Wednesday, February 11, 2009

ညီလေး ချစ်ခြင်းခြေရာ သို့ အိပ်ဖွင့်ပေးစာ...(TAG ပိုစ်)


( ဂီတ နှင့် ကျွန်တော်၏သမိုင်း )

ကျွန်တော် နှင့် ဂီတ၊ ဂီတ နှင့် ကျွန်တော် ဆိုသည်မှာကျွန်တော့်အတွက်တော့ခွဲခြားရန်မဖြစ်နိုင်သောအရာပင်ဖြစ်သည်။
လူမှန်းသိတတ်စ ခလေးဘဝ ပုခက်အတွင်း မှာကတည်းက ကျွန်တော်အိပ်ရန် ကက်ဆက် ဖွင့်ပေးထားရသည်။
သီချင်းသံ မကြားရလျှင် မအိပ်တော့။ မှတ်မိသေးသည်...နေရှင်နယ် ကက်ဆက်လေးနှင့် ကျွန်တော် နားထောင်ခဲ့ရ သည်က...
အဆိုတော် ကိုင်ဇာ၏ သီချင်းများ..... ယခုအချိန်ထိမှတ်မိနေသော သီချင်းတစ်ပုဒ်ကတော့.. မနိုးပါစေနဲ့ မိုးရယ်......

ဒီလိုနဲ့ ၁ နှစ်ပြီး ၁ နှစ်အသက်တွေကြီး လာခဲ့သည်...ယနေ့အချိန်အထိ ၁ ရက်မှ သီချင်းမဆို၊သီချင်းမညည်းဘဲ အိပ်ယာဝင်ခဲ့သော ည ၁ညမျှပင် မရှိခဲ့
( သာသနာ့ ဘောင်သို့ဝင်ချိန်မှအပ)..
ဘယ်လိုအခြေအနေဘဲရောက်ရောက်..ဘယ်လိုပြဿနာတွေဘဲကြုံကြုံ.....အသည်းကွဲတော့လည်း အလွမ်းအဆွေးသီချင်းတွေနှင့်..
လောကကြီးကို နာကျည်းတော့လည်း ဟဲဗီးရောခ် နှင့်..... သူငယ်ချင်များနှင့်ပျော်ရွင်သောအချိန်မျိုးတွင်တော့...ဒစ္စကိုသီချင်းလေးနှင့်..
အရာရာကိုရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့သည်။

သီချင်းဆိုသည်မှာ ကျွန်တော့်အတွက်တော့...ဖျော်ဖြေရေးအရာဝတ္တုတစ်ခုအဖြစ်အဓိပ္ပါယ်ဖွင့်ဆိုရန်မဖြစ်နိုင်ပေ...
အကြောင်းမှာမူ....သူသည်ကျွန်တော့်အတွက် ရင်ဖွင့်ရာ၊ထွက်ပေါက်တစ်ခု၊စိတ်ဖြေရာ......၊ အနားလည်းဆုံးသူငယ်ချင်း ၊တစ်ခါတွင်မှ
စိတ်မဆိုးတတ်သောချစ်သူ ဖြစ်သောကြောင့်ပင်ဖြစ်သည်။

လွန်ခဲ့သော ၁ဝနှစ် ကျော်ခန့်က... ရေကျော်၊ကျောက်မြောင်း ဘက်များတွင်...လုပ်သောပွဲ မှန်သမျှ.. ကျွန်တော်တို့ မရောက်သောပွဲ
မရှိ။ ဂီတမှူး က ကိုသန်းဌေး.....အတူတူ ဆိုခဲ့ သူများတွင်...အောင်မြင်နေသောသူ တစ်ဦးရှိသည်.. ထိုသူကား ကျွန်တော်က ဇာနည်ဟု
ခေါ်သော.. အဆိုတော် Rဇာနည် ပင်ဖြစ်သည်။

ယခုလည်းညီတော်လေးချစ်ခြင်းခြေရာမှ...သူ၏ တန်းဝင်သော သူ၏အသံ ကိုပရိတ်သတ်ထံသို့ ဤနေရာတွင် မှတ်ကျောက်တင်ခဲ့ပြီးဖြစ်သည်။နောက်ထပ် အဆိုရှင်များ ကိုလည်း ပရိတ်သတ်ကြီးနှင့်ထိတွေ့စေခဲ့ပြီးဖြစ်သည်။
ထင်ပေါ်သောကြောင့် စင်တော်ကကောက်သူများ မှာအခြားသူများမဟုတ်ပေ။
အမှတ်တရလေးများဘလောဂ် မှ.. အမတော် ဝါဝါခိုင်မင်း ( အဆိုတော်နာမည်နဲ့တူတယ်နော် ) နှင့်.. ညီတော် ပူတူတူးလေး အလှတရား
တို့ဖြစ်ကြပေ သည်။ အမတော် ဝါဝါခိုင်မင်း၏ အနုပညာအရည်အချင်း ကို ဤနေရာတွင် နားသောတဆင်နိုင်ပြီး... ဆရာမဆူမှာ စိုးသောကြောင့် ခေတ်ပေါ်သီချင်းများ ကိုဆိုချင်ပါလျှက်မဆိုရသော ညီတော် ပူတူတူးလေး အလှတရား ၏ တေးသံ ကို ဤနေရာတွင် နားသောတဆင်နိုင်ပါ ပြီးခင်ဗျာ....
ကျွန်တော်ကတော့..စင်ပေါ်တွင် ပထမဆုံးစဆိုခဲ့ သည့်..အဆိုတော် ထွဏ်းထွဏ်း၏ ၂၅မိနစ် သီချင်းကိုရှာရာ.. အဆိုတော်ရော..
သီချင်းရော နှစ်မျိုးစလုံး မတွေ့ ရပါသောကြောင့် သူငယ်ချင်း ဇာနည် ရဲ့ သီချင်းကို ဘဲ.. ရှေ့ မျက်နှာနောက်ထားပြီး ဆိုလိုက်ပါတယ်။
ပရိတ်သတ်ကြီး နားသောတဆင်တော်မူကြပါခင်ဗျာ..
(မှတ်ချက်- နားသောတဆင်၍ အဆင်မပြေပါက မူရင်းသီဆိုသူများ၏ တာဝန်သာ ဖြစ်ပါကြောင်း)
ဆက်ရန်..............

4 comments:

WWKM said...

ဆက်ရန်က ဖတ်လို့ မရနေဘူး မောင်လေးရဲရင့်
နီ ရေ။ အစ်မ အရင်ဆိုပြီးသွားပြီနော်။ :D
သီချင်းလားလို့ အမြန်ပြေးလာတာ။း)

ဖိုးဂျယ် said...

ခန့်ချော ကိုကို မြန်မြန် ဆိုပါဗျို့ နားထောင်ချင်နေပါပီ

Anonymous said...

အကိုရေ ပြေးပြေးလွှားလွှားလာကြည့်တယ်ဗျနော် ။ အဟဲ သူများကိုအကြွေးတွေတင်နေတော့ ကိုယ်ကလဲ အကြွေးမတောင်းနိုင်ဖြစ်နေတယ်လေ အကို ။ မြန်မြန်ဆိုပါဗျာ ။

led lampen said...

Very useful article.