Monday, January 19, 2009

ပျော်ရွှင်ဖွယ်ရာ ဘဝများကိုပိုင်ဆိုင်ရန်ဆောင်ပုဒ်များ(၂)



(၁) "ငါ မဆိုးဘူး" လို့ ကိုယ့်ကို တစ်နေ့တစ်ခါ ပြောပေးပါ။

(၂) ဒေါသထွက်တယ် ဆိုတာ တခြားလူရဲ့ အမှားကို ယူပြီး ကိုယ့်ကို အပြစ်ပေးနေတာပဲ။

(၃) ဘ၀မှာ သူငယ်ချင်းဆိုတာ မရှိရင် ဘ၀မှာ နေရောင်ခြည်ဆိုတာ မရှိဘူး။

(၄) မနက်ဖြန်အတွက် မျှော်လင့်ချက်ဟာ ဒီနေ့ရဲ့ နာကျင် ၀မ်းနည်းမှုကို မေ့စေတယ်။

(၅) အိပ်မက်၊ စိတ်ကူးနဲ့ အတွေးတွေ မရှိတဲ့ ဘ၀ဟာ အကိုင်း၊ အခက်၊ အရွက်မရှိတဲ့ သစ်ခြောက်ပင်နဲ့ တူတယ်။

(၆) နေ ကပဲ အလင်းဖြာနိုင်တာ မဟုတ်ပါဘူး။ ငါ တို့လဲ အလင်းဖြာနိုင်ပါတယ်။

(၇) ချစ်ခြင်းမေတ္တာနဲ့ တစ်ကမ္ဘာလုံးကို ပိုင်ဆိုင်စေနိုင်သလို အမုန်းရန်ငြိုးနဲ့ တစ်ကမ္ဘာလုံးကို ဆုံးရှုံးစေနိုင်တယ်။

(၈) လူ့တန်ဖိုး ဆိုတာ ဖြားယောင်း မြူဆွယ်ခံရတဲ့ တခဏမှာ အဆုံးအဖြတ်ပေးလိမ့်မယ်။

(၉) ကြင်နာမှု မရှိတဲ့ စကားလုံးတိုင်းဟာ အရသာ ကင်းမဲ့လှတယ်။

(၁၀) တခါခါ အချစ်ရဲ့ အင်အားဟာ အရာရာကို မေ့စေနိုင်အောင် ကြီးမားတယ်။
တခါခါ မနာလို ၀န်တိုမှုဆိုတဲ့ သဲလေး တစ်ပွင့်တောင် ၀င်မဆန့်နိုင်အောင် သေးငယ်တယ်။

(၁၁) ဘယ်အချိန်မှာ စတင်ခဲ့တာပဲ ဖြစ်ဖြစ် အရေးကြီးတာက စတင်ပြီးနောက် မရပ်နားဖို့ပါပဲ။
ဘယ်အချိန်မှာ အဆုံးသတ်တာပဲဖြစ်ဖြစ် အရေးကြီးတာက အဆုံးသတ်ပြီးနောက် နောင်တ မရဖို့ပါပဲ။

(၁၂) ပျင်းရိခြင်းသည် လူရဲ့ အသိဥာဏ်ကို သံချေး တက်စေပါတယ်။

(၁၃) ပျော်ရွှင်ခြင်း ဆိုတာကို မျှဝေတတ်ရမယ်။ ဒါမှ ပျော်ရွှင်ခြင်းတွေ ဆင့်ပွားလိမ့်မယ်။

(၁၄) လိမ်လည်မှုတွေထဲမှာ ကိုယ့်ကိုယ်ကို လိမ်တာဟာ အဆိုးဆုံးပဲ။

(၁၅) လူတွေဟာ လက်ရှိပိုင်ဆိုင်တဲ့ အရာကို မေ့ပြီး မရသေးတဲ့ အရာကိုမှ ပိုတန်ဖိုး ထားတတ်တယ်။

(၁၆) အရာရာကို အောင်နိုင်တယ်ဆိုတာ ကိုယ့်ကိုယ်ကို အောင်နိုင်တာနဲ့ နှိုင်းရင် မဖြစ်စလောက်လေးပါ။

(၁၇) အရာရာကို ဆုံးရှုံးတယ်ဆိုတာ ကိုယ့်ကိုယ်ကို ဆုံးရှုံးတဲ့ အရှုံးနဲ့ နှိုင်းရင် မဖြစ်စလောက်လေးပါ။

(၁၈) ဦးတည်ရာ မပျောက်ခဲ့ရင် ကိုယ့်ကိုယ်ကို မဆုံးရှုံးတော့ဘူး။

(၁၉) နေ့သစ်ကိုကြိုတဲ့ သီချင်းတွေ ဆိုခဲ့ဖူးရင် အမှောင်ကိုလဲ ပွေ့ဖက်ရဲရမယ်။

(၂၀) ပျံသန်းနိုင်တဲ့ အချိန်မှာ ပျံသန်းခြင်းကို လက်မလွှတ်ပါနဲ့။
အိပ်မက် မက်နိုင်တဲ့ အချိန်မှာ အိပ်မက်ကို လက်မလွှတ်ပါနဲ့။
အချစ်ကို ခံစားမိတဲ့ အချိန်မှာ အချစ်ကို လက်မလွှတ်ပါနဲ့။
ဘ၀ဆိုတာ တိုတောင်းလွန်းပါတယ်။ ဒီနေ့ လက်လွှတ်လိုက်ရင် မနက်ဖြန် ပြန်ရမယ်လို့ မပြောနိုင်ပါဘူး။

(၂၁) လောကမှာ အပင်ပန်းဆုံးအရာဟာ မရေမရာနဲ့ ဘ၀ကို ဖြတ်သန်းနေခြင်းပါပဲ။

(၂၂) လူ့ဘ၀ရဲ့အကြီးမားဆုံး အမှားဟာ "အမှားကိုများ လုပ်လိုက်မိပြီလား" လို့ အမြဲ စိုးရိမ်ပူပန်နေတဲ့ စိတ်ပါပဲ။

(၂၃) လုပ်မယ်၊ မလုပ်ဘူးဆိုတဲ့ ရွေးခြယ်မှု နှစ်ခုမှာ မလုပ်ဘူးဆိုတာကို ရွေးချယ်လိုက်ရင် သင့်အတွက် အခွင့်အရေးဆိုတာ ဘယ်တော့မှ ရှိလာမှာ မဟုတ်ဘူး။

(၂၄) လုံးဝ ပြီးပြည့်စုံတဲ့ သူငယ်ချင်းမျိုးကို သင်လိုချင်ရင် ဒီတစ်သက် သင် သူငယ်ချင်းရှိတော့မှာ မဟုတ်ဘူး။

(၂၅) အမုန်းနောင်တ နည်းနည်းနဲ့ အတိတ်ကို ထားခဲ့ပါ။
ဖြုန်းတီးမှု နည်းနည်းနဲ့ ပစ္စုပ္ပန်မှာ နေထိုင်ပါ။
အိပ်မက် များများနဲ့ အနာဂတ်ကို ကြိုဆိုပါ။

(၂၆) ကိုယ့်ကို လူတုံး၊ လူအလို့ သဘောထားပြီး မသိတာရှိရင် မေးပါ။
ဒါမှ သင် များများတတ်မယ်။ (ပညာရှာပမာ သူဖုန်းစား)

(၂၇) နေရောင်ရှိတဲ့ ဘက်ကိုပဲ မျက်နှာမူရင် အရိပ်ဆိုတာ ရှိတော့မှာ မဟုတ်ဘူး။

(၂၈) အရှုံးနဲ့ ရင်ဆိုင်ရမှာကို ကြောက်ပြီး မလုပ်ခဲ့ရင် အောင်မြင်မှုဆိုတာ ဘယ်တော့မှ ရှိတော့မှာ မဟုတ်ဘူး။

(၂၉) သတ္တိရှိတယ်ဆိုတိုင်း ကြောက်ရွံ့ခြင်း မရှိတာ မဟုတ်ပါဘူး။
ကြောက်ရွံ့ခြင်းကို ရင်ဆိုင်ရဲမှ၊ ဖြေရှင်းရဲမှ သတ္တိရှိတာပါ။

(၃၀) လူတွေ မသိမိုက်မဲတာကို ဘုရားသခင်က ဘယ်တော့မှ အပြစ်မယူခဲ့ဘူး။
လူတွေကသာ ဘုရားသခင်ကို မသင့်မြတ်ဘူးလို့ ပြောကြတာပါ။

(၃၁) အရာဝတ္ထု တခုတိုင်းကို ရှုထောင့်ပေါင်းစုံ ဘက်ပေါင်းစုံကနေ ခံစားပါ။

မှတ်ချက် -သူငယ်ချင်းဆီကမေလ်ကိုပြန်လည်ဝေမျှလိုက်ပါတယ်။

Sunday, January 18, 2009

ကျွန်တော့်နှင်ကျွန်တော်၏ညီအစ်ကိုမောင်နှမများ


မှတ်ချက် - ဤအမှတ်တရ ဆလိုက်ရှိုး ကိုစီစဉ်ပေးသော အမဝါ ( အမှတ်တရလေးများဘလောဂ် ) အားအထူးကျေးဇူးတင်ရှိပါကြောင်း ။

မျောလွင့်ခြင်း


လောကကြီးမှာ...ဘာဘဲလုပ်လုပ်
သတိရှိဖို့က အရေးကြီးတယ်....

ရှေးထုံးလည်း မပယ်..
ဈေးသုံးလည်း မလွယ်နဲ့ဆိုပေမယ့်
ရှေးထုံးကိုလည်း ပြစ်ပယ်သင့်ရင်..
ပယ်ရဲရမယ်...

အနာသိရင်ဆေးရှိဆိုပေမယ့်
အနာရှိပြီးဆေးမသိတာတွေကိုရော...
ငါတို့ဘယ်လို လုပ်ကြမလဲ...

အတ္တတွေနဲ့ရေးခြယ်ထားတဲ့ လူတွေရဲ့ သမိုင်း
စုတ်ချက်ကြမ်းကြမ်းနဲ့မို့
တစ်ကြိမ်တစ်ခါတော့ ရာဇဝင်ရိုင်းခြင်
ရိုင်းသွား လိမ့်မယ်....

သူ့အရပ်နဲ့ သူ့ဇာတ်ကနေတယ်
ငါတို့မပိုင်တဲ့ ကကွက်ကို..
ဝင်မကဖြစ်တာကမှ ပိုပြီးကောင်းသေးတယ်..

မြင်နေရတဲ့ မျက်လုံးတွေကိုမှိတ်..
ကြားနေရတဲ့ အသံတွေရဲ့ 
အဝေးဆုံးကိုပြေးပြီး...
ကိုယ့်ခြေထောက်ပေါ်ကိုရပ်...
ဝင်သက် ထွက်သက်..
ပြင်းပြင်း ရှူလို့
ငါဆုတောင်းလိုက်တယ်....
မျက်ရည်အားလုံး တိတ်ပါစေ......
မီးတောက်တွေအားလုံး ငြိမ်းပါစေ....


(၁၈.ဝ၁.၂ဝဝ၉)

Friday, January 16, 2009

ပေါ့ပေါ့..ပါးပါး... ပြုံး...............(၁၅)



၁) ခေတ်သစ် ဂျင်မီနီ

ယောက်ျာကြီးတယောက် ပုလင်းတလုံးကို အမှတ်မထင်တွေ့သည်။ ပုလင်းအဖုံးကို ဖွင့်လိုက်သည်ရာ အထဲမှ ဂျင်မီနီ ထွက်လာသည်။

"ဟေ့ မင်းဘယ်သူလဲ"
"ဂျင်မီနီပါ သခင်"
"လိုချင်တာ ရအောင်လုပ်ပေးနိုင်တဲ့ ဂျင်မီနီလား"
"ဟုတ်ပါတယ် သခင်"
"ဒါဆို ငါ့ကို နိုင်ငံကူးလက်မှတ်ရအောင် လုပ်ပေးစမ်း"
"ငွေတသိန်းပေးပါ ရရစေ့ပါမယ် သခင်"

၂) တတ်ရဲ့သားနဲ့

မြို့တော်အတွင်း ကိုဘမောင် ကားမောင်းလာသည်။ ယာဉ်ထိန်းရဲက ကားကိုတားပြီးပြောသည်။
"ခင်ဗျား ကားကို သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းလာတယ်။ ဘာကြောင့်လဲဆိုတာ ဂျော်ဂျီယာ ဘာသာစကားနဲ့ ဖြေရှင်းချက်ရေးပါ။"
"ကျနော် ဂျော်ဂျီယာ ဘာသာစကားမှ မတတ်ဘဲ၊ ဘယ်လိုလုပ်ရေးရမှာလဲ"
"ဆင်ခြေမပေးနဲ့၊ ဂျော်ဂျီယာ ဘာသာစကားနဲ့ ရှင်းလင်းချက် ရေးပါ"
ကားဆရာ စိတ်ညစ်သွားသည်။ မည်သို့မျှ ရှင်းပြရ်ျလည်း မရ၊
နောက်ဆုံးတွင် စာရွက်တရွက်ကို ထုတ်ပြီး ငွေ ၁၀၀၀ တန်တရွက်ကို ညှပ်ပေးလိုက်သည်။
ထို့နောက် ယာဉ်ထိန်းရဲကို ကမ်းပေးလိုက်သည်။ ယာဉ်ထိန်းရဲသည် စာရွက်ကို ဖြန့်လိုက်သည်။ ငွေစက္ကူကိုတွေ့သောအခါ ကားဆရာကို ပြောလိုက်သည်။
"ဂျော်ဂျီယာလို မတတ်ဘူးလို့ ဘာလို့ပြောတာလဲ အခုတောင် တ၀က်ရေးပြီးနေပြီးပြီပဲ။ ဆက်ရေး"

၃) သက်သေ

အတန်းထဲတွင် ဖြစ်သည်၊ဆရာမက မေးသည်။
"ငါးလိပ်ကျောက်ဟာ ဘာဖြစ်လို့ ပြားပြားကြီး ဖြစ်နေရသလဲ"
ပီတာလေး လက်ညှိုးထောင်ပြီး ဖြေသည်။
"ဝေလငါးနဲ့ တူတူ အိပ်လို့ပါ"
"ပီတာ မင်း အခုချက်ချင်း အခန်းထဲက ထွက်သွားစမ်း"
က်ျသို့ အမိန့်ပေးပြီး ဆရာမက ဆက်မေးသည်။
"ကျောက်ပုဇွန်တွေရဲ့ မျက်လုံးတွေ ဘာဖြစ်လို့ ပြူးထွက်နေရသလဲ၊ ဘယ်သူ သိကြသလဲကွယ်"
ပီတာလေး နောက်လှည့်ပြီး အော်ပြောသည်။
"ဒါတွေ အားလုံး သူမြင်လိုက်လို့"


၎) အဖြေမှန်

ဇီဝဗေဒဘာသာရပ်ကို သင်ကြားနေချိန်တွင်ဖြစ်သည်။
ဆရာကတပည့်များကို ပြောသည်။
"တပည့်တို့ကို ဆရာ စကားထားတခု ၀ှက်မယ်။ သေသေချာချာ နားထောင်ကြ"
"မိကျောင်းနှစ်ကောင် ပျံသွားတယ်။ တကောင်က အစိမ်းရောင်၊ နောက်တကောင်က အာဖရိကတိုက်ဘက်ကို ပျံသွားတယ်၊ ဆရာ့အသက် ဘယ်လောက်လဲ"
ကျောင်းသားအားလုံး ငြိမ်နေကြသည်။
နောက်ဆုံးခုံတွင် ထိုင်နေသော ပီတာလေးက ပြောသည်။
"ဆရာ့အသက် ၂၄ နှစ်"
"မှန်တယ် မင်းတော်တယ်။ ဒါနဲ့ မင်းက ဘယ်လိုလုပ် ဆရာ အသက်သိတာလဲ"
"ကျနော် အသက် ၁၂ နှစ်ရှိပါပြီ။ ပြီးတော့ ကျနော်ကို ဦးနှောက်တ၀က် ချောင်တဲ့ကောင်လို့ အားလုံးက ပြောကြတယ်လေ"

၅) အိပ်မပျော်သောည

တည်းခိုခန်းပိုင်ရှင်က ဧည့်သည်ကိုပြောသည်။
"ညက ကောင်းကောင်း အိပ်ပျော်ပါရဲ့လား ခင်ဗျာ"
"မမေးရင် ပိုကောင်းမယ်၊ မနေ့ညက အိပ်ရာထဲမှာ ဂျပိုးအသေတကောင်ကို တွေ့ရတယ်"
"အသေတကောင်အတွက်နဲ့ ဒီလောက်တောင် စိတ်အနှောင့်အယှက်ဖြစ်သွားလားဗျာ"
"အသုဘကို လိုက်ပို့တဲ့ သူ့ဆွေမျိုးသားချင်းတွေကို ခင်ဗျားမြင်ရင် ဒီစကားမျိုးပြောမှာ မဟုတ်ဘူး ဟင်းးးး"

မှတ်ချက် -သူငယ်ချင်းဆီကမေလ်ကိုပြန်လည်ဝေမျှလိုက်ပါတယ်။

မျှဝေခြင်း ( ၁ )



အားလုံးအတွက် အသုံးဝင်မှာလေးတစ်ခုပါ.

en2mm@mmgeeks.org

ဒါကို Gtalk မှာ Add လိုက်ရုံပါပဲ၊
အဲဒီမှာ အင်္ဂလိပ်စာလုံးတော်တော်များများကို မြန်မာလို ပြန်ပြောပေးပါလိမ့်မယ်။
ဥပမာ - Precious ဆိုရင် - (adj) အဖိုးထိုက်။ အဖိုးတန်။ အထက်တန်းကျကျအမူအရာ၊အသုံးအနှုန်းတို့ဖြင့်အကဲပါလွန်းသော။
အားကြီး။ သိပ်ကိုနည်းသည်။ ............ အဲဒီလို ပြန်ပြောပေးပါလိမ့်မယ်။
သူ့ရဲ့ Dictionary မှာ မရှိတဲ့စာလုံးအတွက်တော့ - Sorry, your word is not in dictionary. လို့ ပြန်ပြောပါတယ် :)
အိုကေပါ .. အားလုံးအဆင်ပြေကြမှာပါ။

မှတ်ချက် -သူငယ်ချင်းဆီကမေလ်ကိုပြန်လည်ဝေမျှလိုက်ပါတယ်။

ရဲရင့်နီ အတွက် ရဲရင့်နီ ရဲ့ ဒဿနများ(၁)


(၁)နေလည်း နေရဲရမည်။
သေလည်း သေရဲရမည်။

(၂)ကိုယ့် ကိုယ် ကိုလည်း သတ်မသေနှင့်။
သူတစ်ပါး ပယောဂ နှင့်လည်း မသေစေနှင့်။
မိမိ ကံ ကုန်မှ သေစေရာ၏။

(၃)သူတစ်ပါး ဒုက္ခရောက်လျှင်
ဝမ်းသာသည့်စိတ် ဘယ်သောအခါမှ မမွေးနှင့်။

(၄)လူကောင်းဖြစ်ရန် နံပါတ်-၁
လူတော်ဖြစ်ရန် နံပါတ်-၂

(၅)ပျော်အောင်နေပါ။
မပျော်လျှင် ရှုံးမည်။
မသေခင် ပျော်ပျော်နေပါ။
နေလည်းပျော်.. သေလည်းပျော်ပါစေ။

ရဲရင့်နီ(၁၆.ဝ၁.၂ဝဝ၉)

Thursday, January 15, 2009

စိတ်ကူးယဉ် တဲ့ နေရာ..


ကျွန်တော်သည် လူသားတစ်ဦးဖြစ်သည်။ဤကမ္ဘာတွင်ကျွန်တော်ကဲ့သို့ပင်လူသားများစွာနေထိုင်ကြသည်။
ကျွန်တော်တို့အားလုံး၏ မျက်နှာများသည် ထာဝစဉ် ပြုံးပျော်၍နေကြသည်။
အဘယ်ကြောင့်ဆိုသော်ဤနေရာတွင် ပူပင်သောကမရှိ၊စိုးရိမ်ကြောင့်ကျမှုမရှိသောကြောင့်ဖြစ်ပေသည်။
သူတို့သည်တစ်ဦးအပေါ်တစ်ဦးကမနာလိုဝန်တိုမှု၊အပြစ်မြင်မှုတို့မရှိကြသောကြောင်ဤနေရာသည်အလွန်တရာမှပင်ငြိမ်းချမ်း
သာယာလှပေသည်။လူတိုင်းတွင်မိမိ၏အရည်အချင်းနှင့်ထိုက်တန်သောအလုပ်ကိုယ်စီရှိကြသည်။
အလုပ်သမားတိုင်းသည်မိမိ၏အလုပ်ကိုရေသာခိုခြင်းမရှိကြဘဲ တာဝန်ကျေပွန်စွာဆောင်ရွက်ကြသည်။
အလုပ်ရှင်တိုင်းသည်လည်းမိမိ၏အလုပ်သမားများကို ရင်ဝယ်သားပမာချစ်ခင်မြတ်နိုးကြသည်။
ဤနေရာတွင်နေထိုင်သူတို့သည်မိမိတို့၏ ကိုယ်၊စိတ်၊နှလုံး (၃) ပါးစလုံးကိုကောင်းမွန်စွာထိန်းသိမ်နိုင်သောကြောင့် ခိုက်ရန်ဒေါသဖြစ်ပွါးခြင်း၊
ခိုး၊ဆိုး၊လုယက်မည့်သူမရှိ လွန်စွာပင်ငြိမ်းချမ်းကုန်၏။
ထိုကဲ့သို့ငြိမ်းချမ်းသာယာသောကြောင့် ရဲစခန်းများ၊အကျဉ်းထောင်တို့မရှိကြပေ။
ဤကမ္ဘာတွင်ရှိသောသူယောက်ကျာင်္းတို့သည်သူတို့၏ တစ်ဦးတည်းသော ချစ်သူမိန်းကလေးကိုသာ အသက်နှင့်ဘဝပေးပြီး ချစ်ခင်မြတ်
နိုးကြသည်။ထို့ကြောင့် မိန်းကလေးများကလည်း မိမိတို့၏ချစ်သူယောက်ကျာင်္းလေးဖြင့်သာသေတစ်ပန်သက်တစ်ဆုံးပေါင်းသင်းနေထိုင်
သွားကြသောနေရာလေးပင်ဖြစ်ပေတော့သည်။
မှတ်ချက်.. ကျွန်တော့်ကိုစိတ်ကူးယာဉ်ခွင့်ပေးတဲ့ ညီလေး ဂျဲလ်လီ နှင့် ညီမလေး မယ်ဂုမိ တို့ကို ကျေးဇူးအထူးတင်ရှိပါတယ်။
ရဲရင့်နီ
(၁၅.၀၁.၂ဝဝ၉
)

Wednesday, January 14, 2009

ပေါ့ပေါ့..ပါးပါး... ပြုံး...............(၁၄)



သတိ... သတိ..... အဟိ...အဟိ...


ပုန်း......ပုန်း


ပြုံး..........ပြုံး.........


ချန်ပီယံလောင်း

Saturday, January 10, 2009

မေကြီး (သို့) အမေ...( အမေများနေ့ အမှတ်တရ )


ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ..
သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်.....

ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ..
သူများအမေတွေထက် အကုန်များခဲ့ရတယ်.....

ကျွန်တော့်ကိုချစ်တဲ့...အမေ..
သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်.....

သားကို သခင်...
လင်ကို ဘုရား ဆိုတဲ့ အမေ....
ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်...

လောကမှာ ကျွန်တော်
တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်...
မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့..
တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး
ရင်ဆိုင်နိုင်ခဲ့တယ်...

အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု
မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ...

အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု
မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ...

ကျေးဇူး အထူးပါမေကြီးရယ်...
အရာရာအားလုံးအတွက်ပါခင်ဗျာ.....

သားကြီးဂတိပေးပါတယ်...မေကြီး
သားအသက်ရှင်နေသမျှကာလပတ်လုံး..
ဒီလောကကြီးထဲမှာ...
မေကြီးဘာအကြောင်းကြောင့်နဲ့မှ
စိတ်ဒုက္ခတွေ သောကဝေဒနာတွေ
ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...


(၁၀.ဝ၁.၂၀၀၉)

Friday, January 9, 2009

ပေါ့ပေါ့..ပါးပါး... ပြုံး...............(၁၃)


တော်တော်ကဲတဲ့.... ကိုကို ဘဲ

Thursday, January 8, 2009

ပေါ့ပေါ့..ပါးပါး... ပြုံး...............(၁၂)


ရိုက်ချက်ပြင်းတဲ ဂေါက်သီး

Wednesday, January 7, 2009

ပေါ့ပေါ့..ပါးပါး... ပြုံး...............(၁၁)


သံပုရာရည်အေးအေးလေး သောက်ခြင်ရင်ဒီကိုလာ..