Monday, November 17, 2008

လတစ်စင်းအတွက်..လူ


လောကမှာ....
လူဆိုတဲ့သတ္တ၀ါဟာ....
အတ္တအကြီးဆုံးသတ္တ၀ါတဲ့၊၊
ဘာလိုလဲဆိုတော.
စဉ်းစားတွေးခေါ်နိုင်တဲ့...
အသိဥာဏ်ရှိလို့ ပေါ့၊၊
ဒါပေမယ့်လည်း....
ငါဆိုတဲ့လူက...
ငါ့အတွက်ငါမသိ
သူ့ အတွက်ဘဲသိတော့တယ်၊၊
တ္တတွေမရှိ....
ကိုယ့်အတွက်ကိုမသိ
သူ့ အတွက်ဘဲသိတဲ့လူကို..
လူမဟုတ်ဘူးပြောမလား ?
ကိုယ့်အတွက်ကိုမကြည့်
သူ့ အတွက်ဘဲကြည့် တဲ့လူကို..
ရူးတယ်လို့ ဘဲပြောကြမလား ?
တစ်လောကလုံးက
ပြောကြစမ်းပါစေ..
လူမဟုတ်တဲ့လူ
ရူးနေတဲ့သူလို့ ..ငါ့ကို၊၊
လောကကြီးထဲမှာ
မင်းတစ်ယောက်ထဲက
သူ့ တစ်ယောက်တည်းအတွက်
လူဖြစ်နေတဲ့သူလို့ 
သတ်မှတ်ပေးမယ်ဆိုရင်...
ငါကြေနပ်နိုင်ပါတယ်၊၊

(၁၀.၂.၂၀၀၈)



2 comments:

Anonymous said...

ကိုယ့်ဆ၇ာက တယ်အချစ်ကြီးသကိုး
ရှုးတယ်လို့ မပြောပါဘူးဗျာ

sait phay yar said...

မောင်လေးရေ.. အရမ်းကောင်းတဲ့ကဗျာလေးပါလား
ထိတယ်နော်
ကြိုးစားနော်မောင်လေး
အားပေးနေပါတယ်