Tuesday, December 23, 2008

ပေါ့ပေါ့..ပါးပါး... ပြုံး...............(၁ဝ)

အတုခိုးသူ
ပီတာလေးသည် ၄င်း၏အစ်ကိုအကြီးဆုံး လုပ်သည့်အတိုင်း အတုခိုးလုပ်လေ့ရှိသည်။ တစ်နေ့ အခန်းထဲ ထိုင်နေရင်း တစ်ဖက်အခန်းမှ အစ်ကိုကြီးအသံကို ကြားရသည်။ အစ်ကိုကြီးက ၄င်း၏သူငယ်ချင်းကို ပြောပြနေခြင်း ဖြစ်သည်။
"ငါ ကောင်မလေးကို မော်တော်ဆိုင်ကယ်ပေါ် တင်လိုက်ပြီး တောဘက်ကိုမောင်းသွားတယ်။ တောထဲ ရောက်တော့ သူ့ကိုနမ်းမယ် လုပ်တယ်။ "ဟင့်အင်း၊ ဟင့်အင်း" လို့ပြောပြီး ကောင်မလေး နောက်ကိုဆုတ်သွားတယ်။ ငါ မော်တော်ဆိုင်ကယ်ပေါ် တက်ထိုင်လိုက်ပြီး စက်ကိုနှိုးတယ်။ "ကောင်းပြီလေ၊ ဒါလေးတောင်မှ ခွင့်မပြုဘူးဆိုရင်တော့ ကိုယ့်ဘာသာကိုယ် လမ်းလျှောက်ပြီးပြန်ပေတော့" လို့ပြောပြီး ငါ မောင်းထွက်သွားတယ်"
နောက်တစ်နေ့တွင် ပီတာလေး စက်ဘီးစီးနေရင် အိမ်နီးချင်း နာတာရှာလေးကို တွေ့သည်။ စက်ဘီး နောက်ခုံပေါ် နာတာရှာလေးကို တင်ပြီး ပီတာလေး တောထဲဘက်နင်းသည်။ ရောက်သောအခါ ပီတာလေး ကောင်းမလေးကို မေးသည်။
" နာတာရှာ၊ ငါ နင့်ကို နမ်းချင်တယ်။ ရမလား"
" နမ်းလေ"
" အမ်—-ဒီလိုဆိုရင် ရော့ စက်ဘီးကိုယူသွား။ ငါ လမ်းလျှောက်ပြန်မယ်"
ထန်းလျှက်နှင့် ပဲကြီးလှော်
တစ်ခါတုန်းက ….ထန်းလျှက်နဲ့ ပဲကြီးလှော်တို့ ရည်းစားဖြစ်ကြသတဲ့…….
တစ်နေ့မှာသူတို့နှစ်ယောက်က ရေကန်ဘေးမှာ ချိန်းတွေ့ကြတယ်…
ရေကန်ထဲမှာလည်းကြာပန်းတွေနဲ့ ပြည့်နေတာပဲတယ့်
ဒါနဲ့ ပဲကြီးလှော်က…..
မောင်ရယ်….မကိုချစ်ရင်လေ
ဟိုကန်လယ်က ကြာပန်းကို ခူးပေးပါနော်
ဆိုပြီး ချွဲသတဲ့…..
ဒါနဲ့ ထန်းလျှက်လည်း…..
အေးပါကွာ ငါမင်းကို ချစ်လွန်းလို့ ခူးပေးပါမယ်
ဆိုပြီး ရေထဲဆင်းသွားပါလေရော…..
ကန်လယ်ကိုရောက်လို့ ကြာပန်းခူးဖို့ လက်လှမ်းကာရှိသေး ပလုတ်ဆိုပြီး အရည်ပျော်သွားပါလေရော
ပဲကြီးလှော်ကလည်း ဒါကိုမြင်ပြီး အားရပါးရ ရယ်ပါလေရော…
သူကလည်း ရယ်ရင်းရယ်ရင်းနဲ့ အရယ်လွန်ပြီး နှစ်ခြမ်းပြဲရော……..
မြီးဆွဲတုတ်ထိုး
တစ်ခါတုန်းက ရွာတစ်ရွာမှာ ဒေဝေါဆိုတာကို ဘာမှန်းမသိဘဲ အရမ်းကြောက်ကြသတဲ့ …
ညနေဆိုရင် ရွာကြီးတစ်ခုလုံး တိတ်ဆိတ်ပြီး ညိမ်သက်နေတာဘဲတဲ့…….
ဒါနဲ့ တစ်နေ့မှာ နွားသူခိုးတစ်ယောက် ရောက်လာဘာလေရော…
ဒီသူခိုးကလည်း ခပ်ကြောက်ကြောက်ရယ်….သူကသွားခိုးမယ့်ညက ဒီလိုစဉ်းစားသတဲ့..
အင်း…..ဒီရွာက ဒေဝေါရှိတယ်တဲ့
ငါကလည်း သွားမှဖြစ်မှာဆိုတော့…
ဘာဘဲနေနေ သွားမယ်ကွာ..
ဆိုပြီး သွားသတဲ့….
ဒီလိုအကြံတူတစ်ယောက်ရှိတယ် ဒါပေမယ့် သူက ကျားလေ..
ကျားကလည်းဒေဝေါ ဆိုတာဘာမှန်းမသိဘူး တဲ့ သူကလည်းဒေဝေါကိုကြောက်တာဘဲတဲ့
ဒါနဲ့သူတိုနှစ်ယောက်တစ်အိမ်ထဲမှာ ဆုံမိကြတယ်..
ဒါနဲ့ သူခိုးက ကျားကို နွားထင်ပြီးတက်အခွ
ကျားကလည်းဒေ၀ါဆိုပြီး အော်ပြေးတော့တာဘဲ….
အမယ်လေး ဒေဝေါဗျို့ ဒေဝေါ ဒေဝေါ
ကျွန်တော်ကျောပေါ်ကို တတ်စီးတယ်ဗျ
ဒါနဲ့သူခိုးလည်း ကျားမှန်းသိသွားပြီး ကြောက်ကြာက်လန့်လန့်နဲ့ တောစပ်ကသစ်ပင်ကိုလှမ်းဆွဲပြီး သစ်ခေါင်းထဲ ၀င်ပုန်းနေခဲ့တယ်
ကျားကလည်းပြေးနေတုန်ဘဲ……ဒါကိုမျောက်ကမြင်သွားပြီး ကျားကိုမေးသတဲ့
မျောက်……….အိုအဆွေကျား ဘာလို့မောကြီးပန်းကြီး ပြေးနေရတာလဲ
ကျား………….မပြော ပြောချင်ပါဘူး အဆွေရာ ကျုပ်ကျောပေါ်ကို ဒေဝေါတတ်စီးလိုဗျ
မျောက်……….ဟာဟုတ်လား ဘယ်မှာလည်းဒေဝေါ
ကျား…………ဟိုတောစပ်က သစ်ပင်ပေါ်မှာပေါ့
ဒါဆိုကျုပ်သွားကြည့်လိုက် ဦးမယ်ဆိုပြီးသွာကြည့်ပါလေရော…
ဟိုရောက်တော့ ဘာမှမတွေ့ဘူးဆိုပြီး သစ်ခေါင်းထဲ စမ်းကြည့်ပါလေရော
ပထမတော့ လက်နဲ့စမ်းကြည်တယ်..သူခိုးကလည်းဘာမှန်းမသိဘူးဆိုပြီး နောက်ကိုဆုတ်နေသတဲ့
မျောက်လည်း လက်နဲ့မမှီတော့ ခြေထောက်နဲ့စမ်းပါလေရော
မရတော့ အမြီးနဲစမ်းပါလေရော …..
ဒါနဲ့သူခိုးကလည်းထွက်ပြေးချင်နေတာနဲ့ စိတ်ပေါက်ပေါက်ရှိလှပြိဆိုပြီး
အမြီးကို ဆွဲပြီးသူ့မှာပါလာတဲ့တုတ်နဲ့ ဖင်ဆောင့်ထိုးလိုက်ရော…
ဒါနဲ့မျောက်လည်းအော်ပြေးပါလေရော…..
အမယ်လေး ဒေဝေါမဟုတ်ဘူးဗျ…
မြီးဆွဲတုတ်ထိုး…မြီးဆွဲတုတ်ထိုး…..
တော်လိုက်တာ….
စိတ္တဇ ဆေးရုံတစ်ခု ဟာလူနာတွေကိုလေယာဉ်နဲ့ တင်ဆောင်လာပြီးတော့ အခြားဆေးရုံတစ်ခုကို ပြောင်းပါတယ်။ ဆရာဝန်ကတော့
လေယာဉ်မှုးဘေးမှာထိုင်နေပါတယ်။ အဲဒီမှာ လေယာဉ်ထဲ ကနေ အသံတွေကိုဆူညံနေအောင်ကြားရပါတယ်။ ဆရာဝန်က အရုးခေါင်းဆောင်ကို
ဘဲလ် နှိပ်ပြီးလှမ်းခေါ်လိုက်တယ်။
"ဘာလုပ်နေကြတာလဲ..ဆူညံနေတာပဲ"
"ဘောလုံးကန်နေကြတာပါ ဆရာ"
"ဟာ…..လေယာဉ်ပေါ်မှာဘောလုံးမကန်ရဘူး ဆိုတာမသိဘူးလား..သွားစမ်း"
"ဟုတ်ကဲပါဆရာ"
အရုးခေါင်းဆောင်ထွက်သွားလေသည်။ ခဏနေ တော့ဘာသံမှ မကြားရတော့။ ဆရာဝန်သည်သဘောကျသွားသည်။ ဘဲလ် နှိပ်ပြီး အရုးခေါင်ဆောင်ကိုလှမ်းခေါ်လိုက်သည်။
"မင်းဘယ်လိုထိန်းလိုက်တာလဲ…တိတ်ဆိတ်သွားတာပဲ"
"ဆရာဘဲ လေယာဉ်ပေါ်မှာဘောလုံးမကန်ရဘူးဆို…..အဲဒါနဲ့ ကျွန်တော်လည်း လေယာဉ် တခါးပေါက်ကိုဖွင့်ပေးလိုက်တာ အခု
သူတို့ အကုန်အောက်ဆင်းပြီးဘောလုံးကန်နေကြပြီ "

မှတ်ချက် -သူငယ်ချင်းဆီကမေလ်ကိုပြန်လည်ဝေမျှလိုက်ပါတယ်။

2 comments:

Anonymous said...

အတုခိုးသူကတော့ စဉ်းစားစရာပဲဗျာ တော်ကြာ
အမက........... ပြောတော့ပါဘူးဗျာ
ဟီးဟီးဟီး ကိုယ်ဆရာရေးရင် ကြည့်ရေးဗျာ
ကျနော် ပါးစပ်ကလဲ အငြိမ်မနေနိုင်ပဲ ထွက်မိမှာ
စိုးရတယ်ဗျာ။

December Cinderella said...

အေး ..ရယ်ရတယ်ဟေ့ ..
အရမ်းတော့ မရယ်တော့ပါဘူး ..ကြောက်လို့ ..
အမောင် ရဲရင့်နီကလေး ..တော်၏
ဂုဏ်ထူးမှတ်ရ၏