Showing posts with label (ဒဿန). Show all posts
Showing posts with label (ဒဿန). Show all posts

Monday, February 9, 2009

ရဲရင့်နီ အတွက် ရဲရင့်နီ ရဲ့ ဒဿနများ(၂)




(၁)မိမိကိုယ်ကို မိမိကိုယ်တိုင် မညှာမတာ ဝေဖန်ပါ။

(၂)မိမိ၏ အားနည်းချက်များကို အမြန်ဆုံးပြင်ဆင်ပါ။
မိမိ၏ အားသာချက်များကို ပိုမိုကောင်းမွန်အောင်ပြင်ဆင်ပါ။

(၃)အခက်အခဲဆိုသည်မှာရင်ဆိုင်ဖြေရှင်းပြီးအနိုင်ယူရန်ဖြစ်သည်။
ကြေက်ရွံ၊ထွက်ပြေးခြင်းဖြင့်အခက်အခဲများပျောက်ကွယ်သွားမည်မဟုတ်ပေ။

(၄)သင်အရှုံးမပေးမခြင်း၊လက်နက်မချမခြင်း၊သင်သည်ဘယ်သောအခါတွင်မှ မရှုံးနိမ့်ပေ။

(၅)သင်၏တန်ဖိုးသည် သင့်ကိုယ်ကိုသင်၏ ပြဌာန်းချက်ပေါ်တွင်သာ(လုံးဝ)မူတည်သည်။

(၆)မနက်ဖြန်တိုင်းအတွက်အသင့်ပြင်ဆင်ထားပါ။

(ရ)မနက်ဖြန်ဆိုတာ မရောက်သေးဘူး၊တွေးပြီးကြောက်မနေနဲ့။

(၈)မူကောင်းရန်ထက်၊လူကောင်းရန်က ပိုပြီးအရေးကြီးသည်။

(၉)သင်အလုပ်မည်မျှလုပ်ကြောင်းမပြောပါနှင့်။
သင်အလုပ်မည်မျှပြီးမြောက်အောင်မြင်ကြောင်းသာပြပါ။


(၉.ဝ၂.၂ဝဝ၉)

Friday, February 6, 2009

နာကျင်မှုနဲ့အခက်အခဲ ...



လင်းယုန်တစ်ကောင်ဟာ သက်တမ်း ၇၈နှစ်ဝန်းကျင် အသက်ရှင်နေထိုင်နိုင်ပါတယ်။
လင်းယုန်ဆိုတာက ကောင်းကင်မှာ သတ္တိရှိရှိ၊ အင်အားအပြင်းဆုံးပျံနိုင်တဲ့ငှက်မျိုး။
ဒါပေမဲ့ ...သက်တမ်း၄၀လောက်ရလာတဲ့အခါမှာ အဲဒီလင်းယုန်ဟာကောင်းကောင်းမပျံနိုင်တော့ဘူး။
ဘာကြောင့်လဲဆိုတော့သူ့ရဲ့နှုတ်သီးတွေဟာကွေးလာပြီး ရင်ဘတ်နီးပါးထိအောင်စိုက်ကျလာတယ်။
အတောင်ပံတွေဟာ မခတ်နိုင် တော့လောက်အောင် စိုက်ကျလာတယ်။ လက်သည်းတွေဟာ
အလွန်ရှည်လျားလာပြီး အစာရှာဖို့ခက်လာမယ်။ အဲဒါဟာ လင်းယုန်တိုင်းပါပဲ။အဲဒီမှာရွေးစရာလမ်းနှစ်ခုရှိတယ်။.........

တစ်ခုက ကောင်းကောင်းမပျံနိုင်တော့ပဲ သေပွဲဝင်မယ့်နေ့ကိုထိုင်စောင့်ဖို့။

နောက်တစ်ခုကတော့ ကျန်နေတဲ့သက်တမ်း ၃၈နှစ်ကို ကောင်းစွာပျံသန်းရင်းအသက်ဆက်ရှင်သန်ဖို့။

အဲ ဆက်ပြီးရှင်သန်ဖို့ဆိုရင်တော့ ဖြစ်စဉ်တစ်ခုကို မဖြစ်မနေ ဖြတ်သန်းရမယ်။
အဲဒီဖြစ်စဉ်နာမည်က "Pain and Difficulties" "နာကျင်မှုနဲ့အခက်အခဲ" ..ပထမဆုံးကျောက်တောင်ထိပ်ကြီး တွေပေါ်ကို ပျံသန်းသွားရမယ်။
အဲဒီ ကျောက်တောင်ထိပ်ပေါ်ရောက်ရင် နှုတ်သီးကိုကျောက်သားတွေနဲ့ဖဲ့ရိုက်ချိုးပစ်ရမယ်။
တစ်ခါနှုတ်သီးနဲ့ လက်သည်းတွေကိုဆွဲခွာပြီး နှုတ်ပစ်ရမယ်။ ဘယ်လောက်များ နာကျင်လိုက်လေမလဲ။
ဘယ်လောက်များခက်ခဲလိုက်လေမလဲ။ ကိုယ်တိုင်လုပ်ရတာ။
အသက်ရှင်ချင်သူကိုယ်တိုင်လုပ်မှ ရတာမျိုးပေါ့။ ပြီးရင်တော့
ရက်အနည်းနည်းငယ်ကြာကြာတောင်ထိပ်မှာနေပြီး လက်သည်းတွေ၊နှုတ်သီးတွေပြန်အသစ်ထွက်ပြီး အသားကျလာတဲ့အထိစောင့်ရမယ်။
ပြီးရင်တော့ အဲဒီလင်းယုန်ဟာ ကျန်ရှိတဲ့ သက်တမ်း၃၈နှစ်ကို ရှင်သန်ခွင့်ရသွားပြီ။

ဒုတိယလမ်းကိုရွေးချယ်တဲ့ လင်းယုန်တွေအများကြီးရှိပါတယ်။ကျွန်တော်တို့ကလူသားတွေပါ။
ငှက်တွေတောင် အကျိုးစီးပွားတစ်ခုအတွက်"နာကျင်မှုနဲ့အခက်အခဲ"ဆိုတဲ့ဖြစ်စဉ်ကိုကျော်နိုင်သေးရင်ကျွန်တော်တို့လိုလူသားတွေက ရည်မှန်းချက်ပန်းတိုင်တွေအရောက်သွားဖို့၊ဆက်လက်ရှင်သန်နေထိုင်ဖို့ "နာကျင်မှုနဲ့အခက်အခဲ" ဆိုတဲ့ဖြစ်စဉ်ကိုမဖြစ်မနေ ရင်ဆိုင်ရဲ့ရမှာပေါ့။

ကျွန်တော်တို့လိုချင်တဲ့ပန်းတိုင်ကို အရောက်သွားဖို့တစ်ခါတစ်ရံကျွန်တော်တို့တတွေ အရမ်းနာကျင်ကြရမယ်။
အခက်အခဲတွေမရေတွက်နိုင်အောင် ကျော်ဖြတ်ကြရမယ်။
အဲဒီ "နာကျင်မှုနဲ့အခက်အခဲ" ဆိုတဲ့ဖြစ်စဉ်ကိုကျွန်တော်တို့အတူ ဖြတ်ကျော်ကြရအောင်ပါလေ.........
ဘာလို့လဲဆိုရင် ကျွန်တော်တို့အားလုံး ကျန်တဲ့သက်တမ်းတွေကို အဓိပ္ပါယ်ရှိရှိ ရှင်သန်ရဦးမှာမို့ပေါ့။
ကျွန်တော်တို့တတွေဟာ လက်မြှောက်အရှုံးပေးကြမယ့်သူတွေ မဟုတ်လို့ပေါ့။

မှတ်ချက် -သူငယ်ချင်းဆီကမေလ်ကိုပြန်လည်ဝေမျှလိုက်ပါတယ်။

Monday, January 19, 2009

ပျော်ရွှင်ဖွယ်ရာ ဘဝများကိုပိုင်ဆိုင်ရန်ဆောင်ပုဒ်များ(၂)



(၁) "ငါ မဆိုးဘူး" လို့ ကိုယ့်ကို တစ်နေ့တစ်ခါ ပြောပေးပါ။

(၂) ဒေါသထွက်တယ် ဆိုတာ တခြားလူရဲ့ အမှားကို ယူပြီး ကိုယ့်ကို အပြစ်ပေးနေတာပဲ။

(၃) ဘ၀မှာ သူငယ်ချင်းဆိုတာ မရှိရင် ဘ၀မှာ နေရောင်ခြည်ဆိုတာ မရှိဘူး။

(၄) မနက်ဖြန်အတွက် မျှော်လင့်ချက်ဟာ ဒီနေ့ရဲ့ နာကျင် ၀မ်းနည်းမှုကို မေ့စေတယ်။

(၅) အိပ်မက်၊ စိတ်ကူးနဲ့ အတွေးတွေ မရှိတဲ့ ဘ၀ဟာ အကိုင်း၊ အခက်၊ အရွက်မရှိတဲ့ သစ်ခြောက်ပင်နဲ့ တူတယ်။

(၆) နေ ကပဲ အလင်းဖြာနိုင်တာ မဟုတ်ပါဘူး။ ငါ တို့လဲ အလင်းဖြာနိုင်ပါတယ်။

(၇) ချစ်ခြင်းမေတ္တာနဲ့ တစ်ကမ္ဘာလုံးကို ပိုင်ဆိုင်စေနိုင်သလို အမုန်းရန်ငြိုးနဲ့ တစ်ကမ္ဘာလုံးကို ဆုံးရှုံးစေနိုင်တယ်။

(၈) လူ့တန်ဖိုး ဆိုတာ ဖြားယောင်း မြူဆွယ်ခံရတဲ့ တခဏမှာ အဆုံးအဖြတ်ပေးလိမ့်မယ်။

(၉) ကြင်နာမှု မရှိတဲ့ စကားလုံးတိုင်းဟာ အရသာ ကင်းမဲ့လှတယ်။

(၁၀) တခါခါ အချစ်ရဲ့ အင်အားဟာ အရာရာကို မေ့စေနိုင်အောင် ကြီးမားတယ်။
တခါခါ မနာလို ၀န်တိုမှုဆိုတဲ့ သဲလေး တစ်ပွင့်တောင် ၀င်မဆန့်နိုင်အောင် သေးငယ်တယ်။

(၁၁) ဘယ်အချိန်မှာ စတင်ခဲ့တာပဲ ဖြစ်ဖြစ် အရေးကြီးတာက စတင်ပြီးနောက် မရပ်နားဖို့ပါပဲ။
ဘယ်အချိန်မှာ အဆုံးသတ်တာပဲဖြစ်ဖြစ် အရေးကြီးတာက အဆုံးသတ်ပြီးနောက် နောင်တ မရဖို့ပါပဲ။

(၁၂) ပျင်းရိခြင်းသည် လူရဲ့ အသိဥာဏ်ကို သံချေး တက်စေပါတယ်။

(၁၃) ပျော်ရွှင်ခြင်း ဆိုတာကို မျှဝေတတ်ရမယ်။ ဒါမှ ပျော်ရွှင်ခြင်းတွေ ဆင့်ပွားလိမ့်မယ်။

(၁၄) လိမ်လည်မှုတွေထဲမှာ ကိုယ့်ကိုယ်ကို လိမ်တာဟာ အဆိုးဆုံးပဲ။

(၁၅) လူတွေဟာ လက်ရှိပိုင်ဆိုင်တဲ့ အရာကို မေ့ပြီး မရသေးတဲ့ အရာကိုမှ ပိုတန်ဖိုး ထားတတ်တယ်။

(၁၆) အရာရာကို အောင်နိုင်တယ်ဆိုတာ ကိုယ့်ကိုယ်ကို အောင်နိုင်တာနဲ့ နှိုင်းရင် မဖြစ်စလောက်လေးပါ။

(၁၇) အရာရာကို ဆုံးရှုံးတယ်ဆိုတာ ကိုယ့်ကိုယ်ကို ဆုံးရှုံးတဲ့ အရှုံးနဲ့ နှိုင်းရင် မဖြစ်စလောက်လေးပါ။

(၁၈) ဦးတည်ရာ မပျောက်ခဲ့ရင် ကိုယ့်ကိုယ်ကို မဆုံးရှုံးတော့ဘူး။

(၁၉) နေ့သစ်ကိုကြိုတဲ့ သီချင်းတွေ ဆိုခဲ့ဖူးရင် အမှောင်ကိုလဲ ပွေ့ဖက်ရဲရမယ်။

(၂၀) ပျံသန်းနိုင်တဲ့ အချိန်မှာ ပျံသန်းခြင်းကို လက်မလွှတ်ပါနဲ့။
အိပ်မက် မက်နိုင်တဲ့ အချိန်မှာ အိပ်မက်ကို လက်မလွှတ်ပါနဲ့။
အချစ်ကို ခံစားမိတဲ့ အချိန်မှာ အချစ်ကို လက်မလွှတ်ပါနဲ့။
ဘ၀ဆိုတာ တိုတောင်းလွန်းပါတယ်။ ဒီနေ့ လက်လွှတ်လိုက်ရင် မနက်ဖြန် ပြန်ရမယ်လို့ မပြောနိုင်ပါဘူး။

(၂၁) လောကမှာ အပင်ပန်းဆုံးအရာဟာ မရေမရာနဲ့ ဘ၀ကို ဖြတ်သန်းနေခြင်းပါပဲ။

(၂၂) လူ့ဘ၀ရဲ့အကြီးမားဆုံး အမှားဟာ "အမှားကိုများ လုပ်လိုက်မိပြီလား" လို့ အမြဲ စိုးရိမ်ပူပန်နေတဲ့ စိတ်ပါပဲ။

(၂၃) လုပ်မယ်၊ မလုပ်ဘူးဆိုတဲ့ ရွေးခြယ်မှု နှစ်ခုမှာ မလုပ်ဘူးဆိုတာကို ရွေးချယ်လိုက်ရင် သင့်အတွက် အခွင့်အရေးဆိုတာ ဘယ်တော့မှ ရှိလာမှာ မဟုတ်ဘူး။

(၂၄) လုံးဝ ပြီးပြည့်စုံတဲ့ သူငယ်ချင်းမျိုးကို သင်လိုချင်ရင် ဒီတစ်သက် သင် သူငယ်ချင်းရှိတော့မှာ မဟုတ်ဘူး။

(၂၅) အမုန်းနောင်တ နည်းနည်းနဲ့ အတိတ်ကို ထားခဲ့ပါ။
ဖြုန်းတီးမှု နည်းနည်းနဲ့ ပစ္စုပ္ပန်မှာ နေထိုင်ပါ။
အိပ်မက် များများနဲ့ အနာဂတ်ကို ကြိုဆိုပါ။

(၂၆) ကိုယ့်ကို လူတုံး၊ လူအလို့ သဘောထားပြီး မသိတာရှိရင် မေးပါ။
ဒါမှ သင် များများတတ်မယ်။ (ပညာရှာပမာ သူဖုန်းစား)

(၂၇) နေရောင်ရှိတဲ့ ဘက်ကိုပဲ မျက်နှာမူရင် အရိပ်ဆိုတာ ရှိတော့မှာ မဟုတ်ဘူး။

(၂၈) အရှုံးနဲ့ ရင်ဆိုင်ရမှာကို ကြောက်ပြီး မလုပ်ခဲ့ရင် အောင်မြင်မှုဆိုတာ ဘယ်တော့မှ ရှိတော့မှာ မဟုတ်ဘူး။

(၂၉) သတ္တိရှိတယ်ဆိုတိုင်း ကြောက်ရွံ့ခြင်း မရှိတာ မဟုတ်ပါဘူး။
ကြောက်ရွံ့ခြင်းကို ရင်ဆိုင်ရဲမှ၊ ဖြေရှင်းရဲမှ သတ္တိရှိတာပါ။

(၃၀) လူတွေ မသိမိုက်မဲတာကို ဘုရားသခင်က ဘယ်တော့မှ အပြစ်မယူခဲ့ဘူး။
လူတွေကသာ ဘုရားသခင်ကို မသင့်မြတ်ဘူးလို့ ပြောကြတာပါ။

(၃၁) အရာဝတ္ထု တခုတိုင်းကို ရှုထောင့်ပေါင်းစုံ ဘက်ပေါင်းစုံကနေ ခံစားပါ။

မှတ်ချက် -သူငယ်ချင်းဆီကမေလ်ကိုပြန်လည်ဝေမျှလိုက်ပါတယ်။

Friday, January 16, 2009

ရဲရင့်နီ အတွက် ရဲရင့်နီ ရဲ့ ဒဿနများ(၁)


(၁)နေလည်း နေရဲရမည်။
သေလည်း သေရဲရမည်။

(၂)ကိုယ့် ကိုယ် ကိုလည်း သတ်မသေနှင့်။
သူတစ်ပါး ပယောဂ နှင့်လည်း မသေစေနှင့်။
မိမိ ကံ ကုန်မှ သေစေရာ၏။

(၃)သူတစ်ပါး ဒုက္ခရောက်လျှင်
ဝမ်းသာသည့်စိတ် ဘယ်သောအခါမှ မမွေးနှင့်။

(၄)လူကောင်းဖြစ်ရန် နံပါတ်-၁
လူတော်ဖြစ်ရန် နံပါတ်-၂

(၅)ပျော်အောင်နေပါ။
မပျော်လျှင် ရှုံးမည်။
မသေခင် ပျော်ပျော်နေပါ။
နေလည်းပျော်.. သေလည်းပျော်ပါစေ။

ရဲရင့်နီ(၁၆.ဝ၁.၂ဝဝ၉)

Wednesday, December 24, 2008

ပျော်ရွှင်ဖွယ်ရာ ဘဝများကိုပိုင်ဆိုင်ရန်ဆောင်ပုဒ်များ(၁)





















မှတ်ချက် -သူငယ်ချင်းဆီကမေလ်ကိုပြန်လည်ဝေမျှလိုက်ပါတယ်။