စာနာ နားလည်မှု့တွေရဲ့  ကြားမှာ
ချစ်ခြင်းမေတ္တာ ဆိုတာပေါ်ထွက်တယ်။
စစ်ပွဲတွေရဲ့  ကြားမှာ
သူရဲကောင်းတွေပေါ်ထွက်တယ်။
ခေတ်ပျက်နေတဲ့ ကြားမှာ
တောကြောင်တွေပေါ်ထွက်တယ်။
တော်လှန်ရေးတွေ ကြားမှာ
အမျိုးသားခေါင်းဆောင်တွေပေါ်ထွက်တယ်။
အခွင့်အရေးတွေရဲ့  ကြားမှာ
သာကူးတွေပေါ်ထွက်တယ်။
အာဏာလုပွဲတွေရဲ့  ကြားမှာ
နိုင်ငံရေးသမားတွေပေါ်ထွက်တယ်။
အခက်အခဲတွေရဲ့  ကြားမှာ
မိတ်ဆွေစစ်တွေပေါ်ထွက်တယ်။
နာကျင်ဝမ်းနည်းမှုတွေရဲ့  ကြားမှာ
မျက်ရည်စက်တွေပေါ်ထွက်တယ်။
မင်းကရော .....
ဘယ်နေရာကနေပေါ်ထွက်မှာလဲ.....??????
(ကိုကျော်သူ သို့ အမှတ်တရ.......)
(၅.၀၂.၂၀၁၀)
3 comments:
ကိုကျော်သူကို ဂုဏ်ပြုထားတဲ့ ကဗျာလေး သိပ်ကောင်းတယ်။ မင်းက ဘယ်နေရာက ပေါ်ထွက်မလဲဆိုရင်တော့ အခုလောလောဆယ်မှာတော့ ချစ်ခြင်းမေတ္တာနဲ့ မိတ်ဆွေစစ်တွေ ပေါ်ထွက်တဲ့နေရာကို အနီးစပ်ဆုံး တွေ့ရတယ်။
မှန်တာမှ... သွေးထွက်အောင် ကို မှန်ပါတယ် အမရေ....ကျေးဇူးအထူးပါ..
ကဗျာလေးတော့ တော်တော် ခိုက်သွားတယ်။
ကိုရဲရေ... ဒါတွေသိခွင့်ရတာ ကျေးဇူးပါ။
Post a Comment