Monday, March 30, 2009

နေနည်း ထိုင်နည်း


ရင်ထဲ မှာမွန်းမွန်း ကြပ်ကြပ်နဲ့....
အသက်ရှင်သန်နေရတာ...
အရမ်းကိုပင်ပန်းလွန်းတယ်...

ပိုင်ဆိုင်ထားတဲ့ အရာတွေ.. မဆုံးရှူံးစေဖို့....
မပိုင်ဆိုင်သေးတဲ့ အရာတွေ.. ပိုင်ဆိုင်နိုင်ဖို့....
ကြိုးစားရင်း ...ကြိုးစားနေရင်းနဲ့....
တစ်နေဝင်လို့..တစ်နေထွက်...
နေ့ရက်တွေကို....လတွေကဝါးမြိုစားပြီး...
တစ်နှစ်ပြီးတစ်နှစ်နဲ့...ငါတို့တွေရဲ့ အသက်တွေဘဲ
တဖြေးဖြေးနဲ့...........
ကြီး..ကြီး..လာတယ်...

ငါတို့တွေရဲ့ 
အိမ်မက်တွေကတော့..
ဟိုး..ဟိုအဝေးမှာ..
မှုန်လို့ ဝါးလို့ ကောင်းနေတုန်း...

မနက်ဖြန် မနက်မှာ...
ငါတို့တွေ...မျက်နှာသစ်ရဖို့ကရော...
သေရော.....သေချာလို့လား...

မသေချာခြင်းတွေဘဲ သေချာနေတဲ့ဘဝထဲမှာ...
စိတ်ကိုဖြေးဖြေးလေးလျော့...
လောဘခပ်ပါးပါးနဲ့...ပြုံးပြုံးလေးနေပြီး
အသက်ရှူပစ်လိုက်စမ်းပါ.....

ဟိုးအရှေ့ ဆီမှာ...ငါတို့တွေလျှောက်လှမ်းရမဲ့...လမ်း
ကန္တာရ...ခရီးကြမ်းတွေ.....
အများကြီး....အများကြီးကို....
ကျန်နေသေးတယ်။

(၃ဝ.ဝ၃.၂ဝဝ၉)

3 comments:

ရွှေပြည်သူ (ShwePyiThu) said...

“မနက်ဖြန် မနက်မှာ...
ငါတို့တွေ...မျက်နှာသစ်ရဖို့ကရော...
သေရော.....သေချာလို့လား...”

ဟုတ်ပါတယ် ရဲရင့်နီရေ... မသေချာတာတွေကိုပဲ ဖက်တွယ်နေမိကြတာ...

မသက်ဇင် said...

ကောင်းလိုက်တာနော်--
အစစအရာရာ အဆင်ပြေပါစေ--

ဖိုးဂျယ် said...

အကိုကဗျာတွေက တရားနာနေရသလိုပဲ :)