Sunday, February 28, 2010

အမူအကျင့် မပြောင်းလဲကြသူများ

ကျမ ဒီ ခုခံအား ကျဆင်းမှု ကာကွယ် တိုက်ဖျက်ရေး လုပ်ငန်းတွေ လုပ်ဆောင်ရာမှာ ဘာအခက်အခဲတွေ ရှိသလဲ လို့ တချို့က မေးကြပါတယ်။ အစစ အရာရာ အခက်အခဲတွေချည်း ပြည့်နှက်နေတာပါပဲလို့ ဖြေမိပါတယ်။

စတင် ပညာပေးဖို့၊ လူတွေကို ချဉ်းကပ်ဖို့ကနေစပြီး သူတို့ ဆေးဝါး သောက်သုံးနိုင်ဖို့၊ မှန်ကန်တဲ့ ဆေးကုသမှု ခံယူဖို့၊ သူတို့ရဲ့ လူမှုဘ၀ကို ဆက်လက် သယ်ဆောင်နိုင်ဖို့ အစရှိတာတွေကို ကျမနဲ့ ကျမကို ကူညီနေတဲ့ လူငယ် အနည်းငယ်လောက်ပဲ စဉ်းစား လုပ်ပေးနေကြရတာ ဆိုတော့ ဘယ်လောက်များ ခက်ခဲမလဲဆိုတာ သိသာ နိုင်ပါတယ်။

အမြဲတစေ မဖြစ်မနေ ထုတ်ဖော် ပြောဆိုနေရတာလည်း ရန်ပုံငွေ ပြဿနာပဲ ဖြစ်ပါတယ်။ အလှူငွေ မရလေ လုပ်ရတာ ခက်ခဲလေပေါ့။ မိတ်ဆွေတချို့ဆီက အကူအညီတချို့တော့ ရပါတယ်။ ခုဆို ကျမ ဒဂုံမြို့သစ်ဘက်က စည်ပင်မြေ ငှားပြီး လူနာ ပြန်လည် ဖွံ့ဖြိုးရေး လုပ်ပေးထားတယ်။ အသိမိတ်ဆွေတွေ လုပ်ကိုင်နေတဲ့ နတ်ဆက် ပစ္စည်းလုပ်တဲ့ ဘော်ကြယ်ထိုး၊ စက်ချုပ် အစရှိတာတွေလည်း လုပ်ပေးပါတယ်။ ဒီရက်ပိုင်းလေးမှာပဲ လူနာ ၄ ဦး အတွက် အလှူရှင် ၁ ယောက်ဆီက အလှူခံပြီးတော့ ပလာတာ ကြော်တဲ့ဆိုင်လေး ဖွင့်ထားပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လူနာတွေ အများကြီးအတွက် ကျမ မလုပ်ပေးနိုင်သေးတာကလည်း အခက်အခဲတခုပါ။

ဒီအခါမှာကျတော့ အခက်ခဲဆုံးလို့ ခေါ်နိုင်တဲ့ ကိုယ်ကျင့်တရား၊ အမူအကျင့်တွေ မပြောင်းနိုင်တဲ့သူတချို့ကို တွေ့လာတော့တာပါပဲ။

တခြား လူငယ်လေးတွေ ဆိုးပေတေပြီး နဂိုမူလ အကျင့်တိုင်း ပြန်လည် သောက်စားလာတာတွေလည်း တွေ့ရပါ တယ်။ ဒါပေမယ့်လည်း ဒါဟာ ခံသာသေးတယ် ဆိုရမှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့က သောက်စား ပြီးတော့ သူတို့ဘာသာ ဒုက္ခရောက်တာပါ။ နောက်ဆက်တွဲအနေနဲ့ကတော့ အဲ့ဒီလို ဖြစ်သလို နေလိုက်ကြတဲ့ လူနာတွေကို ပြန်ကုတော့ ငွေကုန်ကြေးကျ ပိုများ၊ လူပင်ပန်း စိတ်ပင်ပန်းတော့ ပိုဖြစ်ရတာပေါ့။ ဒါပေမယ့် ဒီ အခြေ အနေကိုတောင် ခံသာတယ်လို့ ပြောနေတယ်ဆိုတော့ ဒီအခြေနေထက် ဆိုးတာတွေရှိနေလို့ ပြောတာပါ။

ကျမလူနာ အများစုဟာ များသောအားဖြင့် နယ်ဘက် တောသူတောင်သား ယာဉ်မောင်းသူတွေ၊ ကားနောက် လိုက် စပယ်ယာတွေအပြင် အခြား မသိ နားမလည်သူတွေ များပါတယ်။ လူနာတွေထဲမှာ ပြည့်တန်ဆာ မိန်းကလေး ၅ ယောက် ပါလာပါတယ်။ သူတို့ ၅ ယောက်ဟာ မတူညီတဲ့ အခြေနေက လာတယ်ဆိုပေမယ့် ကိုယ်ခန္ဓာ ရင်းနှီး လုပ်ကိုင်စားကြတာချင်းတော့ တူပါတယ်။

သူတို့ထဲက တယောက်ကတော့ ကျမ အမြင် ပြောရရင် သူက ယောကျာ်း မရှိရင် မနေနိုင်တဲ့သူပါ။ သူက ငွေရှာဖွေ ပြီးတော့ သူနှစ်သက်တဲ့ ယောက်ကျားတွေနဲ့ ပြန်ပြီး ပျော်ပါးတာပါ။ သူငွေရှာတာလည်း လူနဲ့ရင်းပြီး ရှာတယ်၊ ပြန်လည် ပျော်ပါးတာလည်း လူနဲ့ရင်းပြီး ပျော်ပါး ဆိုတော့ ကူးစက်မှုဟာ ဘယ်လောက်တောင် များနေပြီလဲ ဆိုတာ ကြောက်စရာကောင်းလို့ မတွေးချင်လောက်အောင် ဖြစ်ရပါတယ်။ ကျမလည်း ကြုံတိုင်း ဆုံးမ၊ ကျမအိမ်မှာပါ ခေါ်ထားပြီး ပြုပြင်ပေမယ့် အမြဲပဲ ထွက်ပြေး၊ အရင်လိုပဲ လမ်းပေါ်နေ၊ လမ်းပေါ်စား အကျင့် မပျောက်ပါဘူး။ ဒီကလေးမ အကြောင်းကိုတော့ နောင်မှပဲ ဆောင်းပါးတစောင် ရေးပါဦးမယ်။

နောက်တယောက်ကျတော့ စားသောက်ဆိုင်မှာ သီချင်း ဆိုတာပါ။ သူကျတော့ တမျိုး ဖြစ်ပြန်ရော။ ကျမကို အမြဲ ပြောနေတာတော့ သီချင်းပဲ ဆိုတာပါတဲ့။ ဒါပေမယ့်လည်း မထင်မှတ်တဲ့ တနေ့မှာ ကျမကလည်း အိမ်မှာ မရှိချိန် သူရောက်လာပါတယ်။ သူ စစ်တွေကို သွားတော့မယ် ဆိုတဲ့အကြောင်း ရန်ကုန်မှာ လုပ်ကိုင်စားရတာ မချောင် လည်တော့ကြောင်း၊ အရင်က သူ့ကို ထောက်ပံ့ပေးနေတဲ့လူက မထောက်ပံ့တော့လို့ ရောဂါ ကူးအောင် ဒီတိုင်း လိင်ဆက်ဆံလိုက်တယ် ဆိုတဲ့ အကြောင်း ကျမအိမ်ကို လာတက်ပြောတာပါ။ ကျမမိသားစုဆို အရမ်းပဲ စိတ်ဆိုး ကြပါတယ်။

ကျမမိသားစုနဲ့ လူနာတွေက တကယ့် မိသားစု အရင်းချာလို ဖြစ်နေတာပါ။ လူနာတိုင်း အိမ်မှာ ထမင်း မစားဘူး တဲ့ လူ မရှိသလောက် နည်းပါတယ်။ ဒါကြောင့် မိသားစုကို ခင်မင်လို့ ပွင့်ပွင့်လင်းလင်း ထုတ်ပြောလိုက်တာ ဖြစ်နိုင်ပါတယ်။ ဘယ်လိုအခြေအနေကြောင့်ပဲ ဖြစ်ပါစေ ရောဂါ ကူးအောင် ရည်ရွယ်ချက်ရှိရှိ လုပ်တယ် ဆိုတာ ကတော့ လူသားတယောက် အနေနဲ့ မလုပ်သင့်၊ မလုပ်ထိုက်တဲ့ ကိစ္စပါပဲ။

နောက်တယောက်ကတော့ အနှိပ်ခန်းမှာ လုပ်တာပါ။ အရမ်းကို ချောမော လှပပါတယ်။ အသားအရည်ကလည်း တအားလှ၊ လူကလည်း ချောမောပြီး ခုခံကျရောဂါ ရှိနေတယ်လို့ ထင်ရက်စရာ မရှိဘူး ဖြစ်နေတာပါ။ သူကတော့ တမင် ကြံရွယ်တယ် မဆိုနိုင်ပေမယ့် အနှိပ်ခန်း လာတဲ့ သူဌေးတယောက်ကို သူ့ဘ၀ ရှေ့ရေးအတွက် ချဉ်းကပ်ရ တယ် လို့ ပြောပါတယ်။ ဒီသူဌေးကလည်း သူ့ကို မပြောမဆိုနဲ့ ကာရာအိုကေခန်း ခေါ်သွားပြီး အကာအကွယ်မပါ လိင်ဆက်ဆံကြတယ် ဆိုပါတယ်။ သူက တမင် မကြံရွှယ်ပေမယ့်လည်း သူ့အနေနဲ့ တားဆီး ကာကွယ်သင့်ပါ တယ်။ သူထုတ်ပြောပြတာ ဒီတယောက်တည်းမို့သာ ဒီတယောက်အကြောင်းကို သိရတာပါ။ အခြားလည်း ဘယ်လောက် များမလဲ ဆိုတဲ့ အတွေးတွေ ၀င်လာလိုက်တိုင်း ကျမ အိပ်မပျော် ဖြစ်နေတာပါ။ တခါခါ လန့်နိုး တာတွေတောင် ဖြစ်ပါတယ်။

ကျမ တကယ့်ကို စိတ်မကောင်းခြင်း များစွာဖြစ်ရပါတယ်။ ဒီလို လူနာတချို့ရဲ့ အမူအကျင့်ဆိုးကို ပြုပြင်ဖို့၊ သူတို့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ပြုပြင်ဖို့ ဘယ်လိုလုပ်ရမလဲ ဆိုတာ ကျမမှာ စိတ်သောကလည်း ဖြစ်နေရ ပါ တယ်။ ။(ဖြူဖြူသင်း)

Friday, February 19, 2010

P.O.A

AcronymDefinition
POAParallels Operations Automation
POAPower Of Attorney
POAProperty Owners Association
POAPlan Of Action
POAPrisoner of Azkaban
POAPrice On Application
POAPresent On Admission (medical diagnosis reporting)
POAPony of the Americas (Pony of the Americas Club)
POAPlan Operativo Anual
POAPolice Officers Association
PoAHarry Potter and the Prisoner of Azkaban (Book by J. K. Rowling)
POAPost Office Agent
POAPoint of Attachment
POAPlan of Attack
POAProof of Age
POAPortable Object Adaptor (CORBA)
POAPartnership of the Americas (US DoD USSOUTHCOM)
POAProvincial Offences Act (Canada)
POAPrinciples of Accounting
POAPledge of Allegiance
POAPeace Officers Association
POAPoint Of Access
POAPiece of Ass
POAPakistan Olympic Association
POAPoint of Aim
POAPay Option Arm (loan)
POAPlace of Articulation
PoAPoints of Authority
POAProtection of Assets
POAPartial Order Alignment
POAProbability of Area
POAPurchase Order Acknowledgement
POAPacific Ocean Area
POAPoints of Agreement
POAPoint of Arrival
POAPort of Anchorage
POAPonies of America (horse breed)
POAPride of America (camp and Norwegian Cruise Line cruise ship)
PoAPeriod of Availability
POAProduction Organization Approval
POAProfession of Arms
POAProtuobavještajna Agencija (Counter Intelligence Agency, Croatia)
POAPorto Alegre, Rio Grande Do Sul, Brazil - Salgado Filho (Airport Code)
POAPuppeteers Of America (Cincinnati, OH)
POAPeriod of Adjustment
POAPeople of Asia
POAPath of Ascension (gaming group)
POAPaid on Account (financial transactions)
POAPlane of Array (measurements perpendicular to the solar receiver)
POAPosition of Attention
POAProwler Owners Association (Plymouth car)
POAPayload Oru (Orbital Replacement Unit) Accommodation
POAPrinciple of Accounts (tuition)
POAPhase of Arrival
POAPride of Arizona (University of Arizona marching band)
POAPsychiatry of Old Age
POAPara Osteo Arthropathy
POAPoint of Acquisition
POAPoint of Analysis
POAPersistent Object Adapter
POAPay on Arrival
PoAProbability of Adequacy (insurance industry)
POAPrivately Owned Animal
POAPremature Ovarian Aging
POAPattern Of Analysis
POAPart Of Assembly
POAProcrastinators of America
POAPattern Oriented Approach
POAPaid on Arrival
POAPacific Ocean Alaska (CoE District)
POAProject Opportunity Assessment
POAPriced on Agreement
POAPilliar of Autum (gaming)
POAProtectors of America
POAPurchase Order Authorization
POAPiano Operativo Aziendale (Italian: Operational Business Plan)
POAPeninsula Orthopaedic Associates (Maryland)
POAPeriOperative Assistant
POAPosition Organizational Address (US DoD)
POAProject of Activities

Saturday, February 13, 2010

HAPPY BIRTHDAY GENERAL AUNG SAN

မိမိသမိုင်းကို မိမိ၏လုပ်ရပ်များ ကသာရေးသားနိုင်သည်။
မိမိသမိုင်း ကောင်းရန်အတွက်သူတပါး၏သမိုင်း ကိုဖျက်ဆီးခြင်းဖြင့်မရရှိနိုင်ပေ။
မိမိလုပ်ရပ်များကောင်းမှသာမိမိသမိုင်းကောင်းမည်ဖြစ်သည်။
သမိုင်းဆိုသည်မှာ ဖျောက်ကွယ်ဖျက်ဆီးခြင်း၊ပြုပြင်မွန်းမံခြင်း၊ဖြည့်စွက်အစားထိုးခြင်း ပြုလုပ်၍ ရနိုင်ကောင်းသောအရာ မဟုတ်ပေ။


"အောင်ဆန်းဇာနည်"

ဖေဖော်ဝါရီ ဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေ ဦးဖာသား။
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စုသား။
တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွ တမလွန်။
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်။
ကောင်းစေချင်တဲ့မှာစကား
ငါတို့ မမေ့အား။
ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်
ပြည်ချစ် တို့ခေါင်းဆောင်။
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား။


Monday, February 8, 2010

နိဗ္ဗာန် အကျိုး မျှော်၍ ထပ်ဆင့်နိုးဆော်ခြင်း

နေ့ဆွမ်း ( အလှူငွေ ကျပ် ၁၀၀၀၀၀ကျပ်)
အာရုံဆွမ်း+နေ့ဆွမ်း(အလှူငွေ ၁၅၀၀၀၀ ကျပ်)

------------------------------

စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်း


တနလာင်္နေ့တိုင်းတွင် အာရုံဆွမ်း ဆက်ကပ်လိုသူအလှူရှင်များ လိုအပ်လျှက်ရှိပါတယ်။
အာရုံဆွမ်း( အလှူငွေ ၅၀၀၀၀ ကျပ်)

---------------------------------------------

1.(၈.ဖေဖော်ဝါရီ.၂၀၁၀)တနင်္လာနေ့
(ဖေဖေ ၄ နှစ်ပြည့်)
Dr.Nyan+၀ါဝါခိုင်မင်း မိသားစု (ဂျပန်)မှ
(အာရုံဆွမ်းအလှူ)

2.(၁၄.ဖေဖော်ဝါရီ.၂၀၁၀) တနင်္ဂနွေနေ့
ဦးကိုကိုနိုင်+ဒေါ်မြင့်သဲစုစံ တို့မှ သား မောင်ဇွဲလုလင်နိုင်( စင်္ကာပူ) ၏ လေးနှစ်မြောက်မွေးနေ့အလှူအဖြစ်
( နေ့ဆွမ်းအလှူ)

နှစ်ဖက်သောမိဘများကို အမှူးထား၍ ဦးရန်နိုင်+ဒေါ်သီတာ(စင်္ကာပူ)မှ
(အာရုံဆွမ်းအလှူ)

3.(၁၇.ဖေဖော်ဝါရီ.၂၀၁၀)ဗုဒ္ဓဟူးနေ့
စံ+နုနု ၊ သမီးလေး အိမြတ်မွန်ရဲ့တစ်လပြည့်မွေးနေ့အလှူ(ဂျပန်)
(နေ့ဆွမ်းအလှူ)

4.(၂၀.မတ်လ.၂၀၁၀)စနေနေ့
နှစ်ဖက်သောမိဘ၊အဘိုးအဖွားများကို အမှူးထား၍
မောင်ရဲရင့်နီ + မချိုးချိုး မှ
(နေ့ဆွမ်းအလှူ)

5.(၁၇.ဧပြီလ.၂၀၁၀)နှစ်ဆန်းတစ်ရက်နေ့(စနေနေ့)
ကိုဇေယျာလင်း+မခင်ဖြူ ( စင်္ကာပူ)
(အာရုံဆွမ်း+နေ့ဆွမ်းအလှူ)

6.(၂၉.မေ.၂၀၁၀)စနေနေ့
မောင်ဇော်လင်းနိုင်+မဥမ္မာသန့်တို့၏ ၆နှစ်ပြည့်မင်္ဂလာအလှူ(စင်္ကာပူ)
(အာရုံဆွမ်း+နေ့ဆွမ်းအလှူ)

7.(၂၁.ဇွန်.၂၀၁၀) တနလာင်္နေ့
မချိုမော် (ထိုင်း)
(အာရုံဆွမ်း+နေ့ဆွမ်းအလှူ)

8.(၉.သြဂုတ်လ.၂၀၁၀)တနလာင်္နေ့
ဒေါ်တင်တင်လှိုင် မှ
(အာရုဏ်ဆွမ်း+နေ့ဆွမ်း အလှူ)

9.၂၃..သြဂုတ်လ.၂၀၁၀(တနလာင်္နေ့)
Dr.Nyan+ဒေါ်ဝါ၀ါခိုင်မင်း၊
သမီးလေး မေမြတ်နိုးခိုင် ရဲ့မွေးနေ့အလှူ
(အာရုံဆွမ်း)

အလှူငွေကောက်ခံသူ မောင်နှမများ-

ဝါ၀ါခိုင်မင်း(ဂျပန်) nanwarwarmg2009@gmail.com
ရန်အောင်(USA)aungyan@gmail.com
ရွာသားလေး(၀ိုင်တီယူ)(စင်္ကာပူ) donationformyanmar@gmail.com
July Dream(စင်္ကာပူ)Julydream0707@gmail.com

Friday, February 5, 2010

ကိုကျော်သူ ရဲ့ ရှင်းတမ်း

ရှက်ဖို့ ကောင်းလှသည် . . . ။

ကျွန်တော်တို့ မြန်မာလူမျိုးတွေ . . . အယူသီးပုံ၊ အစွဲကြီးပုံများ တလွဲ ဆံပင်ကောင်းမှုများပင် ဖြစ်တော့ သည်။
ဘာသာခြားများ၊ တိုင်းတစ်ပါးမှ နိုင်ငံခြားသားများသိလျှင် အတော့်ကို ရယ်စရာကြီးဖြစ်နေမည်။

မြန်မာ လူမျိုးများ ကမ္ဘာတွင် ဟာသလူမျိုးဖြစ်ကုန်မည်ကို စိုးရွံ့မိသည်။ ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစ၍ အယူသီးမှု၊
အစွဲအလန်းကြီးမှုများကို ကျွန်တော်တို့ တိုက်ဖျက်လာသည်မှာ ယခုအချိန်ထိပင်။ သို့သော် ကျွန်တော်တို့နှင့် ယခုတိုင်
အချို့သောသူတို့သည်ပြဒါးတစ်လမ်း . . . သံတစ်လမ်း၊ ဆန့်ကျင်ဘက် အနေအထားပင် ဖြစ်နေသေးသည်။
သူတို့ ထံမှ တီးတိုး ပြောသံများ၊အကြံဥာဏ် ပေးသံများ၊ ဆရာကြီး လုပ်သံများ၊ အတင်းအဖျင်း ပြောသံများ၊ ရှုတ်ချသံများ၊
မချေမငံ ပြောသံများ စသည့် လူမှုရေး တိုက်ခိုက်သံ၊အယူသီးမှု စကားလုံးများ ယနေ့တိုင် မကြာမကြာ ကြားနေရဆဲပင် ဖြစ်သည်။

ရှေးလူကြီးများ စကားမပယ်ဖျက် ကောင်းဘူးတဲ့ . . . ဒါက သူတို့ နောက်ဆုံး အနိုင်ယူတဲ့ စကားလုံး။
ဒီတော့ . . .
ကျွန်တော် ရှင်းပြီ၊ရှင်းရပြီ . . . ရှင်းပြီ ဆိုသော်ငြားလည်း ကျွန်တော် ရေးခဲ့ဘူးသော ‘ခုတ်မယ်၊ ထစ်မယ်၊ ပါးပါးလှီးမယ်’
ဟူသောစာစုမှ ကျွန်တော်တို့၏လူမှုရေးလမ်းပြ ကြယ်ဖြစ်သော ဆရာတော်ကြီးဘဒ္ဒန္တ ဦးတိက္ခ၏ ဟောကြားချက် စကားများမှ
စရတော့မည်။

အမျိုး၊ ဘာသာ၊ သာသနာ အတွက် မြတ်စွာဘုရားရှင်သည် ကောင်းတာ လုပ်လျှင် ကောင်းကျိုး ပေးမည်။
မကောင်းတာ လုပ်လျှင်မကောင်းမှုများ ရမည်ဟူ၍ ဟောကြား ခဲ့သည် မဟုတ်ပါလား . . . ။
ဗုဒ္ဓဘာသာ မြန်မာ လူမျိုးများသည် ရတနာသုံးပါးကိုကြည်ညို လေးစား ဦးခိုက်ကြသော်လည်းကံနှင့်ပတ်သတ်၍
ယုံကြည်မှု အားနည်းမှုများကို တွေ့ရသည်။


လူအများစုသည် နာရေး ကိစ္စများကို အယူသီး ကြသည်။ နာရေးကြောင့် စီးပွားပျက်တယ်၊ လူသေ တတ်တယ်၊ ထိခိုက် နစ်နာမယ်၊
ပျက်စီး ဆုံးရှုံးတတ်၊နိမိတ် မကောင်းမှုတွေ ဖြစ်တတ်တယ် ဟူ၍ ရှေးဘိုးဘေး ဘီဘင် လက်ထက် ကတည်းက အယူသီးမှုများ၊
အရိုးစွဲမှုများ၊ အမှားစွဲမှုများ ရှင်သန်လာခဲ့ကြသည်။


လူတော်တော် များများသည် အဆင်း၊ အနံ့၊ အသံ၊ အရသာ၊ အထိအတွေ့ ဟူသော အာရုံ ငါးပါးထဲတွင် နစ်မွန်း နေကြသည်။
မိမိကိုယ် မိမိတို့ သုဘ (သို့မဟုတ်)မင်္ဂလာဟု သတ်မှတ် နေကြသည်။


အမှန်မှာ . . . ရှင်သူ၊ သေသူတို့ အားလုံးသည် အသုဘများ (သို့မဟုတ်) အမင်္ဂလာများပင် ဖြစ်တော့သည်။

အဘယ့်ကြောင့် ဆိုသော် . . . ရေမချိုးဘဲနှင့် ဆယ်ရက်ခန့် နေကြည့်လျှင် မိမိခန္ဓာမှ အပုပ် နံ့များထွက် လာမည်။
ဒွါဒ ခြောက်ပါးမှ အနံ့အသက် မျိုးစုံထွက်နေတော့မည်။ ရုပ်တရား၊ နာမ်တရား အားလုံးသည် အသုဘချည်းပင် ဖြစ်သည်။
မည်သည့် အရာမှ တည်မြဲမှုကို မဆောင်နိုင်ချေ။


မြတ်စွာ ဘုရားသည် လူမသာကို အိမ်ထဲသို့၊ ရပ်ကွက်ထဲသို့ သွင်းလျှင် ‘ခိုက်သည်’ ဟူ၍ မဟောကြားခဲ့ပါ။

စဉ်းစား စေချင်သည် . . . ရပ်ကွက်၊ အိမ်ပြင်ပတွင် ဆုံးသွားပါက (ရပ်ကွက်) အိမ်ထဲသို့ အသွင်းမခံကြ၊ သွင်းလျှင် ရွာနာတယ်၊
အရပ်နာတယ်၊အိမ်သူ အိမ်သားတွေ ခိုက်တယ်ဟူ၍ မည်သည့် ကျမ်းဂန်တွင်မှ မပါရှိပါ။ သို့သော် အားလုံး နီးပါး အယူသီးမှုများက
လွှမ်းခြုံနေမှုကို ခံနေရသည်။


ဒါဆို . . . ကျွန်တော်မေးတော့မည်။

လူမသာကြတော့ ရပ်ကွက်ထဲ၊ အိမ်ထဲ မသွင်းကောင်းဘူးတဲ့ . . .။ အဲဒါဆိုလျှင် တိရစ္ဆာန် မသာများ ကြတော့ ဘာဖြစ်လို့
အိမ်ထဲသွင်းကြ သနည်း။သက်ရှိ လောကကြီးထဲတွင် လူသာလျှင်၊ အမြတ်ဆုံး ဖြစ်သည်လို့ ပြောကြပြီး မည်သည့် အတွက် . . .
နံနက်ဖက် ဈေးက ပြန်လာလျှင် သူ့ထက်ငါ အလုအယက် ငါကတော့ ကြက်သား စားနိုင်တယ် . . . ငါကတော့ ဝက်သားစသဖြင့်
အပြိုင်အဆိုင် ဈေးဝယ်လာပြီး ဂုဏ်ယူဝင့်ကြွားစွာ နေအိမ်ထဲသို့ တိရစ္ဆာန် မသာများကို ထည့်ပြီး . . . ခုတ်ထစ် ဆေးကြော၊
ကြော်လှော်၊ ချက်ပြုတ်ပြီး မိမိတို့ရဲ့ ပါးစပ်ထဲသို့ တိရစ္ဆာန် မသာများကို ဘာကြောင့် ထည့်ကြ သနည်း . . . ။
အရိုးများကို နူးနေအောင် ချက်ပြုတ်၍ ဝါးကြသည် မဟုတ်ပါလား။


ဒါကြောင့် . . . လူ့ဝမ်းဗိုက်သည် တိရစ္ဆာန်တို့၏ သချိင်္ုင်း လူ့ပါးစပ်သည် တိရစ္ဆာန်တို့၏ မီးသဂြိင်္ုလ် စက်ပင် ဖြစ်တော့သည်။

တိရစ္ဆာန် မသာကျတော့ မိမိတို့ ဝမ်းဗိုက်ထဲသို့ ထည့်ပြီး လူမသာကျတော့ အိမ်ထဲ (ရပ်ကွက်) ထဲသို့အသွင်းမခံမှု တို့သည်
အဆိုးဝါး ဆုံးသောအယူသီးမှု၊ မိစ္ဆာဒိဋ္ဌိ အယူဝါဒမှ ဆင်းသက်လာမှုပင် ဖြစ်တော့သည်။


တစ်ဖန် လူသေသွားလျှင် အိမ်နောက်ဖေးသယ်သွား၊ တံစက်မြိတ်ရေ လက်ပြန်ရေနှင့် ရေချိုးပေး၊ အဝတ် အစားဝတ်၊ သနပ်ခါးလိမ်း၊ ဆံပင်ထုံးပေး၊
နှုတ်ခမ်းနီဆိုးပေး၊ ပန်းပန်ပေးနှင့် သေသွားမှ ကြင်နာပြ၊ ဂရုစိုက် ပြနေတော့သည်။ အလောင်း လှအောင် လုပ်တာတဲ့။ ပြုံးပြုံးလေးသေမှ
အလောင်းလှတာတဲ့။ နောက်မှ ခေါင်းက ဆံပင်ကိုဖြတ်၊ ခြေထောက် နှစ်ချောင်းကို တုပ်တော့သည်။ အိမ်မှာ နှစ်ညတောင် ထားရဦးမှာဖြစ်တဲ့ အတွက်တဲ့ဗျာ . . . ။
သေတာတောင် အချုပ်အနှောင်ခံရတဲ့ဘဝ . . . ။

ထို့နောက် သေသူနှင့် ပါးစပ်ထဲ မတ်စေ့ (ယခုခေတ်တွင်တော့ မရနိုင်တော့) ထည့်သည့် ‘ကူးတို့ခ’ ဟုဆိုကြပြန်သည်။ အသက်မရှိသော ခန္ဓာနှင့်
ဘယ်ကားကို တစ်မတ်ပေးစီး၍ ဘယ်ကိုသွားမည်နည်း . . . ။


တစ်ချို့က ပါးစပ်ထဲ ထည့်ထားသည့် မတ်စေ့ကို အတင်းနှိုက်ပြန်သည်၊ Lucky ကောင်းတယ်တဲ့၊ ငွေပွားတယ်တဲ့လေ။

အလောင်းးကို အိမ်ကထုတ်တော့ . . . ခြေကမထုတ်ရဘူး၊ ခေါင်းကမထုတ်ရဘူး၊ တံခါးဘောင်နဲ့ မထိရဘူး၊ အိမ်နံရံကို မထိရဘူး၊ လှေကားက မဆင်းရဘူး
စသဖြင့် ‘ဘူး’ များပဲ့တင်ထပ်နေတော့သည်။ နောက်ထပ် ကြေးစည်ထု၊ ကနားဖျင်းဖျက်ခြင်း လုပ်တော့သည်။ နောက်နိဗ္ဗာန်ယာဉ်ပေါ်သို့ အလောင်းတင်သော်
ရေအိုး ကို ခွဲတော့သည်။ မင်းနဲ့ငါတို့ အိုးစားကွဲပြီ၊ အိမ်ပြန်မလာနဲ့ ဟုဆိုသည်။ နောက်ငိုကြ၊ ယိုကြ၊ မသွားရဘူး၊ ခေါ်မသွားရဘူး၊ ပစ်သွားပြီလား စသဖြင့် အယူစွဲ၊
အယူသီးမှုများ လွှမ်းခြုံနေကြသည်။ သုဿန်ရောက်သော် အခေါင်းထဲမှ ပန်းတစ်ပွင့်ကိုယူ၍ ယူသည့်လူက စကားမည်သူ့ကိုမျှမပြောတော့ချေ။ သေသူရဲ့လိပ်ပြာကို ပြန်ခေါ်တာတဲ့။

အိုးစားကွဲ လိုက်ကြ၊ ပြန်ခေါ် လိုက်ကြ၊ ခြေထောက်ကို တုပ်နှောင် လိုက်ကြ၊ ငိုလိုက် ကြနဲ့ သေသူကို မီးသဂြိင်္ုလ် စက်ထဲသို့ ထည့်မည့်အစား ထိုသူများကို
စိတ်ရောဂါ အထူးကုဆေးရုံသို့ပင် ပို့ရမလို ဖြစ်တော့သည်။


သေဆုံးသူ၏ လုံချည်၊ အကျီင်္၊ ခြင်ထောင်၊ မွေ့ယာများကို ခိုက်မှာစိုး၍ ခန်းစီးစများ ချုပ်၍ ဘုန်းကြီးကျောင်း ကိုပို့ကြသည်။
ကုသိုလ်ရအောင် ဘုန်းကြီးကျော်းတွင် ချိတ်ခိုင်း ဆွဲခိုင်းတော့သည်။ ဒါဆို
ဘုန်းကြီးတွေ ကျတော့ ခိုက်စေတဲ့လား . . . ?
သေဆုံးသွားသူ၏ လက်ဝတ် လက်စား၊ ဆွဲကြိုး၊ လက်စွပ်များ ကြတော့ ခိုက်မှာ စိုး၍ ဘုန်းကြီးကျောင်းကို မလှူကြတော့ ဘူးလား၊ ဘယ်ရောက် ကုန်ပါလိမ့် . . . ?


နာရေးယာဉ် (နိဗ္ဗာန်ယာဉ်) ကိုလည်း ရပ်ကွက်ထဲဝင်လျှင် ဟိုဖက်ကဝင်၊ ဒီဖက်က မဝင်ရဘူး စသဖြင့် တားမြစ် သူတွေ၊ မိမိအိမ်ရှေ့တွင်
မော်တော်ယာဉ် ခေါင်း လာလှည့်တာကို မလိုချင်၊ နိဗ္ဗာန်ယာဉ်မောင်းသည့် ယာဉ်မောင်း များလည်း ယခင်ကမကြာခဏ လက်သီးနှင့် အထိုး ခံရမှုများ ရှိခဲ့သည်။
လမ်းထိပ်တွင် ကန်တော့ပွဲ ထိုးပေး ခဲ့ရသည်လည်း ရှိသည်။ ဒီလမ်းက နိဗ္ဗာန်ယာဉ်မဝင်ရ၊ မသွားရတဲ့လမ်း စသဖြင့် တားမြစ် နယ်မြေများလည်း ရှိခဲ့သည်။
ရှိနေဆဲပင် . . . ။ ကောင်းပြီ။ ဒါဆိုရင်
အဲဒီ့လမ်းကလူတွေက မသေတော့မဲ့ သူတွေများလား . . . ?။
သေခဲ့သည် ရှိသော် မိမိအိမ်မှ လမ်းထိပ်သို့ မိမိတို့ ကိုယ်တိုင်သယ်ပိုပြီး ‘မ’ချမည်တဲ့လား . . . ? ။

နောက် . . . နိုင်ငံရပ်ခြားတွင် သေဆုံး၍ သေဆုံးသူ၏ ခန္ဓာကိုယ်အား မြန်မာပြည်တွင် သဂြိင်္ုလ်ချင်၍ ပြန်သယ် လာသော အလောင်းများသည်
လေယာဉ်ဖြင့် သယ်ဆောင် လာရခြင်း ဖြစ်သည်။ ထို့ကြောင့် လမ်းထဲ မဝင်ရဘူး၊ ဟိုဘက်က မထွက်ရဘူး၊ ဒီဘက်က မဝင်ရဘူး၊ အိမ်ရှေ့ကားမကွေ့ရဘူး စသဖြင့်
ပြောနေသူများ စဉ်းစားကြည့်စေချင်သည်။
မိမိတို့ ဦးခေါင်းထက် မိမိတို့၏ နေအိမ်ထက်မှ နေ့စဉ်အလောင်းတင် လေယာဉ်ပျံများ
ဖြတ်သန်း နေဆဲ၊ ပျံသန်းနေဆဲပင် ဖြစ်တော့သည်။
နိဗ္ဗာန်ယာဉ်ဝင်တာကိုတော့ မကြိုက်ကြ၊ နိဗ္ဗာန်ယာဉ်ကို မြင်ကြလျှင်တော့ မိမိတို့၏
ပိုက်ဆံအိတ်များကို ပုတ်ကြကာ လာဘ်ရွှင်လို့လား . . . စဉ်းစားကြပါ . . . ။သိပ်ရှက်ဖို့ ကောင်းနေ ပါပြီ။


မိမိတို့၏ စိတ်ဓာတ်များ၊ ခံယူချက်များ၊ အယူသီးမှုများကို ပြန်လည်ပြုပြင်စေလိုပါသည်။
ပြဒါးတစ်လမ်း . . . သံတစ်လမ်း မဖြစ်သင့်တော့ပါ။

ကိုယ့်စိတ်ကို ပြန်စစ်ကြည့်စေချင်သည်။
မှားလား . . . မှန်လား။
မှန်လား . . . မှားလား ဆိုတာ။
မှားရင် . . . ပြင်။
မှန်ရင် . . . ဆက်လုပ် ဖို့က အားလုံးရဲ့ တာဝန် ဖြစ်တော့သည်။

ကျွန်တော် စကားလုံးများနှင့် ရှင်းပြရသည်မှာ များလှပါပြီ။ ထို့ကြောင့် . . . ယခုလူမှုရေးလုပ်ငန်း (နာရေးကူညီမှု) တွင်
အယူသီးမှု၊ အရိုးစွဲမှု၊ အမှားကို လက်ခံနေမှုများကို တိုက်ဖျက်ကြသော သူရဲကောင်း လူပုဂ္ဂိုလ်များ၏ အကြောင်းအရာ၊
သက်သေခံဓာတ်ပုံများနှင့်တကွ ထပ်မံရှင်းပြပါတော့မည်။


နံပါတ် (၁) ကိုချိုသန်း + မမိုးစန္ဒာ


မြောက်ဥက္ကလာပ မြို့နယ် ခန်းမတွင် မင်္ဂလာ အခန်းအနား ပြုလုပ်ပြီး ချိန်တွင် သူတို့၏ ရဲရဲတောက် တောင်းဆိုချက်ကြောင့်
နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ နာရေး လမ်းကြောင်းတွင် မင်္ဂလာဝတ်စုံနှင့် တကွ မင်္ဂလာ ရှိစွာဖြင့် ကုသိုလ် ယူခဲ့သည်။


နေ့ရက် ။ ။ ၉ - ၁၂ - ၂၀၀၆ ခုနှစ်
နေရာ ။ ။ မြောက်ဥက္ကလာပ ခန်းမ
ကုသိုလ်ယူသည့် လမ်းကြောင်း ။ ။ တောင်ဒဂုံ မြို့နယ်မှ ထားဝယ်ချောင် သုဿန် ၊ မြောက်ဒဂုံမြို့နယ်မှ ထားဝယ်ချောင် သုဿန်သို့


နံပါတ် (၂) မောင်ပြည့်ဖြိုးအောင် + မနှင်းနွယ်ဝင့်
မင်္ဂလာ နေ့ရက် ။ ။ ၆ - ၁ - ၂၀၀၇ ခုနှစ်

သူတို့၏ မင်္ဂလာ နေ့ရက်၊ မင်္ဂလာရှိသော အချိန်၊ မင်္ဂလာရှိသော နေရာ ဆီဒိုးနား ဟိုတယ်ကြီးတွင် ကျင်းပသော သူတို့ မင်္ဂလာဆောင်၏ ဖိတ်စာထဲတွင် လက်ဖွဲ့မည့် ချီးမြှင့် ထောက်ပံ့မှုများကို လူမှုရေး အသင်း (၁၁) သင်းအား မိမိတို့ စိတ်ကြိုက် နှစ်သက်ရာ အသင်းအဖွဲ့သို့ လှူဒါန်း ပေးပါရန် ဟူ၍ ပုံနှိပ်ကာ အစွဲအလန်း ထုံးစံများကို တိုက်ဖျက်၍ အယူသီးမှု တိုက်ဖျက်ရေး မှတ်တိုင်ကို ထူခဲ့ပါသည်။ ယင်း အခမ်းအနားတွင် နာရေးကူညီမှုအသင်း (ရန်ကုန်) အတွက် အလှူငွေ (၁၀) သိန်းနီးပါး ရရှိခဲ့ပါသည်။ (မှတ်တမ်း ဓာတ်ပုံနှင့် နဂ္ဂတစ် ဖလင်များသည် နာဂစ် မုန်တိုင်း ဒဏ်ကြောင့် အသင်း အဆောက်အဦး ပျက်စီးမှုနှင့်အတူ ပါသွားပါ၍ ခွင့်လွှတ်ပါရန်။)

နံပါတ် (၃) ကိုသိန်းဇော် + မသန်းသန်းအေး


သူတို့ လင်မယား သည်လည်း ရဲရဲတောက် လူမှုရေးသမားများပင် ဖြစ်တော့သည်။ သူတို့ သည်လည်း ရေဝေး သုဿန် အနားရှိ နေအိမ်တွင် မင်္ဂလာပွဲကိုလုပ်၍ မင်္ဂလာရက်မြတ်တွင် နာရေး ကူညီမှု အသင်း (ရန်ကုန်) ၏ လမ်းကြောင်းကို လိုက်လံ ကုသိုလ်ယူ လုပ်အား ပေးခဲ့ကြသည်။

နေ့ရက် ။ ။ ၂၈ - ၂ - ၂၀၀၈ ခုနှစ်
နေရာ ။ ။ ရေဝေး သုဿန် အနီးရှိ နေအိမ်
ကုသိုလ်ယူသည့် လမ်းကြောင်း ။ ။ တောင်ဒဂုံမြို့နယ်မှ ကြည်စု သုဿန်၊ သုဝဏ္ဏမှ ရေဝေးသုဿန် (အအေးခန်း)

ကိုသိန်းဇော် + မသန်းသန်းအေး

နံပါတ် (၄) ကိုဖိုးချို + မဝင်းဝင်းဇော်

ကိုဖိုးချို + မဝင်းဝင်းဇော်

သူတို့ ဇနီးမောင်နှံသည်လည်း အယူသည်းမှု တိုက်ဖျက်ရေး ရဲရဲတောက် ဇနီး မောင်နှံပင် ဖြစ်သည်။
သူသည် ကျွန်တော်တို့၏ နာရေး ကူညီမှု အသင်း (ရန်ကုန်) ရုံးခွဲတွင် မင်္ဂလာ အခမ်းအနား ကျင်းပပြီး
မင်္ဂလာ ရက်မြတ်တွင် ကုသိုလ်ဖြစ် နာရေး လိုက်လံ ပို့ဆောင်ခဲ့သည်။


နေ့ရက် ။ ။ ၁၈ - ၁၁ - ၂၀၀၇ ခုနှစ်
နေရာ ။ ။ ရေဝေး သုဿန် အနီး

ကုသိုလ် ယူသည့် လမ်းကြောင်း ။ ။ ရန်ကုန် ဆေးရုံကြီးမှ ရေဝေးသုဿန်

နံပါတ် (၅) ကိုဘိုဘို + မပွင့်ဖြူနှင်း


ကိုဘိုဘို + မပွင့်ဖြူနှင်း
သူတို့သည်လည်း နာရေး ကူညီမှု အသင်း (ရန်ကုန်) မှ ဝန်ထမ်း တစ်ဦးဖြစ်သည်။ သူတို့ သည်လည်း မင်္ဂလာပေါ် မင်္ဂလာ ထပ်သည်နှင့် အညီ ဧည့်ခံပွဲ ပြီးပြီးချင်း
နာရေး ကူညီမှု ကိစ္စများကို လိုက်လံ ကုသိုလ် ယူကြသည်။


နေ့ရက် ။ ။ ၁၁ - ၁၁ - ၂၀၀၉ ခုနှစ်
နေရာ ။ ။ ဗြဟ္မဝိဟာရ စာသင်တိုက် (သင်္ဃန်းကျွန်း)
ကုသိုလ်ယူသည့် လမ်းကြောင်း ။ ။ ဂျပန် ဆေးရုံမှ ရေဝေးသုဿန် ၊ မင်္ဂလာတောင်ညွန့်မှ ရေဝေးသုဿန်

ထို့ကြောင့် . . . သူတို့ . . . သူတို့သည် တစ်သက် တစ်ခါ မင်္ဂလာ၊ မင်္ဂလာပေါ်တွင် မင်္ဂလာထပ်သည့် တကယ့် မွန်မြတ်သည့် အလှူပွဲ၊
ကုသိုလ်ပွဲကို ဆင်နွှဲခဲ့ကြသူများ ဖြစ်တော့သည်။


သို့သော် . . . အောက်ပါ ဓါတ်ပုံအတိုင်း အယူသီးမှုများ၊ တားမြစ်မှုများ၊ ဟန့်တားမှုများ၊ တိုက်ခိုက်မှုများ၊ ဖျက်ဆီမှုများ ရှိနေဆဲပင်။

ဒါကြောင့် . . . ပြဒါးတစ်လမ်း . . . သံတစ်လမ်းဖြစ်နေမှုများကို
ကိုယ့်စိတ် . . . ကိုယ်စစ်
ကိုယ့်လမ်း...ကိုယ်သွား
ကိုယ့်အလုပ် . . . ကိုယ်လုပ်
ကိုယ့်တာဝန် . . . ကိုယ်ကြေ
ကိုယ့်သမိုင်း . . . ကိုယ်ရေး ကြရမှာ ဖြစ်သည့် အတွက်
မှားလား . . . မှန်လား
မှန်လား . . . မှားလား
မှားရင်ပြင်၊ မှန်ရင်ဆက်လုပ်ကြဖို့ လိုတယ်။
မည်သို့ ဖြစ်စေကာမူ . . . ကျွန်တော်နှင့် ကျွန်တော်၏ သွေးသောက်များသည်ကား ဗိုလ်ချုပ်ရဲ့စကား၊
ဆရာတော်ကြီးရဲ့ သြဝါဒ ဆုံးမစကား အတိုင်း ရှေ့သို့ ရဲရဲ ချီတက်ကြမည် ဖြစ်ကြောင်း။

“လောကဓံ တရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်ကြောင့်
ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲ နီနေ၏။
သို့သော် . . . ညွှတ်ကား မညွတ်”။
(ဗိုလ်ချုပ်အောင်ဆန်း)

“လူ့ ဘုံထုံးစံ၊ ကဲ့ရဲ့ဒဏ်ဖြင့်၊ ရန်မာန်ပိတ်သည်း၊ ခရီးခဲ၌
စိတ်ဇွဲ သန်သန်၊ နောက် မပြန်ဘဲ၊ ရဲမာန် ရဲဆေး၊ ရဲစိတ် မွေးလျက်၊ ရဲသွေး နီနီ
စီရရီဖြင့်၊ ဦးတည်မပျက်၊ ရှေ့သို့ဆက်လော့။”
(မဟာ ဂန္ဓာရုံ ဆရာတော်ကြီး၊ အမရပူရ)


ဒါကြောင့် . . . ဒါတွေ . . . ဒါတွေဟာ အားလုံး အတွက်
လူသားတိုင်း အတွက်
တစ်တိုင်း ပြည်လုံး အတွက်
တကမ္ဘာလုံး အတွက်. . .
အယူသီးမှု တိုက်ဖျက်ရေး ရဲရဲတောက်
ရှင်းတမ်း ဖြစ်တော့သည်။

ကျော်သူ

မင်းဘာလဲ ?



စာနာ နားလည်မှု့တွေရဲ့  ကြားမှာ
ချစ်ခြင်းမေတ္တာ ဆိုတာပေါ်ထွက်တယ်။

စစ်ပွဲတွေရဲ့  ကြားမှာ
သူရဲကောင်းတွေပေါ်ထွက်တယ်။

ခေတ်ပျက်နေတဲ့ ကြားမှာ
တောကြောင်တွေပေါ်ထွက်တယ်။

တော်လှန်ရေးတွေ ကြားမှာ
အမျိုးသားခေါင်းဆောင်တွေပေါ်ထွက်တယ်။

အခွင့်အရေးတွေရဲ့  ကြားမှာ
သာကူးတွေပေါ်ထွက်တယ်။

အာဏာလုပွဲတွေရဲ့  ကြားမှာ
နိုင်ငံရေးသမားတွေပေါ်ထွက်တယ်။

အခက်အခဲတွေရဲ့  ကြားမှာ
မိတ်ဆွေစစ်တွေပေါ်ထွက်တယ်။

နာကျင်ဝမ်းနည်းမှုတွေရဲ့  ကြားမှာ
မျက်ရည်စက်တွေပေါ်ထွက်တယ်။

မင်းကရော .....
ဘယ်နေရာကနေပေါ်ထွက်မှာလဲ.....??????

(ကိုကျော်သူ သို့ အမှတ်တရ.......)

(၅.၀၂.၂၀၁၀)

Wednesday, February 3, 2010

TNB ( Malaysia )



မှတ်ချက် ။ ။ မလေးရှားမှာ မီးပျက်တဲ့အတွက် မလေးနိုင်ငံသား တရုပ်လူမျိုးက အစိုးရ လျှပ်စစ်ပေးဝေရေးအဖွဲ့ ဖြစ်တဲ့ (TNB) ကိုသွားပြီး ဆဲဆိုတဲ့ ပြကွက်ဖြစ်ပါတယ်။...
ဟုတ်ကဲ့..မလေးမှာပါ..မလေးမှာ