ကျောင်းသား။ ။ ကျွန်တော်တချိန်လုံး အိပ်မက်ထဲမှာ ပရော်ဖက်ဆာ
ဖြစ်ပြီလို့ဘဲမက်နေတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ပရော်ဖက်ဆာ
အရမ်းဖြစ်ချင်ပါတယ်။ ဘယ်လိုလုပ်ရမလဲ ပြောပြပေးပါဦးခင်ဗျာ။
ပရော်ဖက်ဆာ။ ။ အအိပ်လျှော့ ငါ့တပည့်။
ဖြစ်ပြီလို့ဘဲမက်နေတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ပရော်ဖက်ဆာ
အရမ်းဖြစ်ချင်ပါတယ်။ ဘယ်လိုလုပ်ရမလဲ ပြောပြပေးပါဦးခင်ဗျာ။
ပရော်ဖက်ဆာ။ ။ အအိပ်လျှော့ ငါ့တပည့်။

ဤသို့ ပြောနေသံကို တစ်နေရာတွင် ကြားခဲ့ရသည် ။
"ငါသေတဲ့အခါမှာ ငါ့အဘိုးလိုပဲ အိပ်ပျော်နေတုန်း ငြိမ်းငြိမ်းချမ်းချမ်း
သေသွားချင်တယ်ကွာ၊ သူ့ကားထဲက ခရီးသည်တွေလိုတော့ စူးစူးဝါးဝါး
ငယ်သံပါအောင် အော်ဟစ်ပြီး မသေချင်ဘူး"

ဇနီးဖြစ်သူ ။ ဟင့်အင်း .. ကျွန်မညီမနဲ့ပဲ နေမှာ .. ဒါနဲ့ ရှင်ကော ..
ကျွန်မသေသွားရင် နောက်အိမ်ထောင်ပြုမှာလား ?
မောင်ချစ် ။ ဟင့်အင်း .. ငါလဲ မင်းလိုပဲ .. မင်းညီမနဲ့ပဲနေမှာပေါ့
မိန်းမဘက်မှပါသောကလေးများသည်အဖွားဖြစ်သူနှင့်နေနေသည်
ကလေးများကဆိုးသဖြင့်အဖွားဖြစ်သူသည်စိတ်မရှည်တော့ပဲ
" ဟဲ့ ကလေးတွေငြိမ်ငြိမ်နေကြ၊ဒီလိုဆိုးနေရင်နောက်တခါနင်အမေမင်္ဂလာဆောင်ရင်မလိုက်ရတော့ဘူး"
ကလေးများကဆိုးသဖြင့်အဖွားဖြစ်သူသည်စိတ်မရှည်တော့ပဲ
" ဟဲ့ ကလေးတွေငြိမ်ငြိမ်နေကြ၊ဒီလိုဆိုးနေရင်နောက်တခါနင်အမေမင်္ဂလာဆောင်ရင်မလိုက်ရတော့ဘူး"

" မေမေ အပြင်သွားရင် သား အိမ်မှာ ဘာလုပ် ကျန်ရစ် မလဲကွဲ့ "
" အိမ်ဖော် မခင်ပု နဲ့ ဖြစ်ဖြစ် ၊ မော်တော်ကားနဲ့ ဖြစ်ဖြစ် ကစားမှာပေါ့။
ဒါပေမယ့် အဲဒီ နှစ်ခုအနက် ဖေဖေဘာကို ရွေးမယ်ဆိုတာ မူတည်ပါတယ် "

" ဒေါက်တာ ကျွန်တော် အမြဲတမ်း စိတ်အားငယ်သလို ဖြစ်နေတယ် ၊
ဘာလုပ်ရမယ်ဆိုတာ အကြံပေးပါအုန်း "
" လွယ်လွယ်လေးပဲ ၊ အလုပ်ထဲမှာ ခေါင်းမြုပ်ထားလိုက်ပေါ့ဗျာ "
"ဟာ....ဒါတော့ မဖြစ်ဘူး ဆရာ ၊ ကျွန်တော်က ဘိလပ်မြေ ဖျော်တဲ့သူ ။"

ပါမောက္ခ က ကျောင်းသားအား နောက်ဆုံး စာမေးပွဲအတွက် လူတွေ့ စစ်မေးနေသည်။
" ရွှေ နဲ့ အသိဥာဏ် နှစ်ခုယှဉ်လာရင် မင်းဘာကို ရွေးချယ် မလဲ "
" ရွှေကို ယူမှာပေါ့ "
" ဆရာကတော့ အသိဥာဏ်ကို ယူမယ် ၊ ဘာကြောင့်လဲ သိလား "
" သိပါတယ် ၊ မိမိမှာ မပြည့်စုံတာကို ယူချင်ကြတာဟာ လူ့သဘာဝပဲ ဥစ္စာ "
မှတ်ချက် - ဆားချက်နေခြင်းဖြစ်ပါသဖြင့်သည်းခံပြီး....ရီပေးကြတော်မူပါခင်ဗျာ...
3 comments:
အစ်ကိုတော်
ဆားချက်တာများပြီ
ပြောလို့မရရင်
တက်ဂ်လိုက်မယ်ဒါပဲ။
ဆားလေးတွေကပေမင့်
အရသာတော့ရှိသား
ရယ်ရတယ်။
ချက်လားချည့်လားဗျ။ ဂွတ်တယ်..ဂွတ်တယ်။ ဆက်ချက်နိုင်ပါစေဗျာ။
ဟားဟား ကိုယ့်ဆရာ ရှာရှာကြံကြံဗျာ။
Post a Comment