Sunday, January 18, 2009

မျောလွင့်ခြင်း


လောကကြီးမှာ...ဘာဘဲလုပ်လုပ်
သတိရှိဖို့က အရေးကြီးတယ်....

ရှေးထုံးလည်း မပယ်..
ဈေးသုံးလည်း မလွယ်နဲ့ဆိုပေမယ့်
ရှေးထုံးကိုလည်း ပြစ်ပယ်သင့်ရင်..
ပယ်ရဲရမယ်...

အနာသိရင်ဆေးရှိဆိုပေမယ့်
အနာရှိပြီးဆေးမသိတာတွေကိုရော...
ငါတို့ဘယ်လို လုပ်ကြမလဲ...

အတ္တတွေနဲ့ရေးခြယ်ထားတဲ့ လူတွေရဲ့ သမိုင်း
စုတ်ချက်ကြမ်းကြမ်းနဲ့မို့
တစ်ကြိမ်တစ်ခါတော့ ရာဇဝင်ရိုင်းခြင်
ရိုင်းသွား လိမ့်မယ်....

သူ့အရပ်နဲ့ သူ့ဇာတ်ကနေတယ်
ငါတို့မပိုင်တဲ့ ကကွက်ကို..
ဝင်မကဖြစ်တာကမှ ပိုပြီးကောင်းသေးတယ်..

မြင်နေရတဲ့ မျက်လုံးတွေကိုမှိတ်..
ကြားနေရတဲ့ အသံတွေရဲ့ 
အဝေးဆုံးကိုပြေးပြီး...
ကိုယ့်ခြေထောက်ပေါ်ကိုရပ်...
ဝင်သက် ထွက်သက်..
ပြင်းပြင်း ရှူလို့
ငါဆုတောင်းလိုက်တယ်....
မျက်ရည်အားလုံး တိတ်ပါစေ......
မီးတောက်တွေအားလုံး ငြိမ်းပါစေ....


(၁၈.ဝ၁.၂ဝဝ၉)

4 comments:

ဖိုးဂျယ် said...

အကိုရေ ကဗျာလေးက ကောင်းတယ်ဗျာ
မအားတဲ့ကြားက ကဗျာ ထွက်လာသေးတယ်ပေါ့

sait phay yar said...

Very Good Poem
Great......

Dr Phyo Wai Kyaw said...

ရှေးထုံးတွေထဲမှာ ပစ်ပယ်သင့်တာကတော့
ဖြေရှင်းလို့မရရင် စစ်တိုက်မယ်ဆိုတာမျိုး..။
(မလွယ်လောက်ဘူး)
အဟုတ်ပဲကိုး
"မျက်ရည်များအားလုံး တိတ်ပါစေ။"

Anonymous said...

ကဗျာလေးကောင်းတယ်ဗျာ ဒါပေမဲ့ဗျာ.........