Thursday, August 6, 2009

ရဟန္တာတစ်ထောင်စေတီ ( မလော့ချောင်ကျေးရွာ၊ ကျိုက်ထိုမြို့နယ်။ )






Hello!

I am organizing to fund raising for Ya Han Tar 1000 Pagoda project ( Ma Law Chaung village, Kyite Hto ). Since it is built in Bagan kingdom, the pagoda was destoryed by natural disasters and climate changes. The villagers have been trying to renovation by themselves , but the villagers are living in traditional plantation , so they cannot afford to have a huge amount of budget for this project. Sayadaw U Tae Za Niya promised to renovate the pagoda as much as he can to the villagers when they request sayadaw to take charge of this project. One of the sayadaw's missions is renovating the destroyed pagodas. According to the professional architecture and renovation committee members said this wil cost estimate 300,00,000 kyats. Thus, I am organizing to raise the budget . Your little contribution will be a tremendous fulfillment to those villagers when they can practice for the eternal life. We will be start renovation on coming November'2009.
If you want to donate or have any query, pls feel free to contact us.

Contact person and Ph No.

Ko Kyaw Lin micheal.lin@gmail.com ( 09 513 9587 )

Ko Kyaw Naing Win kyaw2wo@gmail.com ( 09 550 1799 )

Ko Kyaw Kyaw Win k2win2006@gmail.com ( 09 505 2652 )

Ma Ei Ei Khine eicrab99@gmail.com

Ko King king.bluedragon@googlemail.com

Address No.39, Ground Floor, 17th Street, Latha Town Ship, Yangon, Myanmar.

May Buddha bless all living things.
Truly,
Sa Ma Hill Tar Ta Nar Pyu Goup

http://samahill.wordpress.com/

http://www.friendster.com/group/tabmain.php?gid=715370



ရဟန္တာတစ်ထောင်စေတီ ( မလော့ချောင်ကျေး၇ွာ၊ ကျိုက်ထိုမြို့နယ်။ )

သမိုင်းအထောက်အထားများအရ အနော်၇ထာမင်းလက်ထက် ရှင်ရဟံနှင့် တကွ အတူကြွရောက်လာကြကုန်သော ရဟန္တာတစ်ထောင်တို့မှ လှူဒါန်းခဲ့သည့် စေတီများဖြစ်သည်ဟုသိရပါသည်။

ပြန်လည်တည်ဆောက်ပြုပြင်မည့်စေတီတော်ကြီးပေါ်မှနေ၍ စီးမျှော်ကြည့်လိုက်လျှင် ရဟန္တာကြီးများမှ တည်ဆောက်လှူဒါန်းခဲ့သည်ဟုထင်မှတ်ရသော ပြိုကျပျက်စီးခဲ့ပြီဖြစ်သော စေတီများ၏ မြေကြီးအစုအပုံများကို စီတန်း၍ တွေ့မြင်ရမည်ဖြစ်ပါတယ်။ ပတ်ဝန်းကျင်တစ်ဝိုက်မှာလည်း ရှေးခေတ် မြို့ရိုး ၊ ရှေးခေတ်ကျောက်ပန်းပုလက်ရာများ၊ကျောက်ဆင်းတုတော်များ နဲ့ မြေအောက်တရားထိုင်ဂူများကိုလည်းတွေ့ရှိခဲ့ရပါတယ်။ တစ်ခါတစ်ရံတွင်လည်း ပတ်ဝန်းကျင်တ၀ိုက်တွင် မြေကျင်းများ တူးဖော်ရာမှ ရှေးခေတ်အုတ်ချပ်များအုတ်တံတိုင်းများကို တူးဖော်ရရှိခဲ့ပါတယ်။

ပါးစပ်ရာဇ၀င်များအရ ရှေးယခင်က ဤနေရာဝန်းကျင်တွင်အလွန်သာယာလှပသော မင်းဥယျဉ်ကြီးတစ်ခုရှိခဲ့ရာ ထိုဥယျဉ်တွင် ရဟန္တာတစ်ထောင်တို့ စိတ်နှလုံးအေးချမ်းစွာ တရားအားထုတ်ကျင့်ကြံနေထိုင်ခဲ့ကြပါတယ်။ မင်းကြီးမှ ရဟန်းတော်တို့အား မင်းနေပြည်တော်တွင် ကြွရောက်သီတင်းသုံးတော်မူကြပါရန်ပင့်ဖိတ်လျှောက်ထားခဲ့သော်လည်း ရဟန်းတော်များမှ ငြင်းပယ်တော်မူခဲ့၍ မင်းကြီးမှ ရဟန်းတော်တစ်ပါးစီအတွက် စေတီတစ်ဆူစီ တည်ဆောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟုလည်းကြားသိရပါတယ်။

ယခုအခါ ကျိုက်ထီးရိုး စမတောင် ဆရာတော်ဦးတေဇနိယ မှ ဦးဆောင်၍ မလော့ချောင်ကျေးရွာရှိနောင်တော်ကြီးစေတီကြီးအား နိုဝင်ဘာလ ၂၀၀၉ မှ စ၍ ပြန်လည်တည်ဆောက်ပြုပြင်လှူဒါန်းမည်ဖြစ်ပါသည်။ စေတီတော်ကြီး၏ ဉာဏ်တော်အမြင့်မှာ ၈၁ ပေ၊ အောက်ခြေအကျယ် မှာ ၁၀၈ ပေ ခန့်ရှိမည်ဖြစ်ပါသည်။ ကုန်ကျစရိတ်မှာ သိန်းသုံးရာဝန်းကျင်ခန့် ခန့်မှန်းထားပါတယ်။ စေတနာရှင် ပါရမီရှင် အပေါင်းတို့မှ ပါဝင်လှူဒါန်းကြပါရန် စမတောင်သာသနာပြုအဖွဲ့မှနေ၍ တိုက်တွန်းနှိုးဆော်အပ်ပါတယ်။ အလှူငွေများကို ယခုအခါစတင်လှူဒါန်းနိုင်ပြီဖြစ်ပါတယ်။

ထီးတော် ခန့်မှန်းဈေးနှုန်း 500,000 ကျပ်
ရွှေဆေး တစ်ပုံး 54,000 ကျပ်
အောက်ခံဆေး တစ်ပုံး 15,000 ကျပ်
အရောင်တင်ဆေး တစ်ပုံး 18,000 ကျပ်

ဘိလပ်မြေ တစ်အိတ် 7,500 ကျပ်
အုတ် တစ်လုံး 100 ကျပ် နှုန်းဖြင့် လှူဒါန်းနိုင်ပါတယ်။ ထို့အပြင် မိမိတို့စေတနာသဒ္ဒါရှိသလောက်ပါဝင်လှူဒါန်းနိုင်ပါတယ်။

ဈေးနူန်းတွေအားလုံးကစေတီစတည်မဲ့ပွင့်လင်းရာသီကိုရောက်ရင်ဖြစ်သွားနိုင်တဲ့ဈေးနူန်းတွေကို ခန့်မှန်းပြီးပြောထားတာပါ။

ဆက်သွယ်လှူဒါန်းလိုပါက

ကိုကျော်လင်း micheal.lin@gmail.com ( 09 513 9587 )

ကိုကျော်နိုင်ဝင်း kyaw2wo@gmail.com ( 09 550 1799 )

ကိုကျော်ကျော်ဝင်း k2win2006@gmail.com ( 09 505 2652 )

မအိအိခိုင် eicrab99@gmail.com

ကိုကင်း king.bluedragon@googlemail.com

ဆက်သွယ်ရန်လိပ်စာ

No.39, Ground Floor, 17th Street, Latha Town Ship, Yangon, Myanmar.



တို့အားဆက်သွယ်လှူဒါန်းနိုင်ပါတယ်။



စမတောင်သာသနာပြုအဖွဲ့မှနေ၍ သဒ္ဒါကြည်လင်ပါရမီရှင်အပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေကြောင်းဆုမွန်ကောင်းများပို့သအပ်ပါတယ်။



စမတောင်သာသနာပြုအဖွဲ့

http://samahill.wordpress.com/

http://www.friendster.com/group/tabmain.php?gid=715370

လူတစ်ဦးနဲ့တစ်ဦးဘာကြောင့်မတူကြသလဲ။

မြတ်စွာဘုရားအား သုဘသူဌေးသားမှ လူတစ်ဦးနဲ့တစ်ဦးဘာကြောင့်မတူကြသလဲ ဟုမေးမြန်းချက်များကို မြတ်စွာဘုရားမှ ပြန်လည်ဖြေကြားထားချက်များဖြစ်ပါတယ်။

* အရှင်ဘုရား အချို့ပုဂ္ဂိုလ်များသည် အသက်တို၍ အချို့သည် အသက်ရှည်ကြပါသည်။ လူချင်းအတူတူဖြစ်ပါလျက် ဘယ့်အတွက်ကြောင့် ကွဲပြား၍နေကြပါသနည်း။

သုဘသူဌေးသား….. လောကအတွင်းရှိနေကြသော သူများတွင် သူများအသက်ကို သတ်ဖြတ်သောသူများသည် သေလွန်သည့်အခါ ငရဲကျ၍ ငရဲမှတက်လာပြီး လူ့ပြည်ပြန်ရောက်ရသည့် အခါမှာ အသက်တို၍ ငယ်ရွယ်စဉ်အခါကပင် သေပျောက်ရတတ်တယ်။ သူများအသက်အသတ်တဲ့ သူများကတော့ အပါယ်ငရဲမကျရောက်ကြရပဲ လူ့ပြည်၊ နတ်ပြည် ဖြစ်လေရာ ဘ၀မှာ သူတစ်ပါးထက်ပိုလွန်ပြီး အသက်ရှည်ရတတ်တယ်။ *

* အရှင်ဘုရား လူချင်းတူတူဖြစ်ပါလျက် တချို့က အနာရောဂါများ၍ တချို့ကတော့ အနာရောဂါကင်းရှင်းခြင်းဟာ ဘာသဘောပါလဲဘုရား။

သုဘသူဌေးသား….. သူတစ်ပါးအားသေအောင်မသတ်ဘဲ နာကျင်အောင် ရိုက်နှက် နှိပ်စက်သူများသည် သေသည့်အခါ အပယ်ငရဲဝဋ္ဋ်ဆင်းရဲ ၌ ကျရောက်ခံစားရပြီး လူဖြစ်လာတဲ့အခါ အနာရောဂါပေါများတတ်လေသည်။ သူတစ်ပါးအား မနှိပ်စက်တဲ့ သူများကတော့ ဆင်းရဲအပေါင်းမှ ကင်းလွတ်ရပြီး ဖြစ်လေရာ ဘ၀တိုင်းမှာ ရောဂါဘယ ကင်းရှင်းရတတ်တယ်။ *

* အရှင်ဘုရား ဘယ်အတွက်ကြောင့် တချို့က ရုပ်ဆိုး၍ တချို့ကတော့ ရုပ်ရည်လှပရပါသနည်း။

သုဘသူဌေးသား…. နေရာတိုင်းမှာ စိတ်ဆိုးခက်ထန် ဒေါသမာန်ကြီသောသူများမှာအပါယ်ငရဲကျရောက်၍ လူ့ပြည်ရောက်လာသည့်အခါမှာ လူချင်းမတူ သူချင်းမမျှ ရုပ်ရည်များဆုတ်ယုတ်ရလေတယ်။ မျက်မာန်မယှဉ် ချစ်ခင်သနားတတ်သောသူများကတော့ လူ့ပြည် နတ်ပြည် ကောင်းမြတ်သောဘ၀တို့၌ ရုပ်ရည်လှပဖြစ်ရတတ်တယ်။ *

* အရှင်ဘုရား သားသမီးခြွေရံနည်းခြင်း ပေါများခြင်း ကွားခြားရခြင်းအကြောင်းကား အဘယ်နည်း။

သုဘသူဌေးသား…. တချို့သောသူများသည် ကိုယ့်ထက်ဥစ္စာပစ္စည်း၊ ရုပ်ရည်၊ အ၀တ်အစား သာလွန်နေလျှင် မခံမရပ်နိုင်ဘဲ စောင်းလိုက် ချိတ်လိုက် မဲ့လိုက် ရွဲ့လိုက်နှင့် မနာလိုဝန်တိုစိတ်များကြတယ်။ ထိုသူများသည် သေတဲ့အခါ အပါယ်ငရဲသို့ကျုရောက်ကြရပြီး လူ့ပြည်ပြန်ရောက်တဲ့အခါ သားသမီး၊ အခိုင်းအစေ၊ အခြွေအရံ နည်းတတ်တယ်။ တချို့ကတော့သူတစ်ပါးချမ်းသာကြွယ်ဝပြီး ကိုယ့်ထက်သာတာကို မုဒိတာပွားပြီး ကျေနပ်အားရ ပီတိဖြစ်ကြတယ်။ ထိုသူတို့သည် အပါယ်ငရဲနှင့်ဝေးပြီး လူ့ပြည်ပြန်ရောက်တော့လည်း သားသမီး အခြွအရံပေါများကြတယ်။ *

* အရှင်ဘုရား တချို့က မျိုးနွယ်ယုတ်ညံ့အောက်တန်းကျ၍ တချို့က မြင့်မြတ်ကြရသည်မှာ အဘယ်ကြောင့်နည်း။

သုဘသူဌေးသား ထောင်လွှားတက်ကြွ မာန်မာနကြီးသော သူများသည် အပါယ်ငရဲကျရောက်၍ အပါယ်ဘုံမှ လွတ်မြောက်လူ့ပြည်ရောက်တဲ့အခါ အမျိုးအနွယ်ယုတ်ညံ့ရတတ်တယ်။ မာန်မာနကင်းရှင်း၍ ကြီးသူကိုရိုသေ၊ ရွယ်သူလေးစား၊ ငယ်သူကိုသနားကြင်နာတတ်သူတွေကတော့ သုဂတိဘ၀ဖြစ်လေရာတိုင်းမှာ အထက်တန်းကျကျမြင့်မြတ်တဲ့ မျိုးရိုး၌ဖြစ်ရတတ်တယ်။ *

* အရှင်ဘုရား အဘယ်ကြောင့်တချို့က ဥစ္စာပစ္စည်းရှားပါး၍ တချို့က ဥစ္စာပစ္စည်း ပေါများကြွယ်ဝချမ်းသာပါသနည်:။

သုဘသူဌေးသား….. ဒါနနည်းပါး မလှူဒါန်းမပေးကမ်းတဲ့သူများသည် ဖြစ်လေရာဘ၀တိုင်း၌ ဥစ္စာရှားပါး အောက်တန်းစားဖြစ်၍ ဆင်းရဲကြရလေသည်။ စေတနာလွန်ကဲ ပေးကမ်းချီး မြှင့်စွန့်ကြဲလှူဒါန်းခြင်း ပြုသူများကားဖြစ်လေရာ သုဂတိဘ၀များ၌ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာသူများဖြစ်ကြရလေတယ်။ *

လှူဒါန်းရာမှာလည်း

မိမိကိုယ်တိုင်လည်းမလှူ သူများလှူမှာကိုလည်းတားမြစ်ခဲ့တဲ့လူတွေဟာ ငွေကြေးလည်းချို့တဲ့၊ အခြွေအရံလည်းမရှိဖြစ်တတ်တယ်။

မိမိကိုယ်တိုင်တော့လှူပြီး သူများလှူအောင်မတိုက်တွန်းမိခဲ့ရင် ငွေကြေးတော့ရှိပါရဲ့ အခြွေအရံတော့နည်းပါးကြတယ်။

မိမိကိုယ်တိုင်တော့မလှူပဲ သူများလှူအောင်တိုက်တွန်းခဲ့တဲ့လူတွေဟာ အခြွေအရံတော့ပေါများပေမဲ့ ငွေကြေးချို့တဲ့တတ်ကြတယ်။

မိမိကိုယ်တိုင်လည်းလှူ သူများကိုလည်းလှူအောင်တိုက်တွန်းခဲ့တဲ့လူတွေဟာ ငွေကြေးစည်းစိမ်ပေါများသလို အခြွေအရံလည်းပေါများတယ်လို့ တရားစကားကြားဖူးပါတယ်။

* အရှင်ဘုရား အဘယ်ကြောင့် တချို့က ပညာဉာဏ်ညံဖျင်း၍ တချို့က ထက်မြတ်ကြရပါသနည်း။

သုဘသူဌေးသား သိသင့်သိထိုက်သမျှကို မမေးမြန်းလျှင် ပညာဉာဏ်ညံဖျင်းတတ်တယ်။ မေးမြန်းခြင်း၊ လေ့လာခြင်း၊ ကျက်မှတ်ခြင်း၊ နှုတ်ရအောင်ထားခြင်း ပြုသူများမှသာ အရာရာသိကျွမ်းတတ်မြောက်နားလည်မူ့ဉာဏ်ပညာ ထက်မြတ်နိုင်လေတယ်။ *

* အရှင်ဘုရား လောကမှာ အလှူဒါနအမျိုးမျိုးရှိလေရာ ဘယ်လိုဝတ္ထု ပစ္စည်းမျိုးကို လှူဒါန်းရပါလျှင် အားဗလ အမျိုးမျိုးတို့ကို လှူဒါန်းရာရောက်ပါသနည်းဘုရား။

လောက၌ အလှူဒါနအမျိုးမျိုးရှိသညတွင် ဆွမ်းဟင်းခဲဖွယ်ဘောဇဉ် အဖြာဖြာ စားသောက်စရာလှူဒါန်းကြတဲ့သူများသည်ကိုယ်အား

၊ဥာဏ်အား၊ပစ္စည်းအားကို လှူဒါန်းရာရောက်သည့်အပြင် မိမိတို့လည်းနိဗ္ဗာန်ရောက်သည့်တိုင်အောင် အားဗလအမျိုးမျိုး

ကိုရရှိခံစားရနိုင်လေသည်။ *

* အရှင်ဘုရား မည်သည့်ဝတ္တုပစ္စည်းများကို လှူဒါန်းပါလျှင်အဆင်းအင်္ဂါလှပခြင်းကိုလှူရာရောက်ပါသလဲဘုရား။

အ၀တ်၊သင်္ကန်း၊ပ၀ါ၊တဘက်၊လက်သုတ်ပုဝါမှစ၍ အ၀တ်အထည်များကို လှူဒါန်းကြတဲ့သူများမှာ ရုပ်ရည်အဆင်းလှပခြင်းကို လှူရာရောက်သည်ဖြစ်၍ နိဗ္ဗာန်တိုင်အောင် ရုပ်ရည်အဆင်းလှပတင့်တယ်ခြင်း အကျိုးအမျိုးမျိုးကို ရရှိခံစားနိုင်လေသည်။ *

* အရှင်ဘုရား၊ မည်သည့်ဝတ္တုပစ္စည်းများကို လှူဒါန်းပါက ချမ်းသာသုခအမျိုးမျိုးကို လှူရာရောက်ပါသလဲ။

ယာဉ်အမျိုးအမျိုးနှင့် ၎င်းယာဉ်နှင့်သွားလာခလက်မှတ်တို့ကိုလှူဒါန်းသူများသည် ချမ်းသာသုခအမျိုးမျိုးတို့ကို လှူဒါန်းရာရောက်သည့်အပြင် နိဗ္ဗာန်ရောက်သည့်တိုင်အောင်လည်း ချမ်းသာသုခအမျိုးမျိုးကို ရရှိခံစားနိုင်လေတယ်။ *

* အရှင်ဘုရား၊ မည်သည့်ဝတ္တုပစ္စည်းများကို လှူဒါန်းပါက မျက်စိအလင်းကို လှူရာရောက်ပါသလဲဘုရား။

ယခုဘ၀မှာ ဆီမီး၊ဖယောင်းတိုင်မှအစ အလင်းရောင်မီးများကို လှူဒါန်းကြတဲ့သူများသည် မျက်စိအလင်းရောင်ကို လှူသည်မည်သောကြောင့် နိဗ္ဗာန်ရောက်သည့်တိုင်အောင်ဘ၀တိုင်း၌ ရိုးရိုးမျက်စိကောင်းခြင်းနှင့်တကွ ဒိမ္မစက္ခု၊ပညာစက္ခုများကို

ပင်ရရှိနိုင်လေသည်။ *

* အရှင်ဘုရား မည်သည့်ဝတ္တုပစ္စည်းများကို လှူဒါန်းပါလျှင်ရှိရှိသမျှသော ပစ္စည်းအားလုံးကို လှူရာရောက်ပါသလဲဘုရား။

တရားဟောပလ္လင်၊ ကုဋင်၊ကုလားထိုင်၊ ညောင်စောင်း၊ဇရပ်တန်ဆောင်၊စောင်းတန်းပြာသာဒ်၊ကျောင်း၊အိမ်ရာနေရာထိုင်ခင်း စသည်တို့ကိုလေးပါးနှင့်တကွရှိသမျှ အသုံးအဆောင်ပစ္စည်းအားလုံးတို့ကိုလှူရာရောက်သည့်အပြင် နိဗ္ဗာန်ရောက်သည့်တိုင်အောင် ချမ်းသာအမျိုးမျိုးတို့ကို ရရှိခံစားနိုင်လေသည်။ *

* ဘယ်လိုဟာမျိုးကို လှူဒါန်းတဲ့သူများသည် မအိုရ၊မနာရ၊မသေရတဲ့ အမြိုက်နိဗ္ဗာန်ကို လှူရာရောက်ပါသလဲဘုရား။
ရှင်တော်မြတ်ဘုရားဟောကြားတော်မူတဲ့မဂ်ဖိုလ်၊နိဗ္ဗာန်၊ဓမ္မက္ခန်၊ပရိယတ်၊ပိဋကတ်သုံးဖြာ၊စမ္မက္ခန္ဓာရှစ်သောင်းလေး ထောင်တို့ကို တတ်အားအမျှနာခြင်း၊ဟောခြင်း၊သင်ခြင်း၊အံခြင်း၊ပို့ချခြင်း၊ကျင့်ကြံအားထုတ်ကြိုးစားပွားများခြင်း၊ပူဇော်ခြင်းပြုသူများ မှာ မအိုမနာ၊မသေရာနိဗ္ဗာန်ကိုလှူရာရောက်သည့်အပြင် မိမိတို့လည်းမဂ်၊ဖိုလ်၊နိဗ္ဗာန်ချမ်းသာထူးကို ရရှိခံစားနိုင်လေသည်။ *

1 comment:

Anonymous said...

[url=http://tonoviergates.net/][img]http://tonoviergates.net/img-add/euro2.jpg[/img][/url]
[b]office enterprise 2007 activation, [url=http://tonoviergates.net/]microsoft software for sale[/url]
[url=http://tonoviergates.net/]make or buy software[/url] academic software uk student discount on computer software
convert office 2003 open license to oem [url=http://tonoviergates.net/]lowest price for adobe creative suite 3[/url] doctor's office software
[url=http://tonoviergates.net/]nik software discount[/url] cheap education software
[url=http://sopriventontes.net/]microsoft office 2007 oem software[/url] autocad 2007
winzip 12 reg code [url=http://sopriventontes.net/]sales team software[/url][/b]