လွန်ခဲ့တဲ့ အပတ်က ဦးတည်တို့အိမ်မှာ သမီးတို့လူစုပြီး ကဲဖြစ်တယ်.....................
ကိုဏီအဲဝိုင်ဆိုတဲ့ ဘလော့ဂါလိုလို၊ ကဗျာဆရာလိုလို၊ တေးရေးဆရာလိုလို၊ ဘာလိုလို၊ ညာလိုလို အကိုကြီးနဲ့လည်း လာတယ်။ ခင်မင်ခွင့်ရခဲ့တယ်။...........
စလုံးက ကိုတောင်ငူသားလည်း လည်လည်လာတယ်... သူလည်း ဦးတည်တို့အိမ် လိုက်ခဲ့တယ်။..................
သမီးတစ်ပတ်လောက် ဖျားပြီး ဘာမှမစားနိုင်အားနည်းလို့ ဖြူဖတ်ဖြူလျော်ဖြစ်နေတာကို ကိုတောင်ငူသားက အသားဖြူလာတယ်လို့လည်း ဖောလိုက်သေးတယ်................
အဲဒီနေ့က ဏီအဲဝိုင်ဆိုတဲ့လူနောက်ကျလို့ သူတို့အားလုံးကို ကိုတရာယာ ရှေ့ကကားမှတ်တိုင်မှာ သမီးတစ်ယောက်တည်း အကြာကြီး စောင့်လိုက်ရသေးတယ်............
နီယိုလည်း လာမယ်ဆိုပြီး ပုံပြောသွားသေးတယ်.............
မမခင်က အဲဒီနေ့ ကြာဇံချက် ရှယ်ချက်ကျွေးတယ်..............
စားလို့အရမ်းကောင်းလို့ သမီးဆို နှစ်ပန်းကန်ကုန်အောင် စားပစ်လိုက်တယ်................
ခရေတိန်နဲ့ ငုံးဥတွေ လုစားလိုက်ရသေးတယ်.............
ဦးနီရှိရင်ကောင်းမှာပဲနော်။ ဦးနီကို သတိရလိုက်တာလို့ မမခင်နဲ့တောင် ပြောဖြစ်သေးတယ်................
သီချင်းတွေလည်း အများကြီး အော်ဆိုကြတယ်..................
ကိုဏီအဲဝိုင်က သူ့အုန်းကျွန်းဆိုပြီး ဘာတွေမှန်းမသိတဲ့ သီချင်းတွေနဲ့ နားဒုက္ခပေးလိုက်သေးတယ် (ဦးနီ အုန်းကျွန်းလောက်တောင် မကောင်းဘူးးးးးးး တကယ်).........................
ခရေတွန် နဲ့ ဆိုမဲ့ သီချင်းနှစ်ပုဒ်ကိုလည်း သမီးတို့ ဆိုပြလိုက်တယ် (Gထd လို့ပြောကြတယ်)................
အဲဒီနေ့က အားလုံး (မကူးရဲသူ တစ်ယောက်မှလွဲ၍) ရေကူးကြတယ် ပျော်စရာကြီး..................
မမခင် သမီးကို ရေကူးသင်ပေးလိုက်လို့ သမီးတောင် ရေကူးတတ်သွားပြီ အဟုတ်.........................
ခရေတွန်က နမော်နမဲ့ ရေကူးကန်ဘောင်ကို ခေါင်းနဲ့သွားတိုက်လိုက်သေးတယ် တော်တော်နာတယ်လို့ပြောတယ်..... ဦးနီကို သတိရတယ်။
သမီးတို့အားလုံး ပြန်တော့ ဦးတည်က ကားနဲ့လိုက်ပို့တယ်............
မမခင်ဆီ ပြန်တိုင်မှာစိုးလို့ သမီးကို အရင်လိုက်ပို့ပြီး သူတို့တွေ မဟာနန်းမှာ ဘီယာသောက်ပြီး သွားကဲကြတယ်........ ဦးနီကို သတိရတယ်။
မူးမူးရူးရူးနဲ့ အိမ်ပြန်နောက်ကျလို့ မမခင် သိပ်ဝမ်းမသာဘူး။ ဦးတည်ကိုလည်း ဆုံးမလိုက်တယ်လို့ သတင်းရတယ်..... ဦးနီကို သတိရတယ်။
ကိုတောင်ငူသားလည်း စလုံးကို ပြန်သွားပြီ...................
ခရေတွန် ဆိုတဲ့ကောင်လေး သမီးအတွက် ကိုတောင်ငူသားဝယ်လာတဲ့ ချောကလက်တွေကို ဖြောင်ပြီး ကိုယ်ရောင်ဖျောက်သွားတယ်.......
ကို ဒီရေက မိုးလုံးပြည့် မုသာဝါဒီတွေနဲ့ အွန်လိုင်းပေါ်ကနေ ရန်တိုက်ပေးနေတယ်..............
ကို ဒီရေက မလေးရှား ရွက်ပုန်းသီးလေးတွေ ပုလင်းစီ၊ ဖန်ခွက်စီလို့ (အားကျနေတဲ့ လေသံနဲ့)လည်း ရန်စတယ်....... ဦးနီကို သတိရတယ်။
ပြီးတော့ မီးလောင်တာကို အားမပေး။ ကိုယ်တိုင်လည်း မီးမလောင် ဆိုပြီး သူတော်ကောင်းယောင်ဆောင်တာ
ကို ဒီရေပေါ့......................
ကို လတ်ဆိုတဲ့ ကိုမိုးသွေးငယ်ကလည်း အမတစ်ယောက်အတွက် အပင်ပန်းခံပြီး လုပ်ပေးထားတဲ့ ဘန်နာ ပျောက်သွားပြီ ဆိုပြီး လာညည်းနေတယ်...................
ကိုလတ်က သူ့သူငယ်ချင်းဖြန့်မဲ့ အယ်လ်ဘမ်ကို ပီနန်းအတွက် တာဝန်ခံပေးထားတယ်လို့ လာကြွားတယ်.................. ဦးနီကို သတိရတယ်။
ခိုးကူးကောင်တွေကို ဘယ်လို ဖမ်းမယ် ဆိုပြီး လေထွားတာလည်း ကို လတ် ပါပဲ..........................
အခုတလော... သမီးလည်း သင်တန်း တစ်ခုတက်နေရလို့ အလုပ်ရှုပ်နေသလိုလိုပဲ..........
ခရေတွန်ကလည်း သူ့ကိုယ်သူ DJ ဆိုပြီး အလုပ်ရှုပ်ပြနေတယ်..............
သမီး သီချင်းတောင်ရင် စိတ်မရှည်တဲ့ လေသံနဲ့ ပြန်ပြန်ပြောတယ် ဝါးးးးးးးးးး..................
ခရေတွန် သမီးကို အလုပ်ရှုပ်ပြပြီး ပစ်ထားတယ်......ဟင့်...........
ဦးတည်လည်း သမီးကို မမြင်ချင်ယောင်ဆောင် တတ်တယ်........................
နီယိုလည်း သူ့ကိုယ်သူ အလုပ်များချင်ယောင်ဆောင်ပြီး ကိန်းကြီးနေတယ်................
အားလုံးကို စိတ်နာတယ်..... အွန်လိုင်းပေါ်လည်း မတက်ချင်တော့ဘူး...............
ဦးနီ ကောင်မလေး အနားပဲ ကပ်နေလား။ မာဖီးယားပဲ လုပ်မနေနဲ့ အလုပ်ကို ကြိုးစားလုပ်ပါ................
အားလုံး တိတ်ကဲနော်.... သိပ်မကဲနဲ့.... ဆိတ်ဆွဲခံရမယ်.... ဘာမှတ်နေလဲ....................
အားလုံး အဆင်ပြေပျော်ရွှင်ပါစေနော်......
ချစ်စရာကောင်းတဲ့
ညီမ အလိမ္မာလေး အိန်ဂျယ် (အဟက်)
No comments:
Post a Comment