Saturday, May 2, 2009

ညီမလေးသို့............


ဥသြသံက ကြားကြားတိုင်းတော့
နားမထောင်မိစေနဲ့...
သံယောဇဉ်တွေကို...
ပိုတိုးစေလိမ့်မယ်...

ယိုင်နေတဲ့ ခြေနှစ်ချောင်းနဲ့
ကောင်းကင်ပေါ်မှာ
လွင့်နေလိုက်ပါ..
နောင်လာမဲ့...
နေ့သစ်တွေအတွက်..

နှလုံးသားထဲမှာ
ကိန်းအောင်းနေတဲ့ လူတစ်ယောက်ကတော့...
သေချာပေါက်..
စွမ်းအားတွေကိုပေးဆပ်လိမ့်မယ်....
အဲ့ဒီစောင့်နေတဲ့...သူတစ်ယောက်တည်းအတွက်..


(၂.ဝ၅.၂ဝဝ၉)

3 comments:

မြတ်သွယ် said...

ကို့အကိုကြီး ကဗျာကိုဖတ်ပြီး ချက်ချင်းကျေးဇူးလာတင်ပါတယ်

ခင်မင်စွာဖြင့် အားပေးသွားပါတယ်း)

mgnge said...

ကဗျာလေး ကအားပေးစာလေးပဲနော်
ကိုယ့်အတွက်မဟုတ်ပေမယ့်
ညီ့ကိုပြောတယ်လို့ ခံယူပါတယ်

ကဗျာလေးအတွက်ကျေးဇူး

Anonymous said...

မိုက်တယ်ဗျာ.. ကဗျာလေးခံစားသွားပါတယ်။