Thursday, December 9, 2010

Postal Codes of Yangon

The postal codes of different townships in Yangon are listed as below. Some townships are divided into two parts.

Post Office Township Postal Code
Ahlone 11121
Aung San Insein 11012
Bahan 11201
Bayintnaung Market (Thamine) Mayangone 11062
Bogyoke Market Pabedan 11143
Botahtaung 11162
Botahtaung 11161
Dagon Dagon 11191
Dagon Myothit (North) 11421
Dagon Myothit (South) 11431
Dawbon 11241
Hlaing 11051
Hlaing Thar Yar 11401
Insein 11011
Kaba Aye Mayangone 11061
Kamayut 11041
Kyauk Tan 11301
Kyauktada 11182
Kyimyindaing 11101
Lanmadaw 11131
Mingalar Taung Nyunt 11221
Mingalardon 11021
Okkalapa (North) 11031
Okkalapa (South) 11091
Pabedan 11141
Pazundaung 11171
Pyi Thar Yar Yankin 11082
Sanchaung 11111
Shwe Pyi Thar 11411
Shwepaukan Okkalapa (North) 11032
Tamwe 11211
Tanyin 11291
Thamine College Hlaing 11052
Tharkayta 11231
Theingyi Market Pabedan 11142
Thingangyun 11071
Thuwunna Thingangyun 11072
Yangon 11181
Yangon Station Mingalar Taung Nyunt 11222
Yankin 11081

Saturday, December 4, 2010

မဲ မသမာမှုများကို စိန်ခေါ်ခြင်း

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာသည့်နောက် သတင်းမီဒီယာများက သူ့အပေါ် အဓိက အာရုံစိုက်နေချိန်တွင် အခြားတဖက်၌လည်း လျစ်လျူမရှုသင့်သော နိုင်ငံရေး ဖြစ်ပေါ်မှုများ ရှိနေသည်။

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးအပြီး ရက်ပိုင်းအတွင်း ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် အပြီးသတ် မဲရလဒ်များကို သိုသိုသိပ်သိပ် ထုတ်ပြန်ခဲ့သလို၊ တဖက်တွင်တော့ ရွေးကောက်ပွဲတွင် မှန်းချက်နှင့် နှမ်းထွက် မကိုက်ခဲ့သည့် ပါတီများက ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီအနေဖြင့် မဲမသမာမှုများကြောင့်သာ အနိုင်ရရှိခြင်းဖြစ်ကြောင်း စိန်ခေါ်မှုများ ပြုလုပ်နေကြခြင်း ဖြစ်သည်။

ယခုရက်ပိုင်းမှာပင် ရွေးကောက်ပွဲဝင် ပါတီ ၃ ခု၏ တိုင်တန်းမှုကြောင့် ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းအတွင်းရှိ မြို့နယ် ၁ဝ မြို့နယ်မှ မဲမသမာမှုများကို ရဲစခန်းက ခေါ်ယူစစ်ဆေးနေပြီဖြစ်သည်။

အမျိုးသား ဒီမိုကရေစီအင်အားစု NDF ၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် UMFNP နှင့် ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီတို့က ရန်ကုန်တိုင်းတွင် ၃ မြို့နယ်နှင့် ပဲခူးတိုင်းတွင် ၇ မြို့နယ်မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်၊ ရယကနှင့် မဲရုံမှူးတို့အား မဲမသမာမှုပြုလုပ်သည်ဟု တိုင်တန်းခဲ့သဖြင့် သက်ဆိုင်ရာ မြို့နယ်ရဲစခန်းများက ခေါ်ယူစစ်ဆေးနေခြင်း ဖြစ်သည်။

ရဲတိုင်နိုင်သော မဲ မသမာအမှု

ရဲစခန်းများတွင် တိုင်ကြားရခြင်းမှာ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ အခန်း ၁၃ ဖော်ပြချက်အရ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများကို ကျူးလွန်သူ မည်သူကိုမဆို မဲပေးခွင့်ရှိသူ၊ အမတ်လောင်း၊ အမတ်လောင်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်၊ ယင်းမဲဆန္ဒနယ်၏ ကော်မရှင်အဖွဲ့ဝင် တဦးဦးက သက်သေခိုင်လုံစွာဖြင့် ရဲစခန်းတွင် တိုင်တန်းနိုင်သည်ဟု ဖော်ပြထားသည့်အတိုင်း တိုင်ကြားခဲ့သည်။

ရဲတိုင်ကြားခွင့်မှာ ရွေးကောက်ပွဲ ကျင်းပသည့်ရက်မှ ၁၅ ရက်အတွင်း တိုင်ကြားရမည် ဖြစ်သောကြောင့် ယခုလ ၂၂ ရက်နေ့ကပင် အမှုအသစ်များ တိုင်ကြားခွင့် ကုန်ဆုံးသွားပြီဖြစ်သည်။ သို့သော် ဤအချက်ကြောင့် ၂ဝ၁ဝ ရွေးကောက်ပွဲရလဒ်အပေါ် စိန်ခေါ်မှုများ ဆိတ်သုဉ်းသွားမည် မဟုတ်ပါ။

ရွေးကောက်ပွဲဝင် ပါတီများက မဲသမာမှုများကို အခြားသော နည်းလမ်းများဖြင့်လည်း ကန့်ကွက်နေကြသည်။ မိမိသာလျှင် အနိုင်ရ ကိုယ်စားလှယ်ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်ကို သတ်မှတ်ထားသော ဥပဒေနှင့်အညီ တိုင်တန်းခြင်း၊ အာဏာပိုင်များထံ ရွေးကောက်ပွဲ မဲမသမာမှုများအပေါ် မကျေနပ်ကြောင်း စာရေးသား ပေးပို့ခြင်း နည်းလမ်းများအပြင် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ် မပြုကြောင်း ကြေညာချက် ထုတ်ပြန်ခြင်း စသည့် နည်းလမ်းများဖြင့်လည်း မဲသမာမှုများကို လက်မခံနိုင်ကြောင်း ဖော်ပြနေကြသည်။

ယင်းသို့ ကန့်ကွက်မှုများ လုပ်သည့်အထဲတွင် နိုင်ငံရေးပါတီ ၈ ခုနှင့် တသီးပုဂ္ဂလ အမတ်လောင်းများ ပါဝင်နေသည်။

တိုင်းရင်းသား စည်းလုံးညီးညွတ်ရေးပါတီ (တစည)၊ အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် UMFNP ၊ ၈၈ မျိုးဆက် ကျောင်းသား လူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ)၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ UDP ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) DPM ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMRDP ၊ ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ SNDP စသည့် နိုင်ငံရေးပါတီများနှင့်တကွ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများပါ နည်းမျိုးစုံဖြင့် ကန့်ကွက်မှုများ လုပ်နေကြသည်။ အခြားပါတီများကလည်း တိုင်တန်းရန် ပြင်ဆင်နေကြသည်။

သို့သော် လောလောဆယ်တွင် “မိမိသာ အနိုင်ရကြောင်း” တင်ပြချက်ဖြင့်၊ ကော်မရှင်၏ မဲစာရင်း ထုတ်ပြန်ချက်ကို ဥပဒေကြောင်းလမ်းအရ တိုက်ရိုက် စိန်ခေါ်မည့်သူအနေဖြင့် NDF ပါတီမှ အမတ်လောင်း ၂ ဦးသာ ရှိသည်ကို တွေ့ရသည်။

အနိုင်ရ ကိုယ်စားလှယ်ကို ကန့်ကွက်မှု

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း ၁၅၊ ပုဒ်မ ၆၇ နှင့် ၆၈ (ခ) တွင် ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်အား ကန့်ကွက်လိုပါက ရွေးကောက်ပွဲပြီးသည့်နောက် ရက်ပေါင်း ၆ဝ အတွင်း သတ်မှတ်ထားသော ငွေကြေးပေးသွင်း၍ ကန့်ကွက်နိုင်ကြောင်း ဖော်ပြထားချက်အရ NDF အမတ်လောင်း ၂ ဦးက စိန်ခေါ်ခြင်း ဖြစ်သည်။

ကန့်ကွက်ရာတွင် မိမိသာလျှင် ခိုင်လုံမဲ အများဆုံးရသူ (သို့မဟုတ်) အနိုင်ရသူ၏ ခိုင်လုံမဲများတွင် မဲမသမာမှု ပြုလုပ်၍ ရရှိသောမဲများကို မရေတွက်ပါက၊ မိမိသာ မဲအများဆုံးရသူဟု ကြေညာပေးရန် အကြောင်းပြ ကန့်ကွက်ရမည်။

ရွေးကောက်ပွဲ ကော်မရှင်သို့ ကန့်ကွက်လွှာ တင်သူတိုင်းသည် နိုင်ငံတော်က ကုန်ကျမည့် “အမှုစရိတ်” အတွက် ငွေ ၁ဝ သိန်းစီ ပေးသွင်းရမည်ဖြစ်ကာ မည်သည့်အကြောင်းနှင့်မျှ ပြန်ထုတ်ယူခွင့် မရှိကြောင်း ကော်မရှင်က ထုတ်ပြန်ထားသည်။

NDF ပါတီမှ ကချင်ပြည်နယ် ဖားကန့် ပြည်သူ့လွှတ်တော်တွင် ရှုံးနိမ့်ခဲ့သည့် အမတ်လောင်း ဒေါ်ဘောက်ဂျာနှင့် ရန်ကုန်တိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၇ တွင် ရှုံးနိမ့်ခဲ့သည့် ရှေ့နေ ဦးသိန်းဇော်ညွန့်တို့က ငွေ ၁ဝ သိန်း အကုန်ကျခံ၍ အမှုရင်ဆိုင်သွားတော့မည်ဖြစ်သည်။

သို့သော် ယင်းသို့ ရဲတိုင်တန်းခြင်းနှင့် ကန့်ကွက်လွှာတင်သွင်းခြင်းတို့၏ နောက်ဆက်တွဲအဖြစ် တိုင်တန်းသူသည် လိမ်လည်တိုင်တန်းကြောင်း ရွေးကောက်ပွဲခုံအဖွဲ့က ဆုံးဖြတ်ခဲ့ပါက ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း ၁၃၊ ပုဒ်မ ၆၄ အရ ၃ နှစ်ထက်မပိုသော ထောင်ဒဏ် (သို့မဟုတ်) ၃ သိန်းထက်မပိုသော ဒဏ်ငွေ (သို့မဟုတ်) ပြစ်ဒဏ် ၂ ရပ်စလုံး ချမှတ်ခံရနိုင်သည်ဟူသော သတ်မှတ်ချက်လည်း ရှိနေပြန်သည်။

“တိုင်မယ်ဆိုရင်လည်း မဲခိုးထားတဲ့ ပုဂ္ဂိုလ်တွေဆီကို တိုင်ရမှာ။ တိုင်ပြန်တော့လည်း သက်သေမခိုင်လုံဘူးလို့ ဆုံးဖြတ်ရင် ကျမတို့က ထောင် ၃ နှစ်လည်းကျမယ် လျော်ကြေးလည်း ပေးရဦးမယ်။ အကုန်လုံး နစ်နာတာပေါ့။ ကန့်ကွက်လွှာတင်ဖို့ စဉ်းစားပါဦးမယ်” ဟု DP (M) ပါတီ တွဲဖက် အထွေထွေအတွင်းရေးမှူး ဒေါ်ချိုချိုကျော်ငြိမ်းက ပြောသည်။

သို့သော် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ UDP ၊ AMRDP၊ DP (M) စသည့် ပါတီများနှင့် မန္တလေးတိုင်းတွင် ရှုံးနိမ့်ခဲ့သည့် NDF အမတ်လောင်းများကမူ ရွေးကောက်ပွဲ မသမာမှုများကို စစ်ဆေးမည့် ခုံအဖွဲ့အပေါ် အယုံအကြည် မရှိသည့်အတွက် ကန့်ကွက်လွှာ တင်သွင်းမည် မဟုတ်ကြောင်း ပြောသည်။

NDF ပါတီ မန္တလေးတိုင်း ဒုဥက္ကဋ္ဌနှင့် ပြည်ကြီးတံခွန်မြို့နယ် ပြည်သူ့လွှတ်တော်တွင် ရှုံးနိမ့်ခဲ့သည့် အမတ်လောင်း ရှေ့နေ ဦးအောင်ခိုင်က “ကန့်ကွက်လွှာတင်ဖို့ အစီအစဉ် မရှိဘူး။ ၁ဝ သိန်း သွင်းရမယ့် ကိစ္စက ငွေကြေးအခက်အခဲ ဖြစ်စေတယ်။ ကျနော်တို့က ဒီရွေးကောက်ပွဲမှာ ကိုယ့်ငွေနဲ့ ကိုယ်သုံးရတယ်။ နောက်ထပ်လည်း ၁ဝ သိန်း ကုန်ရဦးမယ်။ ထွက်လာမယ့် ရလဒ်ကလည်း သူတို့ပဲ ခုံအဖွဲ့ဖွဲ့ပြီး ဆုံးဖြတ်မှာဆိုတော့ ဒီပုတ်ထဲက ပဲ၊ ဒီပဲ ပဲ ဖြစ်မှာဗျ” ဟု ပြောသည်။

AMRDP ဥက္ကဋ္ဌ နိုင်ငွေသိန်းကလည်း “ကြိုတင်မဲကြောင့် ခံရတယ်ဆိုတာတော့ ပြောချင်တာပေါ့။ ထောက်ပြစရာတော့ ရှိတာပေါ့နော်။ တရားတော့ မစွဲနိုင်ဘူးလေ။ ပိုက်ဆံ ဒီလောက်ကုန်တာ” ဟု ဆိုပြန်သည်။

ပြည်ထောင်စု ဒီမိုကရေစီပါတီ UDP နှင့် ပဲခူးတိုင်းအတွင်း ဝင်ပြိုင်ခဲ့သည့် NDF အမတ်လောင်း ၅ ဦး တို့ကမူ တိုင်ကြားမှု တစုံတရာ လုပ်မည်မဟုတ်ဘဲ၊ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ် မပြုနိုင်ဟု ပြတ်သားစွာ ကြေညာထားသည်။

အထက်တွင် ဖော်ပြခဲ့သည့် ရဲကိုတိုင်ကြားထားသည့် အမှု၊ ရွေးကောက်ပွဲ ကော်မရှင်ထံ ငွေသွင်း၍ တိုင်ကြားမှုနှင့် ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် မပြုကြောင်း ကန့်ကွက်မှု ၃ မျိုးစလုံးတွင် တူညီစွာ ထောက်ပြထားသည့် အချက်ကတော့ ကြိုတင်မဲနှင့် ပတ်သက်သည့် မဲမသမာမှုများပင် ဖြစ်သည်။

ကြိုတင်မဲဖြင့် မဲမသမာမှုများ

ကြံ့ဖွံ့အမတ်လောင်းများကို အနိုင်ရစေခဲ့သည်ဟု ဆိုသည့် ကြိုတင်မဲများနှင့် ဆက်စပ်နေသည့် မဲမသမာမှုများတွင် အဓိက အချက် ၂ ချက်ကို ထောက်ပြကြပြန်သည်။ ရွေးကောက်ပွဲအပြီး ညဘက်ကျမှ ကြိုတင်မဲများ ရောက်ရှိလာသည့် အချက်နှင့် ရွေးကောက်ပွဲမတိုင်မီ ကြိုတင်မဲ ရယူပုံ ရယူနည်းများတွင် ဥပဒေနှင့် မညီသည့် အချက်များ ဖြစ်ကြောင်း ပါတီများက ထောက်ပြပြောဆိုသည်။

“ည ၁၂ နာရီအထိ အောက်ခြေ ပြည်သူ့ ဆန္ဒမဲတွေ အားလုံး နိုင်ပါတယ်။ ၈ ရက်နေ့မနက် ၄ နာရီ ၅ နာရီလောက်တွင် ဘယ်ကရောက် လာမှန်းမသိတဲ့ ဆာလာအိတ်တွေနဲ့ ရောက်လာပြီးတော့ စာရင်းတွေ ပြုစုတဲ့အခါမှာ နိုင်ပြီးသား ကိုယ်စားလှယ်တွေ အားလုံး တယောက်မှ မကျန်တော့ပါဘူး” ဟု NDF ပါတီ၏ ဥပဒေရေးရာ အဖွဲ့ဝင် ရှေ့နေ ဦးမြင့်သွင်က ပြောသည်။

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း ၁ဝ၊ ပုဒ်မ ၄၈ (က) တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲသည် မိမိနှင့် သက်ဆိုင်သော မဲရုံအသီးသီးအတွက် ဆန္ဒပြုထားသော ကြိုတင်မဲ လက်မှတ်များနှင့် မဲဆန္ဒရှင် အမည်စာရင်းတို့ကို ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် “မဲရုံမဖွင့်မီ” သက်ဆိုင်ရာ မဲရုံမှူးလက်ဝယ်သို့ အရောက်ပို့ပေးရမည်ဟု ဖော်ပြထားသည့်အတွက် ရွေးကောက်ပွဲနေ့ ညနက်ပိုင်းမှ ရောက်ရှိလာသည့် မဲများသည် တရားမဝင်ဖြစ်ကြောင်း ပါတီများက ထောက်ပြပြောဆိုနေကြသည်။

ထို့အပြင် ကြိုတင်မဲ ကောက်ခံရာတွင် ကြိုတင်မဲပေးရန် မလိုအပ်သူများကိုပါ ကောက်ခံခြင်း၊ လျှို့ဝှက်မဲပေးစနစ် မကျင့်သုံးခြင်းနှင့် ကြံ့ဖွံ့ပါတီကို ဖိအားပေး မဲထည့်စေခြင်းတို့ ရှိခဲ့ကြောင်းလည်း ပါတီအများအပြားက ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

DP (M) ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ချိုချိုကျော်ငြိမ်းက ပြည်သူ့လွှတ်တော်အတွက် သူဝင်ပြိုင်ခဲ့သည့် ကြို့ပင်ကောက်မြို့နယ်တွင် ကြိုတင်မဲအပါအဝင် မဲမသမာမှုများ ရှိခဲ့ကြောင်း မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့် ရွေးကောက်ပွဲ ကော်မရှင်များနှင့် နေပြည်တော်ရှိ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ လိပ်မူ တိုင်ကြားထားသည်။

ထို့အတူ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ပြည်သူ့လွှတ်တော်အတွက် ဝင်ပြိုင်သူ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဘိုမောင်းကလည်း ဒီပဲယင်းမြို့နယ်အတွင်း ကြံ့ဖွံ့ပါတီက ကြိုတင်မဲလိမ်ခြင်း၊ မဲဆန္ဒရှင်၏ ကိုယ်ရေးအကျဉ်း ပုံစံစာရွက်ဖြင့် မဲဆွယ်ခြင်းတို့ ကျူးလွန်ခဲ့ပြီး၊ သေဆုံးသူများ၏ အမည်များဖြင့်လည်း ကော်မရှင်က မဲထည့်ခဲ့သည်ဟု မဇ္ဈိမကို ပြောထားသည်။

တနင်္သာရီတိုင်း မြိတ်နှင့် ကော့သောင်းမြို့တို့တွင်လည်း ရပ်ကွက်ကော်မရှင်နှင့် အာဏာပိုင်များမှ ပင်လယ်သို့ ငါးဖမ်းထွက်မည့် လှေလုပ်သားများကို ကြံ့ခိုင်ရေးပါတီကို ဖိအားပေးကာ ကြိုတင်မဲထည့်ခိုင်းသဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ တစည က ယင်းမဲများကို ပယ်ဖျက်ပေးရန် သက်ဆိုင်ရာ မြို့နယ်ကော်မရှင်ရုံးများသို့ တိုင်ကြားခဲ့သည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ဒူကထောင်ရပ်ကွက်၌ ကြိုတင်မဲကောက်ခဲ့ရာတွင် လျှို့ဝှက်မဲပေးစနစ် မသုံးဘဲ လူအများရှေ့မှာပင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးမှူးကိုယ်တိုင် ကြံ့ခိုင်ရေးကို အမှန်ခြစ် ပေးခဲ့ကြောင်း တစည ပါတီမှ အမတ်လောင်း ဦးလနန်ဘောက်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်ကို တိုင်တန်းခဲ့သည်။

ရှမ်းပြည်မြောက်ပိုင်း ဗန်းမောက်နှင့်သိန္နီမြို့တွင် ကြိုတင်မဲ ကောက်ခံရာ၌ မဲပေးသူကိုယ်စား ရယက စာရေးများက ကြံ့ဖွံ့ပါတီကို အမှန်ခြစ်ပြီး မဲထည့်စေခဲ့ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SDNP က မြို့နယ်ကော်မရှင်ကို တိုင်ကြားခဲ့ပြန်သည်။

အလားတူပင် ရှမ်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်း ဒေသအများအပြားတွင် ကြံ့ခိုင်ရေးပါတီနှင့် နယ်မြေ ရွေးကောက်ပွဲ ကော်မရှင်တို့ ပူးပေါင်းပြီး ဥပဒေမဲ့ ကြိုတင်မဲများ ကောက်ခံခဲ့ကြောင်း NDF ပါတီက ရွေးကောက်ပွဲ မတိုင်မီ တရက်အလိုတွင် နေပြည်တော်ရွေးကောက်ပွဲ ကော်မရှင်သို့ တိုင်ကြားခဲ့သည်။

ကြိုတင်မဲ ပေးခွင့်ရှိသူများကို သတ်မှတ်ရာ၌ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း ၉ ၊ ပုဒ်မ ၄၅ (ခ) (ဂ) နှင့် ပုဒ်မ ၄၆ များတွင် ကြိုတင်မဲပေးခွင့်ရှိသူများမှာ “သက်ဆိုင်ရာ မဲဆန္ဒနယ်မှကျော်၍ ခရီးဝေးသွားရန်ရှိသူ၊ အနာကြီး ရောဂါစွဲနေသူ၊ ရောဂါပြင်းထန်သူ၊ မီးဖွားနေသူ၊ အသက်ကြီးသူ၊ အချုပ်ခန်းနှင့် အကျဉ်းထောင်တွင် အချုပ်ကျနေသူ၊ ဆေးရုံ၌အတွင်း လူနာအဖြစ် တက်ရောက်နေသူနှင့် မဲစာရင်းရှိရာ ဒေသကို ကျော်လွန်၍ ယာယီ တာဝန်ထမ်းနေရသူ နိုင်ငံ့ဝန်ထမ်း၊ စစ်သား၊ ရဲ” ဟူ၍ ဖော်ပြထားသည်။

ယင်းသို့ ဥပဒေ သတ်မှတ်ချက် ရှိသော်လည်း ရွေးကောက်ပွဲ ကော်မရှင် အာဏာပိုင်အချို့နှင့် ပြည်ထောင်စုကြံ့ခိုင်ရေး ဖွံ့ဖြိုးရေးပါတီတို့က ဥပဒေကို လိုသလို အသုံးပြုမှုများ၊ ဥပဒေပြင်ပ ဆောင်ရွက်ချက်များ ရှိခဲ့ကြောင်း ၂ဝ၁ဝ ရွေးကောက်ပွဲဝင် ပါတီများက ပြောဆိုစိန်ခေါ်နေခြင်း ဖြစ်သည်။

သို့ရာတွင် နေပြည်တော် ကော်မရှင်အပါအဝင် သက်ဆိုင်ရာ မြို့နယ်၊ တိုင်းကော်မရှင် အသီးသီးက မဲမသမာ တိုင်ကြားချက်များနှင့် ပတ်သက်၍ တစုံတရာ ဖြေရှင်းပေးခြင်းကြောင်း မရှိသေးကြောင်း ရွေးကောက်ပွဲဝင် ပါတီများက ပြောကြသည်။

ဖေါ်ထုတ်ရခြင်း ရည်ရွယ်ချက်

နေပြည်တော် ရွေးကောက်ပွဲကော်မရှင်ဘက်က အရေးမယူ၊ အကြောင်းမပြန်သည်ဖြစ်စေ လွတ်လပ်ပြီး တရားမျှတခြင်း မရှိသည့် ရွေးကောက်ပွဲအဖြစ် ကမ္ဘာက သိရှိစေရန် ကြိုးပမ်းသည့် အနေဖြင့် ကြိုတင်မဲအပါအဝင် မဲမသမာမှုများကို ဖော်ထုတ်တိုင်ကြားရခြင်းဖြစ်ကြောင်း ပါတီများက ဆိုသည်။

“ကျနော်တို့ပါတီက ရွေးကောက်ပွဲမတိုင်ခင်က တခါ၊ ရွေးကောက်ပွဲပြီး ၁၂ ရက်နေ့က တခါ ကြိုတင်မဲ ကိစ္စတွေနဲ့ မဲမသမာမှုတွေကို မြို့နယ်အလိုက် သေချာအတိအကျ တိုင်ခဲ့ပါတယ်။ ကော်မရှင်က အခုထက်ထိ ဘာမှ အကြောင်းပြန်ကြားတာ မရှိသလို၊ ဘာမှလုပ်ဆောင်ပေးတာလည်း မရှိဘူး” ဟု NDF ပါတီ နိုင်ငံရေးခေါင်းဆောင် ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။

“မဲမသမာမှုတွေကို ကျနော်တို့ အခုလို တိုင်တန်းဖော်ထုတ်ခြင်းဟာ ဒီရွေးကောက်ပွဲဟာ ဘယ်လောက် မလွတ်လပ် တရားမမျှတသလဲဆိုတာ ကမ္ဘာက သိအောင်၊ အားလုံး သိအောင် လုပ်တာပါ” ဟု ၈၈ မျိုးဆက်ပါတီ ဥက္ကဋ္ဌ ကိုရဲထွန်းက ပြောသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ဒေါ်ချိုချိုကျော်ငြိမ်းကလည်း “သူတို့က ဘယ်လိုပဲ ဆုံးဖြတ်သည်ဖြစ်ပါစေ။ ခုလိုတိုင်တန်းခြင်းဟာ ဒီရွေးကောက်ပွဲမှာ မဲလိမ်၊ မဲခိုးမှုတွေ၊ မသမာမှုတွေ ရှိနေတယ်ဆိုတာကို ပေါ်လွင်ထင်ရှားစေလိုတဲ့သဘောပါ” ဟု ဆိုသည်။

ယခုအခါ မဲမသမာမှုများအတွက် ရဲစခန်းသို့ တိုင်ကြားနိုင်သည့် အချိန်ကာလ ပြီးဆုံးခဲ့သော်လည်း၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း ၁၅၊ ပုဒ်မ ၆၇ နှင့် ၆၈ (ခ) အရ၊ အနိုင်ရ ကိုယ်စားလှယ်ကို ကန့်ကွက်လွှာ တင်သွင်းနိုင်သည့် နောက်ဆုံးရက်မှာ ၂ဝ၁၁ ခုနှစ် ဇန္နဝါရီလ ၆ ရက်နေ့ ဖြစ်သောကြောင့် ပါတီများအနေဖြင့် အချိန်ရဦးမည် ဖြစ်သည်။ သို့သော် ငွေ ၁ဝ သိန်း ပေး၍ ကန့်ကွက်မည့်သူ အများအပြား ပေါ်ထွက်လာနိုင်ရန် ခဲယဉ်းနိုင်ကြောင်း ပါတီများက ခန့်မှန်းကြသည်။

တချိန်ထဲတွင် ၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ၂ဝ၁ဝ ရွေးကောက်ပွဲ မဲသမမာမှုများ အပေါ် သုံးသပ်ချက် (မူကြမ်း) ရေးသားပြီးစီးသွားပြီဟု ဆိုသည်။ အာဏာပိုင်များဘက်မှ မဲမသမာမှုများကို တကယ်တမ်း အရေးယူရန် ရည်ရွယ်သည်ထက် ၂ဝ၁ဝ ရွေးကောက်ပွဲ မဲမသမာမှုများကို ဖော်ထုတ်စိန်ခေါ်ရာတွင် တတပ်တအား ဖြည့်ပေးနိုင်ရန်နှင့် NLD ခေါင်းဆောင်တဦးဖြစ်သည့် ဦးဝင်းတင်၏ စကားအရ “ရွေးကောက်ပွဲ၏ အရုပ်ဆိုးအကျည်းတန်မှုများ” ကို မီးမောင်းထိုးပြရန်သာ အဓိက ရည်ရွယ်ထားပုံရကြောင်း လေ့လာသူများက ဆိုနေကြသည်။

ဆလိုင်း ဟံသာစန်း

Sunday, November 21, 2010

မြန်မာမှ သြစတြေးလျသို့ အလုပ်ဗီဇာဖြင့် သွားမည့်သူများအတွက်

မြန်မာနိုင်ငံမှ သြစတြေးလျသို့ အလုပ်ဗီဇာ (Skill Migration)ဖြင့် ထွက်ခွာမည့်သူများအတွက် သြစတြေးလျ၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒသစ်ကို ၂၀၁၁ ဇူလိုင်လ ၁ ရက်နေ့တွင် စတင်ကျင့်သုံးသွားမည် ဖြစ်ကြောင်း သြစတြေးလျ၏ Department of Immigration and Citizenship ၏ နိုဝင်ဘာလ ၁၁ ရက်နေ့ သတင်းထုတ်ပြန်ချက် တစ်ရပ်အရ သိရှိရပါသည်။
ယခုအခါ သြစတြေးလျနိုင်ငံ အနေဖြင့် ကျွမ်းကျင်အလုပ်သမား နေရာများအတွက် အမှန်တကယ် အရည်အသွေးရှိပြီး အင်္ဂလိပ်စာသတ်မှတ်ချက် ပြည့်မီမှုရှိသူများကိုသာ ရွေးချယ်လိုသည့်အတွက် ပွိုင့်စနစ်များဖြင့် အမှတ်ပေးရာတွင် မူလရှိထားသည်ထက် တိုးမြှင့်လိုက်ခြင်းဖြစ်သည်ဟု သြစတြေးလျရှိ တက္ကသိုလ်၊ ကောလိပ်များနှင့် တရားဝင်ချိတ်ဆက်ထားသော Crown Education မှ Chief Consultant ဦးအောင်ကျော်ဆန်းက ပြောကြားခဲ့ပါသည်။

ယင်းမူဝါသစ်တွင် သြစတြေးလျသို့ Skill Immigration ဖြင့် ဗီဇာလျှောက်ထားမည့် သူတိုင်းအား ပွိုင့်စနစ်ဖြင့် အမှတ်ပေးသွားမည့်အပြင် လုပ်ငန်းအတွေ့အကြုံ ရှိသူများအား ဦးစားပေးခြင်း၊ ရရှိခဲ့သောဘွဲ့များနှင့် ပတ်သက်၍ ပွိုင့်ပေးခြင်းများပါဝင်မည့်အပြင် အင်္ဂလိပ်စာ အရည်အချင်းစစ် လက်မှတ် IELTS 7 နှင့်အထက်ရရှိမှသာ အမှတ်ရရှိမည်ဖြစ်သည်ကိုလည်း တွေ့ရသည်။

"အဲဒီ ပွိုင့်စနစ်သစ်မှာ သြစတြေးလျက ဒီပလိုမာလောက်နဲ့ ပြည်ပနိုင်ငံတွေက မာစတာ၊ ဒီဂရီတွေကို ယှဉ်ပြီးပွိုင့်ပေးတာတောင် ထူးခြားချက်တွေ တွေ့ခဲ့ရပါတယ်။ လောလောဆယ် သြစတြေးလျကို ကျောင်းသွား တက်မယ့်မြန်မာတွေအပေါ်တိုက်ရိုက် သက်ရောက်မှု မရှိသေးပေမယ့် ဒီနိုင်ငံကို ရွေးချယ်တော့မယ်ဆိုတာနဲ့ ဒီနိုင်ငံမှာ ကျောင်းပြီးရင် အလုပ်ရဖို့ ချမှတ်ထားတဲ့ မူဝါဒတွေကို သေချာစွာ လေ့လာသွားသင့်ပါတယ်"ဟု ဦးအောင်ကျော်ဆန်းက ဆက်လက်ပြောကြားခဲ့ပါသည်။

ထို့ပြင် အသစ်ပြဋ္ဌာန်းသွားမည့် မူဝါဒသစ်တွင် Skill Migration ဗီဇာ လျှောက်ထားမည့်သူများထဲမှ အသက် ၂၅ မှ ၃၂ နှစ်အရွယ် ဖြစ်ပါက ပွိုင့်အမှတ်အများဆုံး ရရှိမည် ဖြစ်ပြီး IELTS 6 ရရှိသော်လည်း ပွိုင့်အနေဖြင့် သုညသာရရှိမည်ဖြစ်သည်။ ယင်းမှာ လက်ရှိ သြစတြေးလျ၌ ကျောင်းတက်နေသူများနှင့် မကြာမီ သွားရောက်မည့်သူများအတွက် သတိပြုစရာအချက်ပင် ဖြစ်သည်ကို သြစတြေးလျ ပညာရေးနှင့် အလုပ်အကိုင်ရေးရာ ကျွမ်းကျင်သူကအသိပေး ပြောကြားခဲ့ပါသည်။

Sunday, September 26, 2010

“ မှာပါရစေ … ပြောပါရစေ ”

ကိုယ်သေရင် မငိုနဲ့၊

ပါးစိုရုံရှိမှာပေါ့။

သပိတ်မသွတ်နဲ့

လွတ်ပြီးသား၊ ကျွတ်ပြီးသား။

ထမင်းမထုတ်နဲ့၊

သိုးစာ၊ ပုပ်စာ၊ ဖြုန်းတီးစာ။

အိုးမခွဲနဲ့၊

အိုးမလိုဘာကိုမှ ကိုယ်မစွဲဘူး။

အပွင့်အခက်ယူမသွားနဲ့၊

ပြန်လိုက်ရမယ့်အစားမဟုတ်ဘူး။

ရက်လည်၊ လလည်၊ နှစ်လည်

ဘာကိုမှ မလည်နဲ့၊သံသရာကြီးမှာလည်ခဲ့သူ။


ကိုယ်သေရင် မငိုနဲ့

ကြိုကြိုပြီးသေထားသူ။

“ဘုရားရှင်ရဲ့ဂုဏ်တော်”ကိုမြတ်နိုးပူဇော်ရင်း

အကြိမ်ကြိမ် အသေရင်းထားသမို့

မရဏမင်းဆီပျော်ပျော်သွားမှာ။

ပြီးတော့ ပြောပါရစေ -

သာသနာ၊ စာပေ၊ ပရဟိတ

လုပ်လက်စတွေကိုဆက်လုပ်ဖို့၊

ဟောဒီချစ်ရတဲ့ မိခင်မြေကို

ပြန်လာခဲ့မယ်မုချ။

ဒီတော့ ကိုယ်သေရင် မငိုနဲ့၊

ဖြေသာစမ်းပါ၊ ပြုံးစမ်းပါ

လူသာဆုံးတာကျန်တာမရှုံးဘူး။

မှာခဲ့ပြီ၊ ပြောခဲ့ပြီနော်၊ ဒါပါပဲ။ ။


မိုးဟိန်း (သားဂျာနယ်ကျော်)

Thursday, August 5, 2010

အလုပ်သမား အလိုရှိသည်။

Job Title:
Full-Time Retail Crew
Salary:
Contact for Salary
Will apply for:
Contact for more info on work pass
Contact no.:
Email:
Job Description:
F&B Retail Store in Orchard Road is looking for a Full-Time Retail Crew.
- Cheerful, bubbly and self-motivated;
- Able to speak English reasonably well (with accent that is easily understood by local Singaporeans);
- Willing to work long retail hours, including on weekends and public holidays;
- Duties include promotion, cashier, and simple cleaning and washing;
- Male or energetic female;
- Singapore PR / Dependent Pass holders only.
Call 62666201 immediately or email your CV to hr@aramidth.com.

Tuesday, July 20, 2010

သတိ


သားကို အဖေကသတ်ပြီး
အဖေက သားကိုပြန်သတ်နေတဲ့ ခေတ်။
စုန်ရေဆိုတာ မသိ
ဆန်ရေဆိုတာမရှိ
ဦးသူလုပ်ကြေးဆိုပြီးဖြစ်နေတဲ့ ခေတ်။

အမြှီးကျက်ရင် အမြှီးစားပြီး
ခေါင်းကျက်ရင်
ခေါင်းစားတတ်တဲ့သူတွေများလာတော့
နေ့မြင်ညပျောက်...
ညမြင်နေ့ပျောက်တွေဖြစ်လာတယ်..။

ရှု့ တတ်သူတွေအဖို့တော့
တရားတွေရမယ်။
အနိစ္စဆိုတာကို
ကွက်ကွက်ကွင်းကွင်း
မြင်လာရမယ်။

ကမ္ဘာကြီးက ပိုပူနွေးလာတယ်။
လူတွေရဲ့ သိက္ခာကို
ငွေနဲ့ဝယ်လို့ရလာတယ်။

ဒီလိုခေတ်ကြီးထဲမှာ..
ရိုးရိုးကျင့်လို့ မြင့်မြင့်ကြံ
မှန်တာလုပ်ပြီး
ဟုတ်တာပြောလို့ ရနိုင်သေးပေမယ့်....

ကြည့်နေ ကြည့်စား
သတိနဲ့နေ သတိနဲ့သွား

အစားမတော် တစ်လုပ်
အသွားမတော် တစ်လှမ်းဆိုသလို...

အပူရှပ်ယုံကလေးနဲ့ဘဲ...
ဘဝပါ တစ်ခါတည်း
ပြောင်းသွားနိုင်တယ်။

(၂၂.၇.၂၀၁၀)

Tuesday, June 29, 2010

"REAL VISA ON ARRIVAL (VOA) Starts in Myanmar"



Starting from 1st May 2010, Myanmar immigration is granting real VOA for all foreigners both at Yangon and Mandalay Airport.

Sources:
Airlines are confirming the news.
Myanmar Marketing Committee MMC confirmed the news.
UMTA said they would issue the announcement today.


1) Tourist Visa
- USD30
- Valid for 28 days
- 01 passport photo

2) Business Visa
- USD40
- Valid for 70 days
- 01 passport photo
3) Transit Visa
- USD18
- Valid for 24 hours
- 01 passport photo

4) Eligibility
- All passengers with valid passports EXCEPT those listed on
Myanmar Immigration "Black List".

5) Passport Validity
- MUST be at least 6 months during stay in Myanmar

6) Fund
- Single traveler must hold minimum USD300
- Family must hold minimum USD600
7) Others
- Child under age of 7 traveling with passport together with
parent is exempted from Visa fee (FOC).

Note : Above applies to Mandalay Airport too.
Above information will be made available in the Myanmar Immigration website

News Source:
- Tourism industry, Myanmar

Photo:
- Myanmar Immigration at Yangon Airport (flickr)

ဆာကူရာသွားနှင့်ခံတွင်းဆေးခန်းဖွင့်ပွဲဖိတ်ကြားလွှာ.

မင်္ဂလာပါရှင်။
ဆေးခန်းဖွင့်ရင် ပြောပါဦးလို့ ပြောလာကြတဲ့ ချစ်ခင်ရပါသောဘလော့ဂါမောင်နှမများနဲ့ စာဖတ်သူမောင်နှမ မိတ်ဆွေများအားလုံးကို(၁၉.၆.၂၀၁၀)စနေနေ့မှာ ဆေးခန်းဖွင့်ပွဲပြုလုပ်မှာ ဖြစ်ပါကြောင်းလေးစားစွာနဲ့ အသိပေးဖိတ်ကြားအပ်ပါတယ်ရှင်။
မြန်မာပြည်တွင်းရှိ ဘလော့ဂါမောင်နှမများအားလုံး မည်သူ့ကိုမဆိုလာရောက်ချီးမြှင့်ပေးဘို့ လေးစားစွာဖြင့် ဖိတ်ခေါ်လိုက်ပါတယ်ရှင်။


"SAKURAသွားနှင့်ခံတွင်းဆေးခန်းဖွင့်ပွဲဖိတ်ကြားလွှာ"
SAKURA သွားနှင့်ခံတွင်းဆေးခန်းဖွင့်ပွဲကိုအောက်ပါအစီအစဉ်အတိုင်းပြုလုပ်မည် ဖြစ်ပါသောကြောင့်
ကြွရောက်ချီးမြှင့်ပေးပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

SAKURA သွားဆေးခန်းမိသားစု

"လက်ဆောင်ပေးခြင်း သည်းခံပါ။"

နေ့ရက်။ ။ ၁၉. ၆.၂၀၁၀ ( စနေနေ့)
အချိန် ။ ။နေ့လည်(၁၁:၀၀)နာရီ မှ ( ၂:၀၀) နာရီအထိ
နေရာ ။ ။ အမှတ် (၅၂ - က) ပထမလွှာ ၊ ရန်ကုန်-အင်းစိန်လမ်းမ၊
စံရိပ်ငြိမ်( ၃)လမ်းထိပ် ၊ လှည်းတန်း ၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

(ကုန်းထက်ကြက်ဆီထမင်း နှင့် နှင်းပုလဲရေခဲမုန့်တို့ဖြင့် ဧည့်ခံကျွေးမွေးပါမည်။)


အားလုံးကိုလေးစားစွာဖြင့်

ဝါ၀ါခိုင်မင်း (အမှတ်တရလေးများ)
http://warwarkhaingmin.blogspot.com

ဦးနီကို သတိရတယ်..... (သို့) သတင်းတုပ်ခြင်း (အတင်းမဟုတ်) :P

ဦးနီကိုသတိရတယ်.........

လွန်ခဲ့တဲ့ အပတ်က ဦးတည်တို့အိမ်မှာ သမီးတို့လူစုပြီး ကဲဖြစ်တယ်.....................
................................................. ဦးနီကို သတိရတယ်။
ကိုဏီအဲဝိုင်ဆိုတဲ့ ဘလော့ဂါလိုလို၊ ကဗျာဆရာလိုလို၊ တေးရေးဆရာလိုလို၊ ဘာလိုလို၊ ညာလိုလို အကိုကြီးနဲ့လည်း လာတယ်။ ခင်မင်ခွင့်ရခဲ့တယ်။...................................................................................................................................... ဦးနီကို သတိရတယ်။
စလုံးက ကိုတောင်ငူသားလည်း လည်လည်လာတယ်... သူလည်း ဦးတည်တို့အိမ် လိုက်ခဲ့တယ်။............................... ဦးနီကိုသတိရတယ်။
သမီးတစ်ပတ်လောက် ဖျားပြီး ဘာမှမစားနိုင်အားနည်းလို့ ဖြူဖတ်ဖြူလျော်ဖြစ်နေတာကို ကိုတောင်ငူသားက အသားဖြူလာတယ်လို့လည်း ဖောလိုက်သေးတယ်............................................................................................ ဦးနီကို သတိရတယ်။
အဲဒီနေ့က ဏီအဲဝိုင်ဆိုတဲ့လူနောက်ကျလို့ သူတို့အားလုံးကို ကိုတရာယာ ရှေ့ကကားမှတ်တိုင်မှာ သမီးတစ်ယောက်တည်း အကြာကြီး စောင့်လိုက်ရသေးတယ်................................................................................................................................ ဦးနီကို သတိရတယ်။
နီယိုလည်း လာမယ်ဆိုပြီး ပုံပြောသွားသေးတယ်.............................................................................................. ဦးနီကို သတိရတယ်။
မမခင်က အဲဒီနေ့ ကြာဇံချက် ရှယ်ချက်ကျွေးတယ်........................................................................................... ဦးနီကို သတိရတယ်။
စားလို့အရမ်းကောင်းလို့ သမီးဆို နှစ်ပန်းကန်ကုန်အောင် စားပစ်လိုက်တယ်......................................................... ဦးနီကို သတိရတယ်။
ခရေတိန်နဲ့ ငုံးဥတွေ လုစားလိုက်ရသေးတယ်.................................................................................................. ဦးနီကို သတိရတယ်။
ဦးနီရှိရင်ကောင်းမှာပဲနော်။ ဦးနီကို သတိရလိုက်တာလို့ မမခင်နဲ့တောင် ပြောဖြစ်သေးတယ်................................... ဦးနီကို သတိရတယ်။
သီချင်းတွေလည်း အများကြီး အော်ဆိုကြတယ်............................................................................................... ဦးနီကို သတိရတယ်။
ကိုဏီအဲဝိုင်က သူ့အုန်းကျွန်းဆိုပြီး ဘာတွေမှန်းမသိတဲ့ သီချင်းတွေနဲ့ နားဒုက္ခပေးလိုက်သေးတယ် (ဦးနီ အုန်းကျွန်းလောက်တောင် မကောင်းဘူးးးးးးး တကယ်).......................................................................................................................... ဦးနီကို သတိရတယ်။
ခရေတွန် နဲ့ ဆိုမဲ့ သီချင်းနှစ်ပုဒ်ကိုလည်း သမီးတို့ ဆိုပြလိုက်တယ် (Gထd လို့ပြောကြတယ်)................................... ဦးနီကို သတိရတယ်။
အဲဒီနေ့က အားလုံး (မကူးရဲသူ တစ်ယောက်မှလွဲ၍) ရေကူးကြတယ် ပျော်စရာကြီး................................................ ဦးနီကို သတိရတယ်။
မမခင် သမီးကို ရေကူးသင်ပေးလိုက်လို့ သမီးတောင် ရေကူးတတ်သွားပြီ အဟုတ်................................................ ဦးနီကို သတိရတယ်။
ခရေတွန်က နမော်နမဲ့ ရေကူးကန်ဘောင်ကို ခေါင်းနဲ့သွားတိုက်လိုက်သေးတယ် တော်တော်နာတယ်လို့ပြောတယ်..... ဦးနီကို သတိရတယ်။
သမီးတို့အားလုံး ပြန်တော့ ဦးတည်က ကားနဲ့လိုက်ပို့တယ်.................................................................................. ဦးနီကို သတိရတယ်။
မမခင်ဆီ ပြန်တိုင်မှာစိုးလို့ သမီးကို အရင်လိုက်ပို့ပြီး သူတို့တွေ မဟာနန်းမှာ ဘီယာသောက်ပြီး သွားကဲကြတယ်........ ဦးနီကို သတိရတယ်။
မူးမူးရူးရူးနဲ့ အိမ်ပြန်နောက်ကျလို့ မမခင် သိပ်ဝမ်းမသာဘူး။ ဦးတည်ကိုလည်း ဆုံးမလိုက်တယ်လို့ သတင်းရတယ်..... ဦးနီကို သတိရတယ်။
ကိုတောင်ငူသားလည်း စလုံးကို ပြန်သွားပြီ...................................................................................................... ဦးနီကို သတိရတယ်။
ခရေတွန် ဆိုတဲ့ကောင်လေး သမီးအတွက် ကိုတောင်ငူသားဝယ်လာတဲ့ ချောကလက်တွေကို ဖြောင်ပြီး ကိုယ်ရောင်ဖျောက်သွားတယ်....................................................................................................................... ဦးနီကို သတိရတယ်။
ကို ဒီရေက မိုးလုံးပြည့် မုသာဝါဒီတွေနဲ့ အွန်လိုင်းပေါ်ကနေ ရန်တိုက်ပေးနေတယ်............................................... ဦးနီကို သတိရတယ်။
ကို ဒီရေက မလေးရှား ရွက်ပုန်းသီးလေးတွေ ပုလင်းစီ၊ ဖန်ခွက်စီလို့ (အားကျနေတဲ့ လေသံနဲ့)လည်း ရန်စတယ်....... ဦးနီကို သတိရတယ်။
ပြီးတော့ မီးလောင်တာကို အားမပေး။ ကိုယ်တိုင်လည်း မီးမလောင် ဆိုပြီး သူတော်ကောင်းယောင်ဆောင်တာ
ကို ဒီရေပေါ့
................................................................................................................................................. ဦးနီကို သတိရတယ်။
ကို လတ်ဆိုတဲ့ ကိုမိုးသွေးငယ်ကလည်း အမတစ်ယောက်အတွက် အပင်ပန်းခံပြီး လုပ်ပေးထားတဲ့ ဘန်နာ ပျောက်သွားပြီ ဆိုပြီး လာညည်းနေတယ်....................................................................................................................................... ဦးနီကို သတိရတယ်။
ကိုလတ်က သူ့သူငယ်ချင်းဖြန့်မဲ့ အယ်လ်ဘမ်ကို ပီနန်းအတွက် တာဝန်ခံပေးထားတယ်လို့ လာကြွားတယ်.................. ဦးနီကို သတိရတယ်။
ခိုးကူးကောင်တွေကို ဘယ်လို ဖမ်းမယ် ဆိုပြီး လေထွားတာလည်း ကို လတ် ပါပဲ.................................................... ဦးနီကို သတိရတယ်။
အခုတလော... သမီးလည်း သင်တန်း တစ်ခုတက်နေရလို့ အလုပ်ရှုပ်နေသလိုလိုပဲ................................................. ဦးနီကို သတိရတယ်။
ခရေတွန်ကလည်း သူ့ကိုယ်သူ DJ ဆိုပြီး အလုပ်ရှုပ်ပြနေတယ်............................................................................ ဦးနီကို သတိရတယ်။
သမီး သီချင်းတောင်ရင် စိတ်မရှည်တဲ့ လေသံနဲ့ ပြန်ပြန်ပြောတယ် ဝါးးးးးးးးးး..................................................... ဦးနီကို သတိရတယ်။
ခရေတွန် သမီးကို အလုပ်ရှုပ်ပြပြီး ပစ်ထားတယ်......ဟင့်.................................................................................. ဦးနီကို သတိရတယ်။
ဦးတည်လည်း သမီးကို မမြင်ချင်ယောင်ဆောင် တတ်တယ်............................................................................... ဦးနီကို သတိရတယ်။
နီယိုလည်း သူ့ကိုယ်သူ အလုပ်များချင်ယောင်ဆောင်ပြီး ကိန်းကြီးနေတယ်.......................................................... ဦးနီကို သတိရတယ်။
အားလုံးကို စိတ်နာတယ်..... အွန်လိုင်းပေါ်လည်း မတက်ချင်တော့ဘူး
................................................................. ဦးနီကို သတိရတယ်။
ဦးနီ ကောင်မလေး အနားပဲ ကပ်နေလား။ မာဖီးယားပဲ လုပ်မနေနဲ့ အလုပ်ကို ကြိုးစားလုပ်ပါ.................................. ဦးနီကို သတိရတယ်။
အားလုံး တိတ်ကဲနော်.... သိပ်မကဲနဲ့.... ဆိတ်ဆွဲခံရမယ်.... ဘာမှတ်နေလဲ............................................................ ဦးနီကို သတိရတယ်။
အားလုံး အဆင်ပြေပျော်ရွှင်ပါစေနော်............................................................................................................ ဦးနီကို သတိရတယ်။

ချစ်စရာကောင်းတဲ့
ညီမ အလိမ္မာလေး အိန်ဂျယ် (အဟက်)

Tuesday, March 23, 2010

ခဏလေးများ

ဘဝ ဟာ
ဖယောင်းတိုင်တတိုင်လိုဘဲ......
ငါ့ကိုယ်ငါထွန်းညှိ.....
တမြိုက်မြိုက်နဲ့ လောင်းကျွမ်းလာလိုက်တာ....
မီးစာတောင်ကုန်လုပြီလေ.....

ဘဝဆီမှာ....
ယူရမှာလား.....
ပေးဆပ်ရမှာလား .....
စဉ်းစားနေရင်းနဲ့ဘဲ....
တောင်စွယ်မှာတောင်....
နေရောင်ကွယ်လုပြီလေ.....

ငါ လူတွေအတွက်....
အလင်းရောင်...
ဆောင်ကြဉ်းပေးခဲ့သလား......

ငါ လူတွေအတွက်....
အမှောင်တိုက်...
ဆောင်ကြဉ်းပေးခဲ့သလား......

ငါ့အတ္တ ဥခွံငါခွဲ....
ရဲရဲကြီးငါ့ ကိုယ်ငါမေးမယ်.....

ငါရေးခဲ့တဲ့ သမိုင်း
ရာဇဝင် မရိုင်းခဲ့ဘူး.....
ငါပေးခဲ့တဲ့ မေတ္တာ
အစွန်းအထင်း မရှိဘူး......
ငါဆိုခဲ့တဲ့ သစ္စာ...
ဖောက်ပြန်မှု မရှိဘူး....

ငါ့သိက္ခာ ငါလုံလို့
ငါ့လိပ်ပြာ ငါသန့်တယ်.....
သူများတွေ ဝင်ရေးသွားတဲ့
ငါ့သမိုင်း
ဘာဖြစ်ဖြစ် ငါဂရုမစိုက်ဘူး..........

ငါဘယ်လို နေသွားတယ်ဆိုတာဘဲ
အရေးကြီးတယ်.....
ငါဘာတွေ ရ သွားတယ်ဆိုတာ
ထားခဲ့လိုက်မယ်.....

စိတ်တွေကိုမျောလွင့်မယ်....
အတိတ်တွေကိုမေ့ထားမယ်....
လူ့ ဘဝ ဆိုတာ အိမ်မက်ဘဲဖြစ်တယ်။ ။

(၂၃.၀၃.၂၀၁၀)

Saturday, March 20, 2010

နတ်လူသာဓုခေါ်စေသော်......


စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်းတွင်
ယနေ့ (၂၀.၀၃.၂၀၁၀) တွင် ဆွမ်းအလှူအဖြစ်

အရုဏ် မုန့်ဟင်းခါးဆွမ်း
နှစ်ဖက်သောမိဘ၊အဘိုးအဖွားများကို
အမှူးထား၍
ဦးသောင်းညွှန့်+ဒေါ်နော်ဆဲဖေါ မိသားစု တို့မှလည်းကောင်း

နေ့ဆွမ်း
ဆွမ်း
ဘဲဥချဉ်ဟင်း
ပဲနီသုတ်
အစိမ်းကြော်
ငရုတ်သီးပါလချောင်ကြော်
နှစ်ဖက်သောမိဘ၊အဘိုးအဖွားများကို အမှူးထား၍
မောင်ရဲရင့်နီ+မချိုးချိုး တို့မှ လှူဒါန်းခဲ့ကြပါတယ်။
ပြုပြုသမျှ ကုသိုလ်ကောင်းမှု အစုစုတို့အား
၃၁ ဘုံအလုံးစုံတွင်ကျင်လည်ကြကုန်သော
လူ၊နတ်၊ဗြဟ္မာ သတ္တဝါ အပေါင်းတို့အားအမျှပေးဝေပါ၏။
အမျှ..........
အမျှ..........
အမျှ..........
ယူတော်မူကြပါကုန်လော.....
အမျှရ၍ ၃၁ ဘုံအလုံးစုံတွင်ကျင်လည်ကြကုန်သော
လူ၊နတ်၊ဗြဟ္မာ သတ္တဝါ အပေါင်းတို့ ကျမ်းမာ၊ချမ်းသာကြသည်ဖြစ်ကြပါစေသော်.....
ဒီနေ့အလှူဖြစ်မြောက်ဘို့အတွက် ဆောင်ရွက်ပေးခဲ့ကြသော ဦးဇင်းဦးကောဝိဒနဲ့အတူမ၀ါဝါခိုင်မင်း၊မဥမ္မာဌေးနှင့်တကွ စစ်ကိုင်းတောင်ရိုးမှ ဝေယျာဝစ္စ အလှူရှင်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။





Thursday, March 18, 2010

တရုတ်နှစ်ကူးကပေးသော အတွေးများ

(မြသောင်းတင်)
ကျနော် တရုတ်လူမျိုး မဟုတ်ပါ။ လူမျိုးရေး အစွဲ၊ ဒေသအစွဲ ကြီးသူလည်း မဟုတ်ဟု စကားပလ္လင် ခံလိုပါသည်။ ပြီးခဲ့သော တရုတ် နှစ်ကူးက ပေးလိုက်သည့် အတွေးများကို အခြေခံ၍ ရေးလိုက်ခြင်းသာ ဖြစ်ပါသည်။

တရုတ်ရိုးရာပြက္ခဒိန်အရ နှစ်ဆန်းတရက်နေ့ (ဖေဖော်ဝါရီလ ၁၄ ရက်) မနက်ပိုင်းတွင် ရန်ကုန်မြို့ထဲမှနေ၍ ဘတ်စ်ကားစီးကာ ပြန်လာခဲ့သည်။ ဘတ်စ်ကားသည် မီးပွိုင့်တခုကို ကျော်လာပြီး ရုတ်တရက် ရပ်လိုက်ရသည်။ ရှေ့တွင် ယာဉ်တန်းကြီးက အရှည်ကြီး ဖြစ်နေသည်။ ယာဉ်တိုက်မှုများ ကြီးကြီးမားမား ဖြစ်၍လား၊ သို့မဟုတ် ဗီအိုင်ပီ ယာဉ်တန်းများလာ၍လား၊ တက္ကသိုလ်ရိပ်သာ လမ်းထိပ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သော အရေးကိစ္စ တခုခု ဖြစ်၍လား ဟုလည်း စဉ်းစားမိခဲ့သေးသည်။

ဤသို့နှင့် တဖြည်းဖြည်းချင်းလှိမ့်လာသော ဘတ်စ်ကားမှာ နောက်မီးပွိုင့်သို့ ရောက်သွားတော့မှ ယာဉ်ကြောအကြာကြီးပိတ်နေသည့် အဖြစ်မှန်ကို သိရသည်။ တရုတ်ဘုံကျောင်းတွင် တရုတ်နှစ်ကူးဆုတောင်းပွဲရှိသောကြောင့်ဖြစ်သည်။ ဘုံကျောင်းရှေ့မှ ဘတ်စ်ကား အဖြတ်တွင် ဘုံကျောင်းထဲ၌ ကြီးကြီးငယ်ငယ် တရုတ်လူမျိုးများကို ဝတ်ကောင်း စားကောင်းများဖြင့် ပျော်ရွှင်စွာ တွေ့ရသည်။ တရုတ်တို့၏ မော်တော်ယာဉ်များက လွန်စွာ ပြည့်နှက်နေသောကြောင့် ယာဉ်ထိန်းရဲ ၁၀ ဦးခန့်က မနည်းပင် လမ်းရှင်းပေးနေရသည်။

ဘုံကျောင်းလာတရုတ်များကို အုံလိုက်ကျင်းလိုက် တွေ့လိုက်ရသည့်အခါတွင် ဘတ်စ်ကား စပယ်ယာက ခရီးသည် အမြောက်အမြားရရန် ရည်ရွယ်ချက်ဖြင့် ယာဉ်မောင်းကို ဝမ်းသာစွာ လှမ်းအော်ပြောလိုက်သည်။ ဘုံကျောင်းကိုအကျော်တွင် ယာဉ်မောင်းက မှတ်တိုင်သို့ ဇွတ်အတင်း ဝင်ကပ်ကာ စပယ်ယာက ဘုံကျောင်း အသွားအလာ တရုတ် လူအုပ်ကြီးရှိရာသို့ “ရန်ကင်း၊ ၁၂ လုံးတန်း၊ တောင်ဥက္ကလာ၊ ဘေလီ၊ ဒဂုံရောက်မယ်” ဟု အားတက်သရော အော်ခေါ်တော့သည်။ သို့သော် ထိုဘုံကျောင်းလာ လူအုပ်ကြီးထဲမှ ခရီးသည် တဦးတယောက်မျှ တက်မလာပေ။ ၁၀ မိနစ်ခန့်ကြာသည်အထိ စပယ်ယာခမျာ အဆက်မပြတ် အော်ခေါ်ရှာသည်။ ဒုံရင်းက ဒုံရင်းပင်။ တယောက်မျှပင် တက်မလာပေ။

ဤတွင် ကားပေါ်ပါသော ခရီးသည်ထဲမှ အမျိုးသားတဦးက စောင့်ဆိုင်းနေရသည်ကို သည်းမခံနိုင်ကြောင်း ပြောတော့မှ ဘတ်စ်ကားမှာ မထွက်ချင်၊ ထွက်ချင်ဖြင့် ထွက်လာရတော့သည်။ မှန်းချက်နှင့်နှမ်းထွက် တက်တက်စင်အောင် လွဲသွားပြီးနောက် စပယ်ယာဖြစ်သူမှာ စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။

မှတ်တိုင်မှ အထွက်တွင် ကျနော့်ခေါင်းထဲသို့ တွေးစရာတွေ တပုံတခေါင်းကြီး ဝင်လာသည်။ ကျနော် ပထမဆုံး တွေးမိသည်မှာ မြန်မာပြည်က တရုတ်တွေ ဒီလောက်တောင် ချမ်းသာနေကြပြီလား ဟူ၍ပင်။ များစွာသော ဘုံကျောင်းလာ တရုတ် လူမျိုးများ အားလုံး ကိုယ်ပိုင်ကား၊ စုပေါင်းစပ်ပေါင်းကား၊ သို့မဟုတ် တက္ကစီဖြင့်သာ လာရောက်သည်မှာ အဆိုပါ ဘုံကျောင်းဘေးမှ ဘတ်စ်ကားမှတ်တိုင်လေးက သက်သေပြနေသည်။ အခြားသော ဘတ်စ်ကားများမှာလည်း ထိုနည်း အတိုင်းပင် ခရီးသည် တဦးတယောက်မှ မရပေ။ ဘုံကျောင်း ရှေ့နှင့် ဝဲ၊ ယာ တဘက် တချက်စီတွင် ကိုယ်ပိုင်ကား ကြီးငယ်အသွယ်သွယ်နှင့် တက္ကစီကားများ ပြည့်နှက်နေသည်။

အတွေ့အကြုံအရ ပြောပါက မြန်မာ့ရိုးရာပွဲတော်များ၊ ဘာသာရေးပွဲများနှင့် အခြားသော ပျော်ပွဲရွှင်ပွဲများဟူသည် ဘတ်စ်ကား ဒရိုင်ဘာတို့နှင့် စပယ်ယာတို့အတွက် မုတ်ဆိတ်ပျားစွဲ ဖန်တီးပေးခဲ့ကြသည်ချည်းသာ ဖြစ်သည်။ မြောက်ဥက္ကလာက မယ်လမုဘုရားပွဲ၊ မိုးကောင်းဘုရားပွဲ၊ ဦးချစ်မောင်ရပ်ကွက်က ရာသီအလိုက် ဘုရားလှည့်ပွဲတိုင်း လိုလိုတွင် ဘတ်စ်ကားများ အလွန် အလုပ် ဖြစ်ကြသည်။ သို့သော် တရုတ်လူမျိုး အများစုသာ ပါဝင်သည့် ဘုံကျောင်း ဆုတောင်းပွဲကမူ တမျိုးတဘာသာ ဖြစ်သည်။ ဘုံကျောင်းလာသူ တရုတ် အများစုမှာ အဲပုဂံ လေကြောင်းလိုင်းနှင့် အခြားသော ဧရာမ စီးပွားရေး လုပ်ငန်းကြီးများကို ပိုင်ဆိုင်သော သူဌေးကြီး ဦးတေဇလောက် မချမ်းသာသည့်တိုင် အချိုးချကြည့်ပါက သာမန် မြန်မာလူမျိုးများထက် ချမ်းသာကြသည်မှာ သေချာသလောက် ရှိသည်။

ညနေပိုင်းရောက်တော့ အဆိုပါ ဘုံကျောင်းရှေ့က အဖြစ်အပျက်ကို ထပ်၍စဉ်းစားမိနေပြန်သည်။ မြန်မာတွေဘာကြောင့် တရုတ်တွေလောက် မချမ်းသာကြတာလဲ။ မိတ်ဆွေတွေထဲက တရုတ်လူမျိုးတို့၏ ဓလေ့စရိုက်များကိုလည်း ဆန်းစစ်ကြည့်မိသလို တရုတ်လူမျိုးများ၏ ဓလေ့စရိုက် အပေါ် အပြစ် ပြောသူများနှင့် အကောင်းပြောသူများ၏ စကားသံများကိုလည်း စိတ်ထဲတွင် ပြန်ဖွင့်ကြည့်မိသည်။ သေချာသည့် အချက်နှစ်ချက် ပေါ်လာသည်။ တချက်က တရုတ်တို့သည် ပိုက်ဆံ ရှာရာတွင် အာရှသားများထဲ၌ အထူးချွန် အပြောင်မြောက်ဆုံး သူများဖြစ်သည်။ နောက်တချက်မှာ တရုတ်လူမျိုးများတွင် ပျင်းရိသူဟူသည် ယနေ့ခေတ်တွင် အတော့်ကို ရှားသည်ဟု ထင်သည်။ ကျနော်နှင့် ရင်းနှီးသော တရုတ်မကြီးတဦးက ပြောဖူးသည်။ “ငါတို့က တနေ့ ပိုက်ဆံ တကျပ် မဝင်ရင် နေမကောင်း ဖြစ်သလို ခံစားရတယ်” ဟူ၏။ သူ၏ သားသမီးများ စင်ကာပူတွင် တလကို ဒေါ်လာ ထောင်ချီရသည့် အလုပ်အကိုင် ရှိနေသည့်တိုင် ထိုတရုတ်မကြီးက ရန်ကုန် တရုတ်တန်း လမ်းဘေးတွင် ပဲမုန့်နှင့် အချိုမုန့်များကို ယနေ့ထိတိုင် ရောင်းချနေဆဲဖြစ်သည်။

တရုတ်တို့သည် ငွေနှင့်ပတ်သက်လာပါက ညီအစ်ကို၊ မောင်နှမ၊ မိဘချင်းပင် ခြွင်းချက် မထားနိုင်သူများအဖြစ် တချို့က ပြောဖူးသည်။ တရုတ်တို့ အလေ့အထကို ပြစ်တင်ဝေဖန်သည့် သဘောဖြင့် ပြောသည့် ပုံစံမျိုး ဖြစ်ပါလိမ့်မည်။ ကျနော်ကိုယ်တိုင်ပင် အဆိုပါ အလေ့အထမျိုးနှင့် ကြုံဖူးသည်။

တခါသော ညချမ်းက အိမ်ပြန်ချိန်မှာ အတော့်ကို နောက်ကျခဲ့သည်။ အိတ်ကပ်ထဲတွင်လည်း ပိုက်ဆံ ၂၂၅၀ ကျပ် တိတိသာ ကျန်တော့သည်။ အချိန်က ည ၁၁ နာရီ ကျော်ကျော်ဖြစ်သောကြောင့် လိုင်းကားမရှိတော့ဘဲ ကြားကား (ရန်ကုန်အခေါ် အောက်ဆိုဒ်ကား) လောက်သာ ရှိတော့သည်။ တက္ကစီငှားလျှင် ကျပ် ၂၀၀၀ ကျိန်းသေပေးရမည်။ ထို့ကြောင့် ၂၂၅၀တွင် ၂၅၀ ကျပ်သာ ပိုတော့မည် ဖြစ်သည်။ တချိန်တည်းမှာပင် အိမ်ပြန်ရောက်ချိန်နှင့် နံနက် အိပ်ရာထစ အချိန်တွင် သောက်ရန် စီးကရက်တဘူး မဖြစ်မနေ ဝယ်ရဦးမည်။

သောက်နေကျ စီးကရက်က တဘူးကို ကျပ် ၃၀၀ ပေးရ၏။ ထို့ကြောင့် တက္ကစီသာ ငှားပါက စီးကရက်တဘူး ဝယ်ရန် ၅၀ ကျပ် လိုနေမည် ဖြစ်သည်။ မည်သို့ဆိုစေ ၅၀ ဖြင့် တက္ကစီငှားမည့်ကိစ္စကို မဖျက်ချင်သလို၊ စီးကရက် ဝယ်မည့် ကိစ္စကိုလည်း မဖျက်လိုပေ။ ထို့ကြောင့် ဝယ်နေကျ စီးကရက်ဆိုင်ကို ရောက်အောင်သွားသည်။ ဖောက်သည် ဖြစ်နေတော့ ဒီတကြိမ် ၅၀ တော့ လျှော့ပေးကောင်း လျှော့ပေးနိုင်မည်ဟု အတွေးဖြင့် သွားခြင်းလည်း ဖြစ်သည်။

စီးကရက်ဆိုင် ပိုင်ရှင်က တရုတ် အမျိုးသား ဖြစ်သည်။ သူက ကျနော့်ကို မြင်သည်နှင့် စီးကရက်တဘူးကို ထုတ်ပေးသည်။ ကျနော်က အကြွေ အခက်အခဲကို ဦးစွာ ရှေ့တန်းတင်သည့် အနေဖြင့် “ အကိုရေ အကြွေက ၂၅၀ ပဲပါတယ်။ ကျန်တာက ထောင်တန်ဖြစ်နေလို့” ဟုပြောလိုက်သည်။ အခြားသော ဆိုင်များဆိုလျှင် ၅၀ လောက်ဖြင့် အကြွေ အခက်အခဲ ဖြစ်နေလျှင် လျှော့ပေးလေ့ရှိသည်ကို တွေ့ကြုံဖူးသောကြောင့် ယင်းသို့ ပြောလိုက်ခြင်း ဖြစ်ပါသည်။ သို့သော် ကျနော် မှန်းသလို ဖြစ်မလာပါ။ “ရတယ်၊ ထောင်တန်ပဲပေး”ဟု သူကပြောသည်။ ကျန်သည့် ၅၀ မနက်ဖြန်မှ ပေးပါမည်ဟု ပြောသော်လည်း သူက မရပါဟု ပြုံးပြုံးရွှင်ရွှင်နှင့်ပင် တုံ့ပြန်ပါသည်။

ထိုညက ငွေ ၅၀ ပြဿနာကြောင့် ကျနော်သည် တက္ကစီ မငှားနိုင်တော့။ ၃၀၀ ကျပ်ပေးရသည့် ကြားကားကို စိတ်ရှည်ရှည် စီးကာ ပြန်လာရသည်။ အချိန်လည်း ၄၅ မိနစ်ကျော် ပိုပေးလိုက်ရသည်။ စီးကရက်များ မသောက်တတ်လျှင် ဘယ်လောက် ကောင်းလိုက်လေမလဲ ဟု တွေးမိသည်။ ထားပါတော့။

ကျနော် ပြောချင်သည်မှာ တရုတ်လူမျိုးများ ငွေကြေးနှင့် ပတ်သက်လာပါက မည်မျှ အတိုင်းအတာ အထိ စည်းစနစ် ရှိသည်ကို ကျနော် ကွက်ကွက် ကွင်းကွင်း မြင်ခဲ့ရပါသည်။ အဆိုပါ စီးကရက် ရောင်းသည့်ဆိုင်မှ ပုဂ္ဂိုလ်ကိုလည်း တရက်တာ ငွေ ၅၀ အကြွေး မပေးနိုင်သောကြောင့် စိတ်မဆိုးမိပါ။ နောက်နေ့တိုင်း သူ့ဆိုင်ကပင် ပုံမှန် ဝယ်ဖြစ်မြဲပင် ဖြစ်သည်။ သူငယ်ချင်း တဦးကတော့ “ငါသာဆို ၅၀ နဲ့ လျှော့ပေးလိုက်မယ်။ ရေရှည်ရမယ့် ဖောက်သည်မျက်နှာကို ကြည့်ရမယ်လေ” ဟု မှတ်ချက်ပြုသည်။ သူ၏မှတ်ချက်ကို ကျနော် ဘာမှ မပြောလိုပါ။ တရုတ်လူမျိုးများ ပိုက်ဆံ ရှာရာတွင် မြန်မာလူမျိုးများထက် တိကျ ပြတ်သားပုံကိုသာ တရေးရေး မြင်ယောင်မိနေပါသည်။

တရုတ်တို့သည် ယင်းသို့ ပိုက်ဆံကို တိတိကျကျ၊ ပြတ်ပြတ်သားသား ရှာသည့် အလေ့အထ ရှိရုံသာမက ငွေကြေး အခက်အခဲများ အပေါ် တုံ့ပြန်ရာတွင်လည်း လွန်စွာ ထူးချွန်သူများဟု ဆိုနိုင်သည်။ ယမန်နှစ် ၂၀၀၉ ခုနှစ် က ဖြစ်ပွားသော ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းကိုလည်း တရုတ်တို့ ကောင်းစွာ တုံ့ပြန်ခဲ့ကြသည်။ တရုတ်မိတ်ဆွေ တချို့၏ အဆိုအရ ထိုစဉ်က တရုတ်နှစ်ကူးကို တတ်နိုင်သမျှ ငွေ နည်းနည်းပါးပါးမျှသာ သုံးပြီး ကူးခဲ့ကြသည်။ မကြာသေးခင်က တရုတ်ကွန်မြူနစ် အစိုးရက တရုတ်ပြည်သည် ကမ္ဘာ့ ဘဏ္ဍာရေး အကျပ်အတည်းမှ ဦးစွာ ရုန်းထွက်နိုင်ပြီ ဖြစ်ကြောင်း လူသိရှင်ကြား ထုတ်ပြောသည်။ မြန်မာတွေမှာတော့ သူတို့လို မဟုတ်။ ထိုနှစ်က သင်္ကြန်တွင် ပျော်မြဲ ပျော်ကြသည်။ ငွေကြေး မပြည့်စုံသည့်တိုင် ဘီယာသောက်ပြီး လမ်းမများပေါ် အော်နိုင်ခဲ့ကြသော မြန်မာများကို တွေ့ရသည်ဟု မိတ်ဆွေတဦးက ပြောသည်။ “မြန်မာတွေက ပိုက်ဆံ မရှိရင်တောင် ချေးငှားပြီး ရအောင် ပျော်ကြတာ” ဟုပင် သူက ဆိုခဲ့သည်။ ကျနော်တို့ မြန်မာတွေ ဤမျှလောက် အပျော်အပါး များလွန်းသလား။

သွားလေသူ ဗိုလ်ချုပ်အောင်ဆန်းက မြန်မာလူမျိုးများအပေါ် ပေးခဲ့သော မှတ်ချက်များမှာ ခပ်ကြမ်းကြမ်းကြီး ဖြစ်နေသည်။ မြန်မာလူမျိုးများသည် လှေလှော်ပြိုင်ပွဲ ဝင်သည့်အခါ နိုင်ပြီဆိုတာ သိပါက ဆက်မလှော်ဘဲ တက်မကို မိုးပေါ် ထောင်ပစ်လေ့ ရှိခြင်းကို ဗိုလ်ချုပ်က ပြစ်တင် ကဲ့ရဲ့ဖူးသည်ဟု ကြားဖူးပါသည်။ ယုတ်စွအဆုံး ဗိုလ်ချုပ်က “ဒီပုံစံမျိုးနဲ့ဆို မြန်မာနိုင်ငံ ဟိုဟာနိုင်ငံ ဖြစ်လာလိမ့်မယ်” ဟုပင် ခပ်ကြမ်းကြမ်း သတိပေးခဲ့ဖူးသည်။ ဗိုလ်ချုပ် မမှားပါ။ ယနေ့ တရုတ်လူမျိုးများ ပိုင်ဆိုင်သော စားသောက်ဆိုင်၊ ကေတီဗီ၊ ကလပ်နှင့် အနှိပ်ခန်းတို့တွင် အလုပ် လုပ်နေသူများကို ကြည့်ပါက မြန်မာ မိန်းကလေးများပင် အများဆုံးဖြစ်သည်။ ဤသို့ဖြစ်နေခြင်းကြောင့် တရုတ်လူမျိုးများကို အပြစ် တင်မည်လော။ အပြစ် တင်မိပါကလည်း ကိုယ့်မျက်ချေး ကိုယ်မမြင်သည့် ပြစ်တင်မှုမျိုးသာ ဖြစ်ပါလိမ့်မည်။ အဓိပ္ပာယ်လည်း ရှိမည် မဟုတ်ပါ။

ကျနော်ရိုးရိုးလေးသာပြောချင်ပါသည်။ မြန်မာတွေ ထကြွလုံ့လစိုက်ရေးအတွက် တိုက်တွန်းချင်ခြင်းသာ ဖြစ်သည်။ အဆိုပါ အရေး ကိစ္စတို့ကို အတိုက်အခံ နိုင်ငံရေးသမားများအား ပြောမိပါက စစ်အစိုးရကို အပြစ်တင်မည်။ စစ်အစိုးရ လိုလားသူများကို ပြောပါက အမေရိကန် စီးပွားရေး ပိတ်ဆို့မှုကြောင့်ဟု မေးငေါ့ကြလိမ့်မည်။ ကျနော့်အမြင် ပြောရပါမူ အဆိုပါ ကိစ္စများမှာ ကိုယ်တိုင်နှင့် သက်ဆိုင်ပါသည်။

တရုတ်လူမျိုးများ နှစ်သစ်ကူးတွင် ကိုယ်ပိုင်ကား ကိုယ်စီနှင့် ဘုံကျောင်း လာနိုင်သည်မှာ သူတို့ ဝါယမ စိုက်ထားသလောက် သူတို့တတွေ အကျိုး ခံစားနေရခြင်းသာ ဖြစ်ပါသည်။ မြန်မာတွေ မပျင်းမရိ၊ အပါးမခို၊ ကြိုးစားကြပါက တနေ့နေ့ တချိန်ချိန်တွင် မြန်မာဟု ရင်ကော့နိုင်မည် ဖြစ်သည်။

Wednesday, March 17, 2010

ရဲရင့်နီ၏ ဖီလိုဆိုဖီများ

အောင်မြင်ရေးအတွက်ဆောင်ပုဒ်များ

  1. မိမိကိုယ်ကို မိမိကိုယ်တိုင် မညှာမတာ ဝေဖန်ပါ။
  2. မိမိ၏ အားနည်းချက်များကို အမြန်ဆုံးပြင်ဆင်ပါ။ မိမိ၏ အားသာချက်များကို ပိုမိုကောင်းမွန်အောင်ပြင်ဆင်ပါ။
  3. အခက်အခဲဆိုသည်မှာရင်ဆိုင်ဖြေရှင်းပြီးအနိုင်ယူရန်ဖြစ်သည်။ ကြောက်ရွံ၊ထွက်ပြေးခြင်းဖြင့်အခက်အခဲများပျောက်ကွယ်သွားမည်မဟုတ်ပေ။
  4. သင်အရှုံးမပေးမခြင်း၊လက်နက်မချမခြင်း၊သင်သည်မည်သည့်အခါတွင်မှ မရှုံးနိမ့်ပေ။
  5. မနက်ဖြန်တိုင်းအတွက်အသင့်ပြင်ဆင်ထားပါ။
  6. သင်အလုပ်မည်မျှလုပ်ကြောင်းမပြောပါနှင့်။ သင်အလုပ်မည်မျှပြီးမြောက်အောင်မြင်ကြောင်းသာပြပါ။
  7. မိမိ၏ လက်ရှိအခြေအနေကို အမှန်အတိုင်းရှုမြင်သုံးသပ်နိုင်ရမည်။
  8. ကုန်စုံဆိုင်ကြီးဖွင့်ဖိုထိုင်စောင့်မနေပါနဲ့၊ ကိုယ်တတ်နိုင်တာကွမ်းယာဆိုင်ဆိုရင်လည်း ကွမ်းယာဆိုင်ကိုစဖွင့်လိုက်ပါ။
  9. အခြေနေအရပ်ရပ်တိုင်းတွင် အားသာချက်၊အားနည်းချက်ကိုယ်စီရှိကြသည်။ အောင်မြင်လိုသူသည် အားသာချက်များကိုသာ ရှာဖွေပြီး ထုတ်ယူသုံးစွဲရန်သာဖြစ်သည်။
  10. သူတစ်ပါး၏ အမှုထမ်းအနေဖြင့်ကြီးပွားတိုးတက်ရန်အခွင့်အလမ်း လွန်စွာမှပင်နည်းပါးသည်။ ထို့ကြောင့်မိမိကိုယ်ပိုင်စီးပွါးရေးလုပ်ငန်းထူထောင်နိုင်ရန် အမြန်ဆုံးကြိုးစားပါ။
  11. အောင်မြင်ရေးအတွက်ဆောင်ပုဒ်များ ကိုသိရှိယုံဖြင့်အောင်မြင်မှုကိုမရရှိနိုင်ပေ။ ဆောင်ပုဒ်များအတိုင်းလက်တွေ့ လိုက်နာကျင့်သုံးမှ အောင်မြင်မှုကိုရရှိမည်ဖြစ်သည်။

Tuesday, March 16, 2010

ဇာတ်

ဘဝ ဆိုတဲ့ လူ့ဇာတ်ခုံ....
အပြောင်းအလဲတွေနဲ့ ထာဝရကြုံမယ်......

ဇာတ်တွေထဲမှာ.....
တစ်ခါတစ်ခါ
ဟီးရိုးလဲ ဖြစ်မယ်.....
တစ်ခါတစ်ခါ
မီးခိုးလဲ ဖြစ်မယ်.....

တိမ်တွေကိုဖောက်ရတဲ့
ဇာတ်လဲရှိမယ်....
မြေပြင်ပေါ်ကိုရောက်ရတဲ့
ဇာတ်လဲရှိမယ်....

ဘီလူးဆိုင်းနဲ့ မူးပြီးရိုင်းရတဲ့
ဇာတ်လဲရှိမယ်....
အရူးသိုင်းနဲ့ အူကြောင်ကြားလုပ်ရတဲ့....
ဇာတ်လဲရှိမယ်....

ဆရာရုပ်နဲ့
သဘာလုပ်တဲ့ဇာတ်လဲရှိမယ်..
အာပလာပုံနဲ့
ဘေးထိုင်နေရတဲ့ဇာတ်လဲရှိမယ်..

လူ့ဘဝ အဖုံဖုံ...
ဖြစ်သမျှ အစုံစုံ ရယ်မို့....
ဇာတ်ပေါင်းစုံရင်တော့ဖြင့်...
လူယုတ်မာဇာတ် .....
မကဖြစ်ခဲ့ဖို့ဘဲ... အရေကြီးတယ်။ ။

(၁၆.၀၃.၂၀၁၀)

Saturday, March 13, 2010

လက်တို့ပြီးတော့ပြောရအုံးမယ်

ဒီငွေလောက်နဲ့ ပဲမနူး ဘူးဆိုတဲ့ မလေးရှား က အိန္ဒြာ ကွန်ယက်ကုမ္ပဏီ လီမီတက်
ကျွန်တော့ ကောင်လေးတယောက်ပေါ့.... မြန်မာပြည်မှာ အလှူလုပ်ဖို့ ၇.၃.၂၀၁၀ ရက်နေ့ က အိန္ဒြာဆိုတဲ့ ငွေလွဲ လုပ်ငန်းကနေ ငွေလွဲခဲ့ပါတယ်။ ပုံမှန်အတိုင်းဆိုရင်.. ၁၀.၃.၂၀၁၀ လောက်ဆိုရင် ရန်ကုန်မြို့  ကိုရောက်နေကြပါ။ ဒီတစ်ခါတော့ ၁၀ရက်နေ့ အထိမရောက်တော့ ကောင်လေးလဲ စိတ်ပူပြီး ( ၀၃-၂၀၇၀၁xxx... ) ဆိုတဲ့ အိန္ဒြာရုံးချုပ်ကို ဖုန်းဆက်ပြီးညနေပိုင်းမှာမေးရှာ ပါတယ်။
အိန္ဒြာရုံးချုပ်က ဖုန်းကိုင်တဲ့ကောင်မလေးကလဲ အခုပို့နေပါတယ်တဲ့လေ..
ဒီလိုနဲ့ စိတ်ချ လက်ချနေနေရင်း ၁၁.၃.၂၀၁၀ နေ့လယ်မှာ ရန်ကုန်က ဖုန်းဝင်လာပါတယ်..
အလှူငွေ မရောက်သေးပါဘူးတဲ့လေ... အဲတာနဲ့ သူလဲ ရုံးချုပ်ကို ဖုန်းဆက်ရှာပါတယ်..အရင် ဖုန်းကိုင်နေကြ ကောင်မလေးကဘဲ ကိုင်ပြီးတော့ပို့နေပါတယ်တဲ့..(သူ့ကြည့်ရတာ ဖုန်းလာတိုင်းဖြေဖို့ အလွတ်ကျက်ထားပုံရပါတယ်) ဒါနဲ့ဘဲ ကျွန်တော့ ကောင်လေးက အမရေ ၇.၃.၂၀၁၀ ရက်နေ့ ကငွေလွဲလိုက်တာပါ.. မနေ့က ၁၀.၃.၂၀၁၀ ရက်နေ့ ကလဲပို့နေပါတယ် ဒီနေ့၁၁.၃.၂၀၁၀ နေ့လယ်မှာ လဲပို့နေပါတယ်လို့ အမက ပြောပေမယ့် ငွေမရောက်သေးဘူးလို့ပြောလိုက်ပါတယ်... ဒီတော့မှ ဖုန်းကိုင်တဲ့ ကောင်မလေးက ဘောက်ချာနံပါတ် ပြောပါဆိုပြီးမေးပါတော့တယ်.လွဲတဲ့စာရင်းကြည်ပေးမယ်လို့.. ပြောနေတုန်းမှာဘဲ နောက်ထပ် အမျိုးသမီးတစ်ယောက် က ဖုန်းဝင်ကိုင်ပြီးမေးပါတယ်..
ဘယ်ဆိုင်ကလွဲတာလဲလို့ မေးပြန်ပါတယ်.. ဒါနဲ့ဘဲ ကောင်လေးက ကလန်းဆိုင်က လွဲတာပါလဲဆိုရော... ကလန်းဆိုင်ကိုဖုန်းဆက်ပါတဲ့..(၀၃-၃၃၄၂၂xxx...)ဆိုတဲ့ဖုန်းနံပါတ်ကိုပေးပါတယ်...

ယုံကြည်.စိတ်ချ.တိကျ.မြန်ဆန် ( ပဲစားရန် :P )ကောင်လေးက ကလန်းဆိုင်ခွဲကိုဆက်ပြီး အကျိုးအကြောင်းရှင်းပြပြီးငွေမရောက်သေးကြောင်းပြောပြပါတယ်..
အဲ့ဒါနဲ့ ဆိုင်ကလူကလဲ ရန်ကုန်ကိုမေးပေးမယ်ဆိုပြီး ဖုန်းချသွားပါတယ်... နာရီဝက်လောက်ကြာတော့ ကောင်လေးက ဖုန်းဆက်ပြီးပြန်မေးတော့ ရန်ကုန်ကလူ On Line ပေါ်မှာ မရှိလို့ ခဏစောင့်ပါလို့ ပြောတာနဲ့..
ကောင်လေးက ဖုန်းနံပါတ်ကို တောင်းလိုက်ပါတယ်... ( ၅၄၁xxx... )ကို ခေါ်တာပေါ့... ၁၅ မိနစ်လောက်ခေါ်တာ လိုင်းမအားလို့ နောက်ထပ် ဖုန်းနံပါတ် ရှိရင်ပေးပါဆိုတော့ နောက်ဖုန်းနံပါတ် ( ၇၂၂xxx.. ) ဆိုတော့ ကောင်းလေး လဲ လက်မလယ်အောင်ဘဲ ဖုန်းနံပါတ် ၂ခုလုံးကို ဆက်ရှာပါတယ်.. မိနစ်၂၀ လောက်ကြာတော့ ကံကောင်း ထောက်မစွာနဲ့ ( ၅၄၁xxx... )ကို ဝင်သွားပါတယ်.. ဒါနဲ့ဘဲ ရန်ကုန် ငွေလွဲကို အကျိုးအကြောင်းရှင်းပြပြီးငွေမရောက်သေးကြောင်းပြောပြပါတယ်.. လွဲသူအမည်... ပို့သူအမည်... ဘောက်ချာ နံပါတ်..ငွေလွဲနေ့စွဲ တွေ ပေးပြီး ရှာလဲ ရှာခိုင်းရော.. သူ က ဒီစာရင်းမရှိပါဘူးတဲ့လေ... ( ကျွန်တော်လိမ်မိအပြစ် ရှိပါ၏ လို ပြောရမလိုပါဘဲ ) အဲ့ဒါနဲ့ ကောင်လေးက ကလန်းဆိုင်ခွဲကိုဆက်ပြီးစာရင်းမရှိပါဘူး လို့ပြန်ပြောပြပါတယ်...

ဇာတ်လမ်းက အဲ့ဒီ မှာ စတော့တာပါဘဲ.. ပရိတ်သတ်ကြီးရေ....
ကလန်းဆိုင်ခွဲကဖုန်းကိုင်တဲ့သူက..ဒါဆိုရင် ဒီကလူတွေက ဒီငွေကို ဘုံးလိုက်တယ်ပေါ့ ( အဲ့ဒီလိုလဲ မပြောမိပါလားကွယ် ) ဒီငွေလောက်နဲ့ ပဲမနူးဘူးဆိုဘဲ... ( စဉ်းစားမိတာက သူ့ ခမျာ နေ့တိုင်း ပဲစားနေလို့ ပဲစကား ပြောတယ်ထင်ပ ..ဂျောက်ဂျက်သီချင်း ကို...."နင် ထမ္မင်းစားပြီးကြီးတာလား? ပဲ စားပြီးကြီးတာလား" လို့ ပြောင်းဆိုရမလိုဖြစ်နေပြီ..ဟဟ ) ကောင်လေးကတော့ နှာကစ်သွားတာပေါ့.. သူကစားသုံးသူကို....အမှန် က စာရင်းကြည့်မှားတဲ့ ရန်ကုန် ငွေလွဲကို အကျိုးအကြောင်းရှင်းပြပြီး ပြဿနာကို ဖြေရှင်းပေးရ မှာဖြစ်ပေမဲ့ ကိုယ့်ရဲ့ 
စားသုံးသူကို. ပြန်ရန်တွေ့တာတော့ အရုပ်ဆိုးလွန်းပါတယ်.. ကမ္ဘာ့စီးပွားရေး ဥပဒေသတစ်ခုဖြစ်တဲ့ "စားသုံးသူသည် အမြဲမှန်သည်" ဆိုတဲ့ဥပဒေသကတော့ မြန်မာစားသုံးသူတော့ အလှမ်းဝေးလျှက်ဘဲ ရှိနေတယ် ဆိုတာတွေရပါတယ်... ဒီလိုနဲ့ ဘဲ ရန်တွေ့ပြီးတဲ့နောက်.. သူ ရန်ကုန် ငွေလွဲကို ဆက်သွယ်ပေးမယ့်အကြောင်း .. ခုဖုန်းဆက်နေတာ ၇ ကြိမ်ရှိနေပြီဖြစ်လို့ သူတို့အလုပ်တွေရှုပ်နေလို့ထပ်မဆက်ဖို့.. သူတို့က ဘဲပြန်ဆက်သွယ်ပါမယ် ဆိုပြီးပြောပါတယ်..... ( သြော်ဘယ်သူ ကငွေအ ကုန်ခံပြီးသူတို့ဆီဖုန်းဆက်ခြင်ပါ့မလဲ..
ကိုယ့်ကောင်မလေးလဲမဟုတ်... ကိုယ့်ငွေမရောက်လို့ဆက်တာကို..ဟဟ )
ဒီလိုနဲ့ဘဲ နောက် ၄၅ မိနစ်ကြာတော့ ဖုန်းပြန်လာပါတယ်..ရန်ကုန် ငွေလွဲကစာရင်း အကြည့်မှားသွားတာပါတဲ့...
အခုပို့နေပါတယ်တဲ့လေ..( ဓါတ်ပြားဟောင်းကြီးပြန်ဖွင့်ပြီး တစ်ခွန်းမှ သူတို့ မှားကြောင်းပြန်မပြောသွားပါဘူး.. )..
ကျွန်တော်စဉ်းစားမိတာက ခေတ်မှီဖွံ့ဖြိုးတိုးတက်လာမဲ့မြန်မာပြည်ကြီးမှာ နိုင်ငံတကာအဆင့်မှီ တရားဝင်ငွေကြေးလဲလှယ်တဲ့ စနစ်တစ်ခုပေါ်ပေါက်လာမယ်ဆိုရင်ဖြင့် နိုင်ငံတော်နှင့် တိုင်းရင်သားပြည်သူ တစ်ရပ်လုံး အကျိုးရှိကြမှာဘဲလို့ မြင်ယောင်မျှော်လင့်ရင်း ( မျိုးကြီးဆိုတဲ့ သီချင်းထဲက "မျှော်လင့်ချက်နဲ့ အသက်ရှင်တဲ့ လူတွေနှလုံးသားခြင်းလက်ကမ်း" ဆိုသ လို ) ကျွန်တော့ရဲ့  မျှော်လင့်ချက်တွေကိုလဲ စာဖတ်ပရိတ်သတ်ကြီးဆီ ကို ပြန်လည် လက်ဆင့်ကမ်း လိုက်ရပါတယ်...။ ။
မှတ်ချက်။ ။ ခုစာရေးနေစဉ်မှာဘဲ ရန်ကုန်မြို့ ကို အလှူငွေတွေရောက်ရှိသွားပါကြောင်း... :)

(DELL )International Laptop Warranty Contact Information

Antigua & Barbuda Antigua & Barbuda
800 805 5924
Monday - Friday
7AM to 7PM Local Time

Argentina Argentina|Argentina
08005554288 8776653355
Monday - Friday
7AM to 7PM Local Time

Australia Australia|Australia
1300-655-533
Monday - Friday
8AM to 8PM Local Time
Saturday
10AM to 4PM Local Time

Austria Austria|Österreich
0660 87 79
Monday - Friday
8AM to 6PM Local Time

Barbados Barbados|Barbados
800 534 3142
Monday - Friday
7AM to 7PM Local Time

Belgium Belgium|Belgie
+32 (0)2 481 9288
Monday - Friday
8:30AM to 5PM Local Time

Bermuda Bermuda|Bermudas
195-991-0734
Monday - Friday
7AM to 7PM Local Time

Brazil Brazil|Brasil
000814-550-2729
Monday - Friday
8AM to 6PM Local Time

Brunei Brunei|Brunei
604-633-4966
Monday - Friday
9AM to 9PM Local Time
Saturday
10AM to 4PM Local Time

Canada Canada|Canada
800-285-1653
Monday - Friday
8AM to 9PM Local Time

Cayman Islands Cayman Islands|Islas Caimán
800 805 7541
Monday - Friday
7AM to 7PM Local Time

Chile Chile|Chile
1230 020 4823
Monday - Friday
7AM to 7PM Local Time

China China|中国
800-858-0950
Monday - Friday
8:30AM to 5:30PM Local Time

Colombia Colombia|Colombia
980 15 3978
Monday - Friday
7AM to 7PM Local Time

Costa Rica Costa Rica|Costa Rica
0 800 0120435
Monday - Friday
7AM to 7PM Local Time

Czech Republic Czech Republic|Česká republika
02/2283 2727
Monday - Friday
8AM to 6PM Local Time

Denmark Denmark|Danmark
45 70230182
Monday - Thursday
8AM to 5PM Local Time
Friday
8AM to 4PM Local Time

El Salvador El Salvador|El Salvador
01-800-7530777
Monday - Friday
7AM to 7PM Local Time

Finland Finland|Suomi
358 0207533538
Monday - Friday
8.30AM to 4.30PM Local Time

France France|France
+33(0)825-387-270
Monday - Thursday
9AM to 6PM Local Time
Friday
9AM to 5PM Local Time

Germany Germany|Deutschland
06103-766-7200
Monday - Friday
8AM to 6PM Local Time

Guatemala Guatemala|Guatemala
999-0136
Monday - Friday
7AM to 7PM Local Time

Honduras Honduras|Honduras
512-728-4093
Monday - Friday
7AM to 7PM Local Time

Hong Kong Hong Kong|香港
00852 2969 3188
Monday - Friday
9AM to 6PM Local Time

India India|India
1-800-425-8045
Monday - Friday
9AM to 6PM Local Time

Ireland Ireland|Ireland
1850-543543
Monday - Friday
8AM to 6PM Local Time

Italy Italy|Italia
(+39) 02-57782690
Monday - Friday
9AM to 6PM Local Time

Jamaica Jamaica|Jamaica
800-682-3639
Monday - Friday
9AM to 7PM Local Time

Japan Japan|日本
Latitude/Precision
0120-1984-39
Inspiron/Portable XPS
0120-1982-26
Latitude Support Available 24/7

Korea Korea|대한민국
080-200-3800
Monday - Friday
9AM to 6PM Local Time

Luxembourg Luxembourg|Luxembourg +32 (0)2 481 9288
Monday - Friday
8:30AM to 4PM Local Time

Macau Macau|Macau
800 105
Support Available 24/7

Malaysia Malaysia|Malaysia
1-800-88-0193
Monday - Friday
9AM to 9PM Local Time
Saturday
10AM to 4PM Local Time

Mexico Mexico|México
95-800-210-7607
Monday - Friday
7AM to 7PM Local Time

Netherlands Antilles/Curaçao Netherland Antilles|
Netherlands Antilles/Curaçao
001800-8821519
Monday - Friday
7AM to 7PM Local Time

Netherlands Netherlands|Nederland
+31 (0)20 674 4500
Monday - Friday
8:30AM to 4PM Local Time

New Zealand New Zealand|New Zealand
0800-444-617
Monday - Friday
8AM to 10PM Local Time

Nicaragua Nicaragua|Nicaragua
001-800-2201006
Monday - Friday
7AM to 7PM Local Time

Norway Norway|Norge
+47-67-11-68-82
Monday - Thursday
8AM to 5PM Local Time
Friday
8AM to 4PM Local Time

Panama Panama|Panamá
008-01-800-5070962
Monday - Friday
7AM to 7PM Local Time

Peru Peru|Perú
001-8003309840
Monday - Friday
7AM to 7PM Local Time

Poland Poland|Polska
(+48) 22-5795700
Monday - Friday
8AM to 6PM Local Time

Puerto Rico Puerto Rico|Puerto Rico
800-805-7545
Monday - Friday
7AM to 7PM Local Time

Dominican Republic Dominican Republic|República Dominicana
800-148-0530
Monday - Friday
7AM to 7PM Local Time

Singapore Singapore|Singapore
1-800-394-7488
Monday - Friday
9AM to 9PM Local Time
Saturday
10AM to 4PM Local Time
Repair Centre PCS 23 Senoko South Road,
Singapore 758080 Monday - Friday 8AM to 5:30PM 758080


South Africa South Africa|South Africa
011-709-77-10
Monday - Friday
8AM to 5PM Local Time

Spain Spain|España
902-100-130
Monday - Thursday
9AM to 6:30PM Local Time
Friday
9AM to 5PM Local Time

St. Kitts & Nevis St. Kitts & Nevis|Saint Kitts y Nevis
877-441-4731
Monday - Friday
7AM to 7PM Local Time

St. Lucia St. Lucia|Santa Lucía
800-882-1521
Monday - Friday
7AM to 7PM Local Time

St. Vincent & Grenadines St. Vincent & the Grenadines|San Vicente y Granadinas
877-441-4731
Monday - Friday
7AM to 7PM Local Time

Sweden Sweden|Sverige
+46-8-59005199
Monday - Thursday
8AM to 5PM Local Time
Friday
9AM to 4PM Local Time

Switzerland Switzerland|Schweiz
0844-822-844
Monday - Friday
8AM to 6PM Local Time

Taiwan Taiwan|台灣
0080-1861-011
Monday - Friday
9AM to 6PM Local Time

Thailand Thailand|Thailand
0880-060-07
Monday - Friday
10AM to 11PM Local Time
Saturday
11AM to 5PM Local Time

Trinidad & Tobago Trinidad & Tobago|Trinidad y Tobago
800-805-8035
Monday - Friday
7AM to 7PM Local Time

US Virgin Islands U.S. Virgin Islands|Islas Vírgenes (EE.UU.)
1-877-673-3355
Monday - Friday
7AM to 7PM Local Time

United Kingdom United Kingdom|United Kingdom
0870 908 0500
Monday - Friday
8AM to 6PM Local Time

United States United States
1-800-285-1653
Support Available 24/7

Uruguay Uruguay|Uruguay
000-413-598-2521
Monday - Friday
7AM to 7PM Local Time

Venezuela Venezuela|Venezuela
8001-3605
Monday - Friday
7AM to 7PM Local Time

Wednesday, March 10, 2010

ငါ့....ငါ

ငါ့ လမ်း ငါ ဖောက်....
ငါ့ ခရီး ငါ ဆက်လျှောက်မယ်....

ငါ့ စိတ်နဲ့ ငါတွေးပြီး
ငါ့ သမိုင်း ငါ ရေးမယ်.....

ငါ့ အမြင်နဲ့ ငါ မို့
ငါ့ အယူဝါဒ ကို ငါ ဆုပ်ကိုင်မယ်.....

ငါ့ စည်းနဲ့ ငါ့ ကမ်း
ငါ့ လမ်းနဲ့ ငါ လှမ်းမယ်......

ငါ့ အကြောင်း ငါ သိလို့....
ငါ့ဘဝ ငါ ကြည့်မယ်....

ငါ့ အလုပ် ငါ လုပ်လို့....
ငါ ဖြစ်တာ ငါ ခံမယ်....

သေခြာတစ်ခုကတော့
ငါ မှန်တာ ငါ သိဖို့နဲ့....
ငါ ဆိုတာ လူပီသဖို့ဘဲ အရေးကြီးတယ်။။


(၁၀.၀၃.၂၀၁၀)

Tuesday, March 2, 2010

အော်တစ်ဆန် နဲ့ မိဘအသက်အရွယ် ( VOA )

kid_tv_4apr08_150
ဖေဖ၀ါရီ ၁၇၊ ၂၀၁၀။

ဝက်သက်ရောဂါ ပချိတ်ယောင်ရောဂါ ဂျာမန်ဝက်သက်ရောဂါ ကာကွယ်ဆေးတွေနဲ့ အော်တစ်ဆန်ရောဂါ ဆက်စပ်နေမှုကို ဆေးပညာနဲ့ပတ်သက်လို့ နာမည်ကြီးတဲ့ the Lancet ဆေးပညာဂျာနယ်မှာ အခုလ အစောပိုင်းက ဖော်ပြခဲ့ပါတယ်။

အော်တစ်ဆန်ရောဂါနဲ့ အကြမ်းဖျဉ်းပြောရရင်တော့ အော်တစ်ဆန် ရောဂါရှိသူဟာ ကိုယ့်ရဲ့စိတ်ကူးကမ္ဘာထဲမှာပဲ ကိုယ်ရှိနေပြီး၊ အခြားသူတွေနဲ့ ဆက်သွယ်ဆက်ဆံမှုပိုင်းမှာ အားနည်းတဲ့ စိတ်ပိုင်းဆိုင်ရာ ပုံမှန်မဖြစ်မှုပါ။ အော်တစ်ဆန်ဖြစ်စေတဲ့ အကြောင်းရပ်တွေနဲ့ပတ်သက်လို့ ခန့်မှန်းချက် စဉ်းစားချက်တွေ အတော်များများရှိပါတယ်။ အခု နောက်ဆုံး တွေ့ရှိချက်တရပ်ကတော့ မိခင် ကိုယ်ဝန်ဆောင်ချိန်နဲ့ ပတ်သက်ပါတယ်။

အသက် ၄၀ ကျော်မှာ မိခင် ကိုယ်ဝန်ဆောင်တာဟာ အန္တရာယ်အမျိုးမျိုးရှိတယ်လို့ အမျိုးသမီးအတော်များများက သိထားပါတယ်။ Cherri Cary ဟာ ကလေးမွေးတဲ့အချိန်မှာ အသက် ၄၀ ရှိပါပြီ။

" စိုးရိမ်ချက်တွေ အတော်များများရှိတဲ့အထဲက တခုကတော့ ကလေးမှာ Down Syndrom မွေးရာပါ ဥာဏ်ရည်မပြည့်မှီတာမျိုး ဖြစ်လာမှာကို စိုးရိမ်ရတာပါ။ နောက်တခုကတော့ မွေးတဲ့အချိန် ကိုယ်အလေးချိန်မပြည့်တဲ့ ကလေး မွေးလာမှာကို စိုးရိမ်ရတာပါ။"

ဒါပေမယ့်လည်း အဲဒီ စိုးရိမ်ချက်တွေအများကြီးထဲမှာတော့ မွေးလာတဲ့ကလေးမှာ Autism မွေးရာမှာ စိတ်ပိုင်းဆိုင်ရာ အာရုံချို့တဲ့မှုဖြစ်လာတတ်တယ်ဆိုတာကိုတော့ Cary ဟာ လုံးဝ ထည့်မတွက်ခဲ့ပါဘူးတဲ့။ သူ့ရဲ့သား Ben မှာ စိတ်ကစင့်ကယားဖြစ်တဲ့ ရောဂါ အခု တွေ့နေရပါတယ်။

ကယ်လီဖိုးနီးယား တက္ကသိုလ် သုတေသီတွေဟာ မိဘ သန်းပေါင်းများစွာကို လေ့လာ သုတေသနလုပ်ခဲ့ပါတယ်။ အသက် ၄၀ကျော်မှာ ကိုယ်ဝန်ဆောင်တဲ့ မိခင်တွေဟာ - အသက်၂၀နှစ်အောက် အရွယ်ကိုယ်ဝန်ဆောင်တဲ့ မိခင်တွေထက် - မွေးတဲ့ ကလေးမှာ Autism ရနိုင်ဖို့ နှစ်ဆနီးပါး ပိုများလာတယ်ဆိုတာ သူတို့ တွေ့ခဲ့ပါတယ်။

ဒါပေမယ့်လည်း ကိုယ်ဝန်ဆောင်မိခင်ရဲ့ အသက်ကြောင့် ဒီလိုဖြစ်နိုင်ချေ အန္တရာယ် ရာခိုင်နှုန်းကတော့ နည်းတယ်လို့ပြောရမှာပါ။ Autism ရောဂါ ဖြစ်နိုင်ချေ အန္တရာယ်ဟာ ကိုယ်ဝန်ဆောင်မိခင်ရဲ့ အသက်ကြောင့်ဆိုတဲ့ အကြောင်းရပ်ဟာ ဖြစ်နိုင်ချေ ငါးရာခိုင်နှုန်းပဲရှိပါတယ်။ သုတေသီ Janie Shelton ဟာ ဒီ သုတေသနစာတမ်း ဦးဆောင်ရေးသားသူဖြစ်ပါတယ်။

" မိခင် ကိုယ်ဝန်ဆောင်ချိန်အသက်အရွယ်ကြောင့် Autism ဖြစ်နိုင်ချေရှိပါတယ်။ ဒါပေမယ့်လည်း အခုလို အသက်နှောင်းပိုင်း ကလေးယူတာကြောင့် Autism ဖြစ်ပွားမှု ပိုများလာတယ်ဆိုတာကိုတော့ အသေ သတ်မှတ်ထားလို့မရပါဘူး။"

အသက်ကြီးတဲ့ အမျိုးသမီးတွေအနေနဲ့ ကိုယ်ဝန်ဆောင်တဲ့အခါ ကလေးမှာ မျိုးဗီဇဆိုင်ရာ အားနည်းချို့ယွင်းမှုဖြစ်ဖို့ အန္တရာယ်များတယ်ဆိုတာ သိထားပြီးသားပါ။ Autism ရောဂါဖြစ်ဖို့ မျိုးရိုးဗီဇဆိုင်ရာ အခြေအနေဟာ အရေးကြီးတယ်လို့လည်း သိထားကြပါတယ်။ မှတ်ဥာဏ် IQ မြင့်မားနေတတ်ပေမယ့် လူမှုဆက်ဆံရေးပိုင်း ဘာသာစကားပြောဆိုမှုပိုင်းမှာ အားနည်းချို့ယွင်းမှုဖြစ်နေတတ်တဲ့ Asperger Syndrome ဟာ Autism အနွယ်ဖြစ်သလို၊ မျိုးရိုးဗီဇ အခြေခံ ရောဂါလည်းဖြစ်ပါတယ်။

"ကျမ ဆွေမျိုးတွေထဲက သုံးဝမ်းကွဲတဦးမှာ Asperger Syndrome ရောဂါရှိပါတယ်။ နောက် တ၀မ်းကွဲတဦးမှာတော့ PDD/ Autism ရောဂါ ရှိနေပါတယ်။"

Erica Romano ဖြစ်ပါတယ်။ သူ့ရဲ့ ကလေးသုံးဦးမှာ အခု Autism ရောဂါ ရထားပါတယ်။ ဒါကြောင့်လည်း မျိုးရိုးဗီဇကြောင့် မျိုးရိုးလိုက်တယ်လို့လည်း ယူဆနိုင်ပါတယ်။

အခုသုတေသနလုပ်တဲ့ ကယ်လီဖိုးနီးယားတက္ကသိုလ် သုတေသီတွေရဲ့ ပြောအရတော့ အခုလို Autism ရောဂါ ဖြစ်နိုင်ချေဟာ ကိုယ်ဝန်ဆောင်မိခင်ရဲ့ အသက်အရွယ်အပေါ်မှာချည်း တည်တာမဟုတ်ပါဘူးလို့ ဆိုပါတယ်။ ကိုယ်ဝန်ဆောင်မိခင် ဖြစ်သူရဲ့ အသက်အရွယ်လောက် အဓိက မကျပေမယ့်လို့ - ဖခင်ဖြစ်သူရဲ့ အသက်အရွယ်ဟာလည်း ရောဂါဖြစ်ပွားမှုမှာ အချက်တချက်ပါဝင်တယ်လို့ သုတေသီတွေ တွေ့ရှိခဲ့ပါတယ်။

ကမ္ဘာ့နေရာအတော်များများမှာတော့ Autism ဖြစ်ပွားမှုဟာ အတော်လေးမြင့်လားလာတဲ့ လက္ခဏာရှိပါတယ်။ ၂၀၀၂ ခုနှစ်နဲ့ ၂၀၀၆ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စုမှာ Autism ရောဂါသည် ကလေးငယ်စုစုပေါင်း အရည်အတွက်ဟာ နှစ်ဆကျော်လာတယ်လို့ အမေရိကန်ရောဂါထိန်းချုပ်ရေးဌာန CDC ရဲ့ ကိန်းဂဏန်းမှာ ဖော်ပြထားပါတယ်။ ကလေး တရာမှာ တဦးနှုန်းလောက်ဟာ Autism ရောဂါပုံစံ တမျိုးမဟုတ် တမျိုး ခံစားနေရတယ်ဆိုတာ တွေ့ရပါတယ်တဲ့။

အခုလို Autism ရောဂါသည် ကလေးဦးရည် အတော်များလာတယ်ဆိုတဲ့အပေါ်မှာ အချို့ သုတေသီတွေကတော့ ငြင်းချက်ထုတ်ပါတယ်။ မနုဿဗေဒ ပညာရှင် Richard Grinker က ဒီအကြောင်း သူ့စာအုပ်မှာ ရေးခဲ့ပါတယ်။

"အခု ဖြစ်ပွားနေတဲ့ အရည်အတွက်ကိုကြည့်ပါ.. လွန်ခဲ့တဲ့ ဆယ်နှစ် နှစ်နှစ်ဆယ်တုန်းကနှုန်းနဲ့ နှိုင်းယှဉ်လို့ကို မရနိုင်ပါဘူး။"

Autism ရဲ့ ကနဦးရောဂါလက္ခဏာတွေကို အခုဆို မိခင်တွေရော ဆရာဝန်တွေကပါ ပိုပြီးတော့ သတိထားလာကြပါတယ်။ ဒါပေမယ့်လည်း Autism နဲ့ပတ်သက်လို့ အဓိပ္ပါယ်ဖွင့်ဆိုမှုကတော့ အလွန်ကျယ်ပြန့်ပါတယ်။ လူရဲ့ လုပ်ပုံကိုင်ပုံ ဆက်ဆံပုံ ချို့ယွင်း မှားယွင်းနေမှုတွေအပေါ်တည်ပြီး Autism အနွယ်ရောဂါတွေကို တွေ့နေရပါတယ်။

အခုနောက်ဆုံးလေ့လာချက်မှာတော့ မိဘ အသက်အရွယ်ဟာ သူ့ကြောင့် Autism ဖြစ်စေတာမဟုတ်ပေမယ့်လို့၊ Autism ဖြစ်လာဖို့ Autism ဆိုတဲ့ ပဟေဌိတွေထဲက အစ တစအဖြစ်တော့ ရှိနေတယ်ဆိုတာကို ထောက်ပြခဲ့ပါတယ်။

Monday, March 1, 2010

မှားလေ့ရှိတဲ့ အင်္ဂလိပ်စကားလုံးအချို့

ညီမလေး ဝိုင်း ရဲ့ ပိုစ်ဖြစ်ပါကြောင်း

Accept vs Except


Accept is a verb, which means to agree to take something .
(လက်ခံသည်။ ယူသည်။ အသိအမှတ် ပြုသည်။)
For example: "I always accept good advice."

Except is a preposition or conjunction, which means not including.
(မှတစ်ပါး)
For example: "I teach every day except Sunday."


Advice vs Advise

Advice is a noun, which means an opinion that someone offers you about what you should do or how you should act in a particular situation. (တစုံတယောက်မှပေးသော အကြံဥာဏ်)
For example: "I need someone to give me some advice."

Advise is a verb, which means to give information and suggest types of action. (အကြံပေးသည်)
For example: "I advise everybody to be nice to their teacher."


Affect vs Effect

Affect နဲ့ effect စကားလုံး ၂လုံးဟာ များသောအားဖြင့် လွဲမှားတတ်ပါတယ်
Affect is usually a verb (action), which means to influence, act upon, or change something or someone. (တစုံတခုကြောင့် အကျိုးသက်ရောက်မှုရှိသည်)
For example: The noise outside affected my performance.

Effect is usually a noun (thing), which means to have an effect on something or someone
(တစ်စုံတစ်ခုအပေါ် အကျိုးသက်ရောက်မှု ဖြစ်စေသည်)

!Note: effect is followed by the preposition on and preceded by an article (an, the)
For example: His smile had a strange effect on me.

Effect can also mean "the end result".
For example: The drug has many adverse side effects.


beside vs besides

beside is a preposition of place that means at the side of or next to.
(နံဘေးတွင်)
For example: The house was beside the Thames.

besides is an adverb or preposition. It means in addition to or also.
(ထို့ပြင်၊ လည်းပဲ)
For example: Besides water, we carried some fruit. = "In addition to water, we carried some fruit."

by vs until

Both until and by indicate “any time before, but not later than.”

Until tells us how long a situation continues. If something happens until a particular time, you stop doing it at that time.
(သတ်မှတ်ထားတဲ့အချိန်မှာ လုပ်ဆောင်၍ပြီးဆုံးခြင်း)
For example:
They lived in a small house until September 2003.
(They stopped living there in September.)

I will be away until Wednesday.
(I will be back on Wednesday.)

We also use until in negative sentences. (အငြင်းဝါကျတွေမှာလည်း until ကိုသုံးသည်။)
For example:
Details will not be available until January.
(January is the earliest you can expect to receive the details.)

If something happens by a particular time, it happens at or before that time. It is often used to indicate a deadline. (သတ်မှတ်ချိန်မတိုင်မီထိ လုပ်ဆောင်ခြင်း)
For example:
You have to finish by August 31.
(August 31 is the last day you can finish; you may finish before this date.)

We also use by when asking questions. (အမေးဝါကျများတွင်လည်း by ကိုသုံးသည်)
For example:
Will the details be available by December?
(This asks if they will be ready no later than December.)


personal vs personnel

Personal is an adjective.(ကိုယ်ရေးကိုယ်တာ၊ ကိုယ်ပိုင်၊ ပုဂ္ဂိုလ်ရေး)
It can mean relating to or belonging to someone.
For example: Your personal belongings are the things that belong to you.

It can relate to the private parts of someone's life, including their relationships and feelings.
For example: If you have personal problems, it means you have problems that are private and sensitive to you. Perhaps problems in a relationship.

It can also mean something that is designed for or used by one person.
For example: a personal computer or stereo.

And it can relate to your body
For example: when talk about personal hygiene.

Personnel is a noun. (အမှုထမ်း၊ ၀န်ထမ်းရေးရာဌာန)
The people who work for an organisation are the personnel.
For example: military personnel are the members of an army.

The department of an organisation that deals with finding people to work there, keeping records about them, etc is the Personnel Department. The head of that department is the personnel manager.
For example: "I need to speak to someone in Personnel."

Many businesses have renamed their Personnel Department to 'The Human Resources Department' or HRD for short.


fewer vs less

Everyone gets this wrong - including native speakers. The general rule is to use fewer for things you can count (individually), and less for things you can only measure
(ရေတွက်လို့ရတဲ့အရာတွေဆို fewer ကိုသုံးပြီး less ကိုတော့ ရေတွက်လို့တော့ မရပေမယ့် တိုင်းတာလို့ရတဲ့ နေရာတွေမှာ သုံးပါတယ်)
For example:
There were fewer days below freezing last winter. (Days can be counted.)

I drink less coffee than she does. (Coffee cannot be counted individually it has to be measured).

!Note - "Less" has to do with how much. "Fewer" has to do with how many.

Learn More >> http://www.learnenglish.de/mistakes/CommonMistakes.htm#accept

အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း