Friday, August 1, 2008

တန်ဖိုး


လူတစ်ယောက်ရဲ့  တန်ဖိုးဆိုတာ...

အဲ့ဒီလူရဲ့ မသေခင်အချိန်အတွင်း
လူ့ လောကကြီးအကျိုး
ထမ်းဆောင်မှုကိုပြသွားတဲ့
ပြဒါးတိုင် တစ်ခုပါ။
နဲနဲအကျိုးပြုရင်
နဲနဲတန်ဖိုးရှိမယ်...
များများအကျိုးပြုရင်
များများတန်ဖိုးရှိမယ်...
ဒီမှာဟေ့လူ.....
မင်းသေသွားရင်...
ဝမ်းသာမှုပီတိသောမနတွေနဲ့ ..
ပြုံးပျော်နေတဲ့လူတွေကိုတွေ့ ခြင်တာလား..?
မင်းသေသွားရင်...
မျော်လင့်ချက်တွေပျောက်ဆုံးပြီး
သေတော့မလောက်ဖြစ်နေကြတဲ့လူတွေကိုတွေ့ ခြင်တာလား..?
အရာအားလုံးဟာ....
မင်းရဲ့ တန်ဖိုးပေါ်မှာဘဲမူတည်နေပါတယ်။
ဒီမှာဟေ့လူ.....
မင်းမှာလူ့တန်ဖိုးရှိပါစေ....။


No comments: