Wednesday, December 23, 2009

သီအိုရီ



ခြေတစ်လှမ်း
ကုဋေတစ်သန်းတန်စေဖို့....
မင်းခြေလှမ်း မမှားပါစေနဲ့....

အိုင်တွေ့တိုင်း ခြေဆေးတတ်တဲ့သူတွေရှိမယ်
ခြေတွေ့တိုင်း ရေဆေးပေးတဲ့အိုင်တော့
မင်းမဖြစ်စေနဲ့......

ဖောက်ပြန်တတ်တဲ့လူတစ်ယောက်ထက်....
ညဌက်တစ်ကောင်ဟာ........
ပိုပြီး အဖိုးထိုက်ပါတယ်.....

ကဲ...
မင်းရဲ့  ခြေတစ်လှမ်း
ကုဋေတစ်သန်းတန်စေဖို့....
မင်းခြေလှမ်း မမှားပါစေနဲ့....


(၂၃.၁၂.၂၀၀၉)

Tuesday, December 22, 2009

သတင်းမှားများနှင့် လူ့အဖွဲ့အစည်း

ဇော်မင်း (လူ့ဘောင်သစ်) |

ကျနော်တို့ ငယ်ငယ်တုန်းကစလို့ အခုအချိန်အထိ သတင်းမှားများ၊ သတင်းထိန်ချန်ခြင်းများနှင့် နေထိုင်ကြီးပြင်းလာခဲ့ကြရသည်။ အခုကာလကတော့ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ ဒီမိုကရေစီ စကားလုံးက ထိပ်ဆုံးမှာ နေရာယူထားသည်။ ဒီမိုကရေစီခေတ်ကို သွားကြမည်။ ထို့ကြောင့် ဒီမိုကရေစီနှင့် ပတ်သက်စပ်လျဉ်းသော အပြောအဆို၊ အရေးအသား၊ ကြေညာချက်များ၊ လုပ်ဆောင်ချက်များ ဆတက်ထမ်းပိုး တိုးတက်များပြားလာနေသည်ကိုလည်း တွေ့နိုင်သည်။ ဒါကတော့ ကောင်းသည့်အချက် ဖြစ်သည်။ သို့သော် ထိုကောင်းသည့် အချက်များထဲတွင် သတင်းမှားများ၊ ထိန်ချန်မှုများ ပါနေသည်။

နိုင်ငံရေးဖြစ်စဉ်တွေကို မပြောမီ ငယ်ငယ်တုန်းက နေ့တဓူဝ ကြားသိနေခဲ့ရပုံများကို ပြောလိုသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၃ဝ ကျော်တုန်းက ရပ်ကွပ်ထဲတွင် လူကြီးတဦးက ကျနော်တို့ကလေးများကို ပြောဖူးတာတခု အမှတ်ရသည်။ ဇာတ်လမ်းက ဒီလို။

ထိုင်းနိုင်ငံတွင် ထိုင်းအမျိုးသမီးတဦးနှင့် အိမ်ထောင်ကျနေသော မြန်မာအမျိုးသားတဦးသည် တက္ကစီမောင်း၍ အသက်မွေးသည်။ သူ့တက္ကစီကား ရှေ့မှန်တွင် မြန်မာဘာသာစကားဖြင့် 'အောင်ဇေယျ' ဟု သင်္ဘောဆေးဖြင့် ရေးထားသည်ဟု ဆိုသည်။ ဤသို့ ရေးထားခြင်း၌ အကြောင်းကတော့ မော်တော်ပီကယ် (ယာဉ်ထိန်းရဲ) များ ပိုက်ဆံတောင်းခြင်းမှ လွတ်ကင်းရန်ဟု ဆိုပြန်သည်။

ထိုသူ၌ တက္ကစီကို ပိုက်ဆံတောင်းရန်တားသော မော်တော်ပီကယ်သည် မှန်ပေါ်တွင် ရေးထားသော 'အောင်ဇေယျ' ဟူသော မြန်မာစာလုံးကို တွေ့တွေ့ချင်း အတော်လေးဖြုံသွားသည်ဟု ဆိုပြန်သည်။ ထို့အတွက် ပိုက်ဆံမတောင်းတော့ဘဲ လွှတ်လိုက်ရသည်ဟု ပြောသည်။ ဘာဖြစ်လို့လဲဆိုတော့ အလောင်းဘုရားဟု မြန်မာသမိုင်းတွင် ထင်ရှားသော ရှင်ဘုရင် ဦးအောင်ဇေယျကို ထိုင်းပုလိပ်များ သိပ်ကြောက်သောကြောင့်ဟု ဆိုသည်။ ဦးအောင်ဇေယျကို ကြောက်ရသော အကြောင်းက အယုဒ္ဓယမြို့တော်ကို တိုက်ခိုက်ဖျက်ဆီး အောင်နိုင်သောကြောင့်ဟု ရှင်းပြသည်။

ကျနော်တို့ ကလေးများကတော့ ဇာတိမာန်များကြောင့် ဝမ်းသာလိုက်သည့်ဖြစ်ခြင်း။ ယိုးဒယားတွေ၊ ထိုင်းလူမျိုးတွေက မြန်မာလူမျိုးတွေကို အခုအထိ ကြောက်ကြရတယ်ပေါ့။ ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူး ဆိုတာကိုတော့ ငယ်စဉ်အချိန်က ခွဲခြမ်းစိတ်ဖြာခြင်း မပြုနိုင်ခဲ့ပါ။ ထိုင်းပုလိပ်တွေဟာ မြန်မာဘာသာဖြင့် ရေးထားသော ကားမှန်ပေါ်က 'အောင်ဇေယျ' ဆိုသည့် စကားလုံးကို ဖတ်တတ်သလား၊ မဖတ်တတ်ဘူးလား ဆိုတာလည်း ဂရုမစိုက်မိခဲ့။

အခုလက်တွေ့ဘဝ ထိုင်းနိုင်ငံမှာ နေလာတာ နှစ်ပေါင်းများစွာ ရှိပါပြီ။ အကယ်၍ မြန်မာလူမျိုး တက္ကစီသမားတဦးက ထိုင်းမြေကြီးပေါ်မှာ အဲသလိုလုပ်ရင် ထိုင်းပုလိပ်တွေက အောင်ဇေယျဆိုတဲ့ နာမည်ကို ကြောက်မလား၊ မကြောက်လား ဆိုတာတော့ အခုလက်ရှိ ထိုင်းနိုင်ငံတွင် နေထိုင်နေသော မြန်မာပြည်သား အားလုံးအသိပင်။ ထိုသတင်းမှားကို ကျနော်တို့ ကလေးများက ဝမ်းသာအားရ ရှိခဲ့ဖူးသည်။ ယုံလည်း ယုံကြည်ခဲ့ကြသည်။ ထိုင်းဆိုတာ ငယ်နိုင်ပါဆိုသည့် အတွေးကြောင့် ဆိုရင်လည်း မမှား။ ကျနော်တို့ သမိုင်းစာအုပ်များကလည်း ထိုင်းနိုင်ငံကို ရှေးတုန်းက ဘယ်လိုဘယ်ပုံ အကြိမ်ကြိမ် အောင်မြင်ခဲ့တယ်လို့ ကလေးတွေကို ကျောင်းမှာ သင်ထားတာကလည်း တဖက်မှာ ရှိနေတာကိုး။ ဒါကို အမှီပြုပြီး မာန်တက်ခဲ့ကြတယ်ဆိုလည်း မမှားပါ။ ဒါ့ကြောင့် ကျနော်တို့ကလေးဘဝက မြန်မာတွေဆိုရင် ထိုင်းတွေက ထိုင်းမြေကြီးပေါ်မှာတောင် ကြောက်ကြရတယ်ဆိုတာကို ဖြစ်နိုင်မဖြစ်နိုင် မစဉ်းစားဖူးခဲ့။ မာန်တွေ တက်ချက်ကတော့ အဲသလို။ သတင်းမှားတွေကို ရိုက်သွင်းခံခဲ့ရတဲ့ အကျိုးဆက်လို့ ဆိုနိုင်သည်။ ယိုးဒယားကို ဘယ်အချိန် တက်သိမ်းသိမ်း ရသည်ဟူသော အစွဲက မြန်မာဗိုလ်ချုပ်တွေကို အသာထား မြန်မာအရပ်သူ အရပ်သားများ အကြားတွင်တောင် ရှိခဲ့သည်။

နောက်ဇာတ်လမ်းတခုကတော့ မြန်မာဘုရင်တွေ အာသံတို့၊ မဏိပူရတို့ကို မကြာခဏ စစ်နိုင်လေ့ရှိခဲ့သည့် သမိုင်းကြောင်း ဖြစ်သည်။ မြန်မာဘုရင်တွေ စစ်နိုင်တော့ သူတို့အလိုကျ ဘုန်းဘယ်လောက်ကြီးကြောင်း တင်ပြဖို့ နန်းတော်တွင်းက ပညာရှိ စာရေးဆရာများက အာသံနိုင်မော်ကွန်း၊ မဏိပူနိုင်မော်ကွန်းတွေ ရေးသားပြီး ဘုရင်တွေကို ဆက်သရသည်။ ထိုစဉ်က ဘုရင်ပိုင် သတင်းစာတွေ၊ ဂျာနယ်တွေ မရှိသေးတာ တော်တော့သည်။ သို့မဟုတ်ပါက ဘယ်လောက်များ ဖောင်းဖောင်းမြည်အောင် ရေးကြဦးမလဲ မသိ။

၁၉၉၆ ခုနှစ် ဆောင်းတွင်းကာလတခုမှာ ကျနော် မဏိပူရပြည်နယ် အင်ဖားမြို့တွင် ခေတ္တနေထိုင်ခဲ့ဖူးသည်။ ရံဖန်ရံခါ အင်ဖားတက္ကသိုလ် မော်ကွန်းထိန်း ပါမောက္ခနှင့် စကားလက်ဆုံ ပြောဖြစ်သည်။ တကြိမ်တွင် ကျနော်က သူ့ကို မေးသည်။ အခုလက်ရှိ မဏိပူရပြည်နယ်တွင် ကသည်းလူမျိုး (မဏီပူရီ) လူဦးရေ ဘယ်လောက်ရှိသလဲဟု ဖြစ်သည်။ ပါမောက္ခကြီးက လက်ရှိတွင် ၂ သန်းစွန်းစွန်းခန့် ရှိသည်ဟု တွက်ပြသည်။ ထို့ကြောင့် မြန်မာဘုရင်များ လက်စွမ်းပြခဲ့သော လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝဝ-၃ဝဝ လောက်တုန်းက မဏိပူရ မြို့ပြနိုင်ငံငယ်လေးမှာ အလွန်ဆုံးရှိလှ လူဦးရေ ၁ သိန်း၊ ၂ သိန်းခန့်သာ ရှိနိုင်သည်ဟုသာ အကြမ်းဖျဉ်းသဘော စဉ်းစားမိသည်။ ထိုလူဦးရေတွင် အမျိုးသမီး၊ ကလေးနှင့် သက်ကြီးရွယ်အိုများကို ဖယ်လိုက်ပါက စစ်တိုက်နိုင်သော၊ စစ်သားလုပ်နိုင်သော လူဦးရေသည် ဘယ်လောက်ရှိမည်နည်း။ ဝိုင်း၍သာ စဉ်းစားကြပါကုန်။

ကိုယ့်ထက် လူဦးရေ အဆမတန်နည်းသော နိုင်ငံငယ်တခုကို စစ်နိုင်တာ တကယ်တမ်းမှာ မာန်မတက်ထိုက်ဟု မြင်မိသည်။ သို့သော် ကျနော်တို့ သိခဲ့ကြားခဲ့၊ သင်ခဲ့ရသည်မှာ မြန်မာဘုရင်များသည် ဘုန်းလက်ရုံး ကြီးမားသောကြောင့် မင်းပေါင်းစုံက လေးစားခန့်ငြားရသည်ဆိုသည့် သတင်း အင်ဖော်မေးရှင်းသာ ဖြစ်သည်။ သို့သော် သမိုင်းတွင် မြန်မာဘုရင်များသည် ကိုယ့်ထက်အင်အားကြီးသော မဂိုအင်ပိုင်ယာထဲက မြို့ကြီးကြီး တမြို့ကိုတောင်မှ မသိမ်းနိုင်ခဲ့ပါ။ အလားတူ တရုတ်နိုင်ငံ မဟာတံတိုင်းကြီး အခြေထိရောက်အောင်ပင် စစ်မချီတက်နိုင်ခဲ့ပါ။ တရုတ်ဘုရင် အဆက်ဆက်က မြန်မာပြည်ကို သူတို့၏ ဘဏ္ဍာဆက် နယ်မြေတခု အဖြစ်သာ အသိအမှတ်ပြုသည်။

ယိုးဒယားကို နိုင်သည်။ အာသံ၊ မဏိပူရကို နိုင်သည်။ ရခိုင်ကို နိုင်သည်။ မွန်ကို နိုင်သည်။ ရှမ်းစော်ဘွားတွေကို နိုင်သည်။ လာအို (လင်းဇင်း) ကိုလည်း နိုင်သည်။ ဘာကြောင့် နိုင်သလဲဆိုတော့ တုတ်ခေတ်၊ ဓားခေတ်၊ လှံခေတ်မှာ ကိုယ့်ထက် အင်အားနည်းသောကြောင့် (သို့) အင်အားနည်းနေသော အခါတွင်မှသာ နိုင်ခြင်းဖြစ်သည်။ ကိုယ့်ထက် အင်အားကြီးသော၊ စစ်တိုက်တတ်သော မွန်ဂိုတာတာတွေ ဝင်လာတော့ ပုဂံပြည်ကြီး ပျက်ရတာကို သင်ခန်းစာယူဖို့ မေ့နေတတ်သည်။ ထိုသို့သော သတင်း အင်ဖော်မေးရှင်းကျတော့ မှိန်ထားလိုက်သည်။ ရှေုးဘုရင်တွေရဲ့ ဘုန်းလက်ရုံး အိပ်မက်ထဲမှာ နေနေရင်း၊ နောက်ဆုံး အင်္ဂလိပ်ဝင်လာတော့ တပြည်လုံး သူတပါး လက်အောက်မှာ ကိုလိုနီ ဖြစ်ခဲ့ရသည် မဟုတ်လော။ သို့သော် မာန်ကတော့ မလျှော့သေး။

မလျှော့သေးတဲ့ အကြောင်းကို ဖက်ဆစ်ဂျပန် တော်လှန်ရေး သမိုင်းကြောင်းတွင် တွေ့ရပြန်သည်။ ဖက်ဆစ်ဂျပန်များကို စွမ်းစွမ်းတမံ တွန်းလှန်ခဲ့သူတို့မှာ ရဲဘော်သုံးကျိပ် ဦးဆောင်သော ဗမာ့ကာကွယ်ရေး တပ်မတော်သာ ဖြစ်သည်ဟု ဗိုလ်ချုပ်နေဝင်းက သမိုင်းသတင်းကို အတင်းအဓမ္မ ရေးစေခဲ့သည်။ အခြား အရေးပါသော လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများကို သမိုင်းတင်ခွင့်မပေးဘဲ ထိမ်ချန်ခဲ့သည်။ မြန်မာသမိုင်းပညာရှင်များမှာ သမိုင်းကို သမိုင်းလို လွတ်လွတ်လပ်လပ် တင်ပြရေးသား ထုတ်ဖော်ခွင့် မရခဲ့။ မရခဲ့သည်မှာ လွတ်လပ်ရေး ရကတည်းက အခုအထိပင်။ လက်ဝဲအုပ်စုကလည်း ဖက်ဆစ်ဂျပန် တော်လှန်ရေးတွင် နိုင်ငံရေးအရ သူတို့ကသာ ဦးဆောင်ခဲ့သည်ဟု ဆိုကြသည်။ သို့သော် မြန်မာခေါင်းဆောင် အတော်များများသည် မိမိနှင့်မတည့်သူ အပါအဝင် အခြားပါဝင်ခဲ့သည့် ဇာတ်ကောင်များ၏ ကဏ္ဍကို ချန်လှပ်ထားလေ့ရှိသည်။ သမိုင်းအရ သတင်းမှောင်ချထားသည့် သဘောမျိုးဟု ဆိုနိုင်သည်။

နောက်တချက်ကလည်း သမိုင်းပညာရှင်များ၊ စာရေးဆရာများအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းက ရဲဘော်သုံးကျိပ်ကို ဦးဆောင်ခဲ့ပြီး ဗမာ့တပ်မတော်ကို တည်ထောင်ခဲ့သောကြောင့် ဗိုလ်နေဝင်းကို ဝေဖန်ချင်တာပင် ဗိုလ်နေဝင်းလည်း ရဲဘော်သုံးကျိပ်ဝင်ဖြစ်နေတော့ ဗိုလ်ချုပ်အောင်ဆန်းကို အားနာပြီး ရဲဘော်သုံးကျိပ် အားနည်းခဲ့တာတွေအပေါ် ပြောမထွက်တာတွေ အများကြီး ရှိခဲ့ပုံရသည်။ အမျိုးသား ဇာတိမာန် ထိခိုက်မည်ကိုလည်း စိုးရိမ်ဟန် ရှိကောင်းရှိနိုင်သည်။ ဇာတိမာန်ဆိုတာ လူမျိုးတိုင်း၌ ရှိသည်။ ရှိလည်း ရှိသင့်သည်။ သို့သော် မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကနေသာ တည်ရှိသင့်သည်။ ဇာတိမာန်ဆိုသည်မှာ အနာစိမ်းကို လက်သည်းနှင့်ဆိတ်သလို ဆိတ်နေဖို့ မလိုပါ။

ဂျပန်တွေ မြန်မာပြည်ကို ထိုင်းနိုင်ငံမှတဆင့် ဝင်လာတော့ ဂျပန်တပ်အင်အား ၃ သိန်းကျော် ရှိသည်။ အင်္ဂလိပ်တွေ အိန္ဒိယကို ဆုတ်ပြေးရသည်။ ဂျပန်တို့ရဲ့ စစ်နောက်ကျောပိုင်းကို ဝင်ရောက်တိုက်ခိုက်သော ဗိုလ်မှူးချုပ်ဝင်းဂိတ်၏ ချင်းဒစ် (ခြင်္သေ့) ကွန်မင်ဒို ပြောက်ကျားတပ်များ၏ အခန်းကဏ္ဍကို မြန်မာကျောင်းသားတို့ လေ့လာခွင့်၊ သိခွင့်မရခဲ့။ မဟာမိတ် တပ်ပေါင်းစုက လေကြောင်းချီတပ်များ၊ အမြောက်တပ်များ၊ သံချပ်ကာတပ်များ အလုံးအရင်းဖြင့် ဂျပန်တွေကို တိုက်ခဲ့တာ မြန်မာကျောင်းသားတို့ မသင်ခဲ့ရ၊ မသိခဲ့ရ။ မဟာမိတ် တပ်ပေါင်းစု၏ တိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ရသော မြန်မာပြည် စစ်မျက်နှာရှိ ဂျပန်စစ်သား အရေအတွက်သည် ၁ သိန်း ၈ သောင်းကျော် ရှိသည်ဟု မဟာမိတ် စစ်မှတ်တမ်းများက ဆိုထားသည်။ သို့သော် ထိုအချက်ကို မြန်မာကျောင်းသားတို့ မသင်ခဲ့ရ။

ဗိုလ်နေဝင်းလက်ထက် ကျောင်းသင်ခန်းစာများတွင် ဗိုလ်မှူးကြီးဗထူး တဦးကိုသာ ဂျပန်ကို စောစီးစွာ တော်လှန်သူအဖြစ် ကျောင်းသားများကို သင်ကြားစေခဲ့သည်။ ဂျပန်ကို စောစီးစွာ တော်လှန်ခဲ့သော ရခိုင်တော်လှန်ရေးသမားများအကြောင်း ကျနော်တို့ ကျောင်းတွင် မသင်ခဲ့ရ။ ဂျပန်တို့၏ စစ်နောက်ကျောပိုင်းကို ချင်းတပ်များနှင့်အတူ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့သော ကချင်၊ ချင်း၊ ကရင်၊ ဂေါ်ရခါး၊ မြန်မာ အစရှိသော စစ်သားများအကြောင်း မသင်ခဲ့ရ။ စစ်တောင်းမြစ်ဝှမ်း တလျှောက်တွင် ကရင်ပြောက်ကျားများ၏ တိုက်ခိုက်မှုကြောင့် ဂျပန်စစ်သား ၂ သောင်းကျော် ချေမှုန်းခံရသည်ကို မြန်မာကျောင်းသားတို့ ကျောင်းတွင် မသင်ခဲ့ရ။ အကြောင်းကတော့ ထိုသူများမှာ ရဲဘော်သုံးကျိပ်၏ ခေါင်းဆောင်မှုအောက်မှာ မရှိခဲ့သောကြောင့်ဟု မှတ်ချက်ချနိုင်သည်။

ဂျပန်စစ်မှတ်တမ်းများအရ ရောဂါဘယကြောင့် သေဆုံးခဲ့သော ဂျပန်စစ်သား အရေအတွက်မှာ ၄ သောင်းကျော်၊ ၅ သောင်းနီးပါး ရှိသည်ဟု သိရသည်။ ဗမာ့တပ်မတော်က ဂျပန်ကို တော်လှန်ခဲ့သည်မှာ ၁၉၄၅ မတ်လ ၂၇ ရက်နေ့ ဖြစ်သည်။ မတ်လ ၂ဝ ရက်နေ့တွင် အထက်ဘက်မှ တိုက်ခိုက်၍ စုံဆင်းလာသော မဟာမိတ်တပ်များက မန္တလေးကို သိမ်းထားနှင့်ပြီး ဖြစ်သည်။ မြန်မာပြည် စစ်မျက်နှာတွင် တာဝန်ထမ်းဆောင်ခဲ့သော ဂျပန်စစ်သား ၃ သိန်းတွင် ၅ သောင်းခန့်သာ အသက်ရှင်၍ ဂျပန်ပြည်သို့ ပြန်ရောက်ခဲ့သည်။

ရဲဘော်သုံးကျိပ် ဦးဆောင်သော ဂျပန်တော်လှန်ရေးကိုသာ ကျောင်းများတွင် သင်စေသည်က သမိုင်းဖြစ်စဉ်အတွင်း သတင်း အင်ဖော်မေးရှင်းကို လိုသလို ပုံသွင်းယူခြင်းသာ ဖြစ်သည်။ ရဲဘော်သုံးကျိပ်ကို အပြစ်တင်နေသည် မဟုတ်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ် ဦးဆောင်သော ဗမာ့တပ်မတော်လည်း သူ့ထောင့်သူ့နေရာက သမိုင်းပေး တာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သည်။ အုပ်ချုပ်သူ အဆက်ဆက်၌ သမိုင်းကို မျှော့ကြိုးတချောင်းကဲ့သို့ အသုံးချခဲ့ခြင်းကို ဆိုလိုရင်းဖြစ်သည်။

ငါတို့တပ်က မဟုတ်ရင်၊ ငါတို့ပါတီက မဟုတ်ရင်၊ ငါတို့သမဂ္ဂက မဟုတ်ရင်၊ ငါတို့အဖွဲ့အစည်းက မဟုတ်ရင် အဖြစ်အပျက်တွေ သမိုင်းကြောင်းတွေ မှန်နေသော်လည်း မှိန်ထားလိုက်၊ လူအသိမခံစေနဲ့ဆိုတဲ့ စိတ်ဓာတ်မျိုးဟာ အခုအထိ အားကောင်းပြီး နေရာအတော်များများမှာ တွေ့နေရသေးသည်။ လူထုကို ပညာပေးနေတဲ့ စာပေနဲ့ မီဒီယာ အသိုင်းအဝိုင်းမှာတောင် ရှိနေသေးတာလည်း တွေ့မြင်နေရသည်။

တပ်က လူအချင်းချင်းသည်ပင်လျှင် အုပ်စုကွဲလာပါက သမိုင်းမှာ ဖျောက်ဖျက်ခံရသည်။ ဗိုလ်ချုပ်အောင်ဆန်းပုံတွေ ငွေစက္ကူပေါ်မှာ မရှိတော့။ ဗိုလ်ချုပ်ကြီးတင်ဦး (အန်အယ်ဒီ ဒုဥက္ကဋ္ဌ) နှင့် ဗိုလ်ချုပ်မှူးကြီး စောမောင်တို့၏ ဓာတ်ပုံများ တပ်မတော်ပြခန်းမှာ ချိတ်မထားတော့။ နိုင်ငံရေး အဖွဲ့အစည်းအချို့တွင်လည်း ဤနည်းနှင်နှင်ပင်။ အကြောင်းကြောင်းကြောင့် အဖွဲ့အစည်းတွင် မရှိတော့သည့် (သို့) နုတ်ထွက်သွားသည့် ခေါင်းဆောင် အချို့၏ ဓာတ်ပုံများ၊ မှတ်တမ်းများကို ဝဘ်ဆိုဒ်များတွင် ထည့်သွင်းထားခြင်း မရှိသည်ဘဲ ထိန်ချန်ထားသည်ကိုလည်း ဝမ်းနည်းဖွယ်ရာ တွေ့ရသည်။ လုပ်ပိုင်ခွင့် ရှိသူများက သမိုင်းကို လိုသလို ရေးနေကြသည့် သဘောပင်။

လက်ရှိကာလမှာလည်း ပြည်တွင်းထုတ် ဂျာနယ်အချို့သည် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ၂ဝ၁ဝ ရွေးကောက်ပွဲ အစရှိသည်တို့အတွက် သတင်းမှားများကို အာဏာရှင်များအကြိုက် ပါးပါးနပ်နပ် တင်နေကြသည်။ အကျိုးစီးပွားတခုအတွက် ကိုယ်ဖြစ်စေချင်သည့် လိုင်းများကို လူထုအကြား ချပြနေသည်။ ဒီမိုကရေစီတန်ဖိုးနှင့် ဒီမိုကရေစီ ခရီးရှည်အတွက် ဆောင်ရွက်ရမည့် ကိစ္စများကို မှန်မှန်ကန်ကန် မတင်ပြဘဲ မျှော့ကြိုးကဲ့သို့ အသုံးချနေသည်။ စစ်တပ်အုပ်ချုပ်မှုအောက်တွင် လွတ်လွတ်လပ်လပ် ရေးခွင့်မတာကြောင့် စာစောင်ဂျာနယ် အများစုဟာ ဥာဏ်ကိုလွှာပြီး လူထုကို တင်ပြနေရသည်။ သို့သော် ရှေးမြန်မာဘုရင်များ၏ ဘုန်းတော်ဘွဲ့နှင့် မော်ကွန်းများကို ရေးသားသကဲ့သို့ အာဏာရှင်တို့ဘက်ကို လိုက်၍ ရေးသားနေသည့် စာပေသမား၊ ဂျာနယ်သမား အချို့ကိုလည်း ထင်ထင်ရှားရှား တွေ့နေရသည်။

မျိုးဆက်သစ်များသည် တိုင်းပြည်၏ အနာဂတ်အတွက် အရေးကြီးသည်ဟု ရှုမြင်ပါက အမြင်ကျယ်သော၊ တန်ဖိုးမြင့်သော မျိုးဆက်သစ်များ တိုးပွားလာရန်အတွက် လူ့အဖွဲ့အစည်းအတွင်း သတင်းမှားများ၊ သတင်းထိန်ချန်ခြင်းများ ပြုလုပ်နေခြင်းကို ရပ်ဆိုင်းကြပါလို့ တိုက်တွန်းလိုက်သည်။
(၃ဝ ရက် နိုဝင်ဘာလ၊ ၂ဝဝ၉ ခုနှစ်)

Friday, December 4, 2009

"မင်းကို ချစ်တဲ့သူတစ်ယောက်ရှိနေတယ်"



တခုသော မိုးသည်းညမှာ အသက် ၅၀ ပတ်ဝန်းကျင်လောက်ရှိပြီဖြစ်တဲ့ မာခ့် ဆိုတဲ့ လူတစ်ယောက်ဟာ သူ့ဘ၀သူ အဆုံးစီရင်ဖို့ ဆုံးဖြတ်လိုက်တယ် ။ သူ့မှာ ဘာတွယ်တာစရာရှိလို့လဲ ။

အခုအချိန်ထိ တစ်ယောက်တည်းဖြစ်ခဲ့တဲ့ သူဟာ မိသားစုဘ၀ပျော်ရွှင်မှုဆိုတာလဲ ဘယ်တုံးကမှ မပိုင်ဆိုင်ဖူးခဲ့။ သူ့မိဘတွေဆုံးသွားတာ ၇နှစ်လောက်ရှိပြီ။ ညီမတစ်ယောက်ရှိပေမဲ့ အဆက်အသွယ်ပြတ် နေတာကြာလှပြီ ။ ရှိတဲ့ အလုပ်ကလေးတစ်ခုကလဲ သန့်ရှင်းရေးအလုပ်သမားအဆင့် ။ ဘာမှမက်လောက်စရာမရှိ။ အဲ့ဒီတော့ သူ သေသေရှင်ရှင် သူ့ကို ဂရုစိုက်မဲ့သူ တစ်ယောက်မှမရှိတာ သေချာတယ်။

အဲ့ဒီညမှာပဲ တခုသော အခန်းငယ်ကလေးမှာ ၆နှစ်သား ကလေးတစ်ယောက်က Star Wars Action ဇာတ်ကောင်ရုပ်တွေနဲ့ အလုပ်ရှုပ်နေတယ် ။ သူ့ခမျာ အဲ့ဒါတွေဝယ်ဖို့ မုန့်ဖိုးရအောင် မနက်ခင်း သူ့အဖေ လမ်းလျှောက်ထွက်တိုင်း သူပါလိုက်ရတယ်။ အခုဆို Darth Vader ကို ၀ယ်နိုင်ဖို့ သူ ၅၀ဆင့်ပဲ လိုတော့တယ် ။

အဲ့ဒီအချိန်မှာ အပြင်က တံခါးခေါက်သံကြားလို့ သူချောင်းကြည့်လိုက်တော့ အ၀တ်အစား ညစ်နွမ်းနွမ်းဖရိုဖရဲနဲ့ လူတစ်ယောက် မျက်ရည်တွေနဲ့အတူ တခါးးဝမှာ သူ့အဖေနဲ့အမေကို တစုံတရာပြောနေသံ ကြားလိုက်တယ်။ သူ့အမေကလဲ စိတ်မကောင်းတဲ့ပုံစံနဲ့ လူကြီးကို အိမ်ထဲခေါ်လိုက်တယ်။ နောက် သူတို့ ဘာတွေပြောနေမှန်း သူလဲ အကုန်နားမလည်ဘူး။ ဒါပေမဲ့ သူသိတာက မျက်နှာကို လက်ဝါးနဲ့ အုပ်ပြီး ရှိုက်ကြီးတငင် ငိုနေတဲ့ အဲ့ဒီ လူကြီးကိုကြည့်ပြီး သူအရမ်း စိတ်ထိခိုက်သလိုဖြစ်လာတာပဲ ။

နောက်တော့ သူ့အခန်းထဲကို အပြေးအလွှားသွားပြီး သူ့ပိုက်ဆံဗူးလေးထဲက ဒင်္ဂါး ၅၀ ပြားလေးကို ယူပြီး အောက်ထပ်ပြန်ဆင်းလာခဲ့တယ်။ လူကြီးသုံးယောက် သူ့ကို အံ့အားသင့်သလို စိုက်ကြည့်နေ ချိန်မှာ သူ့က အဲ့ဒီလူကြီးကို ဖက်ပြီး သူပေးတဲ့ ပိုက်ဆံကို လက်ခံဖို့၊ မငိုတော့ဖို့ ပြောလိုက်တယ် ။ ပြီးတော့ သူလဲ အခန်းထဲ ကမန်းကတန်းပြန်လာခဲ့တယ် ။ သူ နည်းနည်းတော့ ရှက်သလို ခံစားနေရပေမဲ့ အရမ်းလဲပျော်နေခဲ့တယ် ။

အောက်ထပ်မှာတော့ မာခ့်က ဒင်္ဂါးပြားလေးကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်၊ ငိုနေရင်းနဲ့ ကလေးမိဘတွေကို စကားဆက်ပြောနေတယ်။ အနှစ်၂၀လောက် အထီးကျန်ဆန်နေခဲ့တဲ့ သူ့ဘ၀မှာ ပထမဆုံး အကြိမ်အဖြစ် ဂရုတစိုက်ထွေးဖက်ခံရမှုတစ်ခုဟာ သူ့ကို ဘယ်လောက်စိတ်ကြည်နူးစေကြောင်း၊ ဒီခံစားမှုလေး ဘယ်အချိန်ထိရှိနေမှာလဲလို့ သူ သိချင်ကြောင်း၊ သူ့ကို ဂရုစိုက်မဲ့သူ တစ်ယောက်မှမရှိဘူး လို့ သူထင်ထားခဲ့တဲ့ ဘ၀ဟာ ထင်သလောက် မဆိုးခဲ့ကြောင်း ပြောရင်းပြန်သွားတယ်။

အဲ့ဒီညက အဖြစ်အပျက်ဟာ မာခ့်ရဲ့ဘ၀ကို အပြောင်းလဲကြီး ပြောင်းလဲသွားစေတယ် ။ ဘ၀မှာ ဘယ်လိုဆက်ပြီး အသက်ရှင်နေထိုင်သွားရမလဲဆိုတာကို သူ အလိုလိုသဘောပေါက်သွားခဲ့တယ် ။ မာခ့်ကို ထပ်မတွေ့ရတော့ပေမဲ့ မာခ့်က သူတို့မိသားစုဆီ စာတွေပို့ဆဲ ။ သူအဆင်ပြေကြောင်း၊ ကျန်းမာကြောင်း ရောက်ရာအရပ်ကနေ ယနေ့အချိန်ထိ အသိပေးဆဲပဲ ။

တကယ်တော့ ၆နှစ်သားအရွယ်ကလေးတစ်ယောက်အနေနဲ့ အဲ့ဒီိနေ့က ဘာလို့ အဲ့လိုလုပ်ခဲ့တာလဲဆိုတာ ကျွန်တော်လဲ အတိအကျတော့ မပြောတတ်ဘူး ။ ကျွန်တော့်မျက်စိရှေ့မှာ မြင်နေရတဲ့ စိတ်ထိခိုက် ကြေကွဲဖွယ်ရာ မြင်ကွင်းတစ်ခုကို စိတ်ထဲက တုံ့ပြန်ချင်တဲ့အတိုင်း တုံ့ပြန်လိုက်မိတာ ။ ဒါပေမဲ့ ပေးဆပ်မှုတစ်ခုအတွက် ရခဲ့တဲ့ အဲ့ဒီပီတိလေးကို ပြန်တွေးမိတိုင်း ကျွန်တော်အခုအချိန်ထိ ကြည်နူးမိဆဲပဲ။

အဲ့ဒီနေ့က သူ့ကိုယ်သူ သတ်သေတော့မယ်လို့ ဆုံးဖြတ်ထားတဲ့ မာခ့်ဟာ လမ်းလျှောက်ရင်းနဲ့ ကျွန်တော်တို့ အိမ်ရှေ့အရောက် သူမြင်လိုက်ရတဲ့ ကား bumper မှာ ရေးထားတဲ့ စာတန်းလေးတစ်ခုအတွက် ဒီအိမ်ကလူတွေဟာ ဘယ်လို စိတ်ဓါတ်ပိုင်ရှင်တွေပါလိမ့်လို့ (သူမသေခင်) သိချင်စိတ်ဖြစ်လာတယ် ။ အဲ့လိုနဲ့ သူ ကျွန်တော်တို့အိမ် ရောက်လာခဲ့တာပဲ ။

ဒင်္ဂါး၅၀ပြားလေးနဲ့ bumper ပေါ်ကစာတန်းလေးတစ်ခုဟာ လူနှစ်ယောက်ရဲ့ အမြင်တွေ၊ ခံယူချက်တွေနဲ့ ဘ၀ကို လုံးဝပြောင်းလဲပေးခဲ့တယ် ။ ကျွန်တော်တို့ရဲ့ကား bumper ပေါ်မှာ ရေးထားတဲ့ စာတန်းလေးက "မင်းကို ချစ်တဲ့သူတစ်ယောက်ရှိနေတယ် (Somebody loves you)" တဲ့ ...


"Somebody Loves You" by Wil Horneff
Translated by Cinderella

Special remembrance to 3rd December, 09

Wednesday, December 2, 2009

ဘဝစိတ်ပျက်ကြေကွဲချိန်မှာ ပြုံးပါ။ နောက်ဆုံးကိန်းက အတူတူပါပဲ


လောကကြီးထဲမှာ ဖြစ်ပျက်နေသမျှကိစ္စအားလုံးက တစ်ခုကိုရရင် အခြားတစ်ခုကို ဆုံးရှုံးရတာချည်းပဲ။ အချစ်က လူကိုပျော်ရွှင်မှုတွေပေးသလို ဝမ်းနည်းကြေကွဲမှုကိုလည်း ပေးတယ်။ စည်းစိမ်ချမ်းသာခြင်းက လူကိုပျော်ရွှင်စေသလို စိတ်မချမ်းမြေ့မှုတွေကိုလည်း ပေးတယ်။ အောင်မြင်ခြင်းက လူကိုဝမ်းသာဂုဏ်ယူစေသလို ရှုံးနိမ့်ခြင်းက လူကိုဝမ်းနည်းစေတယ်။

မျှော်လင့်ထားတဲ့ အရာတစ်ခုခုကို ပိုင်ဆိုင်ရတာဟာ ပျော်ရွှင်ခြင်းတစ်မျိုးဖြစ်တယ်။ အလားတူ ဆုံးရှုံးသွားခဲ့ရင် ပျော်ရွှင်ခဲ့တဲ့အဆအတိုင်း ပြန်ခံစားရလိမ့်မယ်။ ဥပမာ- ရယူပိုင်ဆိုင်တုန်းက ၈မှတ် ပျော်ရွှင်ခဲ့ရင် ဆုံးရှုံးသွားတဲ့အချိန်မှာလည်း ၈မှတ် ဝမ်းနည်းကြေကွဲလိမ့်မယ်။ နောက်ဆုံးရတဲ့ကိန်းက အတူတူပဲဖြစ်တယ်။

လူတချို့က ပစ္စည်းဥစ္စာကို ရယူပိုင်ဆိုင်နိုင်ခဲ့ပေမယ့် ကျန်းမာရေး၊ မိသားစု သို့မဟုတ် အချစ်ရေးမှာ ဆုံးရှုံးသွားကြတယ်။ လူတချို့က စီးပွါးရေး၊ အောင်မြင်ရေးမှာ ၃မှတ်လျော့ခဲ့ပေမယ့် လူမှုရေး၊ ကျန်းမာရေးနဲ့ ကိုယ်ပိုင်လွတ်လပ်မှုမှာ ၃မှတ်တိုးလာခဲ့တယ်။ တချို့အရာတွေက မတရားဘူးလို့ထင်ရပေမယ့် သေချာချင့်ချိန်ကြည့်ရင် တရားတာတွေချည်းပါပဲ။

တချို့က ငွေရှိရင် ပိုပျော်ရွှင်ရတယ်လို့ ထင်ကြတယ်။

ဆင်းရဲသားတစ်ဦးက ငွေရာကျော်လေးနဲ့ ပျော်ရွှင်မှုကိုရနိုင်တယ်။ အဲဒီဆင်းရဲသား သူဌေးဖြစ်ပြီးနောက် တူညီတဲ့ပျော်ရွှင်မှုကို ငွေထောင်သောင်းသုံးမှ ဒါမှမဟုတ် သိန်းရာကျော်သုံးမှ သူရနိုင်တော့မယ်။ အရသာပြင်းပြင်းကြိုက်လေ အဲဒီပစ္စည်းတွေရဲ့အရသာက ညံ့လေလေဖြစ်တယ်။ ငွေကြေးများလေလေ အဲဒီငွေတွေရဲ့တန်ဖိုးက သေးလေလေဖြစ်တယ်။ ဗိုက်အရမ်းဆာချိန်မှာ ပေါက်စီတစ်လုံးရဲ့ အရသာက အရမ်းချိုမြိန်ပါတယ်။ ဒါပေမယ့် ပေါက်စီငါးလုံးစားပြီးနောက် ပေါက်စီရဲ့ ချိုမြိန်တဲ့အရသာကို သင်ခံစားမိတော့မှာ မဟုတ်ဘူး။

ငွေများလေ သူခိုးဓမြရန်ကိုကြောက်လေ၊ အိမ်ကြီးလေ ထိန်းသိမ်းလှဲကျင်းရမှာကြောက်လေ၊ များများစားတဲ့လူက ဝမှာကြောက်တယ်။ ကောင်းကောင်းစားရတဲ့လူက သေမှာကြောက်တယ်။ ဒါကြောင့် အခုခေတ် ချမ်းသာတဲ့လူတွေက ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေ စားကြတယ်။ ပဲ၊ ပြောင်း၊ ဂျုံတွေကို အဓိကထားစားကြတယ်။ အဲဒီအစားအစာတွေ အားလုံးက ဆင်းရဲတုန်းက စားခဲ့တဲ့အစာ ဒါမှမဟုတ် တိရစ္ဆာန်တွေကို ကျွေးတဲ့အစာတွေ မဟုတ်ပါလား?

အားလုံးသိပြီဖြစ်တဲ့ ပုံပြင်တစ်ပုဒ်က ဒီလိုဆိုပါတယ်။

မြေခွေးတစ်ကောင်ဟာ ခြံစည်းရိုးထဲက စပျစ်သီးကိုတွေ့တော့ အရမ်းစားချင်ခဲ့တယ်။ အပင်ထက်က စပျစ်သီးတွေရဲ့ ဆွဲဆောင်မှုကြောင့် မြေခွေးဟာ ခြံထဲဝင်ဖို့ ဝင်ပေါက်ကိုလိုက်ရှာခဲ့တယ်။ နောက်ဆုံး စည်းရိုးနားက ဝင်ပေါက်တစ်ခုကို သူတွေ့ခဲ့တယ်။ ဝင်ပေါက်ကသေးနေလို့ သူ့ခန္ဓာကိုယ်နဲ့ ဝင်မရခဲ့ဘူး။ ဒါနဲ့ မြေခွေးက ဝင်ပေါက်သေးသေးလေးထဲ ဝင်ရဖို့ သူ့ခန္ဓာကိုယ် သေးငယ်သွားအောင် စည်းရိုးအပြင်မှာ(၆)ရက်ကြာ အဆာငတ်ခံခဲ့တယ်။ နောက်ဆုံး မြေခွေးဟာ ခြံထဲဝင်နိုင်ခဲ့ပြီး စပျစ်သီးတွေကို အားရပါးရ စားသုံးခဲ့တယ်။ စားပြီးမှ ပြည့်တင်းနေတဲ့ခန္ဓာနဲ့ ခြံအပြင်ထွက်ဖို့ မရမှန်းသိတော့ မြေခွေးဟာ (၆)ရက်ကြာ အဆာငတ်ခံပြန်တယ်။

ဒါကြောင့် နောက်ဆုံးရကိန်းက အတူတူပဲလို့ ပြောရခြင်းဖြစ်တယ်။

ချောင်းအထက်ပိုင်းမှာ နေ့တိုင်းရေသောက်နေတဲ့ ရှဥ့်တစ်ကောင်နဲ့ ချောင်းအောက်ပိုင်းမှာ နေ့တိုင်းရေသောက်နေတဲ့ ရှဥ့်က ဘာမှမခြားနားဘူး။ ရှဥ့်တစ်ကောင်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရေဘယ်လောက်ဆန့်မလဲ? ရေပိုသောက်တဲ့သူက ဗိုက်ကားပြီး သေရုံကလွဲလို့ ဘာဖြစ်နိုင်ဦးမလဲ?

လောကကြီးတစ်ခုလုံးကို ကိုယ်ပိုင်ဆိုင်ထားတယ်ဆိုရင်တောင် ကိုယ့်အတွက်က တစ်နေ့ထမင်းသုံးနပ်နဲ့ ညအိပ်ရင် ကုတင်တစ်လုံးပါပဲ။ ကုတင်အလုံးတစ်ရာ ပိုင်တယ်ဆိုရင်တောင် ညအိပ်ရင် ကုတင်တစ်လုံးပဲ သင်အိပ်နိုင်မယ်။ ဖိနပ်အရံတစ်ထောင် ပိုင်ထားတယ်ဆိုရင်တောင် တစ်ကြိမ်မှာ ဖိနပ်တစ်ရံပဲ သင်စီးလို့ရမယ်။ ဟင်းအပွဲရာကျော်ကို သင်မှာနိုင်တယ်ဆိုရင်တောင် သင်ဘယ်လောက်စားနိုင်မလဲ? အလွန်ဆုံး အစာအိမ်တစ်ခုပဲ သင်ထည့်နိုင်မှာ မဟုတ်လား?

လူရယ်လို့ဖြစ်လာရင် လူဘဝဆိုတာကို တွေ့ကြုံခံစားကြည့်ဖို့ပါပဲ။ လူ့လောကထဲ ရောက်လာသူတွေအားလုံးမှာ ဥစ္စာ၊ ရာထူးတွေသာ အနိမ့်အမြင့်ဆိုပြီး အဆင့်အတန်းခွဲထားကြမယ်။ ကျန်းမာရေးနဲ့ ပျော်ရွှင်ခြင်းကိုတော့ အနိမ့်အမြင့်ခွဲခြားလို့ ရမှာမဟုတ်ဘူး။ ငွေရှိတဲ့လူရဲ့ ပျော်ရွှင်ခြင်းက ပိုရှုပ်ထွေးမယ်။ ဆင်းရဲတဲ့လူရဲ့ ပျော်ရွှင်ခြင်းက ပိုရိုးရှင်းမယ်။ ဒီလောက်လေးပဲ ကွာခြားပါတယ်။ တစ်ပြိုင်တည်းမှာ ယောက်ျား ဒါမှမဟုတ် မိန်းမ သုံးလေးယောက်ပိုင်ဆိုင်သူက တစ်ယောက်တည်းပိုင်ဆိုင်သူလောက် ရိုးရှင်းပျော်ရွှင်မှာ မဟုတ်ပါဘူး။

သင်ပျော်ရွှင်ချိန်မှာ ဝမ်းနည်းခြင်းက တစ်နေရာမှာ ချောင်းမြောင်းနေလိမ့်မယ်။ ဝမ်းနည်းကြေကွဲခြင်းရဲ့နောက်မှာ ပျော်ရွှင်ခြင်းက ထပ်ကြပ်မခွါလိုက်လို့နေတယ်။ နောက်ဆုံးမှာ အရာရာတိုင်းက သူ့နေရာနဲ့သူ အံဝင်ခွင်ကျ ဒွန်တွဲနေတယ်ဆိုတာကို သင်သတိပြုမိလိမ့်မယ်။ ပျော်ရွှင်တာ ဝမ်းနည်းတာ၊ ပိုင်ဆိုင်တာ ဆုံးရှုံးတာ၊ ကောင်းတာ ဆိုးတာ၊ တိုးတာ လျှော့တာ နောက်ဆုံးရတဲ့ကိန်းက တူညီနေပါလိမ့်မယ်။

တချို့လူက အချိန်စောပြီး ရယူပိုင်ဆိုင်ရတယ်။ တချို့ကနောက်ကျမှ ရယူပိုင်ဆိုင်တယ်။ တချို့က အချိန်စောပြီး လက်လွှတ်ဆုံးရှုံးရတယ်။ တချို့က နောက်ကျမှ ဆုံးရှုံးတယ်။ ဒါပေမယ့် နောက်ဆုံးရတဲ့ကိန်းက အတူတူပဲဖြစ်တယ်။ ရယူပိုင်ဆိုင်တုန်းက ပျော်ရွှင်ခဲ့တဲ့ပျော်ရွှင်ခြင်းလောက် ဆုံးရှုံးချိန်မှာ ဝမ်းနည်းရမှာဖြစ်တယ်။ နောက်ဆုံး သေဆုံးချိန်မှာ လူတိုင်း၊ အရာတိုင်းက တူညီသွားပါတယ်။ သေဆုံးခြင်းက အရာအားလုံးကို တရားမျှမျှ ဆောင်ရွက်ပေးခဲ့ပါတယ်။ သေဆုံးခြင်းမှာ ဆင်းရဲ ချမ်းသာ ခွဲမထားပါဘူး။ ချမ်းသာတဲ့လူက သက်တောင့်သက်သာသေရပြီး ဆင်းရဲသူက နာကျင်ခံစားပြီး သေမှာမဟုတ်ပါဘူး။

လူတချို့က (၁ဝ)မှတ်အပြည့်ရတယ်။ သူသေဆုံးထွက်ခွါချိန်မှာ (၁ဝ)မှတ်အပြည့် ဆုံးရှုံးရမှာဖြစ်တယ်။ ဒါဟာ လုံးဝတရားပါတယ်။

လူတချို့က (၃)မှတ်ရတယ်။ တချို့က (၇)မှတ်ရတယ်။
(၃)မှတ်ရသူက (၃)မှတ်သောဥစ္စာကိုရပြီး (၇)မှတ်သောကျန်းမာပျော်ရွှင်မှုကိုရမယ်။
(၇)မှတ်ရသူက (၇)မှတ်သောဥစ္စာကိုရပြီး (၃)မှတ်သောကျန်းမာပျော်ရွှင်မှုကိုရမယ်။
တချို့က အရင်ရတယ်။ တချို့က နောက်ကျမှရတယ်။ တချို့က လုံးဝမရဘူး။

အရင်ရသူက အရင်ဆုံးရှုံးမယ်။ နောက်ကျရသူက နောက်မှဆုံးရှုံးမယ်။ လုံးဝမရသူက ဆုံးရှုံးတော့မှာမဟုတ်ဘူး။ ဒါကြောင့် လူရယ်လို့ဖြစ်လာရင် ဘာအငြိုးအတေးမှ မထားနဲ့။ သူမှန်တယ်၊ ငါမှားတယ်၊ သူညံ့တယ်၊ ငါတော်တယ်နဲ့ တွယ်ကပ်တွက်ချက်မနေပါနဲ့။ လူဘဝဆိုတာကို တွေ့ကြုံခံစားကြည့်ဖို့ပါပဲ။

မူရင်းရေးသားသူ -- He Quan- Feng (何權峰) (စိတ်ပညာ)

(微笑,當生命陷落時 總數是一樣的) (ဘဝစိတ်ပျက်ကြေကွဲချိန်မှာ ပြုံးပါ။ နောက်ဆုံးကိန်းက အတူတူပါပဲ)
ဘာသာပြန်သူ - နိုင်းနိုင်းစနေ

Thursday, November 26, 2009

ရင်နင့်စရာဖြစ်ရပ်

(တရာခံကတော့ရွေဂုံတိုင်အထုးကုဆေးခန်းမှအစာအိမ်အူလမ်းကြောင်းဆရာဝန်ဒေါက်တာကြည်စိုး)


နောက်ဆက်တွဲ သတင်း
မြန်မာ့ သတင်းမီဒီယာအချို့ စည်းဘောင်လွတ်နေခြင်း

ဒီရက်ပိုင်းအတွင်း ပြည်တွင်းက သတင်းဂျာနယ် နှစ်စောင်မှာ ပါဝင်တဲ့ အမျိုးသမီးငယ် တစ်ဦး ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ဆေးရုံတစ်ခုတွင် သေဆုံးခြင်း သတင်းကို ဖတ်မိပြီး ဤဆောင်းပါးကို ရေးရန် အကြံဖြစ်ပါသည်။

သတင်းအကျဉ်းမှာ သွေးလွန်တုတ်ကွေးရောဂါဖြစ်ပြီးစ အမျိုးသမီးငယ်တစ်ဦးသည် ဗိုက်နာသဖြင့် ပုဂ္ဂလိက ဆေးရုံတစ်ရုံတွင် သွားရောက်ပြသသည်။ ဆရာဝန်တစ်ဦးက စမ်းသပ်စစ်ဆေးပြီး အူအတက်ရောင်ရောဂါ ရှိသည်ဟု ဆိုကာ ခွဲစိတ်ကုသသည်။ ခွဲစိတ်ကုသအပြီး နှစ်ရက်အကြာတွင် အမျိုးသမီးငယ် သေဆုံးသွားခဲ့သည်။ သတင်းနှစ်ပုဒ်လုံး၏ သုံးသပ်ချက်မှာ ဆရာဝန်၏ အမှားကြောင့် အမျိုးသမီးငယ် အသက်ဆုံးရှုံးရသည်ဟု ဆိုထားပြီး နောင်တွင် အလားတူ အမှားမျိုးမဖြစ်ရန် အကြံဥာဏ် ပေးထားလေသည်။

သတင်းဆောင်းပါး အကျယ်ကို အောက်ပါ ဂျာနယ်နှစ်စောင်တွင် ဖတ်ရှုနိုင်ပါသည်။

Snap-shot
weekly 11

ကျွန်တော့်အနေဖြင့် တရားဥပဒေ ရှုထောင့်နှင့် ဆေးပညာရှုထောင့် တို့မှကြည့်၍ ပြန်လည် ဆွေးနွေးလိုသည်။

တရားဥပဒေရှုထောင့်

(၁) သတင်းနှစ်ပုဒ်လုံး၏ အရင်းအမြစ်သည် ကွယ်လွန်သွားသော အမျိုးသမီးငယ်၏ မိခင်ထံမှ ဖြစ်သည်။ သက်ဆိုင်ရာ ပုဂ္ဂလိကဆေးရုံနှင့် ပါဝင်ပတ်သက်နေသော ဆရာဝန် (သို့မဟုတ်) ၄င်းတို့က လွှဲအပ်သော ရှေ့နေတို့၏ တိုက်ရိုက် ပြောဆိုချက်များ မပါဝင်။ (မိခင်က တဆင့်ပြောသော ဆေးရုံ၏ အစုရှယ်ယာ ပါဝင်သူတစ်ဦး၏ ပြောဆိုချက်သည် hearsay evidence ဖြစ်သဖြင့် သက်သေအဖြစ် တင်ရန် ခဲယဉ်းသည်။) ထို့ကြောင့် မျှတမှု ရှိသော သတင်းများ မဟုတ်ပေ။

(၂) သေဆုံးရသည့် အကြောင်းရင်းကို ရင်ခွဲစစ်ဆေးသည့် ဆေးစစ်ချက် (Post-Mortem report) မပါရှိ။ Death certificate ( သေစာရင်း ) တစ်ခုတည်းသည် သေဆုံးရသည့် အကြောင်းရင်းအတွက် ပြည့်စုံလုံလောက်သည့် အထောက်အထား မဖြစ်ပါ။

(၃) ဆရာဝန်၏ မကျွမ်းကျင်မှု (သို့မဟုတ်) ပေါ့လျော့မှု ဖြစ်မဖြစ်ကို ဘက်လိုက်မှုမရှိသော (၄င်းပုဂ္ဂလိက ဆေးရုံနှင့်၎င်း၊ ကုသသော ဆရာဝန်နှင့်၎င်း၊ လူနာရှင်နှင့်၎င်း တစုံတရာ ပတ်သက်မှု မရှိသည့်) စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းဆောင်ရွက်ထားခြင်း မရှိ။

(၄) မြန်မာနိုင်ငံ၏ တရားစီရင်ရေး စနစ်အရ တရားရုံးရှေ့မှောက်တွင် အပြစ်ရှိသည်ဟု စီရင်ခြင်း မခံရသေးသရွေ့ တရားစွဲဆိုခံရသူအား အပြစ်မရှိဟု မှတ်ယူရမည်ဆိုသော “Innocent until proven guilty” ဆိုသည့် မူကို ဆန့်ကျင်နေသည်။ (စကားချပ်။ ။ အမေရိကန် နိုင်ငံ ဖို့ဒ်ဟုဒ်စစ်စခန်းတွင် စစ်သား ၁၃ ဦးကို သေစေမှုဖြင့် စွပ်စွဲခံနေရသော ဗိုလ်မှုးဟာဆန်အား မျက်မြင်သက်သေများ အများအပြားရှိနေစေကာမူ တရားရုံးက ပြစ်ဒဏ်ချမှတ်ခြင်း မရှိသေးသဖြင့် ယခုအချိန်အထိ စာနယ်ဇင်းများက “Accused” ဟူသည့် စကားလုံးဖြင့်သာ သုံးနှုန်းပြီး အပြစ်ရှိသူဟု မသုံးနှုန်းကြောင်း သတိပြုမိပါသည်။)

ဆေးပညာရှုထောင့်

(၁) အပေါ်သွေး ၉၀ နှင့် အောက်သွေး ၆၀ သည် ကိုယ်အလေးချိန်နည်းသော မြန်မာ အမျိုးသမီးများ အဖို့ ပုံမှန်ရှိသော သွေးပေါင်ချိန် ဖြစ်နိုင်သည်။ အမျိုးသမီးငယ်၏ နေထိုင်မကောင်း မဖြစ်မီက ရှိသော သွေးပေါင်ချိန်နှင့် နှိုင်းယှဉ် စဉ်းစားရန်လိုသည်။ သာမာန်အားဖြင့်မူ အပေါ်သွေး ၉၀ နှင့် အောက်သွေး ၆၀ သည် သွေးပေါင်ချိန် နည်းနေသည်ဟု မဆိုသာ။

(၂) Acute abdomen - ရုတ်တရက်ဖြစ်သော ဗိုက်အောင့်ဗိုက်နာ ရောဂါအုပ်စု၏ လက္ခဏာများမှာ ခပ်ဆင်ဆင်တူသည်။ သေစာရင်း Death certificate တွင်ပါရှိသော ရောဂါအမည် သတ်မှတ်ချက်ဖြစ်သည့် Mesenteric lymphadenitis (အူရှိ ပြန်ရည်ကျိတ်ရောင် ရောဂါ) နှင့် Acute appendicitis (အူအတက်ရောင်ရောဂါ) ရောဂါ နှစ်မျိုးစလုံးမှာ ရုတ်တရက်ဖြစ်သော ဗိုက်နာ ဗိုက်အောင့် ရောဂါ အုပ်စုတွင် အကျုံးဝင်သဖြင့် ရောဂါလက္ခဏာ ဆင်တူသည်။ ၀မ်းဗိုက်ကို ဖိလျင် နာခြင်း (tenderness) သည် ၄င်း Acute abdomen ရောဂါအုပ်စု၏ လက္ခဏာ တစ်မျိုးဖြစ်သည်။ ကုသပုံမှာ ကွဲပြားသည်။ အူအတက်ရောင်ရောဂါ ဖြစ်လျှင် ခွဲစိတ်ကုသမှသာ ပျောက်ကင်းရန် အခွင့်အလန်းများပြီး ပြန်ရည်ကျိတ်ရောင်ခြင်း အတွက်မူ ခွဲစိတ်ကုသရန် လိုအပ်လေ့မရှိ။

(၃) ခွဲစိတ်ကုသရန်အတွက် အရွယ်မရောက်သေးသူဖြစ်ပါက မိဘ (သို့) အုပ်ထိမ်းသူ၏ ခွင့်ပြုချက် ရယူရန်လိုသည်။ ထိုခွင့်ပြုချက်တွင် ခွဲစိတ်ခြင်းကြောင့် ဖြစ်နိုင်သော အန္တရာယ်များကို သိရှိနားလည်ကြောင်းနှင့် ခွင့်ပြုကြောင်းပါရှိသည်။ ကျွန်တော်တို့ နိုင်ငံတွင် ဆရာဝန့် သဘောပါဟု ဆရာဝန်ကို ပုံအပ်တတ်ကြသည်။ အမှန်တကယ် ဖြစ်သင့်သည်မှာ ဆရာဝန် ကိုယ်တိုင် (သို့) ဆရာဝန်က လွှဲအပ်ခြင်း ခံရသော သူနာပြု က ခွဲစိတ်ခြင်း၏ အကျိုး၊ အပြစ်တို့ကို လူနာရှင်အား သေသေချာချာနားလည် သဘောပေါက်အောင် ရှင်းပြပြီး လူနာရှင်က ဆုံးဖြတ်ချက် ချရန်ဖြစ်သည်။ ဆိုလိုရင်းမှာ ဆေးပညာရှင်များဖက်က လူနာနှင့် လူနာရှင် နားလည် သဘောပေါက်အောင် ရှင်းလင်း ပြောပြရန် တာဝန်ရှိပြီး၊ ဆုံးဖြတ်ချက်ချရန်နှင့် ထိုဆုံးဖြတ်ချက်၏ အကျိုးဆက်ကို ခံစားရန်မှာ လူနာနှင့် လူနာရှင်ဖြစ်သည်။ ခွဲစိတ်ကုသချက်တွင် ကျွမ်းကျင်မှု ရှိမရှိကမူ ခွဲစိတ်ကုသသူ ဆရာဝန်၏ တာဝန်ဖြစ်ပေမည်။

(၄) “တီဗွီဓာတ်မှန် မရိုက်၊ သွေးမစစ်ပဲ ခွဲစိတ်ခန်းထဲ ပို့လိုက်တယ်” ဟု လူနာရှင် မိခင်က ပြန်လည်ပြောပြကြောင်း သတင်းတွင် ရေးသားထားသည်။ ဤအချက်မှာ အတိအကျ မှန်မမှန် ပြောရခက်သည်။ အဘယ်ကြောင့်ဆိုသော် အရေးပေါ်ခွဲစိတ်ကုသမှု အတွက် ပြင်ဆင်တိုင်း သွေးအမျိုးအစား စစ်ဆေးခြင်းနှင့် သွေးအရန်သင့်ထားခြင်းတို့က မဖြစ်မနေ လုပ်ရမည့်ကိစ္စများပင်။ ထိုသို့ မလုပ်ဆောင်ခဲ့သော် ဆရာဝန်ဖက်က “ပေါ့လျော့မှု” ရှိသည်ဟု ပြောမည်ဆိုက ပြောနိုင်သည်။ တီဗွီဓာတ်မှန် ရိုက်ခြင်းသည် ဤရောဂါအတွက် အကောင်းဆုံး စစ်ဆေးချက် ဟုတ်မဟုတ် ကျွန်တော် မပြောတတ်ပေ။ သို့ရာတွင် လူနာကို လက်ဖြင့် စမ်းသပ်ရုံတင်မကပဲ ထပ်မံအတည်ပြုသည့် စစ်ဆေးချက် ( ဥပမာ - ကွန်ပျူတာ ဓာတ်မှန်ရိုက်ခြင်း ) ကို ဆောင်ရွက်ရန် အခြေအနေပေးပါက ဆောင်ရွက်သင့်ပေသည်။ အထက်ပါအချက်မှာ ကျွန်တော်၏ ထင်မြင်ချက်သာဖြစ်ပြီး ပို၍ ဖြစ်သင့်သည်မှာ မခွဲစိတ်မီ လုံလောက်သော စမ်းသပ် စစ်ဆေးချက်များ ပြုလုပ်ခဲ့ခြင်း ရှိမရှိကို ကျွမ်းကျင်သော ပညာရှင်များပါသည့် (တရားဥပဒေ ရှုထောင့် အချက် - ၃ ပါ) ဘက်လိုက်မှုမရှိသော စုံစမ်းစစ်ဆေးရေး အဖွဲ့က အဆုံးအဖြတ် ပေးရပေမည်။

ပြန်လှန် ဆွေးနွေးချက်ကို အချုပ်ဆိုရသော် သတင်းပါ အချက်အလက်များသည် ဆရာဝန်တွင် အပြစ်ရှိသည် (သို့မဟုတ်) မရှိပါဟု ပြောဆိုရန် မလုံလောက်ဟု ထင်မြင်မိပါသည်။ ထို့အပြင် တရားရုံးတွင် တရားရင်ဆိုင်ပြီး ဆရာဝန်တွင် အပြစ်ရှိသည်ဟု စီရင်ချက် မချမှတ်သေးသောကြောင့် ဥပဒေသဘောအရ ယခုပစ္စုပ္ပန်အချိန်တွင် ဆရာဝန်၌ အပြစ်မရှိဟု မှတ်ယူရပေမည်။

တိုင်းပြည်၏ မျက်စိနှင့် နားသဖွယ်ဖြစ်သော သတင်းမီဒီယာအချို့၏ သတင်းဆောင်းပါး ရေးသားသူများက ဥပဒေရှေ့က တင်ကြို၍ အဆုံးအဖြတ်ပေးနေခြင်းသည် တရားစည်းဘောင်လွတ်နေကြောင်း ထောက်ပြလိုက်ရပါသည်။

လူမှုရေး ရှုထောင့်တစ်ခုတည်းမှ ကြည့်၍ ကောက်ချက်ချသူများ၏ ထင်မြင်ယူဆချက်များ အတွက်မူ ကျွန်တော့်အနေဖြင့် မပြောသာပေ။ ဤဆောင်းပါး နှစ်ပုဒ်၏ ကောက်ချက်များနှင့် Prejudice ( ဥပဒေ ရှေ့က တင်ကြိုအဆုံးအဖြတ်ပေးခြင်း ) တို့ကို လုံးဝ သဘောမတူ စေကာမူ မြန်မာနိုင်ငံရှိ ကျန်းမာရေး စောင့်ရှောက်မှု အရည်အသွေး ပိုမိုကောင်းမွန်လာစေရေးအတွက် တိုက်တွန်းနှိုးဆော်သည်ကိုတော့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါသည်။ တိုင်းပြည်၏ ကျန်းမာရေး အဆင့်အတန်း မြင့်မားလာစေဖို့ ဆေးဝန်ထမ်းများသာမက ပြည်သူပြည်သားအားလုံးနှင့် သတင်းမီဒီယာများတွင်ပါ တာဝန်ရှိသည် မဟုတ်ပါလား။

ပြန်လှန် ဆွေးနွေးလိုပါက မှတ်ချက်တွင် ရေးသားပေးသွားပါရန် မေတ္တာရပ်ပါသည်။ စီဘောက်စ်တွင် ဆွေးနွေးရ ခက်ခဲသောကြောင့် ဖြစ်ပါသည်။


အာရောဂျံ ပရမံ လာဘံ
တက္ကသိုလ် လှမွန်

နောက်ဆက်တွဲ သတင်း

မခိုင်ရွှန်းလဲ့ရည် သေဆုံးမှု နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှု စတင်ပြီ( လျှပ်တစ်ပြက်ဂျာနယ်)


ရန်ကုန်မြို့ ရွှေဂုံတိုင် အထူးကု ဆေးခန်းတွင် မခိုင်ရွှန်းလဲ့ရည် ဆိုသည့် ကျောင်းသူတဦး သေဆုံးခဲ့ရခြင်းနှင့် ပတ်သက်၍ ပြည်တွင်း သတင်း ဂျာနယ်များက အကျယ်တ၀င့် ရေးသားဖော်ပြပြီးနောက် သက်ဆိုင်ရာ ဆေးခန်းနှင့် အထူးကု ဆရာဝန်ကြီးတို့ကို နိုဝင်ဘာလ ၃၀ ရက်နေ့တွင် မြန်မာနိုင်ငံ ဆေးကောင်စီက စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်နေပြီဟု သိရှိရသည်။

ယင်းသို့ ပြည်တွင်းသတင်းဂျာနယ်များ၏ သတင်းဖော်ပြမှုကြောင့် ဆေးခန်းနှင့် ဆရာဝန်တို့၏ လုပ်ရပ်သည် တာဝန်မဲ့သည်ဟု ပြည်သူများအကြား ဝေဖန်ပြောဆိုမှုများ ပေါ်ထွက်လာသည့်အတွက် ထိုသို့ စုံစမ်းစစ်ဆေးမှုများ စတင်ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆေးကောင်စီမှ တာဝန်ရှိသူတဦးက ပြောသည်။

“စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဒီလ၂၆ ရက်နေ့မှာ အထူးအစည်းအဝေးခေါ်ပြီးဖွဲ့တယ်၊ စစ်ဆေးမှုတွေစလုပ်ပြီ”ဟု ၎င်းက ဆိုသည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ဆေးပညာဆိုင်ရာအငြိမ်းစားပါမောက္ခ၊ ဌာနမှူးများနှင့် လက်ရှိတာဝန်ထမ်းဆောင်နေဆဲ ဆရာဝန်ကြီး များပါဝင်ကာ စုံစမ်းစစ်ဆေးမှုများကို သီတင်းတပတ် ပြုလုပ်မည်ဟုလည်း သိရှိရသည်။

အကယ်၍ မခိုင်ရွှန်းလဲ့ရည်အမှုတွင် ဆေးကုသမှုမှားယွင်းကြောင်း စစ်ဆေးတွေ့ရှိပါက လူနာကို ကုသပေးခဲ့သော အထူးကု ဆရာဝန်ကြီး၏ ဆေးကုသခွင့်လိုင်စင်အသိမ်းခံရမည် ဖြစ်ပြီး ရွှေဂုံတိုင် အထူးကုဆေးခန်း(SSC)သည် တရားဝင်ဝန်ချတောင်းပန်မှု ပြုလုပ်ကာ လူနာရှင်ကို လျော်ကြေးပေးရဖွယ်ရှိကြောင်း ဆေးကောင်စီ တာဝန်ရှိသူက ဆိုသည်။

“တကယ်ပဲ ဆေးကုသမှု မှားယွင်းတယ်ဆိုရင်တော့ အထူးကုဆရာဝန်(ဆမ)အသိမ်းခံရပြီး ဆေးခန်းကလည်း လူနာရှင်ကို လျော် ကြေး ပေးရတာမျိုး ဖြစ်နိုင်တယ်၊ စုံစမ်းလို့ရတဲ့ရလဒ်အပေါ်မူတည်ပြီး ဘယ်လို အရေးယူမလဲဆိုတာ အစည်းအဝေးခေါ် ဆုံးဖြတ် မယ်”ဟု ၄င်းကပြောသည်။

အဆိုပါ အသက် ၁၅ နှစ်အရွယ် ၉တန်းကျောင်းသူ မခိုင်းရွှန်းလဲ့ရည်သည် အောက်တိုဘာလ ၂၅ ရက်နေ့တွင် သွေးလွန်တုပ်ကွေး ရောဂါကြောင့် ၀မ်းဗိုက်နာသော ဝေဒနာဖြင့် ရွှေဂုံတိုင်ဆေးခန်းသို့ ရောက်ရှိလာရာ ဆေးခန်းမှ အစာအိမ်နှင့်အူလမ်းကြောင်းခွဲစိတ် အထူးကုဆရာဝန်ကြီးက အူအတက်ရောင်ရောဂါဖြစ်နေသည်ဟုပြောဆိုပြီး ခွဲစိတ်ကုသရာမှ အောက်တိုဘာလ ၂၇ ရက်နေ့တွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မခိုင်ရွှန်းလဲ့ရည်ဖြစ်ရပ်သည် မြန်မာနိုင်ငံတွင် အစိုးရ၏ညံ့ဖျင်းသောပြည်သူ့ကျန်းမာရေးစီမံခန့်ခွဲမှုများ ရှိနေသည်ကို မီးမောင်း ထိုးပြသော ဖြစ်စဉ်တခုဖြစ်ကြောင်း၊ မခိုင်ရွှန်းလဲ့ရည်ကဲ့သို့သော ဖြစ်ရပ်မျိုးတွေ့ကြုံခံစားရမှုများ ပုဂ္ဂလိကဆေးရုံများနှင့် အစိုးရ ဆေးရုံများတွင် နှစ်ပေါင်းများစွာကပင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်ပြီး ယခုမှ ပြည်တွင်းသတင်းဂျာနယ်များ၏ သတင်းဖော်ပြမှုကြောင့် လူအများသိရှိခြင်း ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုအခန်းကဏ္ဍတွင် ပိုမိုအရှိန်အဟုန်မြှင့် လုပ်ဆောင်ရန် လိုအပ်ကြောင်း အငြိမ်းစား ကျန်းမာရေးဝန်ထမ်းတဦးက ဝေဖန်ပြောဆိုသည်။

ယခုအခါ ပြည်တွင်းရှိ ပုဂ္ဂလိဆေးရုံ၊ဆေးခန်းများ အားလုံး ၂၀၀၇ ခုနှစ် ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဥပဒေအရ တရားဝင် လိုင်စင် ပြန်လည်လျှောက်ထားရမည်ဖြစ်ပြီး မခိုင်ရွှန်းလဲ့ရည်ကဲ့သို့သော ဖြစ်စဉ်မျိုးဖြစ်ပွားလာပါက ကုသသည့်ဆေးခန်းနှင့် ဆရာဝန်များကို တရားစွဲဆို၍ ဥပဒေအရ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

မခိုင်ရွှန်းလဲ့ရည် သေဆုံးမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဆေးကောင်စီ၏ ဆုံးဖြတ်ချက်များကို ထုတ်ပြန်

ရန်ကုန်မြို့၊ ဗဟန်း မြို့နယ်ရှိ ရွှေဂုံတိုင် အထူးကု ဆေးခန်း ( SSC ) တွင် သေဆုံး ခဲ့သည့် အသက် ၁၅ နှစ်အရွယ် မခိုင်ရွှန်းလဲ့ရည် သေဆုံး ခဲ့မှု နှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဆေးကောင်စီ၏ ဆုံးဖြတ် ချက်များကို ဒီဇင်ဘာလ ၂ရက် နေ့ ရက်စွဲဖြင့် ထုတ်ပြန် ခဲ့ပါသည်။

မြန်မာနိုင်ငံ ဆေးကောင်စီက မခိုင်ရွှန်းလဲ့ရည် သေဆုံးမှုနှင့် ပတ်သက်၍ သုံးသပ်ဆုံးဖြတ်ရာတွင် ခွဲစိတ်ကုသခဲ့သော ဆရာဝန်ကြီးသည် လုပ်မှား၊ ကိုင်မှား၊ ဆုံးဖြတ်ချက်မှားခြင်း (Clinical Mistakes)၊ လူနာလုံခြုံမှု အတွက် မခွဲစိတ်ခင်နှင့် ခွဲစိတ်ပြီး လုံလောက်သော ဆောင်ရွက်မှု အားနည်းခြင်း (Pre-operative and Postoperative Assessment)၊ တာဝန်ယူမှု နှင့် တာဝန်ခံမှု အားနည်းခြင်း (Responsibility and Accountability) တို့ကို တွေ့ရှိရကြောင်း၊ သို့ပါ၍ မြန်မာနိုင်ငံ ဆေးကောင်စီမှ အဆိုပါ ခွဲစိတ်ကုဆရာဝန်ကြီးအား ဆေးကုသ ခွင့်လိုင်စင် ၅ နှစ်ရပ်စဲရန် (De-licensing) ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

၎င်းဖြစ်စဉ်တွင် ပူးတွဲတာဝန် ရှိခဲ့သော မေ့ဆေးဆရာဝန်၊ ပထမ လက်ထောက် ခွဲစိတ်ဆရာဝန်နှင့် သမားတော်ကြီးတို့အား ပြင်းထန်စွာ သတိပေးရန်လည်း မြန်မာနိုင်ငံ ဆေးကောင်စီက ဆုံးဖြတ်ခဲ့ကြောင်း သိရ သည်။

ထို့ပြင် ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် အထူးကုဆေးခန်းကြီးတွင်လည်း လူနာအား ကျန်းမာရေး စောင့်ရှောက်မှုပေးရာတွင် ထိရောက်မှုနှင့် လုံခြုံမှုရှိသောစနစ်နှင့် လုပ်ကိုင်ချက် အားနည်းနေသည်ကို တွေ့ရှိရကြောင်း၊ သို့ပါ၍ အဆိုပါ အထူးကုဆေးခန်းအား နောက်နောင်အလားတူကိစ္စများ မဖြစ်ပေါ်စေရန် ပြင်းထန်စွာ သတိပေးရန်နှင့် လူနာရှင်အား တောင်းပန်စေရန်၊ လုံခြုံစိတ်ချရ၍ အရည်အသွေးပြည့်မီသော ကျန်းမာရေး စောင့်ရှောက်မှုစနစ် (Safe and competent health care system) ကို စီစဉ်ဆောင်ရွက် ထားရေး အတွက် သတိပေးရန် မြန်မာနိုင်ငံဆေး ကောင်စီက ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။


Tuesday, November 17, 2009

Myanmar Myanmar Embassies/Consulates Abroad

Myanmar Embassy in Canberra, Australia

22 Arkana Street, Australia.
Yarralumla, Canberra
A.C.T 2600
Australia
City: Canberra
Phone: 2733811,2733751
Fax: 2734357
Web Site: http://www.myanmarembassycanberra.com/
Email: Manirat@dynamite.com.au, mecanberra@bigpond.com

Myanmar Embassy in Dhaka, Bangladesh

No. 3 Block - Nel(l)
Road No 84, Gulshan -2
Dhaka
City: Dhaka
Phone: (88-02) 988 8903, 989 6331, 989 6298, 989 6373, 988 9215
Fax: (88-02) 88 23 740
Email: mynembdk@siriusbroadband.com, mynembdk@siriusbb.com

Myanmar Embassy in Brussels, Belgium

No.29, Boulevard du Regent
1000 Brussels
City: Brussels
Phone: (0032) 2513 4175
Fax: (0032) 2513 1475

Myanmar Embassy in Brasilia, Brazil

SHIS QL 08, Conjunto 14
Casa 05, Lago Sul
71620-245 Brasilia-DF
City: Brasilia
Phone: 00-55-61-2483747, 00-55-61-3643145
Fax: 00-55-61-3642747
Web Site: http://www.mebrsl.freeservers.com/
Email: mebrsl@brnet.com.br

Myanmar Embassy in Darussalam, Brunei

No. 14 lot 2185/46292 Simpang 212 Jalan Kampong Rimbe
Gadong 3385
City: Darussalam
Phone: (673-2) 450506, (673-2) 450507
Fax: (673-2) 451008
Email: myanmar@brunet.bn

Myanmar Embassy in Phnom Penh, Cambodia

181, Preah Norodon Boulevard
Boeung Keng Kang 1
Khan Chamcarmon
City: Phnom Penh
Phone: (855-23) 213663, 213664
Fax: (855-23) 2136665
Email: m.e.phnompenh@bigpond.com.kh

Myanmar Embassy in Ontario, Canada

The Sandringham Building
85 Range Road
Suite 902-903
Ontario KIN 8J6
Canada
City: Ontario
Phone: (613) 232-6434
Fax: (613) 232-6435
Email: mofa.aung@mptmail.net.mm

Myanmar Embassy in Beijing, China

No. 6, Dong Zhi Men Wai Street
Chao Yang District, Beijing, 100600
City: Beijing
Phone: (0086) (10) 6532 1425, 6532 1584, 6532 0714, 6532 1488, 6532 1624
Fax: (0086) (10) 6532 1344
Web Site: http://www.myanmarembassy.com
Email: myan-emb@yahoo.com

Myanmar Consulate in Hong Kong, China

Room 2401-2436
24th Floor, Sun Hung Kai Center
Room 2401-2436 24th Floor, Sun Hung Kai Center 30 Harbour Road
Wanchai, Hong Kong
City: Hong Kong
Phone: (852) 2845 0810
Fax: (852) 2845 0820
Web Site: http://myanmar.e-consulate.org
Email: myancghk@biznetvigator.com

Myanmar Consulate in Kunming, China

3rd Floor, Building No. 3
Camellia Hotel
No. 96 East Dong Feng Road
Kunming, PRC
City: Kunming
Phone: (86) (871) 317 6609
Fax: (86) (871) 317 6309
Email: mofa.aung@mptmail.net.mm

Myanmar Embassy in Cairo, Egypt

No. 24, Mohamed Mazhar St.
Zamalek, Cairo 11211
City: Cairo
Phone: (202) 736 2644, 735 4176, 735 1568
Fax: (202) 736 6793
Email: embassy-myanmar@access.com.eg

Myanmar Embassy in Paris, France

No. 60, Rue De Courcelles
75008-Paris, France
City: Paris
Phone: (33) 01 56 88 15 90
Fax: (33) 01 45 62 13 30
Email: me-paris@wanadoo.fr
Office Hours: 09:30 to 16:30 Monday through Friday

Myanmar Embassy in Berlin, Germany

10117 Berlin Mitte
Germany
City: Berlin
Phone: (0049 30) 206 1570
Fax: (0049 30) 206 15720
Email: emb.my.berlin@t-online.de

Myanmar Embassy in New Delhi, India

Chanakyapuri New Delhi 110021
City: New Delhi
Phone: (009111) 6889007, 6889008
Fax: (009111) 6877942
Web Site: http://www.myanmar-embassy.delhi.net
Email: myandeli@nda.vsnl.net.in

Myanmar Embassy in Jakarta, Indonesia

109, Jl. Hajiagus Salim
Menteng, Jakarta Pusat
City: Jakarta
Phone: (62 21) 314 0440, 327 684
Fax: (62 21) 327 204
Email: myanmar@cbn.net.id

Myanmar Embassy in Tel-Aviv, Israel

26 Hayarkon
Tel-Aviv 68011
City: Tel-Aviv
Phone: +972-3-517 0760, 517 0761
Fax: (972) (3) 517 1440
Email: teltaman@aquanet.co.il

Myanmar Embassy in Rome, Italy

VIA DELLA CAMILL UCCIA
551 00135
City: Rome
Phone: 0039-06-36303753 / 3630 4056
Fax: 0039-06-3629 8566
Email: meroma@tiscalinet.it

Myanmar Embassy in Tokyo, Japan

8-26, 4-Chome, Kita-Shinagawa
Shinagawa-Ku, Tokyo 140-0001
City: Tokyo
Phone: (81) (03) 3441-9291, 3441-9292, 3441-9293,3441-9294, 3441-9029, 3441-9044
Fax: (81) (03) 3447-7394
Web Site: http://www.myanmar-embassy-tokyo.net
Email: contact@myanmar-embassy-tokyo.net, met@twics.con

Myanmar Embassy in Vientiane, Laos

Ban Thong Kang, P.O. Box No. 11
Sok Palaung
P.O. Box No. 11
City: Vientiane
Phone: (856) (21) 314910, 314911
Fax: (856) (21) 314913
Email: mev@loxinfo.co.th, mevlao@laotel.com

Myanmar Embassy in Kuala Lumpur, Malaysia

No. 8(C), Jalan Ampang Hillir
55000
City: Kuala Lumpur
Phone: (603) 4251 5595, 42514455, 4251 6355
Fax: (603) 4251 3855, 4251 3535
Email: mekl@tm.net.my
Office Hours: 09.00-13.00

Description: Head of Mission H.E. U Tin Latt(Ambassador Extraordinary and Plenipotentiary) Deputy Head of Mission Daw Ei Ei Tin (Counsellor) mekl@tm.net.mm ,

Myanmar Embassy in Kathmandu, Nepal

KRISHNA-GALLI, Patan Gate, Lalitpur
P.O.Box 2437
City: Kathmandu
Phone: (0097) (1) 5521788, 553 4766, 553 4778, 555 5469
Fax: (0097) (1) 523402
Email: emb@myanmar.wlink.com.np

Myanmar Embassy in Islamabad, Pakistan

No. 201 St N0 10
SECTOR E-7
Islamabad
City: Islamabad
Phone: (0092) (51) 282 2460, 282 8828
Fax: (0092) (51) 282 8819
Web Site: http://www.myanmar-embassy-islamabad.net/
Email: meisb@isb.comsats.net.pk

Myanmar Embassy in Manila, Philippines

4th Floor, XANLAND Centre
152, Amorsolo Street
Legaspi Village
Makati City
Manila, Philippines
City: Manila
Phone: (0063-2) 817-2373, 812-9587
Fax: (0063-2) 817-5895
Email: embmyanmnl@mindgate.net, memnl@mindgate.net

Myanmar Embassy in Moscow, Russia

41. Ul. B. Nikitskaya (Gertsena),
Moscow, Russia
City: Moscow
Phone: (007) (095) 291 05 34
Fax: (007) (095) 956 31 86

Myanmar Embassy in Singapore, Singapore

15, St Martin's Drive
Singapore 257996
City: Singapore
Phone: (0065) 7350209
Fax: (0065) 7356236
Web Site: http://www.mesingapore.org.sg/
Email: ambassador@mesingapore.org.sg
Office Hours: Morning : 09:30 a.m. to 12:30 p.m. (Monday to Friday) Evening : 02:00 p.m. to 05:00 p.m.

Description: Foreigners are required to obtain a nonimmigrant visa before entering into Myanmar.

Myanmar Embassy in Pretoria, South Africa

319 Murray St.
Brooklyn, Pretoria
P.O. Box 12121
Queenswood 0121
South Africa
City: Pretoria
Phone: 27-12-460 6544, 27-12-460 4333
Fax: 27-12-346 0746
Email: mepta@myanemb-sa.net

Myanmar Embassy in Seoul, South Korea

723-1, 724-1, HANNAM-DONG
YONGSAMN-KU, SEOUL, 140-210
City: Seoul
Phone: (82-2) 792-3341, 796-9858, 796-7814
Fax: (82-2) 796-5570
Email: myanmar@kotis.net, myanmare@ppp.kornet.net

Myanmar Embassy in Colombo, Sri Lanka

No. 108 Barnes Place, Colombo 7
City: Colombo
Phone: (94) (1) 681197, 672197
Fax: (94) (1) 681196
Email: mecmb@itmin.com, mmembcmb@eureka.lk

Myanmar Consulate in Geneva, Switzerland

47, Avenue Blanc
1202 Geneva
Switzerland
City: Geneva
Phone: (0041-22) 731 75 40/731 75 49
Fax: (0041-22) 738 48 82
Web Site: http://mission.itu.ch/MISSIONS/Myanmar/
Email: mission.myanmar@ties.itu.int

Myanmar Embassy in Bangkok, Thailand

132, Sathorn Nua Road, Bangkok 10500
City: Bangkok
Phone: (662) 233-2237, 234-4698, 233-7250, 234-0320, 637-9406
Fax: (662) 236-6898
Email: mebkk@asianet.co.th

Myanmar Embassy in London, United Kingdom

19A, Charles St
London W1J 5DX
United Kingdom
City: London
Phone: 020 7629 6966, 020 7499 8841, 020 7629 4486
Fax: 020 7629 4169
Email: Melondon@btconnect.com

Myanmar Embassy in Washington DC, United States

2300 S Street, NW
Washington DC 20008
United States
City: Washington DC
Phone: (202) 332-9044, 332-9049, 332-9045
Fax: (202) 332-9046
Web Site: http://www.newashingtondc.com
Email: pyi.thayar@verizon.net

Myanmar Consulate in New York, United States

10 East 77th Street
New York 10021
United States
City: New York
Phone: (+1) (212) 744-1271
Fax: (+1) (212) 737-2421
Email: myanmar@un.int

Myanmar Embassy in Hanoi, Vietnam

A-3 (101-104), Vanphuc Diplomatic Quarters
Kim MA St.
City: Hanoi
Phone: (84-4) 845 3369, 823 2056
Fax: (84-4) 845 2404
Email: mevhan@fpt.vn

Saturday, November 7, 2009

လူဖြစ်ရတဲ့ ဒုက္ခ



အမှန်တရားခြင်းဖြစ်တဲ့
ပဋ္ဋိပက္ခတွေရဲ့ ကြားမှာ
ငါ နစ်မွန်းနေရတာ
ကြာခဲ့ပြီ............

ဒုက္ခတွေရဲ့ ကြားမှာ
ငုတ်တုပ်ထိုင်ပြီး
သတိတွေ အကြိမ်ကြိမ်မေ့
ငါ့ လိပ်ပြာလွင့်ခဲ့ပေါင်းများပြီ....

ငါ့အတ္တ နဲ့ ငါ....
အကြိမ်ကြိမ် စီးချင်းထိုး...
ငါဘဲ အကြိမ်ကြိမ်
ရှုံးနိမ့်ခဲ့ရ.....

အနေမတတ်သေးတဲ့ ငါ....
အသေကောတတ်အုံးမှာလား...........

အဖြေမရှိတဲ့ မေးခွန်းတွေအတွက်....
အဖြေကိုရှာနေရင်း..........
လူဖြစ်ရတာကို....
မုန်းမိတယ်........။
“ငါသည်နာကျင်သောကိုယ်ရှိသူဖြစ်လျှက်
နာကျင်သောစိတ်ကင်းသူဖြစ်လတံ့”

(၇.၁၁.၂၀၀၉)

Friday, October 30, 2009

Hard boiled eggs

Cooking hard boiled eggs can be a hassle because you have to kor hui (jaga api) or kor chui (jaga air). My dear friend, KS was so kind to share this method of cooking the eggs whereby you don't have to worry whether they are over-cooked or under-cooked.

1) Place two pieces of tissue paper inside the rice cooker and sprinkle them with water.

2) Put in the eggs.

3) Close the lid and press "Cook" button.

4) Wait till the button jumps up. When it does, TURN OFF THE ELECTRICITY POWER. Do not leave them too long inside the rice cooker after cooked... only do so if you prefer a harder egg yolk.

5) The eggs are ready.

The speed is faster than using ordinary boiling method. This is because the water sprinkled on the tissue will turn into steam and compressed inside the rice cooker to cook the eggs. You can peel the egg shells off very easily. The egg yolks will turn out just nice, not too dry. And the best part is -you don't have to do any washing nor cleaning at all.

Thursday, October 29, 2009

မဖော်ပြဖြစ်ခဲ့တဲ့ နီကိုရဲရဲ့ အင်တာဗျူး


မြန်မာပြည် စာနယ်ဇင်း လောကမှာ ကျင်လည်ခဲ့စဉ်က ကျမ စာရေးဆရာ နီကိုရဲနဲ့ အင်တာဗျူး ၂ ခါ လုပ်ခဲ့ဖူးပါတယ်။ ပထမအကြိမ် လုပ်စဉ်က မဂ္ဂဇင်းတအုပ်ထဲမှာ ဖော်ပြခံခဲ့ရပေမယ့် ဒုတိယအကြိမ် အင်တာဗျူးကတော့ အကြောင်း ကြောင်းကြောင့် စာမျက်နှာပေါ် မရောက်ခဲ့ပါဘူး။

ပထမအကြိမ် အင်တာဗျူးလုပ်တော့ သူက စာပေနယ်နဲ့ ရုပ်ရှင်နယ်မှာ လျှမ်းလျှမ်းတောက် အောင်မြင်နေချိန်၊ တိတိကျကျ ပြောရရင် သူ့ရဲ့ “စိတ်အိုင်ပက်သူ” ဆိုတဲ့ ဝတ္ထုစာအုပ် ထွက်ပြီးစပါ။

ကျမရဲ့ အယ်ဒီတာက ခိုင်းတာနဲ့ပဲ သူနဲ့ အင်တာဗျူးဖို့ သူနေတဲ့ သုဝဏ္ဏ တံတားကြီးဘေးက ရပ်ကွက်ကို ရောက်ခဲ့ပါတယ်။ အဲဒီတုန်းက ကျမကို “စိတ်အိုင်ပက်သူ” ဝတ္ထုစာအုပ်တအုပ် သူ့လက်မှတ်နဲ့ လက်ဆောင်ပေးလိုက်ပါတယ်။ စိတ်အိုင်ပက်သူ ဝတ္ထုကို ရုပ်ရှင်ရိုက်တော့မယ့် ကိစ္စနဲ့ ပတ်သက်ပြီး အင်တာဗျူးတာဖြစ်ပေမယ့် တခြား အင်တာဗျူးနဲ့မဆိုင်တဲ့ အကြောင်းအရာတွေ၊ သူ့ရဲ့ အလွဲတွေနဲ့ သူ့ရဲ့ ဝတ္ထုတွေ အကြောင်း ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ပြောဖြစ်ခဲ့ကြပါတယ်။


အင်တာဗျူးသူနဲ့ အဗျူးခံသူ၊ စာရေးသူနဲ့ စာဖတ်သူ၊ စာနယ်ဇင်းလောကသားချင်း ဆိုတဲ့ အနေအထားနဲ့ သူနဲ့ကျမလည်း ရင်းနှီးမှုရခဲ့ပါတယ်။ အဲဒီတုန်းက သူ့ ဇနီးက ကိုယ်ဝန်အရင့်အမာကြီးနဲ့၊ သူ့အနေအထားက ရွှေခေတ် လို့ ပြောရတဲ့အချိန်။ နီကိုရဲရဲ့ ဇာတ်ညွှန်းတွေနဲ့ ဗီဒီယို ကားတွေ ဟောတကား၊ ဟောတကား ရိုက်ကူးထုတ်လုပ်နေချိန် … သိပ်ကို အောင်မြင်နေတဲ့ အချိန်လို့ ပြောလို့ရပါတယ်။ ၂၀၀၂ ခုနှစ် ဝန်းကျင်ပေါ့။

အဲဒီတုန်းက ကျမက ပေါ့ပ် ဂျာနယ်တစောင်မှာ ဆိုတော့ တချို့ ရုပ်ရှင်ရိုက်ကွင်းတွေအထိ သွားရတဲ့အခါမှာ သူနဲ့ ထပ်ဆုံဖြစ်၊ စကားတွေ ပြောဖြစ်ပါသေးတယ်။ သူနေတဲ့ အိမ်ရဲ့ နောက်ဖေး လမ်းမှာရှိတဲ့ မီးရထားလမ်းဘေးက ရပ်ကွက်ကို ရုပ်ရှင်သမားတွေက အခြေခံလူတန်းစား တွေနဲ့ ပတ်သက်တဲ့ ကားတွေရိုက်ဖို့ သုံးတတ်ကြပါတယ်။ အဲဒီနေရာကို ရိုက်ကွင်းတည်တဲ့အခါ စာရေးဆရာ နီကိုရဲရဲ့ အိမ်မှာ စတည်းချ ကြလေ့ရှိပါတယ်။ အဲဒီဘက်က ရိုက်ကွင်းတွေကို သွားရတဲ့အခါမှာလည်း ကျမက မင်းသမီးကို၊ မင်းသားကို၊ ဒါရိုက်တာကို သူ့အိမ်မှာ ထိုင်ပြီး ဗျူးဖြစ်ပါတယ်။ သူ့ရဲ့ မွေးခါစ သားလေးကိုလည်း ဝင်ကြည့်ဖြစ်ပါတယ်။ သူ့အနေအထားကတော့ စာပေနယ်၊ ရုပ်ရှင်နယ်မှာ အဆင်ပြေနေ ဆဲကာလပါပဲ။

အဲဒီနောက်တော့ ကျမ ပေါ့ပ်ဂျာနယ်ကနေ သတင်းဂျာနယ်လိုင်းဘက် ကူးဖြစ်ပါတယ်။ သတင်းတွေနဲ့ ရှုပ်နေတဲ့အချိန်မှာတော့ ကျမ စာရေးဆရာ နီကိုရဲနဲ့ နည်းနည်းအဆက်ပြတ်သွားပါတယ်။ ဒါပေမယ့် တခါတလေ မြို့ထဲက လက်ဖက်ရည်ဆိုင်မှာ၊ စာပေနယ်က တယောက်ယောက်ရဲ့ အသုဘ၊ မင်္ဂလာ အခမ်းအနားတချို့မှာ သူနဲ့ ခဏတဖြုတ်ဆုံမိ၊ နှုတ်ဆက်မိတာမျိုးတော့ ရှိပါတယ်။ ဒါပေမယ့် သူက အခမ်းအနားတွေဘာတွေလည်း သွားခဲတယ် ထင်ပါရဲ့၊ ကျမနဲ့ နောက်ပိုင်း သိပ်မဆုံဖြစ်ကြဘူး။

၂၀၀၄၊ ၂၀၀၅ ဝန်းကျင် တရက်မှာတော့ ကျမကို စာရေးဆရာမ ခက်မာက ဖုန်းဆက်လာပါတယ်။ “… နီကိုရဲက ပြောပြစရာတွေ ရှိနေတယ်၊ သူ နင့်ကို အင်တာဗျူးပေးချင်တယ်လို့ ပြောတယ်။ သွားလိုက်ပါလား၊ သူ့မှာ အခက်အခဲတွေလည်း အများကြီးရှိနေတယ်” လို့ မခက်မာက ပြောလာတော့ ကျမရဲ့ အယ်ဒီတာချုပ်ကို ခွင့်တောင်းပြီး သွားတွေ့ဖြစ်ပါတယ်။ အဲဒီတုန်းက သူနေတာ သုဝဏ္ဏ တံတားကြီးဘေးက ရပ်ကွက်က အိမ်မှာ မဟုတ်တော့ဘူး၊ သူ့မိဘတွေနေတဲ့ တောင်ဥက္ကလာပက အိမ်ကလေးမှာ ဖြစ်နေပြီ။

ကျမ လာတော့ သူဝမ်းပန်းတသာကြိုဆိုပါတယ်။ သူ့မှာ ပြောပြချင်တာတွေလည်း တော်တော်များနေပုံရတယ်။ ကက်ဆက် ရကော်ဒါ လေးကိုဖွင့်ပြီးတာနဲ့ သူ့ရဲ့ အခြေအနေတွေကို တရစပ်ပြောပြပါတယ်။ သူနဲ့ အင်တာဗျူးခဲ့တဲ့အတိုင်း လုံးစေ့ပတ်စေ့ “၏၊ သည်” မလွဲ ပြန်မဖော် ပြနိုင်ပေမယ့် အကြောင်းအရာ အဖြစ်အပျက်အားလုံးကိုတော့ ဒီနေ့ထိ ကျမ မမေ့သေးပါဘူး။

လုံးချင်းစာအုပ်တွေ ဟောတအုပ်၊ ဟောတအုပ်၊ ဗီဒီယိုဇာတ်ညွှန်းတွေ ဟောတကား၊ ဟောတကား ရေးသားနေရတဲ့ နာမည်ကြီး စာရေးဆရာ တယောက်အနေနဲ့ အိမ်တလုံးတော့ အပိုင်ရှိနေတယ်လို့ ကျမ ထင်ထားခဲ့ဖူးပေမယ့် သူနဲ့ အဲဒီအင်တာဗျူး လုပ်တဲ့အချိန်မှာတော့ ကျမရဲ့ အထင် လုံးဝ အလွဲကြီး လွဲနေတယ်ဆိုတာ သိလိုက်ရပါတယ်။

သူ့အိမ်လို့ ထင်ထားမိတဲ့ သုဝဏ္ဏ တံတားကြီးဘေး ရပ်ကွက်က အုတ်ခံ နှစ်ထပ်အိမ်ဟာ သူ့အိမ်မဟုတ်ပါဘူး။ သူ့ရဲ့ ထုတ်ဝေသူက နီကိုရဲ နာမည်ကြီးနေချိန်၊ လျှမ်းလျှမ်းတောက် အောင်မြင်နေချိန်မှာ သဘောကောင်းစွာနဲ့ “ညီလေး ဒီမှာနေပေါ့” ဆိုပြီးပေးနေထားတဲ့ အိမ်ဖြစ် ပါတယ်။

စာရေးဆရာ နီကိုရဲနဲ့ ထုတ်ဝေသူတို့ အနည်းငယ် မကျေမလည် ဖြစ်ချိန်မှာတော့ အဲဒီထုတ်ဝေသူက ချိုသာစွာနဲ့ပဲ “ညီလေးရေ၊ အစ်ကို စီးပွားရေး မပြေလည်လို့ ဒီအိမ်ကို ရောင်းတော့မလို့” ဆိုတဲ့စကားလေးနဲ့ အိမ်ပေါ်က ဆင်းခိုင်းလိုက်ပါတော့တယ်။

ဒါကတော့ ထုတ်ဝေသူနဲ့ စာရေးသူရဲ့ ပြဿနာပါ။ ဒီပြဿနာတွေကို စာရေးဆရာ နီကိုရဲက ကျမကို ဖွင့်ဟပြောဆိုခဲ့ပါတယ်။ အိမ်ပေါ်က ဆင်းခိုင်းလိုက်တာဟာ စာရေးဆရာအတွက် ပြဿနာ လုံးဝမဟုတ်ပါဘူး၊ အဲဒီအိမ်က ဆင်းခဲ့ရပေမယ့် စာရေးဆရာဆီမှာ မိဘရဲ့ အိမ် ရှိနေပါသေးတယ်။ စာရေးဆရာအတွက် ပြဿနာကတော့ “စာမရေးရတော့တဲ့” ပြဿနာဖြစ်ပါတယ်။

ကျမ သူနဲ့ အင်တာဗျူးလုပ်တဲ့အချိန် ၂၀၀၄၊ ၂၀၀၅ ဝန်းကျင် လောက်ကနေစပြီး သူကွယ်လွန်တဲ့ ၂၀၀၉ အောက်တိုဘာ ၂၃ ရက်နေ့ အထိ နီကိုရဲ ဆိုတဲ့ နာမည်နဲ့ လုံးချင်းစာအုပ်အသစ် ထုတ်ခွင့် မရှိခဲ့ပါဘူး။ အဲဒီလို လုံးချင်းထုတ်ခွင့်မရှိအောင် သူ့ရဲ့ ထုတ်ဝေသူက စာပေ စိစစ်ရေးမှာ ပိတ်ပင်ခဲ့ပါတယ်။

စာရေးဆရာနီကိုရဲ ကိုယ်တိုင် သူ့ကလောင်တံ သူရိုက်ချိုးသလိုဖြစ်မယ့် လက်မှတ်ကို ထိုးခဲ့တဲ့ … ထုတ်ဝေသူနဲ့ သဘောတူညီချက် စာချုပ် မိတ္တူကို ကျမ ဖတ်ခဲ့ရပါတယ်။ အဲဒီသဘောတူညီချက်တွေ ထဲမှာ အရေးကြီးတာတချက်ကတော့ “ထုတ်ဝေသူနဲ့ စာရေးသူ သဘောတူညီ ထားတဲ့ စာအုပ်အရေအတွက် မထွက်ပြီးမချင်း နီကိုရဲ ဆိုတဲ့ နာမည်နဲ့ လုံးချင်းပဲဖြစ်ဖြစ်၊ မဂ္ဂဇင်းအခန်းဆက် ဝတ္ထုရှည်ပဲဖြစ်ဖြစ်၊ ရုပ်ရှင် ဇာတ်ညွှန်းပဲဖြစ်ဖြစ် ရေးသားထုတ်ဝေခြင်း မပြုရ” ဆိုတဲ့အချက်ပါ။

ထုတ်ဝေသူနဲ့ စာရေးသူ ပြေလည်နေစဉ်မှာတော့ ထုတ်ဝေသူက စာရေးဆရာနီကိုရဲရဲ့ စာအုပ်တွေကို တအုပ်ချင်း ထုတ်ပေးနေခဲ့ပါတယ်။ မပြေလည်တဲ့အချိန်မှာတော့ ထုတ်စရာလည်း စာအုပ် အဆင်သင့်ရှိနေရဲ့သားနဲ့ စာအုပ်တွေကို ဆက်မထုတ်ဘဲ ထားလိုက်ပါတယ်။

ဥပမာ - စာအုပ် ၉ အုပ်ချုပ်ထားတယ် ဆိုပါတော့၊ နီကိုရဲက ၉ အုပ် ရေးပေးပြီးပြီ၊ ထုတ်ဝေသူကို အပ်ပြီးပြီ၊ ထုတ်ဝေသူကလည်း စာရေးဆရာကို ၉ အုပ်စာ ကျသင့်ငွေ ရှင်းပေးလိုက်ပြီ။ ဒါပေမယ့် အဲဒီ ၉ အုပ်ကို ထုတ်ဝေ သူက တအုပ်ချင်း မျှင်းပြီး ထုတ်နေမယ်၊ စာရေးသူနဲ့ မပြေလည်ချိန် ၃ အုပ်၊ ဒါမှမဟုတ် ၂ အုပ်လောက် ထုတ်ဖို့ ကျန်သေးတဲ့အချိန်မှာ ဆက်မထုတ်ဘဲ ထားလိုက်တယ်။

အဲဒီမှာ စာရေးဆရာ နီကိုရဲ အနေနဲ့ ဘယ်ထုတ်ဝေသူနဲ့မှ ဆက်ထုတ်လို့ မရတော့ပါဘူး၊ ဘယ်သူ့ကိုမှ လုံးချင်းရောင်းခွင့် မရှိတော့ပါဘူး၊ ဘယ်လို မဂ္ဂဇင်းဝတ္ထုရှည်မှလည်း ရေးခွင့်မရှိတော့ပါဘူး။ ကျမရှေ့တင် သူ့ကို ထုတ်ပေးချင်တဲ့ ထုတ်ဝေသူ တယောက် ရောက်လာပါတယ်။ ဒါပေမယ့် အဲဒီ ထုတ်ဝေသူလည်း ဘာမှ မတတ်နိုင်ပါဘူး။ စာပေစိစစ်ရေးမှာ စာချုပ်ပြပြီး “နီကိုရဲ” နာမည်နဲ့ လုံးချင်းထုတ်ခွင့် ပိတ်လိုက်ပြီ ကိုး။

သူ့အနေနဲ့လည်း နီကိုရဲ ဆိုတဲ့ နာမည်ကလွဲလို့ တခြားနာမည်နဲ့ ဝတ္ထုတွေကို ရောင်းစားဖို့ အစီအစဉ်လုံးဝ မရှိဘူးလို့ ဆိုပါတယ်။

ကျမအထင်မမှားဘူးဆိုရင်တော့ သူ ကွယ်လွန်ပြီးမှ သူ့ရဲ့ စာအုပ်တွေ ထပ် ထွက်လာလိမ့်ဦးမယ်။ သူ့ ထုတ်ဝေသူက လက်ကျန် စာအုပ်ကလေးတွေကို အပြီးအပြတ်ထုတ်ပြီး သူနဲ့ ချုပ်ထားတဲ့စာချုပ်ကို ပြီးပြတ်အောင် လုပ်လိုက်ရင်ပေါ့လေ။ အဲဒီတုန်းက သူက စာအုပ်တွေ ထုတ်ခွင့်မရပေမယ့် စာတွေကတော့ ရေးနေမှာပဲလို့ ပြောခဲ့ပါတယ်။

“နီကိုရဲ ဆိုတဲ့နာမည်ဖြစ်အောင် တည်ဆောက်ခဲ့ရတာ အကြာကြီး၊ အခုမှ နောက်ထပ် နာမည်တခု ထပ် တည်ဆောက်ဖို့ မဖြစ်နိုင် တော့ဘူးဗျ” လို့လည်း သူ ကြေကြေကွဲကွဲ ပြောခဲ့သေးတယ်။ သူ့လိုပဲ အဲဒီထုတ်ဝေသူရဲ့ စာချုပ်အမိခံနေရတဲ့ နောက်ထပ်စာရေးဆရာ တယောက်အကြောင်း၊ သူတို့ထက်လည်ပတ်လို့ အဲဒီထုတ်ဝေသူရဲ့ စာချုပ်ကို လွတ်အောင်ရှောင်နိုင်တဲ့ နာမည်ကြီး စာရေးဆရာ တယောက် အကြောင်းတွေကိုပါ သူ ကျမကို ပြောပြခဲ့ပါတယ်။

စာရေးဆရာနီကိုရဲဟာ မကြည်ပြာနဲ့ ချစ်ခြင်းရဲ့နဂ္ဂတစ်များ ဆိုတဲ့ လုံးချင်းဝတ္ထုနှစ်အုပ်တွဲနဲ့ အောင်မြင်ခဲ့တယ်လို့ ပြောလို့ရပါတယ်။ အဲဒီဝတ္ထုကို ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က ကြည်ပြာရောင်နဂ္ဂတစ်များဆိုပြီး ရုပ်ရှင် ရိုက်ခဲ့ပါတယ်။ သိကြားနဲ့ အသူရာ ဝတ္ထုကိုလည်း “ယောက္ခမဆိုတာ တခါတုန်းက သားမက်ပါပဲ” ဆိုတဲ့ ရုပ်ရှင်ကားကြီးရိုက်ကူး အောင်မြင်ခဲ့တယ်။ စိတ်အိုင်ပက်သူ ကလည်း ရုပ်ရှင်ကားကြီးပါပဲ။

နောက်ထပ် သူရေးခဲ့တဲ့ စာအုပ်တွေကို လက်လှမ်းမီသလောက် ဖော်ပြရရင် အိုလေး၊ ရည်းစားစာ (၀တ္ထုတိုစု)၊ သံစုံကျူးတဲ့ည၊ ကျနော်နှင့် လက်တွဲဖော်များ၊ ဇွတ်၊ ကျနော်နှင့် ဈေးသည် အလွဲများ၊ လွယ်အိတ်ထဲက အလွဲများ၊ ပန်းပွင့်ကို ဖယ်ကြည့်မှ မြင်ရမယ့် လမင်း၊ နှလုံးသားထဲ ကြွက်ဝင်နေသည်၊ နတ်ဆိုးတကောင်နဲ့ ရင်လွဲသူ၊ လှည့်စား၊ အိတ်၊ ဇက်ပေါ်က ဇီးသီး၊ လူနှင့် သူတို့၏ ဟာသများ ပဲ ဖြစ်ပါတယ်။

ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) နဲ့ တွဲပြီး ရုပ်ရှင်ကားကြီးတွေ၊ ဗီဒီယိုကားတွေအဖြစ် ရိုက်ခဲ့တဲ့ သူ့ဝတ္ထုတွေ၊ သူ့ဇာတ်ညွှန်းတွေကို ပရိသတ်က အထူးအားပေးခဲ့ပါတယ်။ “လွဲတယ်” ဆိုတဲ့စကားက သူ့ရဲ့ မူပိုင်စကားလို ဖြစ်ခဲ့တာပါ။

အင်တာဗျူးစဉ်က ကျမသိချင်တဲ့ မေးခွန်းတခုကို မေးလိုက်မိတယ်။ နီကိုရဲ ရဲ့ ပရိသတ်တွေလည်း သိချင်မှာပဲ။ “ဆရာ့အနေနဲ့ စာချုပ်မှာ လက်မှတ်ထိုးတုန်းက သေချာမဖတ်ဘူးလား” ဆိုတဲ့ မေးခွန်းပါ။ သူ့ရဲ့အဖြေက ကြေကွဲဖို့ကောင်းပါတယ်။ ဟာသ ဝတ္ထုရေးဆရာတယောက်နဲ့ အင်တာဗျူးရတာ ဖြစ်ပေမယ့် အဲဒီအင်တာဗျူးမှာ ကျမ မပျော်ပါဘူး။

စာရေးဆရာ နီကိုရဲဟာ သိပ်ကိုရိုးသားပြီး သူတပါးကိုလည်း ခင်မင်လွယ်၊ ယုံလွယ်ပါတယ်၊ သူ့စာတွေမှာ သူ့ရဲ့ ရိုးသားမှုတွေ ထင်ဟပ် နေပါတယ်။ သူ့ရဲ့ ဇာတ်ကောင် ရဲဝင်းဟာ သူကိုယ်တိုင်ပါပဲ။ သူ့ရဲ့ ဝတ္ထုတွေထဲမှာ သူဟာ ရိုးသားစွာလွဲသလို အပြင်လောကမှာလဲ သူ လွဲပါတယ်။ အပြင်လောကက အလွဲကတော့ စာချုပ်မှာ လက်မှတ်ထိုးတဲ့အချိန် ခင်မင်မှုနဲ့ အဲဒီစာချုပ်ကို သေချာမဖတ်တဲ့ အလွဲပါ။
ထုတ်ဝေသူအပေါ် ယုံကြည်မှုနဲ့ “ငါ့ကိုတော့ ဆိုးဆိုးရွားရွား မလုပ်လောက်ပါဘူး” ဆိုတဲ့အတွေး (လက်မှတ်ထိုးတဲ့အချိန်မှာ အရက်မူး နေတာလည်း ပါတယ်လို့ဆိုပါတယ်) ကိုတွေးရင်း လက်မှတ် ထိုးပေးလိုက်တာပါ။

အဲဒီစာချုပ်မှာ ဘာတွေပါတယ်ဆိုတာ သူ့ကလောင် အပိတ်ခံရချိန်၊ စာချုပ်ချုပ်ပြီး နှစ်တော်တော်ကြာ သူ့လက်ထဲကို ထုတ်ဝေသူက စာချုပ်လာပြတော့မှ သိရတယ် ဆိုတော့ ကျမ တော်တော် အံ့သြမိပါတယ်။ လွဲလိုက်လေခြင်းဆိုတဲ့ ကရုဏာ ဒေါသလည်း ဖြစ်မိပါတယ်။ ဒါပေမယ့် ဘာမှ မတတ်နိုင်တော့ပါဘူး။ သူလေးစားတဲ့ “နားလည်မှု၊ ခင်မင်မှု၊ ယုံကြည်မှု” ဆိုတာတွေကို စာချုပ်ဆိုတဲ့ စာတရွက်က အနိုင်ယူ သွားပါပြီ။

ကျမရဲ့ အင်တာဗျူးလည်း စာမျက်နှာပေါ် တင်ခွင့်မရလိုက်ပါဘူး။ စာရေးဆရာ နီကိုရဲရဲ့ အသံတွေကတော့ ကျမ ချန်ထားခဲ့တဲ့ ဂျာနယ်တိုက်ရဲ့ ထောင့်တနေရာမှာ ရှိနေပါလိမ့်မယ်။

ခုတော့ သူလည်း နှလုံးရောဂါနဲ့ ကွယ်လွန်တယ်လို့ဆိုပါတယ်။ အသက် ၄၃ နှစ်ဆိုတဲ့နှစ်အပိုင်းအခြားကတော့ ငယ်လွန်းသေးတယ်လို့ ပြောလို့ရတယ်။ တကယ်ဆို ဒီအသက်အရွယ်က စာတွေ အင်နဲ့အားနဲ့ ရေးရမယ့် အရွယ်ပါ။

စာရေးဆရာတယောက်ရဲ့ ဘဝဟာ စာမှ မရေးရတော့ဘူးဆိုရင် ဘယ်လိုမှ အဓိပ္ပာယ် မရှိနိုင်တော့ပါဘူး။ စာတွေ ရေးနေပေမယ့် သူရေးတဲ့စာတွေကို ပရိသတ်ကို ချပြခွင့် မရဘူး ဆိုရင်လည်း စိတ်ချမ်းသာ ပျော်ရွှင်မှုတွေ ဆိတ်သုဉ်းနေမှာပဲလို့ ကျမ တွေးမိတယ်။

ရေနံချေးဝနေတဲ့ သစ်သားအိမ်နံရံမှာ အစီအရီကပ်ထားတဲ့ သူ့စာအုပ် မျက်နှာဖုံးပုံ အဟောင်းလေးတွေကို ကျမ ခုထိ မြင်ယောင်နေဆဲပဲ။ ။

Tuesday, October 27, 2009

Police alert!


  • NEVER respond to any phone call / SMS / email requesting your bank account details

  • NEVER reveal your bank account details / ATM PIN / Internet banking password to anyone

  • NEVER follow instructions from unknown parties to do banking transactions or make changes to your bank account details

  • NEVER be a victim of schemes that sound too good to be true

All men are born with the Auto-Focus Speciality...

Friday, October 23, 2009

နင်း ........ကြမ်း



သောကရွက်နု လွင့်လာမြူးပြီး
သောကပွင့်သစ် ကြွေကာခသည်
သောကပင်ကို ပျိုးသောကြောင့်

လူနှင့် လူသာငြိုးမာန်ဖွဲ့သည်
မာန တံခွန်ထူသောကြောင့်
နင် ငါ မဟူ အတူတူတည့်
နောက်ဆုံး သေရွာသွားရမည်....

ကိုယ်ပြု့ သည့် ကံ
ကိုယ်သာ ခံ
ကိုယ့် ကံ
ကိုယ် သာစီရင်မည်....

လွန်မိသည့် ဝဋ်
ကြေစေလွတ်.....
ဒီဘဝ ဤမျှ
နောက်ဆုံးတည်း။

“ငါသည်နာကျင်သောကိုယ်ရှိသူဖြစ်လျှက်
နာကျင်သောစိတ်ကင်းသူဖြစ်လတံ့”

(၂၃.၁၀.၂၀၀၉)

Thursday, October 8, 2009

အိမ်ထောင်ရှင်တွေ ဘယ်လောက်များ ရိုးသားကြပါသလဲ



အိမ်ထောင်ရှင်တွေ ဘယ်လောက်များ ရိုးသားကြပါသလဲ ?

ပိုက်ဆံ ဘယ်လောက်သုံးလိုက်တယ်ဆိုတာ ယောက်ျား မသိအောင် ပစ္စည်းပေါ်မှာ ကပ်ထားတဲ့ ဈေးနှုန်းစက္ကူကိုများ ခွာဖူးကြပါသလား။ ဒါမှမဟုတ်၊ ကလေးတွေရဲ့ ကိစ္စတစ်ခုခုကို ဖအေကြီး မသိအောင် ဖုံးထားတာမျိုးရော ရှိလား။ ဒါမှမဟုတ်ရင်လည်း တခြားတစ်ယောက်ယောက်ကို ဖျိုးခနဲ၊ ဖျတ်ခနဲ စိတ်ကစားမိသွားတာကို ခပ်မဆိတ် နေလိုက်ဖူးသလား။

အဲသလိုဆိုရင် အားတက်စရာ စကားလေးတစ်ခွန်း ပြောလိုက်ချင်စမ်းတယ်။ “အဲဒါ ခင်ဗျားတစ်ယောက်တည်း မဟုတ်ဘူးဗျို့”လို့။

အဲ… ဒါပေမယ့် သက်တမ်းကလေး အထိုက်အလျောက် ရင့်မာလာတဲ့ ကျွန်တော့် လူမှုရေး အတိုင်ပင်ခံ သက်တမ်းမှာတော့ ပြဿနာ တက်နေတဲ့ အိမ်ထောင်ရေးတွေရဲ့ အဓိက အကြောင်းရင်းခံဟာ ရိုးသား ပွင့်လင်းမှု နည်းပါးလွန်းလို့ ဖြစ်နေရတာချည်း တွေ့ရပါတယ်။ ကျွန်တော်ကိုယ်တိုင်ရဲ့ အိမ်ထောင်ရေးမှာကျတော့ အတော့်ကို ခိုင်မာတယ်လို့ ဆိုနိုင်တယ်။ တကယ့် ရေစိမ်ခံ အကြမ်းခံ အိမ်ထောင်ရေးဘဝလို့ ဆိုနိုင်တယ်။ သည်အခါ ကျွန်တော့်ကို အောင်မြင်တဲ့ အိမ်ထောင်ရေးရဲ့ သော့ချက်က ဘာလဲလို့ မေးလာမယ်ဆိုရင် ရိုးသား ပွင့်လင်းမှုလို့သာ တန်းဖြေမှာပါ။ ဒါက အတွေ့အကြုံအရ ပြောလိုက်တာဖြစ်ပါတယ်။

တစ်ဖက်ကလည်း ဖတ်မှတ် လေ့လာထားသမျှ စာသိနဲ့ ပြောရရင်လည်း အိမ်ထောင်ရေး အတိုင်ပင်ခံတိုင်းကလည်း ကျွန်တော့်လိုပဲ ရိုးသား ပွင့်လင်းမှုကသာ အခရာဆိုတဲ့ အဖြေကို တစ်ညီတစ်ညွတ်တည်း ပြောကြတာ တွေ့ရ ပါတယ်။

ဒါပေမယ့်လည်း လက်တွေ့ဘဝထဲက အိမ်ထောင်ရေး ၁၀ဝ မှာ ၉၀ လောက်က အိမ်ထောင်ဖက်ချင်း မရိုးသားကြ၊ မပွင့်လင်းကြ၊ မြုံစိစိနိုင်နေကြ၊ မအုံမနွေး လုပ်နေကြ၊ ဖုံးကွယ် သိုဝှက်ထားကြတာတွေက များပါ တယ်။ သည်အခါမှာ ဘာတွေကို မြုံထား၊ ဖုံးထားတတ်ကြပြီး ဘာတွေကိုကျတော့ ပွင့်ပွင့်လင်းလင်း ဖွင့်ပြောတတ်ကြသလဲဆိုတာကို စူးစမ်းကြည့်တဲ့ ဆောင်းပါးတစ်ပုဒ်ကို ဖတ်မိရပြန်တဲ့အခါ စာဖတ်သူများကို မျှဝေပေးချင်လာရပြန်တယ်။

ယောက်ျားနဲ့မိန်းမ၊ ဘယ်သူက ပိုပွင့်လင်းသလဲ?

အခြေခံက စပြောမယ်ဆိုရင် အိမ်ထောင်ရေးမှာ စကားအပြောဆုံး လူသားတွေက မိန်းမသားတွေပါ။ အထူးသဖြင့် ကိုယ့် အိမ်ထောင်ရေး အကြောင်းများ ပြောကြစတမ်းဆိုရင် အမျိုးသမီးတွေက ရှေ့တန်းကနေ ကရားရေလွှတ် ပြောတတ်ကြပါတယ်။ စစ်တမ်းတစ်ခုအရဆိုရင် အမျိုးသမီး ၈၃ရာခိုင်နှုန်းက “ကျွန်မတို့အိမ်ထောင်အကြောင်း ပြောရအောင်နော်…” ဆိုတဲ့စကားမျိုးနဲ့ အစချီပြီး ကိုယ့်အိမ်ထောင်ရေး အခြေအနေကို ကိုယ့်လင်သားနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေး တိုင်ပင်ဖို့ ဆောင်ရွက်ကြတယ်လို့ တွေ့ရပါတယ်။


အဲ… သို့ပေမယ့်လည်း အမျိုးသား ၅၇ ရာခိုင်နှုန်းကသာ သူတို့ မိန်းမတွေက သည်ကိစ္စကို ပြောဖို့ အစချီတတ်ကြတယ်လို့ ယူဆပါသတဲ့။
ဘာကြောင့် ကိန်းဂဏန်းတွေက အဲသလောက်ကြီး ကွာခြားနေတာလဲ။

“ကိုယ်လိုချင်တဲ့အချစ်ကိုရယူခြင်း - စုံတွဲများအတွက် လမ်းညွှန်”ဆိုတဲ့ စာအုပ်ကို ရေးသားတဲ့ အိမ်ထောင်ရေးပါရဂူ ဟာဗှစ်လ် ဟဲန်ဒြစ်ခ်စ်က ဖြေပါတယ်။ “ယောက်ျားတွေဟာ သူတို့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာတွေကို သွယ်ဝိုက်တဲ့နည်းနဲ့ ဖော်ပြတတ်ကြတယ်။ အဲသလို ပြတတ်တဲ့ အတွက် အိမ်ထောင်ရေး ပြဿနာတွေ ရှိနေတဲ့အခါမှာလည်း ဆွေးနွေးဖို့ အစဖော်သူလို့ သူတို့ကိုယ်သူတို့တော့ ထင်ကုန်တတ်ကြတာပါပဲ။ တကယ်တမ်းကျတော့ ယောက်ျားတွေအတွက်က ကိုယ့်ခံစားချက်ကို စကားလုံးတွေနဲ့ ဖော်ကျူးဖို့ မိန်းမတွေထက် အပုံကြီး ပိုခက်တာလည်း အမှန်ပဲ”တဲ့။

စစ်တမ်းအရတော့ ပြဿနာတွေကို ဆွေးနွေးဖြစ်တဲ့ဆီအထိ သယ်ဖြစ်လာဖို့ တွန့်ဆုတ်နေတတ်တာဟာ ယောက်ျားတွေ၊ မိန်းမတွေရဲ့ အသက် အရွယ်နဲ့ သိပ်မဆိုင်လှတာကို တွေ့ရပါတယ်။

“စကားပြောတယ်ဆိုတာ ကောင်းပါတယ်။ ဒါပေမယ့် အရာရာကို ပြောဖို့ဆိုတာကကျတော့ဗျာ…။ ဘာပဲဖြစ်ဖြစ်လေ၊ သူနဲ့ ကိုယ်နဲ့ကြားမှာ ကိုယ်ပိုင်ဘဝဆိုတာတော့ ရှိသင့်ပါတယ်”လို့ အိမ်ထောင်သက် ၁၆ နှစ် ရှိတဲ့ လင်သားတစ်ယောက်က ဆိုပါတယ်။


အိမ်ထောင်သက် ၃၃ နှစ် ရှိပြီဖြစ်တဲ့ အမျိုးသမီးတစ်ယောက်ကတော့ “ကျွန်မတို့ အိမ်ထောင်ရေးမှာ ပြဿနာတွေကို ကွေ့ကွေ့ကောက်ကောက် လိမ်လိမ်ဖယ်ဖယ်နည်းနဲ့ ရင်ဆိုင်ဖြစ်တတ်ကြပါတယ်။ ဆိုလိုတာ ပြဿနာအကြောင်းကို တိုက်ရိုက် မဆွေးနွေးဖြစ်ဘဲ ဝေ့လည်လည် လုပ်ဖြစ်နေတယ်ပေါ့။ ကျွန်မ မိဘတွေလောက်တော့လည်း မပွင့်လင်းကြဘူးပေါ့ရှင်”တဲ့။

“ကျွန်တော့်မိန်းမကပဲ နေရာတကာမှာ ပြောတာပါဗျာ။ သူပြောလို့ ဝတော့မှ ကျွန်တော်က ပြောတာပါ”လို့ အိမ်ထောင်သက် ၄၃ နှစ် ရှိတဲ့ အမျိုးသားတစ်ယောက်က ပြောပြန်တယ်။

အိမ်ထောင်ဖက်တွေ ပြောမပြနိုင်တာတွေက ဘာတွေလဲ?

အဲဒီ့စစ်တမ်းမှာ အံ့ဩစရာကောင်းသွားတာက “ပြောဖြစ်ခဲ့ရင် သိပ်ကောင်းမှာ”လို့ အိမ်ထောင်သည် အတော်များများ၊ အထူးသဖြင့် ယောက်ျားတွေက တဖွဖွ ပြောကြတာပါပဲ။ ယောက်ျားတွေ သိပ်မြုံစိစိ လုပ်တတ်တာပဲလို့ အမျိုးသမီး အစဉ်အဆက်က ညည်းညူတတ်တဲ့ကြားကပဲ စစ်တမ်းအရ တွေ့ရှိရချက်ကတော့ ယောက်ျားတွေလည်း ဘောလုံးပွဲ အကြောင်း၊ ပိုက်ဆံရှာတဲ့အကြောင်းထက်တောင် ကိုယ့်အိမ်ထောင်ရေး အကြောင်းကို ပိုလို့ နက်နက်နဲနဲ ပြောချင်တာကို တွေ့ရပါတယ်။ အဲ… ပြဿနာက သူတို့ ဘယ်လို ပြောရမှန်း မသိကြတာပါပဲ။

စစ်တမ်းအရ အကြီးမားဆုံး အုပ်စုလို့ ပြောနိုင်တဲ့ ၃၈ရာခိုင်နှုန်းသော ယောက်ျားများဟာ သူတို့ရဲ့ ဇနီးမယားတွေက သူတို့ကို အခုထက် ပိုပြီး ယုယုယယ ကြင်ကြင်နာနာ ရှိစေချင်တယ်လို့ ဆိုပါတယ်။ အဲသလို ကြင်နာ ယုယမှုပေးဖို့ကိုလည်း သူတို့ နှုတ်က ရဲရဲရင့်ရင့် ထွက်ဖြစ်ခဲ့ရင် သိပ်ကောင်းမှာလို့လည်း ပြောကြပါတယ်။ သည်နေရာမှာ ကြင်နာယုယမှုဆိုတာဟာ ဖိုမဆက်ဆံရေးကိစ္စနဲ့ မဆိုင်ပါဘူး။

ခင်ပွန်းသည် ပါမောက္ခ ဂျောန် ဂေါ့ထ်မယ်န်နဲ့ တွဲဖက်ပြီး ဆီယက်တယ်လ် ဂေါ့တ်မယ်န် တက္ကသိုလ်နဲ့ အိမ်ထောင်ရေးဆေးခန်း တည်ထောင်ခဲ့တဲ့ စိတ်ပညာ ပါမောက္ခ ဂျူလီ ဂေါ့တ်မယ်န်ကတော့ “ယောက်ျားတွေဟာ ယုယ ကြင်နာမှုကို လိုချင်တယ်လို့ ပြောရမယ့် လူစားတွေ မဟုတ်ဘူးလို့ တစ်သက်လုံး စွဲမှတ်ထားကြပါတယ်။ ထွေးပိုက်တာ၊ ယုယကြင်နာတာကို ခံချင်တယ်လို့ ပြောတာဟာ ပျော့နွဲ့နွဲ့ယောက်ျားတွေမှ ပြောတတ်တဲ့ စကားမျိုးလို့ စွဲနေကြတာကလား။ အဲတော့ ယုယပါ၊ ကြင်နာပါလို့ ပါးစပ်က ပြောထွက်တဲ့ ယောကျာ်းက လက်တွေ့မှာ ဘယ်နှယောက်ရှိမှာလဲ”လို့ ပြောပါတယ်။

သည်နေရာမှာ အိမ်ထောင်သည် ယောက်ျားတွေကို ဆိုလိုတာပါ။ အိမ်ထောင်မကျခင်မှာတော့ ယောက်ျားတွေဟာ ကိုယ့်ကို ကြင်နာပါလှည့်၊ ယုယပါလှည့်၊ သနားပါလှည့်နဲ့ တစာစာ အော်ဟစ် မြည်တမ်းဖို့၊ မျက်ရည်ကျပြဖို့ ဝန်မလေးတတ်ကြပေမယ့် တကယ်တမ်း အိမ်ထောင်ရေးတစ်ရပ်ကို တည်ဆောက်ပြီးချိန်မှာတော့ အဲသလို စကားမျိုးတွေ ပြောလိုက်၊ မျက်ရည်လေး ဝဲပြလိုက်ရင်ပဲ မဟာယောက်ျားမာန မြေသို့ ခတော့မယ့်အတိုင်း ဖြစ်ကုန်တတ်ပါတယ်။ ဒါကို ပြောတာပါ။

၂၆ရာခိုင်နှုန်းသော ယောက်ျား မိန်းမများကတော့ “ကိုယ်နဲ့ပတ်သက်တဲ့ မေးခွန်းတွေ၊ ကိုယ့်အကြောင်းတွေကို သူက ကိုယ့်ကို ဖွင့်မေးစေချင်တယ်”လို့ ပြောပါတယ်။ ဒါဟာ လင်နဲ့ မယားကြားမှာ ဆက်ဆံရေး ပိုမို ပွင့်လင်းလာအောင် လုပ်ဆောင်ရာမှာ အင်မတန် အကျိုးများစေနိုင်တဲ့ နည်းပါ ပဲ။ “မသိ မေး၊ မစင် ဆေး”လို့ ဆိုတဲ့ စကားအတိုင်းပါပဲ။ တစ်ယောက်အကြောင်း တစ်ယောက် ပိုသိချင်ရင် များများ မေးနိုင်မှ တန်ကာကျမှာပါ။

အဲ… အိမ်ထောင်ရေးတွေမှာ တချို့ကိစ္စတွေကို ဗြောင် ဖွင့် ဆွေးနွေးရ တာခက်လှပေမယ့် တချို့ကိစ္စတွေကျတော့လည်း တစ်ချိန်လုံးကို ပြောဖြစ်နေ တတ်ပြန်ရော။ ၄၁ ရာခိုင်နှုန်းသော မိန်းမတွေနဲ့ ၂၉ ရာခိုင်နှုန်းသော ယောက်ျားတွေ ဂျီကျတတ်တာကတော့ ဖရိုဖရဲနဲ့ ရှုပ်ပွနေအောင် ကပျစ်ကညစ် နေတတ်တဲ့ကိစ္စဟာ အဓိကဖြစ်နေတာကို တွေ့ရပြန်ပါတယ်။ ဒုတိယ ဂျီကျတတ်တဲ့ ကိစ္စကတော့ “သိပ်ဝလာပြီ၊ ပိန်အောင်လုပ်စမ်းပါ”ဆိုတာနဲ့ “မင်း ငါ့ကို မဝေဖန်နဲ့”/“တော် ကျုပ်ကို မဝေဖန်နဲ့”ဆိုတဲ့ စကားများပါပဲတဲ့။

“လျှို့ဝှက်တတ်တဲ့ ယောက်ျားနဲ့ ကျွန်မ ညားခဲ့တာပါပဲရှင်၊ ကျွန်မတို့ အိမ်ထောင်ရေးလည်း သူ့လျှို့ဝှက်ချက်တွေနဲ့ပဲ နလံမထူတော့ပါဘူး”လို့ အိမ်ထောင်သက် ဆယ်နှစ် ရှိသူ အမျိုးသမီးတစ်ယောက်က ပြောပါတယ်။

အိမ်ထောင်သက် ၃၇ နှစ် ရှိသူ အမျိုးသမီးတစ်ဦးကတော့ “ကျွန်မတို့ လင်မယား အတူနေဖြစ်တဲ့ အချိန်က တော်တော် များပါတယ်။ ကျွန်မ ထင်တယ်လေ၊ အခုခေတ်မှာ လင်မယား တော်တော်များများက ကျွန်မတို့လို အတူနေဖြစ်တဲ့အချိန် သိပ်မရှိကြဘူးလား မသိ…”တဲ့။

ဘာတွေကို အများဆုံး လျှို့ဝှက်ထားဖြစ်တတ်ကြလဲ?

စစ်တမ်းမှာ ပါဝင်ခဲ့ကြသူတွေထဲမှာ ကိုယ့်အိမ်ထောင်ဖက် မသိအောင် လျှို့ဝှက် ဖုံးကွယ်ထားတာတွေ ရှိလားလို့ မေးကြည့်ပြန်တဲ့အခါ ယောက်ျား ၄၂ ရာခိုင်နှုန်းနဲ့ မိန်းမ ၃၆ ရာခိုင်နှုန်းက သိပ်ရှိတာပေါ့လို့ ဖြေကြပါတယ်။

အထူးသဖြင့်ကတော့ ရာထူးရာခံ ကြီးကြီးသမားတွေနဲ့ ဝင်ငွေ တအားကောင်းသူတွေရဲ့ အိမ်ထောင်ရေးတွေမှာဆို ပိုတောင်ဆိုးသေးတယ်လို့ ဆိုပါတယ်။ “တိုးတိုးဖော်အဖြစ် နေခွင့်ရတဲ့ အချိန် နည်းသွားလေလေ၊ ယုံကြည် ကိုးစားမှုလည်း လျော့ပါးလေလေဖြစ်ကုန်ပါတယ်။ လူတွေမှာ ဗာဟီရတွေ သိပ်များလာ၊ စားလည်း အလုပ်၊ သွားလည်း အလုပ်နဲ့ အလုပ် တအား များလာတဲ့အခါ လင်နဲ့မယား အေးအေးလူလူ မနေဖြစ်၊ မတွေ့ဖြစ်၊ မပြောဖြစ်ကြတော့ဘူး။ အဲဒီ့အခါကျတော့ တစ်ယောက်နဲ့ တစ်ယောက်လည်း ယုံကြည်ကိုးစားမှုတွေ လျော့လာတော့တာပါပဲ”လို့ ဂျူလီ ဂေါ့တ်မယ်န်က ပြောပါတယ်။

အိမ်ထောင်သက် အကြာဆုံး အဖိုးကြီး၊ အမယ်ကြီး စုံတွဲတွေမှာက အဲသလို တစ်ယောက်နဲ့ တစ်ယောက် ဖုံးထားတာက သာတောင် များသေးတယ်လို့ ဆိုပါတယ်။ ဒါကတော့လည်း ကိုယ့်ကိုယ်ကိုယ် ဝေဖန်ရေး လုပ်တာ ခေတ်မစားသေးခင်ကာလမှာ လူလားမြောက်လာတာနဲ့ တစ်နည်းတစ်ဖုံ သက်ဆိုင်နေနိုင်ပါတယ်။

အဲ… အိမ်ထောင်ရေးတွေမှာ အဖုံးကွယ်ဆုံး၊ အမှန်မပြောဆုံး ကိစ္စက ဘာလဲဆိုတော့ ဝယ်လာတဲ့ ပစ္စည်းကို ဘယ်လောက် ပေးခဲ့ရတယ် ဆိုတာပါပဲတဲ့ ခင်ဗျား။ အဲဒီ့ မုသာဝါဒကံကိုတော့ ယောကျာ်းမိန်းမ ထက်ဝက် နီးပါး (၄၈ရာခိုင်နှုန်းက) ကျူးလွန်ဖြစ်နေတယ်လို့ ဝန်ခံကြပါတယ်။
ဒါဟာ အနီကတ်ပြလောက်အောင် အင်မတန့်ကို အံ့ဩစရာကောင်းတဲ့ ကိန်းဂဏန်းပါပဲလို့ ဂျော်န် ဂေါ့တ်မယ်န်က ပြောပါတယ်။ “သည်နေရာမှာ ရိုးသားဖြောင့်မတ်မှုနဲ့ ယုံကြည်ကိုးစားမှုက အတော် စကားပြောသွားပြီ။ ငွေဆိုတာ လွတ်လပ်မှု၊ ငွေဆိုတာ ဩဇာအာဏာပါ။ သည်ကြားထဲကပဲ၊ ငွေရေးကြေးရေးနဲ့ ပတ်သက်လာရင် ယောက်ျားတွေရော၊ မိန်းမတွေပါ လိမ်ဖို့ ဝန်မလေးတာဟာ တော်တော့်ကို စိတ်ဝင်စားစရာကောင်းတယ်”လို့ သူက ဆိုပါတယ်။

ဒုတိယ အလုပ်ဖြစ်ဆုံး လျှို့ဝှက်ချက်ကတော့ ကလေးရဲ့ အမူအကျင့်၊ ဒါမှမဟုတ် ရမှတ်တွေနဲ့ ပတ်သက်လာရင်လည်း ဖုံးကွယ် လိမ်ညာတတ် ကြတာကို တွေ့ရပြန်တယ်။ ဒါကတော့ အိမ်ထောင်ရှင်အမျိုးသမီးတွေ (၁၈ ရာခိုင်နှုန်း)က သူတို့ ခင်ပွန်းသည်တွေ မသိအောင် အများဆုံး ဖုံးထားတဲ့ ကိစ္စပါပဲ။

စစ်တမ်းမှာတွေ့ရတဲ့အထဲက ဝမ်းနည်းစရာ အကောင်းဆုံး အချက်တစ်ချက်ကတော့ ၂၀ ရာခိုင်နှုန်းသော ယောက်ျားတွေဟာ မိမိတို့ရဲ့ လုပ်ငန်းခွင်မှာ ရင်ဆိုင်ရတဲ့ ကျဆုံးမှုများကို ကိုယ့်ဇနီးသည်ကို ပြောမပြဘဲ ဖုံးထားတတ်ကြပါပဲ။ “သည်နေရာမှာ ယောက်ျားတွေရဲ့ ဘဝင်က အခရာပါပဲ”လို့ ”ကိုယ်လား၊ မင်းလား”ဆိုတဲ့ စာအုပ်ကို ရေးခဲ့သူ နယူးယောက် မြို့က စိတ်ပညာရှင် “စကော့တ် ဝက်တ်ဇလာ”က ပြောပါတယ်။
ယောက်ျား ၆ ရာခိုင်နှုန်းနဲ့ မိန်းမ ၃ ရာခိုင်နှုန်းကကျတော့ အစားအသောက် ပျက်နေတာ၊ ဒါမှမဟုတ်လည်း တရားလွန် စားဖြစ် သောက်ဖြစ် နေတာကို မပြောဘဲ ဖုံးထားကြပြန်သတဲ့။ တစ်မျိုးကြီးပဲနော်။

ကိုယ့်ရဲ့ အဆက်ဟောင်းအကြောင်းကို ကိုယ့်အိမ်ထောင်ဖက်က သိရဲလား?

တကယ်တော့ ကိုယ့်အိမ်ထောင်ဖက်ရဲ့ အတိတ်ဇာတ်လမ်းကို စပ်စုချင်တတ်တာဟာ လူ့သဘာဝပါပဲ။ ဒါပေမယ့် အိမ်ထောင်ဖက်တွေအနေနဲ့ကျ သည်ကိစ္စကို ဘယ်လောက် ပြောဖြစ်ကြလဲဆိုတာ စဉ်းစားစရာပါ။

အဆက်ဟောင်းတွေအကြောင်း ယောက်ျားတွေ သိရဲ့လားလို့ မေးတဲ့အခါ အိမ်ထောင်ရှင်အမျိုးသမီး ၆၂% က “ဒါတွေကို ကျွန်မယောက်ျား အကုန် သိပြီးသားပါ”လို့ ပြောကြပေမယ့် အဲသလို အိပ်သွန်ဖာမှောက် ပြောပြီးသားပါလို့ ဖြေတဲ့ ယောက်ျားကျ ၅၂% သာ ရှိပါတယ်။ နောက်ထပ် ၃၈%သော ယောက်ျားတွေကတော့ သူတို့ဇနီးတွေဟာ သူတို့ရဲ့ အတိတ်ဇာတ်လမ်းတွေနဲ့ ပတ်သက်လို့ အနည်းအကျဉ်းတော့ သိတယ်လို့ ဆိုပါတယ်။ တချို့ (၂၂%)ရဲ့အလိုအရ အဲသလို နည်းနည်းပဲ သိကြတာဟာ ဇနီးသည်တွေကိုယ်၌က နှိုက်နှိုက်ချွတ်ချွတ် မမေးကြလို့လို့ ဆိုပါတယ်။ အဲ… ၁၇%သော ယောကျာ်းတွေကတော့ သူတို့ ကိုယ်တိုင်က အကုန် ပြောပြဖို့ ရည်ရွယ်ရင်း မရှိဘူးလို့ ဆိုပြန်တယ်။

သည်အထဲမှာ ယောကျာ်း ၁၀ ရာခိုင်နှုန်းနဲ့ မိန်းမ ၅ ရာခိုင်နှုန်းကသာ သူတို့ရဲ့ အဆက်ဟောင်းတွေအကြောင်းကို ကိုယ့်အိမ်ထောင်ဖက်ကို လုံးလုံး ပြောမပြခဲ့ဘူးလို့ ဖြေပါတယ်။

ဒါတွေကို ပြောခြင်း၊ မပြောခြင်း၊ သိခြင်း၊ မသိခြင်းဟာ အရေးကြီးသလားလို့ မေးစရာရှိပါတယ်။ အတိတ်က အဖြစ်မှန်တွေ သိရခြင်း၊ မသိရခြင်းနဲ့ အောင်မြင်တဲ့ အိမ်ထောင်ရေးနဲ့ ဘာမှ မဆိုင်ပါဘူးလို့ ဝက်ထ်ဇလာ ကတော့ ဆိုပါတယ်။ “လူတစ်ယောက်ကို ယုံကြည် ကိုးစားဖို့အတွက် အဲဒီ့ လူတစ်ယောက်ရဲ့အကြောင်းကို အူမချေးခါး မကျန် သိထားမှ ဆိုတဲ့ ခံစားချက်မျိုးကတော့ လူတိုင်းမှာ ရှိတတ်စမြဲပါပဲ။ အိမ်ထောင်ရေးမှာ ကျတော့ ကိုယ်အကုန်သိတယ်လို့ ကိုယ့်ဘာသာကိုယ် ယုံကြည်နေရင် ပြီးသွားတာပါပဲ”လို့လည်း သူက ပြောပါတယ်။

ဆိုလိုတာက အိပ်သွန်ဖာမှောက်ပဲ ပြောပြထားထား၊ ဘာမှ မပြောဘဲ ထားထား၊ တစ်ချို့တစ်ဝက်ပဲ ပြောထားထား၊ ကြားရတဲ့ သူအဖို့ သူ ကြားလိုက်ရသလောက်က အကုန်လို့ ယုံမှတ်နေသမျှ အဟောဝတဆိုတဲ့ သဘောပါပဲ။

အိမ်ထောင်ကျတယ်ဆိုတာ အသက်ဝိဉာဉ်ကင်းမဲ့သွားတာမဟုတ်ပါ ဘူး။ ဒါကြောင့် အိမ်ထောင်သည်တွေမှာလည်း သူ့ဟာလေးနဲ့သူ ကြိတ် ဖြစ်နေတဲ့ အဆိုးအပြစ်လေးတွေ ရှိကြစမြဲပါပဲ။ စစ်တမ်းရ ယောကျာ်း ၁၉ ရာခိုင်နှုန်းနဲ့ မိန်းမ ၁၀ ရာခိုင်နှုန်းဟာ ကိုယ့်အိမ်ထောင်ဖက် မဟုတ်တဲ့ တခြားသူ တစ်ယောက်ယောက်အပေါ်မှာ ဖျိုးခနဲ ဖျတ်ခနဲလောက်လေးပဲ ဖြစ် ဖြစ်၊ လှစ်ခနဲ စိတ်ကစားလိုက်တာလေးကို ဖုံးကွယ်ထားတယ်လို့ ပြောကြပါတယ်။ ဒါ့အပြင် အဖော်အချွတ်တွေပါတဲ့ မီဒီယာတွေကို ကြည့်ဖြစ်မှန်း၊ ကြည့်ရတာ ဝါသနာပါမှန်း ကိုယ့်အိမ်ထောင်ဖက်ကို ဖွင့်မပြောတဲ့ ယောက်ျား ကလည်း ရှစ်ရာခိုင်နှုန်းရှိတယ်လို့ သိရပြန်တယ်။
အိမ်ထောင်ရှင်တွေဟာ ကိုယ့်စိတ်ကူးယဉ်အိပ်မက်တွေကိုရော ပြောပြတတ် ကြသလား?

စိတ်ကူးယဉ်တာတွေ၊ စိတ်ကူးဉာဏ်ကွန့်မြုးတာတွေကို ကိုယ့် အိမ်ထောင်ဖက်ကို ပြောပြဖူးပါသလားလို့ မေးတဲ့အခါ စစ်တမ်းမှာပါတဲ့ ကျားမ ငါးယောက်မှာ တစ်ယောက်ကတော့ ကိုယ့်စိတ်ကူး အိပ်မက်ကလေးကို ကိုယ့်ဘာသာ တိတ်တိတ်ကလေးပဲ ဝှက်ထားတယ်လို့ ဖြေကြပြန်တယ်။
ဒါ ကိုယ့်အိမ်ထောင်ဖက် သိစရာမှ မလိုတာလေတဲ့။ သုတေသီတွေထဲက ဂျူလီ ဂေါ့တ်မယ်န်ကတော့ သည်အဖြေကြောင့် တော်တော့်ကို စိတ်ပျက် လက်ပျက် ဖြစ်ရကြောင်း ပြောပါတယ်။ “စိတ်ကူးယဉ်အိပ်မက်ဆိုတာဟာ လူတစ်ယောက်ရဲ့ အနက်ရှိုင်းဆုံး အပိုင်းပါပဲ။ အိမ်ထောင်ရှင်တွေအနေနဲ့ တစ်ယောက်ကိုတစ်ယောက် အဲဒီ့ စိတ်ကူးအိပ်မက်တွေကို ဖွင့်ပြောဖြစ်ဖို့ အတွက် တစ်ယောက်ကို တစ်ယောက် စိတ်ချနေမှ ဖြစ်မှာပါ။ အခု ရလာဒ်အရ ဆိုရင်တော့ အိမ်ထောင်ရှင် ငါးစုံမှာ တစ်စုံကတော့ တစ်ယောက်ကို တစ်ယောက် စိတ်မချနိုင်၊ မယုံကြည်နိုင်ဘူးလို့ ပြောရမလို ဖြစ်နေတယ်”လို့ သူက ပြောပါတယ်။

စစ်တမ်းမှာ ပါဝင်သူများအနက် ထက်ဝက်ထက် ပိုတဲ့ အရေအတွက် (၅၆%)က တိတ်တိတ်ကလေး ကြိတ်ပြီး စိတ်ကူးယဉ်နေသူတွေ ဖြစ်နေကြပါတယ်။ အထူးသဖြင့် အိမ်ထောင်သက် ငါးနှစ်ထက် နည်းသူတွေမှာ ဆိုရင် ကိုယ့်အိမ်ထောင်ဖက်နဲ့ အတူ ခရီးယာယီ သွားလိုက်ချင်ပေမယ့် အဲဒီ့ကိစ္စကို လေသံတောင် မသလပ်ဖြစ်ဘူးတဲ့။ တချို့ (၅၃%)ဆိုရင် တစ်ရပ်တစ်ကျေးကို ပြောင်းနေချင်တာ၊ တချို့ (၄၂%)က တစ်ယောက်တည်း ခရီးသွားချင်တာ၊ တချို့ (၄၁%)က အလုပ်အကိုင် ပြောင်းချင်တာ၊ တချို့ (၂၁%)က ခဏလောက် တစ်ယောက်တည်း နေချင်တာ၊ တချို့ (၁၄%)က အိမ်ထောင်ရေး ဖောက်ပြန်မှု ကျူးလွန်ချင်တာတွေကို စိတ်ထဲမှာပဲ တနုံ့နုံ့နဲ့ ကြိတ်ပြီး အိပ်မက်မက်နေကြပါသတဲ့။ အဲ… တချို့(၁၀%)ဆို ခွေးမွေးချင်တာတောင် အိမ်ထောင်ဖက်ကို ပြောမထွက်ဘူးလို့ ဆိုပါတယ်။
ဘာကြောင့် အဲသလို ကိုယ့်စိတ်ကူး၊ ကိုယ့်အိပ်မက်ကို ပြောမထွက်ကြတာလဲ။

“သည်လို စိတ်ကူးအိပ်မက်တွေကို ပြောလိုက်တာဟာ ပိုနေမြဲ ကျားနေမြဲ အနေအထားအတွက် အင်မတန် အန္တရာယ် များလို့ပါ။ စိတ်ကူးအိပ်မက်ကို ပြောလိုက်တာနဲ့ လက်ရှိ အနေအထားကို သိပ်မနှစ်မြို့တော့တဲ့ သဘောက အလိုလို သက်ရောက်သွားနိုင်တယ်။ တချို့ကိစ္စတွေမှာဖြင့် ကိုယ့်စိတ်ကူးထဲမှာ ဘယ်ကဲ့သို့ ဘယ်ချမ်းသာ ဖြစ်နေတယ်၊ ဒါပေမယ့် အဲဒါတွေကို ပြောပြလိုက်ရင် ကြားရသူမှာ ရင်သပ်ရှုမောနဲ့ မတ်တတ်က လဲသွားနိုင်တယ်လို့ လူအတော်များများက ထင်ကြတယ်”လို့ ဂျော်န် ဂေါ့ထ် မယ်န်က ဆိုပါတယ်။

သည်တွေ့ရှိချက်တွေပေါ်မှာ အခြေခံပြီး ရို့ဒ်ကျွန်းက စိတ္တဗေဒ ပါရဂူ ဆရာဝန်ကြီး “ပီတာ ခရာမာ”က အိမ်ထောင်ရေးကို စဉ်းစားတဲ့အခါ အခုထက် ပိုပြီး ပျော့ပျော့ပြောင်းပြောင်း စဉ်းစားသင့်တယ်လို့ အကြံပေးပါတယ်။ “လူတွေအနေနဲ့ ခဏတဖြုတ်လေးလောက် ယာယီ ထွက်ပေါက်၊ ယာယီ ထွက်ပြေး လွတ်မြောက်ချင်ကြတဲ့အခါမှာ အဲဒါလေးကြောင့် တစ်ဘဝလုံးစာ ရည်မှန်းထားတဲ့ အိမ်ထောင်ရေး ဘဝကြီးကို အစွန်းအထင်း မခံသင့်ဘူးဗျ။ ကျွန်တော့်မှာ မိတ်ဆွေ တစ်ယောက်ရှိတယ်။ ကော်လာဖြူ (ရုံးဝန်ထမ်း) တစ်ယောက်ပေါ့။ သူက တစ်နှစ် တစ်ခါတော့ ပင်လယ်ကူး သင်္ဘောနဲ့ တစ်ယောက်တည်း တစ်လလောက် ပျောက်ပျောက်သွားတတ်တယ်။ ဒါပေမယ့် သူ့အိမ်ထောင်ရေးလည်း အဆင်ပြေနေတာပါပဲ။ ဆိုလို တာက အိမ်ထောင်ရေးမှာ တစ်ယောက်နဲ့ တစ်ယောက် ညှိယူလို့ ရတာတွေ အများကြီးပါဗျာ“လို့ သူကပြောပါတယ်။
အလွယ်ဆုံး နည်းက ဘာလဲ?

စစ်တမ်းမှာ အိမ်ထောင်သည်တွေကို တစ်ခု ထပ်မေးကြည့်ကြပါသေးတယ်။ မနက်အိပ်ရာက နိုးလာတဲ့အခါမှာ ရုတ်တရက် ချက်ချင်း ကိုယ်ဟာ အိမ်ထောင်သည်တစ်ယောက် မဟုတ်တော့ဘူးလို့များ မခံစားချင်ကြဘူးလား၊ အမှန်အတိုင်း ဝန်ခံကြစမ်းပါလို့ ပြောတဲ့အခါမှာ ၁၆ရာခိုင်နှုန်းသော ယောကျာ်းများရော၊ မိန်းမများပါ ဟုတ်တယ်၊ အဲသလို သိပ်ဖြစ်ချင်တာပဲလို့ ပြောကြပါတယ်။

“သည်အဖြေရဲ့ အဓိပ္ပာယ်ကတော့ လူတွေဟာ ကိုယ်ရောက်နေတဲ့ အိမ်ထောင်ရေးထဲကနေ ရုန်းထွက်ဖို့ ခက်နေတဲ့အခါ ကိုယ့်ဘဝကိုယ် မကျေမနပ် ဖြစ်နေကြတယ်။ အဲသလို မကျေမနပ် ဖြစ်နေတာကိုကျတော့ ဝန်မခံ ချင်ကြပြန်ဘူး”လို့ ဝက်ထ်ဇလာက ဆိုပါတယ်။

ဒါပေမယ့် ဝက်ထ်ဇလာ့အဆိုကို ဒေါက်တာ ခရာမာက သဘောမတူ ပါဘူး။ “သည်လို စိတ်ကူးယဉ်တာမို့ အိမ်ထောင်ရေးမှာ ပြဿနာ ရှိနေတယ်လို့ သွား အနက်ကောက်မယ်ဆိုရင် တက်တက်စင် မှားသွားမှာပါ။ အိမ်ထောင်ရေးခရီးဆိုတာ တကယ့်ကို အားကြိုးမာန်တက်နဲ့ ဝါယမ စိုက်ရတာမျိုးမို့ မောပန်းနွမ်းလျနေလို့ ပြောတဲ့စကားတွေပါ”လို့ သူက ဆိုပါတယ်။

ဆိုတော့ အကုန်လုံး အိပ်သွန်ဖာမှောက် ပြောပြဖို့ အရေးကြီးသလားလို့ မေးကြည့်ပြန်တဲ့အခါ အောင်မြင်တဲ့ အိမ်ထောင်ရေးကို နှစ်ပေါင်း လေးဆယ်တိတိ ဖြတ်သန်းခဲ့ဖူးတဲ့ အမျိုးသားကြီးကတော့ “သိပ်ပြောသင့်တာပေါ့ဗျာ။ ဘာမှ မချန်ကြေး၊ ကောင်းတာရော၊ ဆိုးတာရော၊ အကုန်သာပြော။ အဲဒါဆို အဲသည့် အိမ်ထောင်ရေး ခိုင်ပြီသာ မှတ်”လို့ ဖြေပါတယ်။

အိမ်ထောင်သက် ၃၃ နှစ် ရှိခဲ့ပြီဖြစ်တဲ့ အမျိုးသမီးကြီးကလည်း “တစ်ဖက်သားက ဆက်မကြားချင်တော့တဲ့ အရိပ်အရောင် မပြမချင်းတော့ အိပ်သွန် ဖာမှောက် ပြောနိုင်သမျှ ပြောသင့်တယ်”လို့ ဆိုလိုက်ပြန်တယ်။ ဒါပေမယ့် နောက်တစ်ယောက်ကကျပြန်တော့ “အဲသလို ပြောလိုက်ရင် ကိုယ့်လည်ပင်း ကိုယ် အရှင်လတ်လတ် ကြိုးကွင်းစွပ်သလို ဖြစ်သွားမှာပေါ့”ဆိုတဲ့ စကားနဲ့ ပြောရေးဖက်က အဆိုကို ကန့်ကွက်ပြန်တယ်။

ကိုင်း… အိမ်ထောင်ရေး ပုံစံ သုံးမျိုး ထွက်မလာပေဘူးလား။ အမြင်ကလည်း သည်မှာတင် သုံးမျိုးကွဲနေတယ်။ အိမ်ထောင်ရှင်တွေထဲမှာတင် အကုန်လုံး ပြောသင့်တယ်ဆိုတဲ့သူက တစ်ယောက်၊ တစ်ဖက်သား နားခံနိုင်တဲ့အတိုင်းအတာအထိ ပြောသင့်တယ်ဆိုတဲ့သူက တစ်ယောက်၊ မပြောသင့်ဘူးဆိုတဲ့ သူက တစ်ယောက် ဆိုပြီး သုံးစား ကွဲနေတယ်။

ပညာရှင်တွေကရော ဘယ်လို ပြောကြတယ် မှတ်လဲ။

ဒေါက်တာ ခရာမာကတော့ “သာယာတဲ့ အိမ်ထောင်ရေးဆိုတာဟာ အားလုံး ဖွင့်ပြောခြင်း မပြောခြင်းအပေါ်မှာ မတည်ပါဘူးဗျာ။ တစ်ခါ တစ်ခါကျတော့ ပြောလိုက်တော့မှ တစ်ဖက်လူမှာ စိတ်အနှောင့်အယှက်တွေ ဖြစ်ပြီး ဆောက်တည်ရာမရတွေလည်း ဖြစ်ကုန်နိုင်သေးတယ် မဟုတ်လား”လို့ ပြောပါတယ်။

ပါမောက္ခဂေါ့ထ်မယ်န်တို့ ဇနီးမောင်နှံကတော့ နှစ်ပေါင်း နှစ်ဆယ်ကျော်အတွင်းမှာ အိမ်ထောင်ရှင် စုံတွဲပေါင်း ၃၀ဝ၀ ကျော်ကို လေ့လာစူးစမ်း မှတ်သားခဲ့ကြသူများပါပဲ။ သူတို့ကလည်း ရက်စက်တဲ့ ရိုးသားဖြောင့်မတ်မှုဟာ အခါခပ်သိမ်းတော့ မသင့်တင့် မလျောက်ပတ်လှဘူးလို့ ဆိုတဲ့စကားနဲ့ ဒေါက်တာခရာမာရဲ့အဆိုကို သဘောတူကြပါတယ်။

လေးနက်ခက်ခဲတဲ့ အကြောင်းရပ် တွေကို ပြောနိုင်ဖို့အတွက် ရင်းနှီး ကျွမ်းဝင်မှုဆိုတဲ့ အုတ်မြစ်အပေါ်မှာ အခြေခံရမယ်လို့လည်း ဆိုပါတယ်။ “တော်တော်ကြီးကို အကဲဆတ်တဲ့ ကိစ္စတစ်ခုခုကို ပြောချင်တဲ့အခါမှာ အရေးမပါလှတာကနေ မစဘဲ စိတ်ထိခိုက်စရာ အကောင်းဆုံးနေရာက စ ပြောတာ ပိုကောင်းတယ်”လို့ ဂျော်န် ဂေါ့ထ်မယ်န်က ပြောပါတယ်။

ပထမဆုံးအဆင့်အနေနဲ့ကတော့ ကိုယ့်အိမ်ထောင်ဖက် ဘာတွေ တွေးနေလဲဆိုတာ အမှန်အတိုင်း သိအောင် အရင် လုပ်သင့်တယ်လို့လည်း သူက အကြံပေးပါတယ်။

အထက်မှာ တစ်လျှောက်လုံး ကိုးကားခဲ့တဲ့ စစ်တမ်းကို ၂၀ဝ၁ခုနှစ် မတ်လ ၁၉ ရက်မှ မတ်လ ၃၁ ရက်အတွင်းမှာ တယ်လီဖုန်းနဲ့ လုပ်ခဲ့တာပါ။ ဖြေကြားသူတွေကတော့ အသက် ၁၈ နှစ် အထက် အိမ်ထောင်ရှင်ပေါင်း ၁၀ဝ၀ ဖြစ်ပါတယ်။ ဒါပေမယ့် အိမ်ထောင်ရှင်တွေကို အတူယှဉ်တွဲပြီး မေးခဲ့တာ မဟုတ်သလို ကိုယ့်ပြောစကားကို ကိုယ့်အိမ်သူအိမ်သား မကြားစေရအောင် စီစဉ်ပြီးမှ မေးမြန်းခဲ့တာလို့ သိရပါတယ်။

ဒါတွေကိုဖတ်ပြီး စာဖတ်သူများကို ပြန်ပြောပြဖြစ်နေတဲ့ ကျွန်တော်ကတော့ အိမ်ထောင်ရှင်တစ်ယောက်လည်းဖြစ်၊ သူများတကာရဲ့ အိမ်ထောင်ရေး ကိစ္စတွေမှာလည်း အတတ်နိုင်ဆုံး အကျိုးဆောင်ပေးနေသူလည်း ဖြစ်တဲ့အပြင် ကျွန်တော်ကိုယ်၌က အလုံးစုံ ရိုးသား ပွင့်လင်းရေးမူကို စွဲမြဲ လက်ခံ ကျင့်သုံးနေတာမို့ အိမ်ထောင်ရေး အပါအဝင် ဘယ်ဆက်ဆံရေးမှာဖြစ်ဖြစ် ပွင့်လင်းရိုးသား တည်ကြည် ဖြောင့်မတ်လေ၊ နေရထိုင်ရတာ လိပ်ပြာ သန့်လေ၊ ဆက်ဆံရေးလည်း ပိုမို တိုးတက် ဖြစ်ထွန်းလေလို့သာ ယုံကြည် ပါတယ်။

ဒါပေမယ့် အဲဒါ ကျွန်တော့် တစ်ဦးတည်းရဲ့ ပုဂ္ဂလိက အယူအဆပါ။ စာဖတ်သူလူကြီးမင်းများ အားလုံးမှာလည်း ကိုယ်ပိုင် ဆင်ခြင်ဉာဏ်များ အသက အသကနဲ့ ဖြစ်ကြတာမို့ ကျွန်တော် ပြောတာကို ယတိပြတ် လက်ခံရမယ်လို့ မပြောဝံ့ပါဘူး။ မိမိတို့ ကိုယ်ပိုင်ဉာဏ်နဲ့ ချင့်ချိန် စဉ်းစားကြပြီး အကောင်းဆုံးလမ်းကို ရွေးချယ်နိုင်ကြအောင် ကျွန်တော် ဖတ်မိလိုက်သမျှ ပြန်လည် ဖောက်သည်ချပေးလိုက်တာသာ ဖြစ်ပါတယ်။

(Source: How Honest Are Couples, Really? by Louise Lague from the August 2001 issue of Reader’s Digest)

Sunday, October 4, 2009

ပေါ့ ပေါ့ ပါး ပါး ပြုံး


ခလေးစိတ် မကုန်နိုင်သေးသော လူကြီးများ
သတိ...သတိ

Saturday, September 26, 2009

► Because you Loved me


For all those times you stood by me
For all the truth that you made me see
For all the joy you brought to my life
For all the wrong that you made right
For every dream you made come true
For all the love I found in you
I'll be forever thankful baby
You're the one who held me up
Never let me fall
You're the one who saw me through through it all


You were my strength when I was weak
You were my voice when I couldn't speak
You were my eyes when I couldn't see
You saw the best there was in me
Lifted me up when I couldn't reach
You gave me faith 'coz you believed
I'm everything I am
Because you loved me


You gave me wings and made me fly
You touched my hand I could touch the sky
I lost my faith, you gave it back to me
You said no star was out of reach
You stood by me and I stood tall
I had your love I had it all
I'm grateful for each day you gave me
Maybe I don't know that much
But I know this much is true
I was blessed because I was loved by you


You were my strength when I was weak
You were my voice when I couldn't speak
You were my eyes when I couldn't see
You saw the best there was in me
Lifted me up when I couldn't reach
You gave me faith 'coz you believed
I'm everything I am
Because you loved me


You were always there for me
The tender wind that carried me
A light in the dark shining your love into my life
You've been my inspiration
Through the lies you were the truth
My world is a better place because of you


You were my strength when I was weak
You were my voice when I couldn't speak
You were my eyes when I couldn't see
You saw the best there was in me
Lifted me up when I couldn't reach
You gave me faith 'coz you believed
I'm everything I am
Because you loved me


I'm everything I am
Because you loved me

Thursday, August 27, 2009

မြန်မာပြည်သူတွေ ငတ်မှ ဒီမိုကရေစီရမလား-- မဟော်သဓာ( ခေတ်ပြိုင် ဆွေးနွေး ခန်း )

(ကြိုက်နှစ်သက်၍ ထပ်ဆင့်တင်ပြသောဆောင်းပါးဖြစ်သည်။ မည်သူမဆိုလွပ်လပ်စွာသဘောထားကွဲလွဲပိုင်ခွင့်ရှိသည်။)
အမေရိကန်ရဲ့ မြန်မာနိုင်ငံအပေါ်ပြောင်းလဲကျင့် သုံးမယ့်ပေါ်လစီကို ကျနော်မ၀ံ့မရဲမျှော်လင့်နေခဲ့သည်။ တစုံ တရာအကောင်း
ဘက်သို့ ပြောင်းလဲလာနိုးမျှော်ကိုးမိသော ကျနော်သည်မြန်မာစစ်အစိုးရနှင့် နီးစပ်သူစီးပွားရေး လုပ်ငန်းရှင် တစ်ယောက်မဟုတ် သကဲ့သို့ စွမ်းအားရှင်အဖွဲ့ ဝင် တစ်ယောက်လည်းမဟုတ်ပါ။

ကျနော်သည်မြန်မာပြည်ဒီမိုကရေစီရေး အတွက်အတိုက်အခံ အင် အားစုများနှင့်တတ်နိုင် သည့်ဘက်မှပူးပေါင်းလုပ်ကိုင်နေသူ တစ်ယောက်သာဖြစ်ပါသည်။တဘက်တွင်အမေရိကန်ကိုလိုလားသူအဖြစ်နှင့်သော်လည်းကောင်း၊ ဆန့် ကျင်သူအဖြစ်လည်း ကောင်း မမြင်လိုပါ။ အမေရိကန်သည်ကမ္ဘာ့ထိပ်သီးပြိုင်ဘက်ကင်းစူပါ ပါဝါနိုင်ငံတနိုင်ငံဖြစ်သော်လည်း ကျနော့အနေဖြင့် တော့မျက်နှာချိုသွေးပြီးဖက်တွယ်နေစရာလိုသည်ဟုမမြင်ပါ။

အမေရိကန်ကမြန်မာပြည်အပေါ်စီးပွားရေးပိတ်ဆို့ သည့်ဥပဒေကိုပိုမိုတင်းကျပ်လာခဲ့သည့်အချိန်မှစပြီးမြန်မာပြည်တွင် အလုပ်ရုံ စက်ရုံပေါင်းများစွာဆက်တိုက်ပိတ်လိုက်ရသည်။အလုပ်ရုံ စက်ရုံတရုံတွင်အလုပ်သမားအနည်းဆုံး ၃၀၀၀ မှ ၅၀၀၀ကြား အလုပ် သမားများရှိနေကြသည်။စက်ရုံ၁၀ ရုံဆိုလျှင် အလုပ်သမားသုံးသောင်းမှ ငါးသောင်းကြားအလုပ်ပြုတ်ကုန်ကြသည်။ အခုဆိုလျှင် ပိတ်လိုက်ရသည့်စက်ရုံပေါင်း ရာနှင့်ချီပြီးရှိနေပြီဖြစ်သည်။ ထိုအလုပ်သမားတစ်ယောက်ချင်းစီတွင်သူ့ ကိုမှီခိုအားထားနေကြ သောသက်ကြီးရွယ်အိုမိဘများ၊ကျောင်းတက်ပညာရှာနေသော ညီအစ်ကိုမောင်နှမများ များစွာရှိနေကြပြန်သည်။ အစ်မလခထုတ်ပြီးပြန်လာမှ ဆန်ဝယ်ပြီးထမင်းချက်ဖို့ စောင့်နေကြသည့်ညီမငယ်လေးသည် အစ်မအလုပ်ပြီးပြန် လာသော မျက်နှာ ကိုတွေ့ ရသောအခါ သူမဆန်ဝယ်ရန်မပြောရဲရှာတော့။အိပ်ရာထဲတွင်နေမကောင်းသဖြင့်လဲနေသော အမေအိုကြီးသည် လည်း သူမ၏ချောင်းဟန့် သံကိုပင်ကျယ်ကျယ်မထွက်ဝံ့ရှာ။သူ့ သမီးပိုပြီးစိတ်ထိခိုက်ရှာပေလိမ့်မည်။

(သနပ်ခါး တစ်ခုဘဲ ချမ်းသာရ ရှာတဲ့ မြန်မာမလေး)

ထိုကဲ့သို့ သောအိမ်ထောင်စုထောင်သောင်းချီပြီးအမေရိကန်စီးပွားရေးပိတ်ဆို့ မှု၏သားကောင်ဖြစ်ခဲ့ရသည်။တချို့  ကစောဒက တက်ကြသည်။မြန်မာပြည်စီးပွားရေးမကောင်းသည်မှာအမရေိကန်၏စီးပွားရေးပိတ်ဆို့ မှုကြောင့်မဟုတ်ပဲ စစ်အစိုးရအဆက် ဆက် စီးပွားရေးစီမံခန့် ခွဲမှုညံ့ဖျင်းမှုကြောင့်ဟုဆိုကြသည်။ကျနော့အနေဖြင့် စီပွားရေးပညာရှင်မဟုတ်သဖြင့်စစ်အစိုးရ၏စီးပွား ရေးစီမံမှုညံ့ဖျင်းသည်လား တော်သည်လားကိုမဝေဖန်တတ်ကြောင်းရိုးသားစွာ ၀န်ခံရပါလိမ့်မည်။ သို့ သော် စက်ရုံတရုံ မြန်မာ ပြည်တွင်လာဖွင့်လျှင် မြန်မာပြည်သူတွေ ရာထောင်ချီပြီးအလုပ်ရကြသည်။

သူတို့ စားဝတ်နေရေးအဆင်ပြေကြသည်။မြန်မာပြည်သူတို့ စားဝတ်နေရေးဒုက္ခမှကင်းလွတ်ကြသည်။ပြည်သူတို့ ၏ဘ၀အေး ချမ်းကြမည်။ဒါကိုတော့ကျနော်စဉ်းစားတတ်သည်။စက်ရုံပိတ်ပြီးနောက်ပိုင်းအလုပ်ပြုတ်သွားကြသောအလုပ်သမပေါင်းထောင်သောင်းတို့ သည် ဖြစ်သည်နည်းဖြင့်တဘက်နိုင်ငံကိုသွားပြီးအလုပ်ရှာကြရသည်။ သူတို့ ကတရားဝင်သွားကြသည်မဟုတ်သဖြင့်ထိုင်းလူမျိုးတို့ ၏နည်းမျိုးစုံဖြင့်ချိုးနှိမ်ခိုင်း စေခြင်းကို ခံကြရရှာသည်။လုပ်အားအရနှိမ်ခြင်း၊ လူမျိုးရေးအရနှိမ်ခြင်း၊လိင်ပိုင်းဆိုင်ရာအရနှိမ်ခြင်း စသည်ဖြင့်စသည်ဖြင့်။မြန်မာ့သမီး ကောင်းတို့  ထိုင်းလူမျိုးတို့ ၏ခြေတော်တင်အပျော်လုပ်ခြင်းကိုကျနော်တို့ မသိပဲ ဘယ်လောက်ထိခံနေကြရပြီလဲ။ဒါကိုဒီမိုကရေစီကိုတောင်းဆိုတိုက်ပွဲဝင်နေသူဆိုသူတွေသိမှသိပါလေစ။မြန်မာ့အဝေးရောက်စင်ပြိုင်အစိုးရအဖွဲ့ ၏၀န်ကြီးချုပ်ဆိုသူ၊၀န်ကြီးဆိုသူတွေကားသန်းနှင့်ချီပြီးကြုံရာကျရာအလုပ်ကိုလုပ်ကိုင်စားသောက်နေကြသောမြန်မာပြည်သားတို့ နှင့် တကြိမ် တခါမျှတွေ့ဆုံပြီးစကားပြောဖူးကြပါပြီလား။ တွေ့ ဆုံအားပေးစကားလေးများပြောဖူးကြပါပြီလား။

(တရုပ်ပြည်မှာ အသွေးအသားကို ရောင်းစားနေရတဲ့ မြန်မာမတစ်ဦး)

ပြည်တွင်းပြည်ပတွင်ဒီလောက်ဒုက္ခပင်လယ်ဝေနေကြသောမြန်မာပြည်သူတွေကိုတွေ့ မြင်နေကြပါလျှက်ထပ်ပြီးလည်းစီးပွားရေး ပိတ်ဆို့ မှုကိုကျနော်တို့ ထပ်ပြီးအားပေးနေကြတောင်းဆိုနေကြမည်ဆိုလျှင်ကျနော်တို့ လုပ်ရပ်တရားပါအုံးမည်လား။ စီးပွားရေးပိတ်ဆို့ လျှင်ပြည်သူတို့ စီးပွားရေးပျက်မည်။အလုပ်လက်မဲ့များပြသနာများ များလာသောအခါ ပြည်သူတို့ ဆူပူအုံကြွ မည်။ထိမ်းမနိုင်သိမ်းမရဖြစ်လာသောအခါ အစိုးရအပြောင်းအလဲဖြစ်လာလိမ့်မည်။ စသည့်ဤမဟာဗျူဟာစဉ်းစားမှုတို့ သည်
မြန် မာပြည်အတွက်တကယ်အသုံးဝင်ရဲ့ လားဆိုသည်ကို နှစ်ပေါင်းနှစ်ဆယ်ကျော်လာပြီဖြစ်သောဒီမိုကရေစီ တိုက်ပွဲ အခြေ အနေ ကိုကြည့်ပြီးကျနော်တို့ ပြန်လည်စဉ်းစားသင့်ပြီဟုမြင်ပါသည်။

တကယ်တမ်းတွင်ကျနော်တို့ တိုင်းပြည်၏အခြေအနေသည် စစ်အစိုးရပြုတ် ဒီမိုကရေစီအစိုးရတက်ခုရေတွင်းတူး ခုရေကြည် သောက် အနေအထားမျိုးမဟုတ်ဟုသာ ကျနော်ထင်ပါသည်။မြန်မာပြည်၏အနေအထားသည် နာတာရှည်ရောဂါသည် တစ် ယောက်ပမာဖြစ်ပြီး ကျနော်တို့ အချိန်ယူကုသဖို့ လိုအပ်ပါသည် ။မြန်မာပြည်လွတ်လပ်ရေးရပြီးကတည်းက တစိမ့်စိမ့်လှိုက်ဝင်တိုက်စားနေသောမြန်မာပြည်၏အနာစိမ်းပြည်တည်နေမှုကို ယနေ့ စစ်အစိုးရကိုသာအပြစ်ပုံချပြီးသူ့ ကိုသာတရားခံဟုလက်ညှိုးထိုးစွတ်စွဲပြီးတရားခံလုပ်နေကြလျှင် တရားမျှတမှုကို လိုချင် သော ကျနော်တို့  အလုပ်သည်တရားမျှတကြပါမည်လား။တကယ်တမ်းစစ်အစိုးရအဆက်ဆက်တွင်တာဝန်ရှိသည်ဟုဆိုလျှင်၁၉၆၂ ခု ဗိုလ်ချုပ်ကြီးနေ၀င်းအာဏာသိမ်းစဉ်က အားပေးကူညီခဲ့ကြသော ထိုစဉ်က ဆိုရှယ်လစ်များကို ကျနော်တို့ မေ့ထားလျှင် ကား တရားမျှတပါမည်လား။ တကယ့်တရားခံသည်စစ်တပ်တခုတည်းမဟုတ်ပဲ ထိုစဉ်ကစစ်တပ်ကို တိုင်းပြည်၏အာဏာကို ၀ကွက် အပ်ခဲ့သော ကွယ်လွန်သူဝန်ကြီးချုပ်ဦးနုတွင်လည်းတာဝန်မကင်းပါ။ စစ်တပ်အာဏာ သိမ်းမှုကိုတိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်ပြီးသော်လည်းကောင်းအားပေးခဲ့ကြသော ထိုစဉ်က ဗမာနိုင်ငံရေးခေါင်းဆောင်တိုင်းတွင်တာဝန်ကိုယ်စီရှိကြပြီးသူ
တို့ ကိုလည်းယနေ့ တိုင်းပြည်၏တရားခံထဲတွင်ထည့်ကြရပါမည်။သူ့ ပါတီကိုယ့်ပါတီအပြန်အလှန်မဲဆွယ်ကြစည်းရုံးကြ၊ပြီး တော့ပြည်သူတို့ ၏အဆုံးအဖြတ်ကိုနာခံကြစသည်ဖြင့်ဒီမိုကရေစီဖြင့်အသားကျနေခဲ့သော မြန်မာပြည်တွင်ရွေးကောက်ပွဲတွင် ရှုံးနိမ့်သဖြင့်မစားရတဲ့အမဲသဲနှင့်ပက်ခဲ့သောတချို့ နိုင်ငံရေးခေါင်းဆောင်များကြောင့် မြန်မာပြည်တွင်စစ်အုပ်ချုပ်ရေးအမြစ်တွယ် ခဲ့ရသည်။

ဤသို့ ဖြင့်တိုင်းပြည်၏နာတာရှည်စတင်ခဲ့ရသည့်မြန်မာပြည်သည် အခုမှ ဗိုလ်ချုပ်မှုးကြီးတွင်တာဝန်ရှိသည် သူ့ ကို နိုင်ငံတကာ ခုံရုံးကို တင်ရမည်၊ တပ်မတော်ခေါင်းဆောင်တွေက စစ်တပ်ကိုအသုံးချပြီးကိုယ်ကျိုးရှာသည်ထို့ ကြောင့် တပ်မတော် လက် အောက် အရာရှိတို့ က ယခုလက်ရှိတပ်မတော်ခေါင်းဆောင်များကို တပ်တွင်းပုန်ကန်မှုလုပ်ကြ စသည်ဖြင့်မိမိထင်ရာလျှောက် တွေးလျှောက်ပြောနေကြလျှင် ကျနော်တို့ အမှန်တကယ်လိုအပ်နေသော အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်ကြောင်းကိုရနိုင်ပါမည်လား။

အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကိုလိုချင်သည်ဟုလည်းပြောကြသည်တခါလက်ရှိအစိုးရကိုလည်း နိုင်ငံတကာခုံရုံးကိုတင်ဖို့  လုပ်ကြအုံးမည်ဆိုလျှင် အမျိုးသားပြန်လည်သင့်မြတ်ဖို့ မပြောနင့်ကျနော်တို့ ပြည်တွင်းတွင်ရှိသောအတိုက်အခံအားလုံး အင်းစိန် ထောင်ထဲကိုမရောက်လျှင်ပင်စစ်အစိုးရကိုကျေးဇူးတင်ကြရပါအုံးမည်။ ဘာကြောင့်နည်း။

ကိုယ့်ကိုကိုအသက်အန္တရယ်ကြုံလာသူတိုင်း မည်သူမဆို ဖြစ်သည့်နည်းဖြင့်ကာကွယ်ကြသည်မှာ ဓမ္မတာဖြစ်သဖြင့်စစ်အစိုးရ အနေဖြင့်သူလည်းကိုယ့်ကို ကိုကာကွယ်ဖို့ ကြိုးစားမည်ဖြစ်သဖြင့် ကိုယ့်ကိုအန္တရယ်ပြုမည်ဟုထင်ရသူတိုင်းကို ရှာဖွေ ပြီးသူတို့  ၏ရန်စွယ်မှန်သမျှကိုရှင်းမည်ဖြစ်သောကြောင့်ဖြစ်ပါသည်။ အကျိုးဆက်အဖြစ် ၂၀၁၀ ရွေးကောက်ပွဲပါပျက်ပြီး တမတ်သား စစ်အုပ်ချုပ်မှုကိုတောင်မရလိုက်ပဲတကျပ်သားစစ်အုပ်ချုပ်မှုဖြင့်မြန်မာပြည်သူတို့ နှစ်ပေါင်းများစွာ နောက်ထပ်စခန်းသွားနေကြ ရပါအုံးမည်။

စစ်အုပ်ချုပ်ရေးဖြင့်ထပ်ပြီးစခန်းသွားကြလျှင် အမေရိကန်နှင့်အနောက်အုပ်စုနိုင်ငံတို့ ကမြန်မာပြည်ကိုထပ်ပြီးပိတ်ဆို့ မှုလုပ်ကြ ပြန်အုံးမည်။မြန်မာပြည်သူတို့ ထပ်ပြီးဆင်းရဲဒုက္ခရောက်ကြပြန်အုံးမည်။ဤသို့ ဆိုလျှင်ယခုစဉ်းစားလုပ်ကိုင်နေကြသော မြန်မာ ပြည်ပြုပြင်ပြောင်းလဲရေးအစီအစဉ်သည် မြန်မာပြည်အတွက်အလုပ်ဖြစ်သလား မဖြစ်လားဆိုသည်ကို နိုင်ငံရေးသုခမိန်တို့ ပြန် လည်စဉ်းစားသင့်ပါပြီ။

ခုနောက်တခါ အီးယူကလည်းမြန်မာပြည်နှင့်ပတ်သက်ပြီး ပိုပြီးတင်းကျတ်သော ဒဏ်ခတ်မှုကိုစဉ်းစားမည်ဟု ဆိုလာပြန်သည်။ မြန်မာပြည်ကိုဒီထက်သာဝိုင်းဝန်းနှိပ်စက်ကြလျှင် မြန်မာပြည်သူ သမီးပျိုအားလုံးထိုင်းပြည်တန်ဆာရုံတွင် ဆန့် မှာမဟုတ်တော့ ဟုသာ ပြောလိုက်ချင်ပါသည်။ စီးပွားရေးပိတ်ဆို့ မှုပိုလုပ်လေလေ၊မြန်မာပြည်မှရင်းနှီးမြှုတ်နှံသူတွေထွက်သွားလေလေ ဖြစ်ပြီး မြန်မာပြည်သူတွေဒုက္ခဖြစ်လေလေဖြစ်ပါသည်။တခါမြန်မာပြည်တွင်ရင်းနှီးမြှုတ်နှံနေကြသောအမေရိကန်နှင့်ဥရောပမှ ရင်းနှီးမြုတ်နှံ သောကုမ္ပဏီများကိုထွက်အောင်လုပ်ခြင်းဖြစ်ပါသည်။ ဘယ်လိုမှမဖြစ်သင့်သောလုပ်ရပ်ဟုသာကျနော်ပြော လိုပါသည်။ ဘာကြောင့်နည်း။ဆိုပါစို့  အနောက်နိုင်ငံမှရင်နှီးမြှုတ်နှံသူတို့ အားလုံးမြန်မာပြည်ကထွက်သွားလိုက်ကြပြီပဲထား လိုက်ပါစို့ ။

နောက်ထပ်ဘယ်သူမှမလာကြတော့ဘူးလား။စစ်အစိုးရတွင် နိုင်ငံခြားဝင်ငွေပြတ်ပြီးဒုက္ခရောက်သွားမလား။ ထိုကဲ့သို့ ဘယ်တော့ မှဖြစ်လာလိမ့်မည်ဟုကျနော်မထင်ပါ။အနောက်နိုင်ငံမှ ကုမ္ပဏီများထွက်သွားလျှင်ထိုင်း၊တရုပ်၊ရုရှားတို့ မှလုပ်ငန်းရှင်တို့  ၀မ်းသာ အားရဖြင့်သူ့  ထက်ငါ ဦးအောင်အလုံးအရင်းဖြင့်ဝင်လာကြမှာ အသေအချာဖြစ်ပါသည်။မြန်မာပြည်မှ ထွက်သော မြေပေါ်မြေ အောက်သယံဇာတ တို့ ကိုသူ့ ထက်ငါ မရအရ ယူဖို့ ကြိုးစားကြမှာဖြစ်ပါသည်။စစ်အစိုးရအတွက်တော့ ဘယ်သူ့ ဆီက ငွေပဲ ဖြစ်ဖြစ် သူ့ အတွက်အသုံးတည့်မှာပင်ဖြစ်ပါသည်။ လတ်တလောတွင် မြန်မာပြည်သူတို့ အလုပ်ပြုတ်သွားတာပင်အဖတ်တင်ပါ မည်။ပြီးနောက်တရုတ်တို့ ထိုင်းတို့ စစ်အစိုးရနှင့်ပေါင်းပြီးအကျိုးအမြတ်ရသွားကြပါလိမ့်မည်။

ဆိုတော့ကျနော်တို့ ၏ဒီမိုကရေစီအရေးကိုထောက်ခံအားပေးနေသော အနောက်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်တွေ ကိုအကျိုး အမြတ်ရသည်ကိုဖျက်လို ဖျက်ဆီးလုပ်ပြီး ကျနော်တို့ ကိုအားမပေးသော ရုရှားတို့ တရုတ်တို့ ကိုအကျိုးအမြတ်ရအောင် လုပ် တာနှင့်တူမနေဘူးလား။ ကျနော်တို့ က ကျနော်တို့ မိတ်ဆွေမဟုတ်ဆိုသူတွေကိုတော့အခွင့်အရေးပေး ပြီးမိတ်ဆွေဆိုသူတွေကို တော့နည်းမျိုးစုံဖြင့်မြန်မာပြည်ကထွက်သွားအောင်လုပ်သလိုဖြစ်မနေဘူလား။ အနောက်နိုင်ငံသားတွေကိုမြန်မာပြည်မှာအ လုပ်သွားလုပ်တဲ့အခါ အဓမ္မအလုပ်ခိုင်းစေမှုတွေကိုရှောင်ဖို့ ပြောတာကိုနားထောင်ဖေါ်ရကောင်းရမည်ဖြစ်သော်လည်း အာရှက ပေါက်ဖေါ်ကြီးတွေဆိုယင်တော့ ခြံဝနားတောင်ကျနော်တို့ ကပ်ခွင့်ရကြမှာမဟုတ်ပါ။

ဤသို့ ဆိုလျှင်မြန်မာပြည်တွင်ရင်းနှီးမြှုတ်နှံသောကုမ္ပဏီများကို နာမည်ပျက်စာရင်းသွင်းပြီး မြန်မာပြည်မှတခုပြီးတစ်ခုထွက် သွားအောင်လုပ်နေကြသည်မှာကော မှန်ကန်နည်းလမ်းကျပါရဲ့ လားဆိုသည်ကိုပြန်လည်ဆန်းစစ်သင့်ပြီဟုပြော လိုပါသည်။
ကျနော်အထက်တွင်ပြောခဲ့သလိုကျနော့အနေဖြင့် နိုင်ငံရေးသုခမိန်တစ်ယောက၊်စီးပွားရေးပညာရှင်တစ်ယောက်တော့မဟုတ်ပါ။ သို့ သော်လည်းမြန်မာပြည်သူတစ်ယောက်အနေဖြင့်ပွင့်လင်းစွာဝန်ခံရလျှင်ကိုယ့်ပြည်သူများထမင်းငတ်မှရလာမည့်ဒီမိုကရေစီကို မလိုချင်တာအမှန်ပင်ဖြစ်ပါသည်။မြန်မာပြည်သူသန်းနှင့်ချီပြီးတပါးနိုင်ငံများတွင်ဒုက္ခဖြစ်ကြ၊ဘ၀တွေပျက်ကြ၊ပညာတပိုင်းတစခလေးများပညာရေးအညွန့် တုံးကြ စသည်ဖြင့်ပြောပြလို့ ရေးပြလို့ မကုန်နိုင်လောက်သည့်ဆင်းရဲဒုက္ခကြီးငယ်တို့ ကိုခံစားပြီးမှ
သာ ဒီမိုကရေစီရမယ်ဆိုယင် နောက်ထပ်မြန်မာပြည်သူဘယ်နှစ်သန်းလောက် အိမ်နီးချင်းနိုင်ငံများကိုထွက်ပြီး ဒုက္ခခံကြရအုံး မည်နည်း။ကျနော်တို့ စဉ်းစာကြရပါမည်။

စစ်အစိုးရလုပ်သမျှအားလုံးထောက်ခံပြီးသူနင့်ပူးပေါင်းလုပ်ပါဟုတော့ကျနော်တထစ်ချမပြောလိုပါ။ သို့ သော်ကျနော်တို့ အနေဖြင့် ယခုအချိန်တွင်ဆင်းရဲဒုက္ခရောက်နေကြသောမြန်မာပြည်သူတို့ ဘ၀ကိုစာနာပြီးသူတို့၏စားဝတ်နေရေးပြေလည်အောင် တတ်နိုင် သလောက်လုပ်ပေးသင့်ပါသည်။ပြည်သူတို့ စားဝတ် နေရေးပြေလည်ပြီးလူနေမှုအဆင့်အတန်းမြင့် လာသည်နှင့် အမျှျှဖြစ်ပေါ် နေသောအခြေအနေကို မှန်ကန်စွာသုံးသပ်နိုင်သော အနေအထားကိုပြည်သူတို့ ရောက်လာပါလိမ့်မည်။ထိုအခါမိမိတို့ကိုအုပ်
ချုပ်သောအစိုးရသည်ဘယ်လိုအစိုးရမျိုးဖြစ်သင့်သည် ဆိုသည်ကိုသူတို့ ဆုံးဖြတ်နိုင်ကြမှာဖြစ်ပါသည်။

သို့ မဟုတ်ပါက ပြည်သူတို့ ဆင်းရဲလေလေ စားဝတ်နေရေးကျပ်တည်းလေလေ ထမင်းစားရဖို့ အတွက်အမှားအမှန်ကို မစဉ်း နိုင်တော့ပဲ လုပ်မိလေလေဖြစ်ဖြစ်နေတော့မှာဖြစ်ပြီး ထိုသို့ လုပ်မိသူများကိုတခါ ကြံ့ ဖွဲ့ စွမ်းအားရှင်ဟုစွတ်စွဲကြ၊ တစ်ယောက် နှင့်တစ်ယောက် အမုန်းပွားကြဖြင့်သံသရာထဲကဘယ်လိုမှ မြန်မာပြည်သူတို့ ရုန်းထွက်နိုင်ကြမည် မဟုတ်ကြောင်းရိုးသားသော စေတနာ အရင်းခံဖြင့်တင်ပြလိုက်ရပါသည်။ မြန်မာပြည်သူအပေါင်းဆင်းရဲဒုက္ခခတ်သိမ်းမှလွတ်မြောက်နိုင်ကြပါစေ။

ကျနော်မဟော်သဓာပါ။
၂၃။၈။၀၉