Saturday, August 2, 2008

ကျွန်တော်ကြိုက်သောကဗျာတစ်ပုဒ်


ဒုက္ခသစ္စာ

လောကဓံက လေလေးတစ်ချက်
စိမ့်ကနဲတိုက်ရုံနဲ့
မိုက်ကနဲပုံကျပြီး
အဝေးကြီး လိမ့်သွားတဲ့အထိ
ကိုယ်က...
ပျော့ညံ့ခြင်းအတိပြီးသူပါ...

ဘာပဲပြောပြော
"၀ဋ်ကြွေးပါ" ဆိုတဲ့ အသိတစ်ခုကအားနဲ့ပဲ
အခါးတွေကို မြိုမြိုချနေမိတော့တာ
ကြာ...ကြာလှပြီပဲ...

စိမ်းဖန့်ဖန့်လေအဟုန်ထဲမှာ
ခိုက်ခိုက်တုန်အောင် ချမ်းနေတဲ့ကြားက
ကိုယ့်ကိုကိုယ် စကားတစ်ခွန်းတော့
ပြောဖြစ်အောင် ပြောလိုက်တယ်...
"လူဖြစ်လာမှတော့ ခံပေါ့ကွယ်"လို့...

ရွှေပြည်သူ
(ညနေ ၄း၅၅ နာရီ ~ ၃၀.၀၆.၂၀၀၈)

1 comment:

ငှက်ငယ်လေး said...

လောကဓံက လေလေးတစ်ချက်
စိမ့်ကနဲတိုက်ရုံနဲ့
မိုက်ကနဲပုံကျပြီး
အဝေးကြီး လိမ့်သွားတဲ့အထိ
ကိုယ်က...
ပျော့ညံ့ခြင်းအတိပြီးသူပါ...

စာသားက အရမ်းမိုက်တယ် ....။ အဲလိုမျိုးရေးချင်တာ စာသားကို ဘယ်လို စပ်ရမယ်မသိလို့ မရေးဖြစ်ဘူး