အမှန်တရားခြင်းဖြစ်တဲ့
ပဋ္ဋိပက္ခတွေရဲ့ ကြားမှာ
ငါ နစ်မွန်းနေရတာ
ကြာခဲ့ပြီ............
ဒုက္ခတွေရဲ့ ကြားမှာ
ငုတ်တုပ်ထိုင်ပြီး
သတိတွေ အကြိမ်ကြိမ်မေ့
ငါ့ လိပ်ပြာလွင့်ခဲ့ပေါင်းများပြီ....
ငါ့အတ္တ နဲ့ ငါ....
အကြိမ်ကြိမ် စီးချင်းထိုး...
ငါဘဲ အကြိမ်ကြိမ်
ရှုံးနိမ့်ခဲ့ရ.....
အနေမတတ်သေးတဲ့ ငါ....
အသေကောတတ်အုံးမှာလား...........
အဖြေမရှိတဲ့ မေးခွန်းတွေအတွက်....
အဖြေကိုရှာနေရင်း..........
လူဖြစ်ရတာကို....
မုန်းမိတယ်........။
“ငါသည်နာကျင်သောကိုယ်ရှိသူဖြစ်လျှက်
နာကျင်သောစိတ်ကင်းသူဖြစ်လတံ့”
(၇.၁၁.၂၀၀၉)
2 comments:
ကဗျာလေး သိပ်ကောင်းပါတယ်။ ဒါပေယ့် လူ့အဖြစ်ဟာ ရခဲတယ်လို့ ဘုရားဟောထားတာ ရှိလို့ လူဖြစ်ရတာကိုတော့ မမုန်းလိုက်ပါနဲ့။ လူဖြစ်ရတာ လမ်းဆုံမှာ ရှိတာပါ။ အပေါ်ကိုသွားမလား အောက်ကိုသွားမလား အလုံးစုံကို သိတော်မူတဲ့ ဘုရားဖြစ်ဖို့တောင် လူဖြစ်ပြီးမှ သွားလို့ရတယ်။ ဒါကြောင့် လူဖြစ်ရတာကို ဂုဏ်ယူသင့်ပါတယ်။
ခင်မင်လျက်
Nge Naing
ဘယ်လိုလဲ ကိုရဲရင့် တောထွက်တော့မလို့ လား?
Post a Comment