ကျွန်တော်တို့တွေသည် ဒုက္ခရောက်နေသောသူများ၊ ဆင်းရဲနွမ်းပါးနေသော ကလေးသူငယ် များနှင့် သက်ကြီးရွယ်အို ဘိုးဘွားမိဘများကို မြင်သိ၊ ကြားသိရသောအခါ..“သြော်..သနားစ ရာကောင်းလိုက်တာ၊ စိတ်မကောင်းလိုက်တာ..” စသဖြင့် ၀ဇီကံမှု၊ မနောကံမှုတို့ဖြင့် ကရုဏာဖြစ်နေရုံနှင့် ရပ်နေလို့မသင့်တော်ပါဘူး။ သူတို့အတွက် မိမိတို့တွေ တက်နိုင်သ လောက် ထောက်ပံ့ပေးနိုင်မှု ကာယကံ ကရုဏာမြောက်အောင် လုပ်မှသာလျှင် သူတို့အတွက်လည်း အကျိုးရှိပါလိမ့်မယ်။ လှူဒါန်းမှုနည်းသည်၊ များသည်ကတော့ မိမိတို့ ၀င်ငွေနှင့်မိမိအတိုင်းအတာကြောင့် ကွဲခြားမှုတော့ရှိပါလိမ့်မယ်။ သို့သော် မိမိတို့စိတ်မှာ မေတ္တာ၊ ကရုဏာ သက်ဝင်လှူဒါန်းမှု၊ စေတနာထက်သန်မှုကသာ ပဓာန ဖြစ်ပါတယ်။
ထို့ကြောင့် ကျွန်တော်တို့သည်လည်း တက်နိုင်တဲ့ဘက်မှ၊ တက်စွမ်းသလောက် ပါဝင်လှူဒါန်း နေခြင်းဖြစ်ပါတယ်။ မိုးစက်ပေါင်းများစွာ စုပေါင်းရာမှ မြစ်၊ ချောင်းတွေဖြစ်လာရသလို ကျွန်တော်တို့တွေအားလုံး အနည်းငယ်မျှပင် ဖြစ်ပါစေ တထောင့်တနေရာမှ လှူဒါန်းမှု၊ စောင့်ရှောက်မှုတွေလုပ်သွားကြမည်ဆိုလျှင် ကျွန်တော်တို့တွေရဲ့ ညီ၊ အကို၊ မောင်နှမ၊ ဘိုးဘွား၊ မိဘတွေမှာ အနှိုင်းမရတဲ့ ပီတိအပြုံးနဲ့ စားသုံး နိုင်ကြမှာပါ။ ဒါကြောင့် နည်းသည်၊ များသည် ပဓာန မထားဘဲ၊ အသင်းလိုက်ဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ၊ လစဉ်စုပေါင်း၍ ဖြစ်စေ အမိမြေမှ သားချင်းများကို တက်စွမ်းသမျှ ဖေးကူရအောင်လို့ တိုက်တွန်းပါရစေ။အရိပ်မဲ့ပန်း ၊မနွမ်းစေချင်၊ ကရုဏာဝင်၍၊ တတ်စွမ်းသမျှ၊ လှူဒါနဖြင့်၊ ကူညီဖေးမ၊ ပရဟိတ…….။
ကျွန်တော်တို့လူမျိုးတွေဟာ အလှူအတန်းမှာတော့ အင်မတန် ရက်ရောကြတယ်ဆိုတာ အားလုံးသိနေပြီးဖြစ်ပါတယ်။ သို့သော် ဆွမ်းတစ်နပ်မရသေးတဲ့ ဆရာတော်ကို လှူလိုက်ရမှာ၊ ဒုက္ခအတိရောက်နေတဲ့ ကလေးသူငယ်တို့ကို ကျွေးမွေးစောင့်ရှောက်ရမှာ ၀န်လေးတတ်ကြ တယ်။ ပါးစပ်ကပဲ သနားလွယ်ကြပါတယ်။ ကာယကံမြောက်ကရုဏာ မဖြစ်ကြပါဘူး။ မလိုအပ်တဲ့ နေရာတွေမှာ ဘုရားတည်၊ ကျောင်းဆောက်ပြီး ဘုရားဒကာဖြစ်ချင်ကြပါတယ်။ လိုအပ်တဲ့ နေရာမှာ အိမ်သာတောင် မဆောက်ပေးချင်ကြပါဘူး။ ယခုပစ္စုပ္ပန်အချိန်မှာ လိုအပ်နေတာတွေ အများကြီး ရှိနေတယ်။ ဒါလေးတွေကို သိစေချင်ပါတယ်။ ဘုရားရှင်ဟောတော်မူခဲ့တာလေး ရှိပါတယ်။ “ဒါနအကြောင်းကို ငါဘုရားလောက်သာ သိမယ်ဆိုရင် ကိုယ်စားမယ့် ထမင်း လုပ်ကိုတောင် မစားဘဲ လှူဒါန်းကြလိမ့်မယ်လို့” မိန့်ဆိုခဲ့ပါတယ်။
မောင်သစ်လွင်ထွန်း (starfalls.nazy@gmail.com) ph 02-80211, 02-80322
မသန်းသန်းနု (wgwhitegirl@gmail.com) ph 09-2018506
ကိုဝင်းကျော်သူ (wkthu2006@gmail.com)
Global Net ,Room 1,building 7,Hlaing tsp (01-652232,652324,507054) ရုံးချိန်(မနက်၉း၀၀ မှညနေ ၅း၃၀ ထိ)(တနင်္လာနေ့မှ စနေနေ့အထိ)
ရေးသားတင်ပြသူ- အောင်ဦး
http://dhammaratha.blogspot.com/
http://www.ymba-mephi.co.cc/
ကိုအောင်ဦး ( ဓမ္မရသ ) ရဲ့ ဘလော့ဂ်ကနေ ကူးယူဖော်ပြပါတယ်ခင်ဗျာ ။ လေးစားစွာဖြင့် ..