝယ်လို့ရလာတယ်။

ဒီလိုခေတ်ကြီးထဲမှာ..
ရိုးရိုးကျင့်လို့ မြင့်မြင့်ကြံ
မှန်တာလုပ်ပြီး
ဟုတ်တာပြောလို့ ရနိုင်သေးပေမယ့်....

ကြည့်နေ ကြည့်စား
သတိနဲ့နေ သတိနဲ့သွား

အစားမတော် တစ်လုပ်
အသွားမတော် တစ်လှမ်းဆိုသလို...

အပူရှပ်ယုံကလေးနဲ့ဘဲ...
ဘဝပါ တစ်ခါတည်း
ပြောင်းသွားနိုင်တယ်။

(၂၂.၇.၂၀၁၀)

5 comments:

  1. "သတိ" နဲ့ သတိပေးလိုက် တဲ့ အတွက်ကျေးဇူးပါ။ သတိ နဲ့ နေ သတိ နဲ့ သွား ပြီး အမြဲ သတိထားနေ ရတော့ မယ်။

    ReplyDelete
  2. ကဗျာလေးက အဓိပ္ပာယ်အပြည့်ပဲ...
    ဟုတ်တယ်နော်
    စားသတိ သွားသတိ
    အရာရာ သတိရှိမှ ဖြစ်မယ်

    ReplyDelete
  3. ဟာ ဆောရီး... error တက်နေလို့ မန့်လို့မရဘူးဆိုပြီးနှိပ်တာ ဘယ်နှချက်မှန်း မသိဘူး... ခု IE ကို restart ပြန်လုပ်ပြီး ကြည့်လိုက်တော့မှ အများကြီးဖြစ်နေတယ်... အနူးအညွန့်တောင်းပန်ပါတယ်... တကယ်ပါ... ပထမဆုံးအကြိမ်လာပြီး တလွဲတွေလုပ်မိတာ တကယ်ကို တောင်းပန်ပါတယ်ရှင်...
    တွေ့ ပု ချိ ပါနော်...:)

    ReplyDelete
  4. သတိနဲ့နေဖို့သတိပေးတာ ကျေးဇူးပါ ရဲရင့်ရေ..။
    ကဗျာလေးက ခေတ်အကြောင်းလေးပဲ။ ဖတ်လို့ကောင်းတယ်။ အဆင်ပြေပျော်ရွှင်ပါစေ..။ စီဗုံးမရလို့ မန့်သွားပါတယ်။

    ReplyDelete

ပေါ့ပေါ့ပါးပါးပေါ့ဗျာ... ရင်ထဲရှိတာလေးတွေဖွင့်ထုတ်ခဲ့ပေါ့..
ကျေးဇူးအထူးပါဘဲဗျာ..