Friday, December 12, 2008

“ကျွန်တော်တို့သိသော...အချစ်ဆိုသည်မှာ.......”


အချစ်ဆိုသည်မှာလူတစ်ဦးခြင်းစီ၏ စိတ်ခံစားချက်ပေါ်မူတည်ပြီး.. အဓိပ္ပါယ်အမျိုးမျိုးကွဲပြားသွားသောအရာဖြစ်သည်။
အချစ်တွင် အဓိကအားဖြင်...
(၁)ပေးဆပ်ခြင်းဟူသောအချစ်....
(၂)ရယူပိုင်ဆိုင်ခြင်းဟူသောအချစ်....နှင်.
(၃)ပေးဆပ်ခြင်းနှင်.ရယူပိုင်ဆိုင်ခြင်းမျှတစွာရှိနေသောအချစ်ဟုရှိကြသည်။
(၁)“ပေးဆပ်ခြင်းဟူသောအချစ်
ထိုအချစ်မှာ အမွန်မြတ်ဆုံးအရာဖြစ်သော်လည်းအလွန်တရာပင်ရှားပါးသောအရာပင်ဖြစ်သည်။
လူသားတို့၏ စိတ်သည်အတ္တဖြင်.တည်ဆောက်ထားသောအရာဖြစ်သောကြောင့်ပေးဆပ်ခြင်းဟူသည်မှာ..
အလွန်တရာမှပင်ခက်ခဲသောသဘောကိုဆောင်သည်။
ရှားပါးသောအရာပင်ဖြစ်သော်လည်းလူ့ လောကကြီးထဲတွင်တစ်ခါတစ်ရံတွေ့မြင်နိုင်သောအရာပင်ဖြစ်သည်။
ထိုကဲ့သို့သောချစ်ခြင်းမေတ္တာဖြင့်ချစ်မြတ်နိုးသူများသည်မိမိ၏ဆန္ဒ နှင့်အကျိုးစီးပွားကို နောက်တန်းတွင်ထားကာ တစ်ပါးသူ၏အလိုဆန္ဒကိုဖြည်.ဆည်းပေးခြင်းဖြင့်သူတို့၏မေတ္တာအတိမ်အနက်ကိုပြသကြသည်။
ထိုကဲ့သို့သောချစ်ခြင်းမေတ္တာကိုပိုင်ဆိုင်ခွင့်ရသူများကလည်း၊ထိုချစ်ခြင်းမေတ္တာကို မိမိသက်နှင့်ထပ်တူမြတ်နိုး
တန်ဖိုးထားသင့်ပေသည်။(ဥပမာ - မိဘများမှ သား၊သမီးတို့အပေါ်တွင် ထားရှိသော ချစ်ခြင်းမေတ္တာ)
(၂)“ရယူပိုင်ဆိုင်ခြင်းဟူသောအချစ်”ထိုအချစ်မှာ အချစ်ဟုခေါ်ဆိုရန်ပင်မထိုက်တန်သောအရာပင်ဖြစ်သည်။ထိုအချစ်ကို...
အတ္တအလွန်ကြီးသူများ၊ကိုယ်ချင်းစာတရားခေါင်းပါးသူများ က သူတို့၏အလိုဆန္ဒများပြည့်ဝရေးအတွက် အသုံးချခေါ်ဝေါ်သော အတုအယောင်အချစ်မျှသာဖြစ်သည်။
မိမိ၏အောင်မြင်မှုအတွက်....
မိမိ၏အကျိုးစီးပွားဖြစ်ထွန်းမှုအတွက်....
မိမိ၏ပျော်ရွင်မှုအတွက်....
ဖြစ်ပေါ်လာသောအချစ်မျိုးသည်... ထိုကဲ့သို့သောအချစ်ပင်ဖြစ်သည်။
လူသားဆန်လိုသောလူများ၏ရင်တွင်မရှိသင့်၊မရှိအပ်သောအချစ်ပင်ဖြစ်သည်။
သိုသော်.. လွန်စွာမှဝမ်းနည်းဖွယ်ရာပင်.... လူအများစု၏ရင်တွင်းတွင်ထိုအချစ်ကိုပေါများစွာတွေနေရသည်။
ငွေကြေးချမ်းသာကြွယ်ဝမှ.....
ရုပ်ရည်ရူပကာကလည်းချောမောလှပမှ.....
ထိုကဲ့သို့ဆိုရင်....ငွေကြေးချမ်းသာကြွယ်ဝပျက်စီးသွားပါက...
ရုပ်ရည်ရူပကာချောမောလှပမှုပျောက်ဆုံးသွားပါက...အချစ်မရှိတော့ဟုဆိုလျှင်....
ထိုအချစ်မျိုးကိုပိုင်ဆိုင်ခွင့်မရခြင်းကပင်.. ပိုပြီးကံကောင်းသူဖြစ်ပေလိမ့်မည်။
(၃)“ပေးဆပ်ခြင်းနှင်.ရယူပိုင်ဆိုင်ခြင်းမျှတစွာရှိနေသောအချစ်”
ထိုအချစ်မှာကျွန်တော်ယုံကြည်လက်ခံသောအချစ်ပင်ဖြစ်သည်။
မည်သူမျှခေါင်းဆောင်မဟုတ်၊နောက်လိုက်ဆိုသည်လည်းမရှိစေရ....
နှစ်ဦးစလုံးသည်ပင်လျှင်ခေါင်းဆောင်...
နှစ်ဦးစလုံးသည်ပင်လျှင်နောက်လိုက်....
ယောက်င်္ကျား၊မိန်းမခွဲခြားမှုမရှိစေရ......
တစ်ဦးအပေါ်တွင်တစ်ဦးကရိုသေလေးစားမှုရှိပြီး
တစ်ဦးအပေါ်တွင်တစ်ဦးကနာလည်မှုရှိသောချစ်ခြင်းဖြစ်သည်။
ထိုချစ်ခြင်းမှာ... ယုံကြည်ခြင်း.. မြတ်နိုးခြင်း.. ကြင်နာခြင်း.. အပြန်အလှန်နားလည်မှုရှိခြင်းတို့မှ မွေးဖွားလာခြင်းဖြစ်သောကြောင့် ရင်ခုန်သံမရပ်သရွှေ့  တည်မြဲနေမည့်အချစ်စစ်ဟုယုံကြည်မိပါကြောင်း...
(ဥပမာ-အောင်မြင်သောအိမ်ထောင်ရေးကိုတည်ဆောက်နေကြသည့် အိမ်ထောင်ရှင်များ)

ကျွန်တော် တက်ဂ် မည့်သူရဲကောင်း မောင်နှမတွေကတော့......
တစ်ဥတည်းသောညီတော်လေး ပူတူတူးလေး အလှတရား....
အခုဘဲပူပူနွေးနွေးအိမ်ထောင်ရှင်ဖြစ်သွားတဲ့.. ဆရာ အိမ်....
ဟဲဟဲဟဲဟဲဟဲဟဲဟဲဟဲဟဲဟဲဟဲ
အများကြီးကျန်သေးတယ်......OT မရှိလို့ပြန်သွားလို့နော်... ဟင်းဟင်းဟင်းဟင်း...
ထပ်မံ ရွေးချယ်ခံရတဲ့ သူရဲကောင်း မောင်နှမတွေကတော့......
ထပ်မံ Tag ကြမည့် ဘလောဂ္ဂါ အစ်ကို ၊ ညီ ၊ အစ်မ ၊ ညီမ များအား ပုဂ္ဂိုလ်ရေး အခက်အခဲများကြောင့် ပြန်လည်ရေးသားပေးခြင်း မပြုနိုင်တော့ပါကြောင်းဆိုပြီး.. ထွက်ပြေးဖို့ချောင်းနေတဲ. ကိုရင်ညိန်း
ကျွန်တော်နဲ့အတူခြေခြင်းချိတ်အောင်သောက်နေကျဖြစ်တဲ့ ချစ်ခြင်း ခြေရာ
ခဏခဏတက်တတ်လို့ခြေမအမြဲချိုးပေးနေရတဲ.. တကယ်တက်တဲ့ တက်လူငယ်
နွေမှာဆိုရင်ဆူးတွေထွက်ပြီး.. မိုးတွင်းဆိုရင် အရွက်တွေနဲ့ စိမ်းလန်းစိုပြေနေတဲ့
ထူးထူးခြားခြားနွေမှာမွေးတဲ့သူလေးကိုရထားတဲ့.. နွေသူရ
ဆိတ်တွေကို..ကြိုးဖြေပေးပြီးကျောင်းနေတဲ့ အမတော်.. မေ
အချစ်ဆိုတာကို ..ကိုယ်တိုင်မသိပေမဲ့ ..ကိုယ်တိုင်အငြိခံနေတဲ့ အမတော် Cinderella လေး
တစ်ရေးနိုးသော်အကြံပေါ်.. ပေါ်သည့်အကြံပြန်မက်ရန်ဆိုတဲ့ အိပ်ပုတ်ကြီးတဲ့..တူမလေး မက်မက်
ပုလဲကတကုံး၊ရွှဲကတကုံးနဲ့ ဆွဲကြိုး ၂ ကုံးတောင်ရှိ တဲ့ သူဌေးမလေး.. ပုလဲ
ကျလိ..ကျလိနဲ့..အကောင်သေးသလောက်..အသံကျယ်တဲ့ ညီမတော် ပိစိကွေး ဌက်ငယ်လေး

(မှတ်ချက်-ချစ်သောကြောင့်စခြင်းဖြစ်သည်...
စိတ်ဆိုးလျှင်နောက်ဆိုလျှင်မချစ်တော့ပါ)
(ချစ်ချစ်ကိုဘဲချစ်တော့မယ်)

“သူတို့သိသော...အချစ်ဆိုသည်မှာ.......”

အချစ်ဆိုသည်မှာ........

အချစ်ဆိုတာ ……မာနတွေအားလုံးကို ခ၀ါချရတဲ့ အခမ်းအနားလေး၊
အချစ်ဆိုတာ …….ပူလောင်မူတွေကင်းဝေးတဲ့ ပေးဆပ်ခြင်းလေး၊

အချစ်ဆိုတာ ……..အမုန်းတရားရဲ့တစ်ဖက်ကမ်းက သူစိမ်းလေး၊
အချစ်ဆိုတာ ……..ဖန်တီးယူလို့မရတဲ့ကန့်သတ်နယ်မြေလေး၊
အချစ်ဆိုတာ ……..အတိတ်ရဲ့ပျော်ရွင်စရာ အိမ်မက်ဟောင်းလေး၊
အချစ်ဆိုတာ ……..ညီမျှခြင်းတစ်ခုအတွက် မသိကိန်းလေး၊

အချစ်ဆိုတာ ……..ရပ်တည်မူတစ်ခုအတွက် အင်အားစုလေး၊
အချစ်ဆိုတာ ……..အတွေးကမ္ဘာထဲက စဆုံးမရှိတဲ့ စက်ဝိုင်းလေး၊
အချစ်ဆိုတာ ………တစ်ဦးတည်းပိုင်တဲ့ နန်းတော်လေး၊

အချစ်ဆိုတာ ……..နားလည်မူအတွက် တခုတည်းသောအဖြေလေး၊
အချစ်ဆိုတာ ………အသွားအပြန်လမ်းဖြောင့် ကလေး၊

အချစ်ဆိုတာ ……….သံစဉ်လှိုင်းတွေကြားက ရိုက်ခတ်မူလေး၊
အချစ်ဆိုတာ ……….အနာဖေးလေးအုပ်နေတဲ့ အမာရွတ်ဟောင်းလေး၊

အချစ်ဆိုတာ .........နာကြင်မူတွအားလုံးရဲ့ အရှင်သခင်လေး၊

အချစ်ဆိုတာ .........ခွင်လွှတ်ခြင်းတွေပေါင်းဆုံတဲ့ စမ်းချောင်းငယ်လေး၊

အချစ်ဆိုတာ.........ဆွန့်အ နေသူ တစ်ယောက်အတွက် ဖြေဆေးလေး....


မောင်လေးရဲရင့်နီရဲ့tag ဖြစ်တဲ့ အချစ်ဆိုတာဘာလည်းဆိုတဲ့ မေးခွန်းလေးကို ဖြေပေးလိုက်ခြင်းပါ။

အမ အကြောင်းသိရဲ့နဲ့ အား မနာစွာ မေးလာတဲ့ ချစ်မောင်လေး ကို ကျေကျေနပ်နပ်ဘဲ ပြန်ဖြေပေးလိုက်ပါတယ်။ မောင်လေးကျေနပ် နားလည်ပေးလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်။
ဟုတ်သလား မဟုတ်သလားတော့ ကျမမသိ၊ ကိုယ့်ရဲ့ ခံစားချက်နဲ့အတွေ့အကြုံလေးပေါ်ကနေရေးလိုက်ခြင်းပါ။မဟုတ်ရင်လည်း သည်းခံပြီးသာဖတ်သွားပေးပါလို့စာဖတ်ပရိတ်သတ်ကို တောင်းပန်ပါရစေ.......

“မေ”

အချစ်ဆိုသည်မှာ ...


အချစ်ဆိုတာ ...
ဘယ်လိုပဲပြောပြော
ဘယ်လောက်ပဲရေးဖွဲ့ဖွဲ့
တစ်ယောက်တစ်မျိုးစီ လက်ခံထားတဲ့အရာမို့
တို့လဲ ရိုးရိုးသားသားဝန်ခံရရင်
ခဏခဏပြောဖြစ်တဲ့ အဲ့ဒီစကား
နားမလည်နိုင်သေးတာ အခုချိန်ထိပဲ ...

တခါတလေ
ကြည်နူးခဲ့ဖူးတဲ့အရာတွေအတွက် တစ်ယောက်တည်းပြုံး
တခါတလေ
ပူလောင်ရတာတွေအတွက် ကိုယ့်ကိုကိုယ်မုန်း ...

တခါတလေ
စိတ်ချမ်းမြေ့ရတာတွေအတွက် ကျေနပ်မဆုံး
တခါတလေ
ဖြေရှင်းရတာတွေအတွက် စိတ်ထဲမှာနုံး .....

တခါတလေ
ရှေ့ဆက်ဖို့ခွန်အားအဖြစ် အချစ်ကိုစားသုံး
တခါတလေ
အလျှော့ပေးရတာတွေအတွက် ခံယူလိုက်တဲ့အရှုံး .....

ကဲ ..အရပ်ကတို့ ကယ်ပါဦး
အချစ်ဆိုတာ ဘာတဲ့တုံး ...........?????

“DecemberCinderella

(အချစ်ဆိုတာကို ..ကိုယ်တိုင်မသိပေမဲ့ ..ကိုယ်တိုင်အငြိခံနေတဲ့ Cinderella လေးကိုမှ လာ tag လေသူ မောင်ရဲရင့်နီလေးသို့ ..)

ကျမသိသောအချစ်ဆိုသည်မှာ

ချစ်တယ် ဆိုတာ မထူးဆန်းပါဘူး....လူတိုင်းလူတိုင်း ချစ်တက်ကြပါတယ်..။အချစ်ဆိုတာ ပိုင်ဆိုင်ခြင်းဖြစ်နိုင် သလို စွန့် လွှတ် အနစ်နာခံခြင်းလဲ ဖြစ်နိုင်ပါတယ်...။ ..အချစ်ဆို တာ ဘာလဲ လို့ ဖွင့်ဆိုမယ်ဆိုရင် ဘယ်သူ့ ကို မှ မှန်တယ် မှားတယ်ပြောလို့ ရမယ်မထင်ဘူး ဘာလို့ လဲဆိုတော့ လူတယောက်ရဲ့ ယုံကြည့်ချက် ဟာ အချစ်ဖြစ်နေလို့ ပဲ..။ ဒါပေမဲ့ အချစ် က မငိုတက်တဲ့ လူတယောက်ကို ငိုအောင်လုပ်နိုင် သလို ...ရယ်အောင်လည်း လုပ်နိုင်တယ်....။ တခါတလေ အချစ်ဆို တာ အေးမြသလို တခါတလေ ဆို မီးတောက်ထက် ပူပါတယ်...။ အချစ်ကြောင့် လူတွေဟာ လမ်းပျောက် တက်ကြသလို ...အချစ်က လူတယောက် ကို ရူးသွားအောင်လည်း လုပ်နိုင်တယ်...။ ဒါပေမဲ့ မိန်းခလေးတွေရဲ့ အချစ်နဲ့ ယောင်္ကျားလေးတွေ ရဲ့ အချစ် တထပ်တည်းတော့ ဘယ်ဖြစ်နိုင်ပါ့မလဲနော်...။
............. ငြိမ်းနားလည် တဲ့ အချစ်ကတော့ တယောက်နဲ့ တယောက် ယုံကြည်မှု၊ နားလည်မှုတွေ နဲ့ တည်ဆောက် နိုင်မှအဲအချစ်က ခိုင်မြဲမှာ...။ ချစ်တော့ ချစ်ပါတယ်...ကိုယ်ချစ်တဲ့သူ အပေါ် ယုံကြည်မှုမရှိဘူး...နားလည်မှုမရှိဘူး...အမြဲတမ်းသံသယတွေပဲ ၀င်နေရင် အဲချစ်ဟာ ပူလောင်လွန်းပြီး တာရှည်လည်း ခံနိုင်ရည်ရှိ မှာ မဟုတ်ပါဘူး...။ ဘယ်မိန်းခလေးမှလည်း အဲအချစ်ကို လိုချင်မှာ မဟုတ်ပါဘူး...
................"ငြိမ်း မချစ်တဲ့သူတယောက် ကို ဘယ်လို နည်းနဲ့ မှလက်မထပ်နိုင်ပါဘူး ။ ငြိမ်းအတွက်တော့ ဘ၀မှာ အချစ်ကအရေးပါ သလို...မချစ်ထိုက် သူတယောက် ကို ချစ်မိတဲ့ အချစ် ဟာ ဘ၀တခုတော့ ဖြစ် မလာနိုင်ပါဘူး....။ ကိုယ့် အပေါ်တန်ဖိုးထား နားလည်သလို သူ့ အပေါ်လည်း နားလည်မှုပေးနိုင် မှ အချစ်ဆို တာ ခိုင်မြဲတာပါ...။ "

အချစ်ဆိုတာ
ကြည်လင်နေတဲ့ကောင်းကင်ပြာအောက်က
လွမ်းခြင်းဖွဲ့ ကဗျာတစ်ပုဒ်...။

အချစ်ဆိုတာ........
ဟိုး....အဝေးတောင်တန်းတွေကြားက
ငိုခြင်းဖွဲ့ တေးတစ်ပုဒ်..........။

အချစ်ဆိုတာ........
နူးညံ့တဲ့.တိမ်လွှာတွေပေါ်က
ပင့်မရှိုက်သံတစ်ခု..............။

အချစ်ဆိုတာ....
ခက်ခဲတဲ့ ပုဒ်စာ တစ်ပုဒ်ရဲ့
အကျယ်ဖွင့်ဆိုချက်.......။

အချစ်ဆိုတာ....
နှစ်ခါပြန်မရတက်တဲ့
အိမ်မက်တွေရဲ့  လှို့ ဝှက်ချက်......။

အချစ်ဆိုတာ....
ဆန်းစန္ဒယားတစ်လုံးပေါ်က
သံစဉ်ပျက်တေးတစ်ပုဒ်......။

အချစ်ဆိုတာ.....
တမ်းတခြင်း......။
သတိရခြင်း.......။
လွမ်းဆွတ်ခြင်း......။

အချစ်ဆိုတာ.........။
ခွင့်လွတ်ခြင်း.......။
နားလည်ခြင်း.........။
ပေးဆပ်ခြင်း.........။

ဲပြီးတွားပါပီချင့် အကို ရဲရင့်နီ ရေ ကျေနပ်တော့ နော်...မောလိုက်တာတော ပြောရတာ...အအေးလေးတောင် မတိုက်ဘူး :P... ပထမတော့ ဒီတိုင်းပဲထားမလို့  နောက် မှ ဒုက္ခပေးဖို့  သူတွေ ရှိနေတာ သွားသတိရလို့ ... မဲပေါက် တဲ့သူတွေကတော့ ဘုန်းကြီး ၀တ်ဖို့ ကြံစည်နေတဲ့ အကို ကြီး အလှတရား သူကတော့ ကို ရဲရင့်နီ စာရင်းထဲပါပြီးသားဆို ပေမဲ့ထပ်မံ ပြီး ထောက်ခံပေးလိုက်ပါတယ် ၊ လူပို ကြီး အဲဟုတ်ပါဘူး လူပျိုကြီးပဲ လုပ်တော့မယ်ဆို တဲ့ အကို ကြီး ဂျူဝသန် ၊ အင်း နောက်တယောက် ကတော့ လူငယ်တွေကို တက်ပြီး အနိုင် ကျင့်နေတဲ့ကိုတက်လူငယ် (ဟီးး) နဲ့  ဘ၀မလှတဲ့ ကို အညတြတို့ ဖြစ်ပါတယ် ရှင်....လက်ခုပ်တီးပီး အားပေးကြပါ။ ဖလောက်ဖလောက် ;kwekwe; (ခင်လို့ စတာနော် မခင်ရင် မစဘူးဒါပဲ) ...ချစ်သော မမတို့ ကို တော့ ချင်းချင်းတွေမို့ tag တော့ဘူးကွယ်...အာဘွားပဲပေးမယ်...။
“ဌက်ငယ်လေး

အချစ်ဆိုသည်မှာ..?

ဒီကနေ့ ဘလော့ဂ်ကို စဖွင့်ဖွင့်ချင်းပဲ မျက်စိက ကျင့်သားရနေသည့်အတိုင်း ပထမဆုံး စီဘောက်ကို အကြည့်တချက်ဝေ့ဝဲလိုက်သည်။ ခဏတွင်းခြင်းမှာပင် ကျွန်တော့်မျက်လုံးများက ပြူးကျယ်ဝိုင်းစက် သွားသည်ဟု ခံးစားမိလိုက်၏။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်မပြောချင်သော အကြောင်းအရာ တစ်ခုက စီဘောက်ထဲမှာ တဂ်ခနဲ ပြုတ်ကျလာခဲ့ချေပြီကိုး။ အတောင်ပံမပါတဲ့ လူသားအမိငယ် ငှက်ငယ်လေးက မရေးရင်ရိုက်မယ် တဂ်ထားတယ်။ အချစ်ဆိုသည်မှာ ဘာလဲ..? ညာလဲ..?။ သြော်..မေးရက်ပါပေ့။ လုပ်ချလိုက်ပေါ့။ တစ်နေ့ကတည်းက မပြောချင်လို့ သွားပြီးတော့ ကြိုအော်ထားပေမယ့် အလွတ်မပေးတဲ့၊ လူချင်းမတွေ့ပေမယ့် အမြဲရဲရင့်နေတယ်လို့ ထင်ရတဲ့ ရဲရင့်နီ ကလည်းတဂ်။

တစ်တဂ်ပြီး နောက်တစ်တဂ်..ဟိုကလည်းတဂ်..ဒီကလည်း တဂ်။ တဂ်နဲ့တင်ကို အလုပ် တော်တော်ဖြစ်နေပြီ။ အချစ်အကြောင်းဆိုတော့ နဲနဲလောက်အချိန်ယူ ရင်ခုန်ကြည့်၊ တွေးကြည့်၊ ခံစားကြည့်ရဦးမယ်လို့ထင်တာနဲ့ တဂ်သခင်မလေးကို လာမယ်..ကြာမယ်..တက်လူငယ်လို့တော့ အရင်ဆုံး ကြိုတင်သတင်းပို့ထားခဲ့ပါပြီ။ ဒါပေမယ့် မကြာပါဘူး..အခုတင် ခေါင်းထဲမှာပေါ်လာတုန်း၊ ရင်ထဲမှာဟာနေတုန်း၊ ဘလော့ဂ်တွေလည်ရင်းကနေ တစ်ခုသောဘလော့ဂ် ကိုဖွင့်ကြည့် လိုက်မိရာမှအစပြုကာ ရင်ထဲမှာ အချစ်အကြောင်းက ပိုပြီးတော့ ခံစားလာရတယ်။ အသစ်တဖန် အချစ်ကိုပြန်နှိုးဆွ ပေးလိုက်သလိုဖြစ်လာ။ ဒါနဲ့ပဲ စာရေးချင်စိတ်က ပေါက်လာတုန်း ရေးချလိုက်ပြီ။ တစ်ခါတည်း ထိုင်ရေးလိုက်တယ်။ အချစ်ဆိုသည်မှာ...

အချစ်(၂)မျိုးရှိပါသည်-

၁။ ငါးရာနှစ်ဆယ့်ရှစ် - အနည်းအကျဉ်းမျှလောက်သာချစ် (ပုံမှန်)။ မိဘ၊ ညီအစ်ကိုမောင်နှမများစသည်တို့ကို ချစ်သော အချစ်ဖြစ်သည်။

၂။ တစ်ထောင့်ငါးရာ - မောင့်အနားမှာ(သို့) မယ့်အနားမှာ ရှိသောအချစ်။ ဒီအချစ်ကို အရှင်းဆုံး အဓိပ္ပါယ်ဖွင့်ဆို ပြရရင်..သည်းခံပါ။ ရိုင်းတယ်လို့ပဲပြောပြော.. မိမိနဲ့ ဆန့်ကျင်ဘက်လိင် (သူ့ကိုချစ်တာပေါ့)

အချစ်ကို စာဖွဲ့ကြည့်ခြင်း

အချစ်တွေနဲ့ကင်းအောင် ဘဝမှာ နေချင်ပါတယ်..ဒါပေမယ့် ဘဝတွေနဲ့မကင်းနိုင်တာကလည်း အချစ်တွေ ဖြစ်နေပြန်တယ်။ ပန်းဆိုတာ အချိန်တန်ရင် ဖူးပြီးပွင့်လာတတ်ကြသလို..အချစ်ဆိုတာလည်း အချိန်အခါတန်ရင် ရင်ထဲကနေ ခံစားပြီး ဖြစ်ပေါ်လာတတ်ကြစမြဲပါ...။ ပန်းပင်တွေတောင် အဖူးရှိမှ အပွင့်ဖြစ်လာကြသေးတာပဲ..။ အချစ်ကြောင့် ဖြစ်လာတဲ့ ကဗျာတွေ၊ စာတွေဟာလည်း ရင်နှင့်မဆန့်လို့ ပွင့်အန်ထွက်ကျလာခဲ့တာပါ...။ နှင်းဆီပန်းလေး တွေက အဆင်းလှတယ်..၊ ရနံ့မွှေးတယ်..၊ ချစ်စရာကောင်းတဲ့ပန်းကလေးတွေပါ..။ ဒါပေမယ့် သူ့ကို ထိရင်၊ ကိုင်ရင် သတိတော့ထားပေါ့.. သူ့မှာပါတဲ့ ဆူးလေးတွေက လူကိုနာကျင်ခံစား စေတတ်လို့ပါ...။ ကိုယ်ချစ်တဲ့ သူမဟာလည်းနှင်းဆီပန်းလို အဆိပ်ရှိတဲ့သူ မဖြစ်ပါစေနဲ့...။ အချစ်စိတ်သည် သဘဝအတိုင်း လူတစ်ယောက်ရဲ့ ရုပ်အဆင်းလှပခြင်းကို ဦးစွာ ပထမရှုမြင်ကြည့်တတ်သည်။ သူ့(သို့မဟုတ်) သူမကိုချစ်ခဲ့ စဉ်က ခဏတာအဝေးရောက်လို့ တမ်းတငေးမောဖူးမိတိုင်း မိမိချစ်သူရဲ့ရုပ်သွင် သဏ္ဍာန်ကိုသာ အစဉ် အာရုံတွင် ပုံဖော်တတ်တာ လူ့သဘာဝ။ အကယ်၍များ မိမိချစ်သူသည် တစ်စုံတစ်ခုကြောင့် ကိုယ်ကာယ ပိုင်းဆိုင်ရာ တစ်ခုခုများ ချို့ယွင်းသွားခဲ့ရင် ဘာဆက်လုပ်ကြမလဲဆိုတဲ့ အတွေးမျိုးလည်း မတွေးဝံ့တတ်ပြန် တာလည်း လူ့သဘဝ။ တွေးမိခဲ့ရင်လည်း စိတ်ထဲကနေ '' အမင်္ဂလာ '' ဟု မောင်းထုတ်တတ်ကြသည်။ အချစ်သည် ရုပ်အဆင်းသဏ္ဍာန်ကိုသာ ပိုမိုခင်မင်တတ်သည်။ အချစ်စစ်၊ အချစ်မှန်နဲ့ ဘဝတလျှောက် အနစ်နာခံ ချစ်သွားကြသူများလည်းရှိသည်။ အချစ်စစ်၊ အချစ်မှန်ကို သရုပ်ဖော်ထားသော ၀တ္တုဇာတ်လမ်း များစွာကို ဖတ်ကြည့်ရာက အချစ်အကြောင်း သဘောပေါက်လာတတ်သလို၊ အချစ်ဝတ္တုများ ဖတ်မိတဲ့ လူငယ်လူရွယ်များအဖို့ ဇာတ်လမ်းထဲက အကြောင်းအရာများကို ရင်ခုန်ကြည့်ရင်း အားကျအတုခိုးပြီး လက်တဲ့စမ်းတတ်ကြပြန်လေသည်။ အချစ်အကြောင်းကို လေးနက်စွာရေးသားနေကြသော ကဗျာဆရာ၊ စာရေးဆရာများ သည်လည်း တချိန်က အသဲကွဲခဲ့ဖူးသူ များသည်ဟု ပြောစမှတ်ရှိခဲ့ဖူးပါသည်။ အချစ်သည် တစ်ခါတစ်ရံ စားသုံးသူကို အဆိပ်အတောက် ဖြစ်စေတတ်၏။ အချစ်ကြောင့် ဘဝပျက်တတ်သည်။ ဘဝမှာ ကောင်းသော သင်ခန်းစာ တွေလည်းရရှိသည်။ အချစ်ကြောင့် ဘဝတွေ တိုးတက်ကောင်းမွန် သွားတတ်သည်။ အချစ်သည် ခက်ခဲသော ပုဒ်စာဖြစ်တဲ့ ဘဝသင်ခန်းစာတွေကို အိမ်စာပေးသည်။ အချစ်သည် ထူးကဲသော မမြင်နိုင်တဲ့ ခွန်အားတစ်ခု။ အချစ်သည်အေးမြနေတတ်သည်။ အချစ်သည်ပူလောင်တတ်သည်။ လန်းဆန်းသည်။ ပေါ့ပါးသည်။ ပန်းတွေလို ရနံ့သင်းပျံ့ပြီး ရှုရှိုက်သူကို ကြည်လန်းဆန်းစေသည်။ ပုထုဇဉ် လူသားတိုင်းအတွက် မရှိမဖြစ်အလိုအပ် ဆုံးသော အရာတစ်ခု။ အချစ် အကြောင်းကို ဘယ်တော့မှ စာဖွဲ့လို့ မကုန်နိုင်။

အချစ်ကို ကုစားကြည့်ခြင်း

အချိန်သည် ဒီရေလို တိုက်စားတတ်သည်။ ထိုကဲ့သို့ပင် အချစ်ကိုလည်း တိုက်စားသွားတတ်ပါသည်။ အချိန်က အရာရာကို ပြောင်းလဲရင့်သန်(ရင့်မှည့်) စေတတ်ပါ၏။ ဥပမာ-မျက်စိထဲမှာ သရက်သီးရင့်မှည့်နေတာကို ပြေးမြင် ကြည့်လိုက်ပါ။ သရက်သီး တစ်လုံးမှည့်လာဖို့ရာ အချိန်ကာလအတိုင်းအတာ တစ်ခုတော့ စောင့်ရပါသည်။ ဒီလိုပဲ အချစ်တစ်ခု ရင့်သန်(ရင့်ကျက်) ပြောင်းလဲလာစေ ဖို့ရာ အချိန်ကာလအတိုင်းအတာ တစ်ခုကို မဖြစ်မနေ ကျော်လွန်ဖြတ်သန်းရသည်။ ထို့နောက် အရာရာကို အမြဲတမ်း ဝါးမြိုသွားတတ်သော အချိန်က အချစ်ကိုလည်း အလွတ်မပေးဘဲ ဝါးမြိုသွားပါလိမ့်မည်။ ဟိုတစ်ချိန်က ရှိခဲ့ဖူးသော အချစ်သည် အပြောင်းလဲကြီး ပြောင်းလဲသွားတတ်၏။ မိမိ ကျင်လည် ဖြတ်သန်းရသော ဘဝတလျှောက် အချစ်ဆိုသည့် အရာကလည်း ထပ်ကြပ်မကွာ တောက်လျှောက် လိုက်ပါကပ်ညှိတွယ်နေရင်းမှ အချိန်ကာလတွေ ကြာမြင့်လာသောအခါ လူကြီးအချစ်၊ လူငယ်အချစ်ဟူရွေ့ အခေါ်အဝေါ်တွေကွဲပြားခြားနား သွားကြလေသည်။ ငယ်ချစ်၊ နှောင်းချစ်ဆိုသည့် အချစ်သီချင်းတွေပင် ထွက်ပေါ်လာခဲ့သေး၏။ ဥပမာ - လေးဆယ်ကျော် ငါးနှစ်ထဲက (တွံ့တေးသိန်းတန်) လိုသီချင်းမျိုးတွေနားထောင်ကြည့်ပါ။ အချစ်နဲ့ ပါတ်သတ်လို့ ကတော့ ဘာပဲ ပြောပြော ပြောမဆုံးနိုင်အောင် တောသုံးတောင်မကအောင် ရှိနေပါလိမ့်မည်။ အချစ်ကြောင့် အသဲကွဲ ပြန်မဆက်နေသူများ တစ်ခါတည်းပြောလိုက်ပါမည်။ ကျွန်တော်လည်း ကွဲဖူးပါသည်။ အချစ်ရောဂါ ပျောက်အောင် အရက်သောက်ပြီးကုစားကြည့်သည်။ စီးထားတဲ့ ဖိနပ်သာပျောက်တယ်။ အချစ်ရောဂါက မပျောက်ခဲ့။ အရက်နာလည်းကျ၊ အချစ်ရောဂါလည်း ပိုထခဲ့သည်။ လူငယ်သဘာဝ မိုးသဲသဲမဲမဲရွာနေတုန်း စိတ်ကူးတွေယဉ်၊ အချစ်ရေယာဉ်ကြောမှာ မျောလွင့်ရင်း ဂစ်တာထိုင်တီးဖူးသည်။ အရက်နာကျပြီးနောက် ဖျားနာကျခဲ့ပြန်သည်။ အချိန်တွေ တဖြည်းဖြည်းနှောင်းလာတော့ အသဲကွဲတဲ့ ရောဂါကအလိုလို ပျောက်ကင်းစ ပြုခဲ့ပြန်ပေါ့။ '' နှလုံးသားကို လာပြီး အနံ့ခံကြည့် ညှော်နံ့ရနေလိမ့်မယ်၊ ကွဲထားတဲ့ အသဲ ကော်နဲ့ပြန်ဆက် ထားလို့ပါ '' လို့ ပြောတဲ့ ' ရသ ' သီချင်း ထဲကလိုပဲ.. ကျွန်တော့်မှာ ကွဲထားတဲ့ အသဲကို အချိန်ဆိုတဲ့ သမားတော်က ကော်နဲ့ပြန်ဆက် ပေးထားလိုက် ပါပြီ။ ကော်နံ့လေးကတော့ အခုထိ တငွေ့ငွေ့ ရနေတုန်းပေါ့။ တသသ ပြန်လည်အောင့်မေ့ နေတတ်တုန်းပါ။ အချစ်ကို အကောင်းဆုံးကုစား သွားတဲ့ သမားတော်ဟာ အချိန်သာလျင် ဖြစ်ပါသည်။

ကျွန်မသိသော....အချစ်ဆိုသည်မှာ....


ကိုရဲရင့်နီရဲ့ လွတ်မယ်ထင်ခဲ့သော်လည်း မလွတ်ခဲ့တဲ့ အချစ်ကိုအဓိပ္ပါယ်ဖွင့်ဆိုပါ
( ကျွန်တော်သိသော....အချစ်ဆိုသည်မှာ.... ) ဆိုတဲ့ တက်ဂ်လေးပဲဖြစ်ပါတယ်။ သူကတော့ပို့စ်ရဲ့ပုံမှာ သူများနှုတ်ခမ်းပေါ် စာသွားရေးတဲ့အပြင် ? တောင်ပါလိုက်သေးတယ် :P ။ အဲဒီခေါင်းစဉ်က ခေါင်းသိပ်စားတယ်။ ရေးရမှာ စာလုံးအတော်ရှာရတယ်။ ထင်သလောက် သိသလောက် ခံစားတတ်သလောက် ရေးချလိုက်ပါ့မယ်ရှင်။

“ အချစ် ” ဆိုတာ သက်ရှိတိုင်းပိုင်ဆိုင်တဲ့ ခံစားချက်။ အချစ်က ပန်းဖြစ်ခဲ့ရင် သူက သက်တမ်းအရှည်ဆုံး ပန်းဖြစ်မှာပါ။ မသေသောပန်းဆိုလည်း မှားမှာမဟုတ်ပါဘူး။ အမြစ်ရှိတဲ့ပန်း၊ ရေမလို လေမလို၊ နေလဲမလိုဘူး။ မျိုးဆက်တွေအဆင့်ဆင့်ကို ထူးဆန်းစွာပွားတယ်။
လူသားတစ်ယောက်ရဲ့ အချစ်အစက မိခင်ဖြစ်မယ်လို့ထင်တယ်။ အမှန်ကတော့ ပုစ္ဆာ္တတစ်ပုဒ်လိုပါပဲ။ ဥကအရင်လား အကောင်ကအရင်လား။( ဒီနေရာမှာရိုင်းခဲ့မယ်ဆိုရင် ပုလဲ တောင်းပန်ပါတယ် )ဒါကတော့ တွေးလေ ရူးလေ ဖြစ်မယ်လို့ထင်တာပဲ။ ခုနကစာပြန်ဆက်ရမယ်နော်.. ကလေးတစ်ယောက် စစချင်းချစ်တတ်မှာ သူ့မိခင်ပေါ့။ ကလေးတစ်ယောက်ကလဲ အူဝဲအော်နေပေမယ့် သူ့မိခင်ကို ချစ်တတ်မှာပါ။ ဒါဘာကြောင့်လဲ။ သွေးကစကားပြောတယ် ဆိုတာမျိုးလား။ အဓိကအရင်းအမြစ်ကတော့ “ အချစ် ” ကြောင့်ပဲ ဟုတ်ဘူးလား။ အဲဒါကြောင့် ပုလဲ အထင်ကတော့
အချစ် ”ဟူသည် ဆရာမလိုတဲ့ပညာ၊ မသင်ပဲနဲ့တတ်တဲ့ ခံစားမှုတစ်ခုပါ။

“ အချစ် ” ဆိုတာ လူတွေရဲ့ဆက်သွယ်မှုတစ်ခု။ တစ်နည်းအားဖြင့် ကံလို့လဲပုလဲထင်တယ်။ ပေါပေါလေးတွေးကြည့်မယ်။ ကမ္ဘာပေါ်မှာ လူတွေအများကြီးပဲ။ လူတိုင်းနဲ့မတွေ့ မဆုံနိုင်သလို လူတိုင်းနဲ့လဲ ခင်မင်မှုမရှိနိုင် မချစ်နိုင်ဘူး။ ကိုယ်နဲ့သိတဲ့ လူတွေကြားမှာလဲ တစ်ဦးတစ်ယောက်ကိုတော့ ခင်မင်မှုပဲဖြစ်ဖြစ် အချစ်ပဲဖြစ်ဖြစ်ပိုမှာပါ။( ပုလဲအနေနဲ့သာပြောတာပါ မှားခဲ့ရင်ထပ်မံတောင်းပန်ပါတယ် )အဲတော့ “ အချစ် ”ဟာ ကံရော မဖြစ်နိုင်ဘူးလား။ သူငယ်ချင်းမိတ်ဆွေတွေ အနေနဲ့ဆိုရင်တော့ ခင်မင်မှု၊ အချစ်ဆိုတာ ရေစက်လို့ပြောနိုင်မယ်။ ယောက်ျားလေး၊ မိန်းကလေးအချစ်ဆိုရင်တော့ ဖူးစာပေါ့။

မိန်းကလေးတစ်ယောက်နဲ့ ယောက်ျားလေးတစ်ယောက်ရဲ့ “ အချစ် ”
ကြားဖူးပါတယ် အချစ်မှာ မျက်စိမရှိဘူးတဲ့။ ဒါပေမယ့် အချစ်မှာ အသိတရားရှိတယ်လို့ ပုလဲထင်တယ်။ အချစ်ဆိုတာ လူတစ်ယောက်ရဲ့ အသိတရားနဲ့လည်းဆိုင်တယ်လို့ပြောရင် ပိုမှန်မလား။
ဥပမာပေါ့ - ယောက်ျားလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်ကို ချစ်မလား။ မိန်းကလေးတစ်ယောက်ကကော မိန်းကလေးတစ်ယောက်ကိုချစ်မလား။ ရာခိုင်နှုန်းအများဆုံးနဲ့ တွက်မယ်ဆို ယောက်ျားလေးက မိန်းကလေးကိုချစ်၊ မိန်းကလေးက ယောက်ျားလေးကိုချစ်တာပဲ ဟုတ်ဘူးလား။
“ အချစ် ”ဆိုတာ ရုပ်ရည်၊ ပညာ၊ ဥစ္စာ စသည်ဖြင့်တွေနဲ့ မဆိုင်ဘူးတဲ့။ ဒါပေမယ့် အချစ်ကြောင့် နောက်ဆက်တွဲတွေကတော့ တစ်နည်းနည်းဖြင့် လောဘနဲ့ဆိုင်လာတတ်ကြတယ်။ အဲဒါက အချစ်နဲ့ ဘ၀ ဆက်သွယ်မှုရှိလာတဲ့ အချိန်မှာပေါ့။

“ အချစ် ” ဆိုတာ လောကကြီးကို ခြယ်တဲ့ဆေးရောင်တစ်ရောင်၊ သူမရှိရင်မလှဘူး။

“ အချစ် ” ကထူးဆန်းတယ်ဆိုရင် အမှန်ဆုံးဖြစ်နိုင်မလား။ သူသာ စာအုပ်တစ်အုပ်ဖြစ်ခဲ့မယ် ဆိုရင် စာတွေ၊ ပုံတွေ၊ အရောင်တွေ၊ ဘာဆိုဘာမှ မရှိမယ့် စာရွက်အဖြူနဲ့ပြုလုပ်ထားတဲ့ စာအုပ်ဖြစ်လိမ့်မယ်လို့ ပုလဲထင်တယ်။ ဒါပေမယ့် အဲဒီအချစ်စာအုပ်ဟာ သူကိုယ်တိုင်ကြောင့်ပဲ အရောင်ပြောင်းသွားနိုင်တယ်။

“ အချစ် ” ဆိုတဲ့ ခံစားမှုနောက်မှာလိုက်တဲ့ အခြားခံစားမှုတွေ အများကြီးရှိတယ်လို့ ပုလဲထင်တယ်။ အဓိက ကတော့ ချစ်တတ်ရင် ချစ်မယ်၊ လောဘရှိလာမယ်၊ ပူဆွေးခြင်း ပျော်ရွှင်ခြင်းတွေကို တစ်ပြိုင်နက် ခံစားတတ်လာမယ်။ နောက်ထပ်တွေလဲ ရှိဦးမှာပါ။

၁၅၀၀ အချစ်က ပူလောင်တယ်လို့ဆိုပါတယ်။ အမှန်တော့ ၅၂၈လောက် အေးမြခြင်းတွေ မရှိနိုင်ရင်တောင် သူ့မှာလည်း အေးမြခြင်းတွေရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုတွေ နားလည်မှုတွေ ပေးနိုင်ရင် ၁၅၀၀ အချစ်ကလဲ အေးမြပါလိမ့်မယ်။ လူတစ်ယောက်က ၅၂၈ မေတ္တာနဲ့စတယ် ပြီးရင် ၁၅၀၀နဲ့တွေ့မယ် နောင်တော့ ၅၂၈မေတ္တာကို ၁၅၀၀မေတ္တာနဲ့ ပြန်မွေးဖွားရတယ်။ ပြီးဆုံးခြင်းမရှိတော့ပါဘူး။

ဟဲဟဲ တော်ပြီနော်။ ပြီးတွားပြီ။ အတော်ခြစ်ကုတ်လိုက်ရတယ်။ ရေးထားတာတွေ အမှားပါရင် တောင်းပန်ပါတယ်။ လစ်ဟင်းမှု လိုအပ်ချက်များလဲရှိပါ၏။ ခွင့်လွှတ်တော်မူပါနော် :P ။ ကိုရဲရင့်နီ ရေးပြီးပြီ။ အဆင်ပြေပါစေနော်။ ကျေနပ်နော်။ ဖတ်ပေးသူများကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။
အမှန်တော့ အချစ်ဆိုတာ အချစ်ပါပဲလေ။ ချစ်လို့ချစ်တာပေါ့နော်။
“( သွယ်-LONE )”

အချစ်ဆိုတာဘာလဲ


ကျွန်တော် သိသောအချစ်ဆိုတာတဲ့ခေါင်းစဉ်နဲ့ကိုရဲရင့်နီ နဲ့မနီနီဝင်းတက်ထားကြ
တာကြာပါပြီ စဉ်းစားလို့ မရတာရော အချစ်ဆိုတာကို နားမလည်တာရောကြောင့် မရေးဖြစ်တာပါ။ အဲဒါကြောင့်
မနိုင်နိုင်းစနေရဲ့ ပို့စ်လေးကို တင်ပေးလိုက်တာပါ။ဟီး.... အချောင်ခိုလိုက်ပါတယ် ဒီတခါတော့။
တစ်နေ့မှာ "ပလေတို" က ဆရာဖြစ်သူ "ဆိုကရေတီး" ကို အချစ်ဆိုတာ ဘာလဲလို့ မေးသတဲ့။ ဆိုကရေတီးက ပလေတိုကို ဂျုံခင်းထဲ နောက်ပြန်မလှည့်တမ်း တစ်ခေါက်သွားစေပြီး သွားရာလမ်းတစ်လျှောက်မှာ အကောင်းဆုံး၊ အကြီးဆုံး ဂျုံနှံတစ်ခုကို ခူးစေခဲ့တယ်။

ဆရာခိုင်းတာ အရမ်းလွယ်တယ်ထင်တဲ့ ပလေတိုက ကိုယ့်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ဂျုံခင်းထဲဝင်ခဲ့တယ်။ နေ့တစ်ဝက်ကုန်တဲ့အထိ သူဟာ ဂျုံခင်းထဲမှာပဲ ရှိနေခဲ့ပြီး နောက်ဆုံးမှာ လက်ဗလာနဲ့ ခေါင်းငိုက်စိုက် ပြန်လာခဲ့ရတယ်။ ဆိုကရေတီးရှေ့ရောက်တော့ "အကောင်းဆုံးလို့ ထင်တဲ့ ဂျုံနှံကို ကျွန်တော် တွေ့ခဲ့ပါတယ်။ ဒါပေမဲ့ တစ်နှံပဲခူးရမယ်ဆိုတော့ အကောင်းဆုံးမှ ဟုတ်ပါ့မလားလို့ ထင်ပြီး မခူးခဲ့ဘဲ ဒီထက်ကောင်းတဲ့ အနှံရှိဦးမယ်ဆိုတဲ့ အတွေးနဲ့ ယာခင်းအဆုံးထိ ကျွန်တော်ရောက်ခဲ့မှ လက်ထဲမှာ ဘာမှမပါခဲ့မှန်း သတိထားမိတော့တယ်" လို့ ပြောတော့ ဆိုကရေတီးက "အဲတာ အချစ်" လို့ ပြောပြခဲ့တယ်။

တစ်နေ့မှာ ပလေတိုက ဆရာဆိုကရေတီးကို လက်ထပ်ခြင်းဆိုတာ ဘာလဲလို့ မေးပြန်သတဲ့။ ဆိုကရေတီးက ပလေတိုကို ထင်းရူးတောထဲ နောက်ပြန်မလှည့်တမ်း တစ်ခေါက်သွားစေပြီး သွားရာလမ်းတစ်လျှောက်မှာ ခရစ်စမတ်အတွက် အသုံးပြုဖို့ အကောင်းဆုံး ထင်းရူးပင် တစ်ပင်ကို ယူစေခဲ့တယ်။

သင်္ခန်းစာ တစ်ခါရခဲ့ဖူးတဲ့ ပလေတိုက ဒီတစ်ကြိမ်မှာ အမှားအယွင်းမရှိအောင် ယုံကြည်မှုအပြည့်နဲ့ ထင်းရူးတောထဲ ၀င်ခဲ့တယ်။ နေ့တစ်ဝက်ရောက်တော့ အရွက်ကျိုးတိုကျဲတဲ့၊ ပင်စည်ဖြောင့်တယ်လို့ ပြောနိုင်တဲ့ ထင်းရူးပင်တစ်ပင်ကို နွမ်းနယ်တဲ့ ခန္ဓာကိုယ်နဲ့ သူထမ်းပြီး ပြန်လာခဲ့တယ်။

"ဒါက အကောင်းဆုံး ထင်းရူးပင်လား" လို့ ဆိုကရေတီးက မေးတော့ "တစ်ပင်ပဲ ယူရမယ်ဆိုလို့ အကောင်းဆုံးကို တွေ့လိုတွေ့ငြား လိုက်ရှာရင်း မဆိုးဘူးလို့ထင်တဲ့ အပင်ကိုတွေ့တော့ ကျွန်တော့်မှာ အချိန်ရော၊ အင်အားပါ ကုန်ခမ်းနေတာကို သတိပြုလိုက်မိတယ်။ ဒါကြောင့် အကောင်းဆုံးလား ဘာလားဆိုတာ ဂရုမစိုက်တော့ဘဲ ယူပြန်လာခဲ့တာပါ" လို့ ပြန်တော့ ဆိုကရေတီးက "အဲတာ လက်ထပ်ခြင်း" လို့ ပြောပြခဲ့တယ်။

တစ်နေ့မှာ ပလေတိုက ဆရာဆိုကရေတီးကို တိတ်တိတ်ပုန်းဆိုတာ ဘာလဲလို့ မေးပြန်သတဲ့။ ဒီတစ်ခါ ဆိုကရေတီးက ပလေတိုကို တောထဲတစ်ခေါက် လမ်းလျှောက်စေခဲ့တယ်။ ဒီတစ်ကြိမ်မှာ ခေါက်တုန့်ခေါက်ပြန် လျှောက်လို့ရပြီး သွားရာလမ်းတစ်လျှောက်မှာ အလှဆုံး ပန်းတစ်ပွင့်ကို ယူခိုင်းစေခဲ့တယ်။

ဒီတစ်ခါလည်း ပလေတိုက ယုံကြည်မှုအပြည့်နဲ့ ထွက်ခဲ့ပြန်တယ်။ (၂)နာရီ နီးပါးကြာတော့ စိတ်မသက်မသာနဲ့ အရောင်စုံပြီး အနည်းငယ် ညှိုးနွမ်းနေတဲ့ ပန်းတစ်ပွင့်ကို ယူဆောင်ခဲ့တယ်။

"ဒါက အလှဆုံး ပန်းလား" လို့ ဆိုကရေတီးက မေးတော့ "၂နာရီနီးပါး ကျွန်တော်လိုက်ရှာတော့ အလှဆုံးလို့ ထင်ရတဲ့ ဒီပန်းကို ကျွန်တော်တွေ့ပြီး ခူးလာခဲ့တယ်။ အပြန်လမ်းမှာ ပန်းက တဖြေးဖြေး ညှိုးနွမ်းသွားခဲ့တယ်" လို့ ပြောတော့ ဆိုကရေတီးက "အဲတာ တိတ်တိတ်ပုန်း" လို့ ဆိုတယ်။

တစ်နေ့မှာ ပလေတိုက ဆိုကရေတီးကို ဘ၀ဆိုတာ ဘာလဲလို့ မေးပြန်သတဲ့။ ဆိုကရေတီးက အထက်ကအတိုင်း ပလေတိုကို တောထဲတစ်ခေါက် လမ်းလျှောက်စေခဲ့တယ်။ ဒီတစ်ကြိမ်မှာ ခေါက်တုန့်ခေါက်ပြန် လျှောက်လို့ရပြီး သွားရာလမ်းတစ်လျှောက်မှာ အလှဆုံး ပန်းတစ်ပွင့်ကို ယူခိုင်းစေခဲ့တယ်။

သင်္ခန်းစာရထားဖူးတော့ ပလေတိုက သတိရှိရှိနဲ့ ထွက်ခဲ့ပြန်တယ်။ သုံးရက် သုံးညလွန်မြောက်တဲ့အထိ ပလေတို ပြန်မလာလို့ ဆိုကရေတီးက လိုက်ရှာတော့ တောအုပ်တစ်နေရာမှာ ပလေတို တဲထိုးပြီး နေနေတာကို တွေ့လိုက်တယ်။

"အလှဆုံးပန်းကို ရှာတွေ့ပြီလား" လို့ မေးတော့ ပလေတိုက ပန်းတစ်ပွင့်ကို ထိုးပြပြီး "ဒီတစ်ပွင့်ကို အလှဆုံးလို့ ဆိုနိုင်မလား" လို့ မေးတယ်။

"ဒါဆို ဘာလို့ ခူးမပြန်လာတာလဲ"

"ကျွန်တော် ခူးလိုက်ရင် ပန်းက နွမ်းသွားတော့မယ်။ ကျွန်တော်မခူးရင်လဲ သူနွမ်းသွားမယ်ဆိုတာ သိပါတယ်။ ဒါကြောင့် လှလှပပ ဖူးပွင့်နေတာကို ကြည့်ပြီး သူညှိုးနွမ်းသွားမှ နောက်တစ်ပွင့်ကို ကျွန်တော်ထပ်ရှာတော့မယ်။ ဒါ ကျွန်တော်တွေ့ခဲ့တဲ့ ပန်းထဲက အလှဆုံး ဒုတိယပန်းတစ်ပွင့်ပါပဲ"

"အင်း.. ဘ၀ရဲ့ အဓိပ္ပါယ်ကို မင်းနားလည်ခဲ့ပြီပဲ" လို့ ဆိုကရေတီးက ပလေတိုကို ပြောခဲ့တယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

ကျွန်တော်သိသော အချစ်ဆိုတာ...........

ငါ့သား၊ငါ့သမီး၊ ငါ့အဖေ၊ငါ့အမေ၊ ငါ့ညီ၊ငါ့အကို၊ငါ့မောင်ငါ့အမ၊စသည်ဖြင့်နေမှကောင်းရဲ့လား၊ စာမေးပွဲမှဖြေနိုင်ရဲ့လား၊စီးပွားရေးမှ ပြေလည်ရဲ့လား၊စသည်ဖြင့်ပူပင်သောကရောက်စေတယ်ဗျ။ အဲ.... ၁၅၀၀ကျတော့ ကိလေသာတဏှကပါလာပြီ။ ငါ့ရည်းစား ဘယ်ကောင်နဲ့ တွဲနေလဲ၊ ငါ့ရည်းစား ဘယ်ကောင်မနဲ့တွဲနေလည်း၊ ဒီလိုမျိုးလည်း ဖြစ်တတ်သလို၊ ဒီနေ့တွေ့ရင်သူ့ပါးလေးတော့ နမ်းလိုက်ဦးမှ၊ ဒီနေ့တွေ့ရင် သူ့အနမ်းလေးတော့ ခံလိုက်ဦးမှစသည်ဖြင့်ပေါ့ဗျာ ပူလောင်တတ်သဗျ။ သူချစ်ပဲဖြစ်ဖြစ်၊ ကိုယ်ချစ်ပဲဖြစ်ဖြစ်ဘယ်အရာမှမကောင်း
ဘူး၊ စိတ်ကိုပူလောင်စေတယ်။ဒီလိုပဲ ရယူပိုင်ဆိုင်ခြင်းလဲ မကောင်းဘူး၊ ပေးဆပ်ခြင်းလဲမကောင်းဘူး။
ပုထုစဉ်တွေဆိုတော့လဲ ခက်သားလားဗျာ။ဒီလိုပူမှန်းသိရက်နဲ့ပဲ ဒီအချစ်ဆိုတာ
ကြီးကို လိုချင်တပ်မက်ကြတယ်။ ပိုးဖလံလေးတွေလိုပါပဲ မီးကိုပူမှန်းသိရက်နဲ့ရှေ့ဆက်တိုးကြတယ်။
တချို့လဲမသိလို့ တိုးကြတယ်။ ပိုးဖလံလေးတွေမီးထဲကိုဘာကြောင့်တိုးသလဲ??????????
သူတို့စိတ်ထဲမှာ မီးနားနီးလေ ပိုအလင်းရလေထင်နေကြတာကိုးဗျ၊ ကိုယ့်ရဲ့ခန္ဓာတဖြေးဖြေး လောင်ကျွမ်းခံလိုက်
ရတာတော့ သတိမထားမိလိုက်ကြဘူးဗျ၊ အဲ...... သိလိုက်တဲ့အချိန်ကြတော့ နောက်ကျနေပြီလေ။
လူတွေလဲဒီလိုပဲ အချစ်ကို လောကနိဗ္ဗာန်ကြီးတခုလို ထင်နေကြတယ်၊ တကယ့်တကယ် နိဗ္ဗာန်ရောက်
ကြောင်းကျတော့ ဘာမှမလုပ်ပဲလိုချင်ကြတယ်။ ဘာမဟုတ်တဲ့ အချစ်ကိုကျတော့ မရရင်သေမလိုပဲဖြစ်တတ်
ကြတယ်။
ကဲ..... ပြောပြကြပါဦးဗျ အချစ်ဟာ ကောင်းသေးလား။ အင်း.............. ကျနော်လဲ ဒါမျိုးတွေစဉ်းစားမိတော့
ဗျာ...... အာသဝေါတောင်ကုန်သွားပြ၊ီ တဏှလေးနည်းနည်းကျန်နေလို့ အဲဒီအချစ်ဆိုတာကြီးကိုပဲ ပူမှန်းသိရက်
ရှေ့ဆက်တိုးလိုက်ဦးမယ်ဗျာ
ငါ့သား၊ငါ့သမီး၊ ငါ့အဖေ၊ငါ့အမေ၊ ငါ့ညီ၊ငါ့အကို၊ငါ့မောင်ငါ့အမ၊စသည်ဖြင့်နေမှကောင်းရဲ့လား၊ စာမေးပွဲမှဖြေနိုင်ရဲ့လား၊စီးပွားရေးမှ ပြေလည်ရဲ့လား၊စသည်ဖြင့်ပူပင်သောကရောက်စေတယ်ဗျ။ အဲ.... ၁၅၀၀ကျတော့ ကိလေသာတဏှကပါလာပြီ။ ငါ့ရည်းစား ဘယ်ကောင်နဲ့ တွဲနေလဲ၊ ငါ့ရည်းစား ဘယ်ကောင်မနဲ့တွဲနေလည်း၊ ဒီလိုမျိုးလည်း ဖြစ်တတ်သလို၊ ဒီနေ့တွေ့ရင်သူ့ပါးလေးတော့ နမ်းလိုက်ဦးမှ၊ ဒီနေ့တွေ့ရင် သူ့အနမ်းလေးတော့ ခံလိုက်ဦးမှစသည်ဖြင့်ပေါ့ဗျာ ပူလောင်တတ်သဗျ။ သူချစ်ပဲဖြစ်ဖြစ်၊ ကိုယ်ချစ်ပဲဖြစ်ဖြစ်ဘယ်အရာမှမကောင်း
ဘူး၊ စိတ်ကိုပူလောင်စေတယ်။ဒီလိုပဲ ရယူပိုင်ဆိုင်ခြင်းလဲ မကောင်းဘူး၊ ပေးဆပ်ခြင်းလဲမကောင်းဘူး။
ပုထုစဉ်တွေဆိုတော့လဲ ခက်သားလားဗျာ။ဒီလိုပူမှန်းသိရက်နဲ့ပဲ ဒီအချစ်ဆိုတာ
ကြီးကို လိုချင်တပ်မက်ကြတယ်။ ပိုးဖလံလေးတွေလိုပါပဲ မီးကိုပူမှန်းသိရက်နဲ့ရှေ့ဆက်တိုးကြတယ်။
တချို့လဲမသိလို့ တိုးကြတယ်။ ပိုးဖလံလေးတွေမီးထဲကိုဘာကြောင့်တိုးသလဲ??????????
သူတို့စိတ်ထဲမှာ မီးနားနီးလေ ပိုအလင်းရလေထင်နေကြတာကိုးဗျ၊ ကိုယ့်ရဲ့ခန္ဓာတဖြေးဖြေး လောင်ကျွမ်းခံလိုက်
ရတာတော့ သတိမထားမိလိုက်ကြဘူးဗျ၊ အဲ...... သိလိုက်တဲ့အချိန်ကြတော့ နောက်ကျနေပြီလေ။
လူတွေလဲဒီလိုပဲ အချစ်ကို လောကနိဗ္ဗာန်ကြီးတခုလို ထင်နေကြတယ်၊ တကယ့်တကယ် နိဗ္ဗာန်ရောက်
ကြောင်းကျတော့ ဘာမှမလုပ်ပဲလိုချင်ကြတယ်။ ဘာမဟုတ်တဲ့ အချစ်ကိုကျတော့ မရရင်သေမလိုပဲဖြစ်တတ်
ကြတယ်။
ကဲ..... ပြောပြကြပါဦးဗျ အချစ်ဟာ ကောင်းသေးလား။ အင်း.............. ကျနော်လဲ ဒါမျိုးတွေစဉ်းစားမိတော့
ဗျာ...... အာသဝေါတောင်ကုန်သွားပြ၊ီ တဏှလေးနည်းနည်းကျန်နေလို့ အဲဒီအချစ်ဆိုတာကြီးကိုပဲ ပူမှန်းသိရက်
ရှေ့ဆက်တိုးလိုက်ဦးမယ်ဗျာ

အင်း..... အားလုံးကပြန်ရေးပေးဖို့ပြောနေတာဆိုတော့ ကျနော်မြင်တာလေးပြောပြရတော့မှာပေါ့နော်။
တကယ်တော့ အချစ်ဆိုတာ ပူလောင်တတ်တဲ့အရာပဲဗျ။ ၅၂၈နဲ့ချစ်တဲ့အချစ်ပဲဖြစ်ဖြစ်၊ ၁၅၀၀နဲ့ချစ်တဲ့ အချစ်ပဲဖြစ်ဖြစ် လူကိုပူလောင်စေပါတယ်။ အဲ.... ၅၂၈ကျတော့ ၁၅၀၀လောက် မပူလောင်ပေမဲ့လည်း သူ့ဟာနဲ့သူတော့ပူပင်သောကရောက်စေပါတယ်၊ဥပမာပေါ့ဗျာ။ ။ငါ့သား၊ငါ့သမီး၊ ငါ့အဖေ၊ငါ့အမေ၊ ငါ့ညီ၊ငါ့အကို၊ငါ့မောင်ငါ့အမ၊စသည်ဖြင့်နေမှကောင်းရဲ့လား၊ စာမေးပွဲမှဖြေနိုင်ရဲ့လား၊စီးပွားရေးမှ ပြေလည်ရဲ့လား၊စသည်ဖြင့်ပူပင်သောကရောက်စေတယ်ဗျ။ အဲ.... ၁၅၀၀ကျတော့ ကိလေသာတဏှကပါလာပြီ။ ငါ့ရည်းစား ဘယ်ကောင်နဲ့ တွဲနေလဲ၊ ငါ့ရည်းစား ဘယ်ကောင်မနဲ့တွဲနေလည်း၊ ဒီလိုမျိုးလည်း ဖြစ်တတ်သလို၊ ဒီနေ့တွေ့ရင်သူ့ပါးလေးတော့ နမ်းလိုက်ဦးမှ၊ ဒီနေ့တွေ့ရင် သူ့အနမ်းလေးတော့ ခံလိုက်ဦးမှစသည်ဖြင့်ပေါ့ဗျာ ပူလောင်တတ်သဗျ။ သူချစ်ပဲဖြစ်ဖြစ်၊ ကိုယ်ချစ်ပဲဖြစ်ဖြစ်ဘယ်အရာမှမကောင်း
ဘူး၊ စိတ်ကိုပူလောင်စေတယ်။ဒီလိုပဲ ရယူပိုင်ဆိုင်ခြင်းလဲ မကောင်းဘူး၊ ပေးဆပ်ခြင်းလဲမကောင်းဘူး။
ပုထုစဉ်တွေဆိုတော့လဲ ခက်သားလားဗျာ။ဒီလိုပူမှန်းသိရက်နဲ့ပဲ ဒီအချစ်ဆိုတာ
ကြီးကို လိုချင်တပ်မက်ကြတယ်။ ပိုးဖလံလေးတွေလိုပါပဲ မီးကိုပူမှန်းသိရက်နဲ့ရှေ့ဆက်တိုးကြတယ်။
တချို့လဲမသိလို့ တိုးကြတယ်။ ပိုးဖလံလေးတွေမီးထဲကိုဘာကြောင့်တိုးသလဲ??????????
သူတို့စိတ်ထဲမှာ မီးနားနီးလေ ပိုအလင်းရလေထင်နေကြတာကိုးဗျ၊ ကိုယ့်ရဲ့ခန္ဓာတဖြေးဖြေး လောင်ကျွမ်းခံလိုက်
ရတာတော့ သတိမထားမိလိုက်ကြဘူးဗျ၊ အဲ...... သိလိုက်တဲ့အချိန်ကြတော့ နောက်ကျနေပြီလေ။
လူတွေလဲဒီလိုပဲ အချစ်ကို လောကနိဗ္ဗာန်ကြီးတခုလို ထင်နေကြတယ်၊ တကယ့်တကယ် နိဗ္ဗာန်ရောက်
ကြောင်းကျတော့ ဘာမှမလုပ်ပဲလိုချင်ကြတယ်။ ဘာမဟုတ်တဲ့ အချစ်ကိုကျတော့ မရရင်သေမလိုပဲဖြစ်တတ်
ကြတယ်။
ကဲ..... ပြောပြကြပါဦးဗျ အချစ်ဟာ ကောင်းသေးလား။ အင်း.............. ကျနော်လဲ ဒါမျိုးတွေစဉ်းစားမိတော့
ဗျာ...... အာသဝေါတောင်ကုန်သွားပြ၊ီ တဏှလေးနည်းနည်းကျန်နေလို့ အဲဒီအချစ်ဆိုတာကြီးကိုပဲ ပူမှန်းသိရက်
ရှေ့ဆက်တိုးလိုက်ဦးမယ်ဗျာ

ငါ့သား၊ငါ့သမီး၊ ငါ့အဖေ၊ငါ့အမေ၊ ငါ့ညီ၊ငါ့အကို၊ငါ့မောင်ငါ့အမ၊စသည်ဖြင့်နေမှကောင်းရဲ့လား၊ စာမေးပွဲမှဖြေနိုင်ရဲ့လား၊စီးပွားရေးမှ ပြေလည်ရဲ့လား၊စသည်ဖြင့်ပူပင်သောကရောက်စေတယ်ဗျ။ အဲ.... ၁၅၀၀ကျတော့ ကိလေသာတဏှကပါလာပြီ။ ငါ့ရည်းစား ဘယ်ကောင်နဲ့ တွဲနေလဲ၊ ငါ့ရည်းစား ဘယ်ကောင်မနဲ့တွဲနေလည်း၊ ဒီလိုမျိုးလည်း ဖြစ်တတ်သလို၊ ဒီနေ့တွေ့ရင်သူ့ပါးလေးတော့ နမ်းလိုက်ဦးမှ၊ ဒီနေ့တွေ့ရင် သူ့အနမ်းလေးတော့ ခံလိုက်ဦးမှစသည်ဖြင့်ပေါ့ဗျာ ပူလောင်တတ်သဗျ။ သူချစ်ပဲဖြစ်ဖြစ်၊ ကိုယ်ချစ်ပဲဖြစ်ဖြစ်ဘယ်အရာမှမကောင်း
ဘူး၊ စိတ်ကိုပူလောင်စေတယ်။ဒီလိုပဲ ရယူပိုင်ဆိုင်ခြင်းလဲ မကောင်းဘူး၊ ပေးဆပ်ခြင်းလဲမကောင်းဘူး။
ပုထုစဉ်တွေဆိုတော့လဲ ခက်သားလားဗျာ။ဒီလိုပူမှန်းသိရက်နဲ့ပဲ ဒီအချစ်ဆိုတာ
ကြီးကို လိုချင်တပ်မက်ကြတယ်။ ပိုးဖလံလေးတွေလိုပါပဲ မီးကိုပူမှန်းသိရက်နဲ့ရှေ့ဆက်တိုးကြတယ်။

အချစ်ဆိုတာ..................

ကိုရဲရင့်နီ က အချစ်အကြောင်းဆိုပြီး ပို့စ်လေးတစ်ခု tag လိုက်တဲ့အခါ ခုတလောလေးမှာပဲ ကျွန်တော် ကြည့်ဖြစ်ထားတဲ့ ရုပ်ရှင်ကားဟောင်းလေးကို သွားသတိရလိုက်မိပါတယ် ။ ဘာလို့လဲဆိုတော့ အဲဒီကားလေးက အချစ်အကြောင်းကို ရှုထောင့်တစ်မျိုးကနေ ခံစားပြထားပြီး လေးနက်တဲ့ theme လေးတစ်ခု ပေးထားလို့ပါပဲ ။

ဇာတ်ကားလေးက ၁၉၉၉ ခုနှစ်က ဒါရိုက်တာ Kimberly Peirce ရိုက်ကူးခဲ့တဲ့ Boys Don't Cry ဆိုတဲ့ ကားလေးပါ ။ အဓိကဇာတ်ဆောင်အဖြစ် မင်းသမီး Hilary Swank နဲ့ Chloe Sevigny တို့ ပါဝင်သရုပ်ဆောင်ထားပါတယ် ။ နာမည်ကြီး ရုပ်ရှင်ကားလေးမို့ ရုပ်ရှင်ဝါသနာအိုး အတော်များများလည်း ကြည့်ဖူးပြီးဖြစ်မှာပါ ။ ဇာတ်လမ်းက ၁၉၉၃ ခု၊ ဒီဇင်ဘာ ၃၁ ရက်က ရင်နာဖွယ်ဖြစ်ပျက်ခဲ့တဲ့ Teena Brandon ဆိုတဲ့မိန်းကလေးတစ်ယောက်ရဲ့ တကယ့် ဖြစ်ရပ်ကို အခြေခံပြီးရိုက်ထားတာပါ ။

ဇာတ်လမ်း အကျဉ်းကတော့ ဒီလိုပါ ။Teena Brandon ဟာ Brandon ဆိုတဲ့ နာမည်နဲ့ ယောင်္ကျားလေးတစ်ဦး အသွင်နေထိုင်တဲ့ ယောင်္ကျားလေးစိတ်ပေါက်နေတဲ့ tom boy တစ်ယောက်ပါ ။ တစ်ရက်မှာ ဘားတစ်ခုမှာ Candac ဆိုတဲ့ မိန်းကလေး တစ်ယောက် အတွက် နဲ့ ပက်သက်ပြီး ရန်ပွဲဖြစ်ရာက Teena ဟာ Nissen, Lotter, Candac, Lana ဆိုတဲ့ သူငယ်ချင်းသစ်တွေ ရလာခဲ့ပါတယ် ။ ဒီထဲကမှ Lena ကိုတော့ Teena က မြတ်မြတ်နိုးနိုး ချစ်မိသွားပါတယ် ။ အချိန်တို အတွင်းမှာပဲ လူငယ်ဆန်တဲ့ သူတို့တစ်တွေဟာ အရမ်းကို ရင်းနှီးသွားကြပါတယ် ။

တစ်ရက် ကားကို သတ်မှတ်မိုင်နှုန်းထက်ပိုမောင်းမိတဲ့ အဖြစ်ကြောင့် Teena ဟာ ရဲအဖမ်းခံရပြီး ဒီမြို့ကိုမရောက်ခင်က ကျူးလွန်ခဲ့တဲ့အမှုအတွက် ရဲ အလိုရှိနေသူမှန်းသိသွားပြီး မြို့ရဲ့ အမျိုးသမီးထောင်မှာ ထောင်ကျသွားပါတယ် ။ Lana က လွတ်အောင်ကူညီပေးခဲ့ပြီး ဘာကြောင့် အမျိုးသားထောင်မှာ မဟုတ်ပဲ အမျိုးသမီးထောင်မှာ ဖြစ်နေရသလဲ ဆိုတာ စုံစမ်းပါတော့တယ် ။ Teena က သူဟာ ဒွိလိင် ပါဝင်တဲ့သူ ( hermaphrodite ) ဖြစ်ပြီး မကြာခင်မှာ ခွဲစိတ်ပြီး ယောင်္ကျားအဖြစ် ခံယူမှာဖြစ်တယ်လို့ လိမ်ပြောလိုက်ပါတယ် ။ ဒီနောက်တော့ သူတို့ ဟာ တကယ်ကို ချစ်ကျွမ်းဝင်သွားကြပါတော့တယ် ။

ဒါပေမယ့် မကြာခင်မှာပဲ Nissen နဲ့ Lotter တို့ရဲ့ အတင်းအကြပ် ဖိအားပေးဖော်ထုတ် မှုကြောင့် Teena ဟာ မိန်းမပဲ ဖြစ်ကြောင်း သူငယ်ချင်းတွေအားလုံး သိသွားကြပါတယ် ။ မိန်းမအဖြစ်နဲ့ Teena ကို Lana ရဲ့ချစ်သူအဖြစ်ဘယ်သူကမှ လက်မခံနိုင်ကြတော့ပါဘူး ။ အဲဒီ ညမှာပဲ Nissen နဲ့Lotter တို့က Teena ကို အတင်းဖမ်းချုပ်ပြီး မိန်းမသားဘဝကို ဖျက်ဆီးလိုက်ကြပါတယ် ။ ပြီး Lotter အိမ်ကို ခေါ်ပြီး ဖမ်းချုပ်အထားမှာ ရေချိုးခန်းပြူတင်းကနေ Teena ထွက်ပြေးလွတ်မြောက်သွားပါတယ် ။ ဘာပဲဖြစ်ဖြစ် Teenaကို တကယ် ချစ်မိနေပြီ ဖြစ်တဲ့ Lana က Teena နဲ့အတူထွက်ပြေးဖို့ ကြံပါတော့တယ် ။ ဒီမှာတင် ရဲကိုမတိုင်ဖို့ ခြိမ်းခြောက်ခဲ့တဲ့ Nissen နဲ့ Lotter တို့က အရက်မူးပြီး Candac အိမ်မှာ ပုန်းနေတဲ့ Teena ကို Lana အော်ဟစ် တားမြစ်နေတဲ့ကြားက သေနတ်နဲ့ ပစ်သတ်လိုက်ပါတယ် ။ Lana တစ်ယောက် အရူးအမူး ခံစားလိုက်ရပြီး အလောင်းဘေးမှာပဲ လဲကျသွားပါတယ် ။ ပြန်သတိရချိန်မှာတော့ Teena က သေဆုံးနေပါပြီ ။ Teena ရေးခဲ့တဲ့စာလေးကိုဖတ်ပြီး Lana မြို့လေးကို စွန့်ခွာသွားတာနဲ့ ဇာတ်လမ်းလေးကို အဆုံးသတ်ထားပါတယ် ။

ဒီဇာတ်ကားလေးဟာ ၁၉၉၉ ခုနှစ်ရဲ့ အကောင်းဆုံး စာရင်းဝင်ခဲ့ပြီး အဖြစ် သရုပ်ဆောင်တဲ့ မင်းသမီး Hilary Swank က ၁၉၉၉ ခုနှစ်ရဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ရခဲ့ပါတယ် ။ ဇာတ်ကားကတော့ အော်စကာ နဲ့ ရွှေကမ္ဘာလုံး ဆု အပါအဝင် ဆုတွေအများကြီး ဆွတ်ခူး ခဲ့တာပါ ။ မင်းသမီး ဟာ ဇာတ်ကောင်စရိုက်ပီပြင်စေဖို့ အတွက် များစွာ အချိန်ယူ လေ့ကျင့်ခဲ့ပြီး သူမရဲ့ အိမ်မှာ ယောင်္ကျားလေးတစ်ယောက်လို နေထိုင် လေ့ကျင့် ခဲ့တဲ့အတွက် အိမ်နီးချင်းများက မင်းသမီး ရဲ့ အစ်ကိုအလည် ရောက်နေတယ်လို့ပင် ထင်ခဲ့ကြရပါသတဲ့ ။

ဒီဇာတ်လမ်းလေးဟာ မိန်းကလေး အချင်းချင်း ချစ်ကျွမ်းဝင်မိတဲ့ သူနှစ်ယောက် အကြောင်းရိုက်ပြထားတယ် ဆိုပေမယ့် ဇာတ်ကားတစ်ခုလုံး နိမ့်မြင့်တက်ကျ ဇာတ်ကွက်များနဲ့ စိတ်ဝင်စားဖွယ် ဆွဲဆောင်သွားနိုင်ခဲ့ပါတယ် ။ ငယ်ရွယ်သူများမကြည့်သင့်တဲ့ ကြမ်းတမ်းတဲ့ ပြကွက်တစ်ချို့ပါပေမယ့် ဇာတ်ကားလေးဟာ အနုပညာ အရ ချစ်ခြင်းမေတ္တာကို ပေါ်လွင်အောင် သရုပ်ဖော်သွားပါတယ် ။ Teena တစ်ယောက် ဘဝပျက် လုမတတ် အဆိုးဝါးဆုံးအဖြစ်အပျက် နဲ့ ကြုံတွေ့ရ အပြီးမှာ သူဟာ ယောင်္ကျားတစ်ယောက် ၊ သူ့ဘဝဟာ ယောင်္ကျားလေးပဲ ၊ ယောင်္ကျားဆိုတာ လွယ်လွယ် မျက်ရည်မကျတတ်ပါဘူး Boys don't cry ရယ်လို့ အားတင်း လိုက်တာလေးဟာ ဇာတ်လမ်းတစ်ခုလုံးရဲ့ အနှစ်လေးပါပဲ ။ Lena အပေါ်မှာထားတဲ့ သူ့ရဲ့မေတ္တာတရား ဟာ ကမ္ဘာ တည်သရွေ့ခိုင်မြဲနေမယ့် သူ့ရဲ့ သစ္စာပါပဲ ဆိုတာ ရင်ထဲမှာ ခံစားလိုက်ရပါတယ် ။ Lana အနေနဲ့လည်း ချစ်မိသွားတဲ့အခါ အချစ်ထက် ဘယ်အရာကမှ အရေးမကြီး တော့ ပဲ ကိုယ်ချစ်တဲ့သူဟာ ကိုယ့်ချစ်သူပါပဲလို့ မျက်ကန်းချစ်ပြစ်လိုက်ခဲ့ပါတယ် ။ တကယ်ချစ်လာတဲ့အခါ အချစ်ဟာ လောကကြီးကို ရင်ဆိုင်ဖို့ ခွန်အားတွေ ပေးစွမ်းနိုင်ခဲ့ပါတယ်

ဒီဇာတ်လမ်းလေးကို ကြည့်ပြီး အချစ်ဆိုတာ အချိန် ၊ နေရာ ၊ လူပုဂ္ဂိုလ် ၊ အသားအရောင် ၊ ဘာသာတရား ၊ လောကကြီးရဲ့ နိယာမ စည်းမျဉ်း ဥပဒေ တွေရဲ့ အပြင်ဘက်မှာ ရှိနေတဲ့ အလွန်ထူးဆန်းတဲ့ အရာပါပဲ လို့ ခံစားမိပါတယ် ။ အချစ်ဆိုတာ ခွန်အားလား ၊ ပျော့ကွက်လား ။ မှားယွင်းမှုလား ၊ သစ္စာတရားလား ။ ချစ်နေရရုံလေးလား၊ ရမ္မက်လား ။ အဲလို ထူးဆန်းလှတဲ့ အချစ်ကို ကျွန်တော်တို့ နားမလည်နိုင်တာ ဘာမှ မဆန်းပါဘူး ။ ဒီဇာတ်ကားလေးဟာ အချစ်ကို ကိုယ်စားပြုနိုင်တယ်လို့ မဆိုလိုချင်ပါဘူး ။ ဒါပေမယ့် အချစ်ကို ခံစားမိစေတယ်လို့တော့ ဆိုချင်ပါတယ် ။ ဒါကြောင့် ရိုးရိုးလေးနဲ့ ဆန်းပြားလှတဲ့ အချစ်ကို ရောင်စုံခြယ် တံဆိပ်ကပ်ဖို့ ကျွန်တော် တော်တော် မဝံ့ မရဲ ဖြစ်မိပါတယ် ။

တကယ်တော့အချစ်ဆိုတာ...အချစ်ပါပဲ...။ ဟုတ်ပါတယ်..ရိုးရိုးလေးပါ...အချစ်ဆိုတာ...........။

( ရောင်းရင်းကြီး ကိုရဲရေ အကြွေးဆပ်လိုက်ပါပြီနော် ။ တစ်ဝိုင်းပေးရမယ်...ဦးနှောက် စားသွားလို့..။ :P)
အားလုံးရွှင်လန်း ချမ်းမြေ့ကြ ပါစေဗျာ ။


ကျွန်တော် သိသော အချစ် ဆိုသည်မှာ (TAG POST)

အစ်ကိုကြီး တစ်ယောက်၏ ကြေကွဲဖွယ် ဇာတ်လမ်းကို အမှတ်မထင် သိရကတည်းက ထိတ်ကနဲ ဖြစ်သွားတဲ့ ရင်...။ ထုံးစံအတိုင်း မှိုင်းညို့ အုံ့ဆိုင်း သွားရ ပြန်သည်..။ တကယ်ပဲလား.. အဲဒါဟာ..။...အချစ်ဆိုတာ..ကိုယ်က.. ဆုံးရှူံးတဲ့အခါ.. ၀မ်းနည်းခံစားရမဲ့. အတိုင်းအတာ.. ပမာဏ... တဲ့လား...။

“ဘ၀တစ်ခုလုံး မြတ်နိုးရသူလေး
မင်္ဂလာပါ.......
ဒီနေ့တစ်နေ့တော့.
မြေဖြူကိုင်တဲ့လက်နဲ့ ဒေါက်ကနဲ မခေါက်ပါနဲ့
ဘာဖြစ်နေတာလဲ မအော်ပါနဲ့.
ခင်ဗျား..ဦးခေါင်းမှာ စံပယ်တစ်ပွင့် ပန်ဆင် ပေးချင်လို့ပါ......


အပြင်သွားမယ်ဆိုရင် မလိုက်ဘူး..။ရေခပ်တိုက် ဆိုရင် မတိုက်ဘူး..။ အရုပ်ကလေးလို မျက်လွှာချပြီး ထိုင်နေတာ ချည်းပဲ ကိုး။ မျက်တောင်ကော့ကော့.. နှာတံသွယ်သွယ်.. နှုတ်ခမ်း ဖူးဖူးလေး နှင့်..။.ရင်ဖုံးအကျီင်္ဖြူ ကျောင်းစိမ်းလုံချည် လေးနှင့်.။ နောက်တွဲဆံထုံး လေးနှင့်..။ သူသိပ်လှတာသည်. ဆိုတာထက်.. မြတ်နိုး ချစ်ကြင်ဖွယ် ဖြစ်သည်။ ၀ိုင်းကြီး ပတ်ချာ လှည့်နေသော ကျောင်းသား ကလေးငယ် များကို သူကြင်နာစွာ ကြည့်လိုက်တာ ကို မြင်တိုင်း စိတ်ချမ်းမြေ့ရသည်။

ခွဲခွာ ခါနီးလေ ရက်စက်လေ ဖြစ်သော ကံကြမ္မာ ။ မောနေသော သူ့ကို ကျွန်တော် ကိုယ်တိုင် ဖော်ထုတ် ပေးခဲ့ ရသည့် အဲ့ဒီရောဂါ..။..သူ့ကို လူတစ်ဦးနှင့်..နေရာချ ပေးချင်နေသည် ဆိုသော အဲ့ဒီသတင်း..။..ပညာတော် သင် ထွက်ခွာရန် နီးကပ်လာသော ကာလနှင့် ဂုဏ်ယူစွာ.. စောင့်ဆိုင်း နေကြသော.. မိနှင့်ဘ.. ညီအစ်ကို မောင်နှမ...။..သူ့အိမ်က ပြုံးပြီး ပြန်လာခဲ့ပေမဲ့ ..ကောလိယ ချောင်းရေထဲ ပူဆွေးရသမျှ တိုင်တည်မိသည်..။..

တုန်လှုပ်သော ရင်နှင့်ပင် ပါရဂူ အစ်မနှင့် ပြသည်..။ ဆေး သောက်ရန် စီစဉ်ရသည်..။..မြန်မာပြည်မှာ နေရသော. သုံးလတာ ကာလအတွင်း.. သူ့အတွက်.. မှာတမ်း စာအုပ် တစ်အုပ် ပြုစုသည်..။ အိပ်ရေးပျက် ညတွေ.. အိပ်မက်ဆိုးဆိုး.. တွေကြားမှာ.. သူ့အမျိုး ကိုယ့်အမျိုး.. ကိုယ့်ငါးချဉ် ကိုယ်ချဉ်နေသည့် သတင်းကို နားမစိုက်အားခဲ့..။ သူ့ကို ယုံသည်ပဲလေ..။

သွားခါနီး တစ်နေ့မှာတော့.. သူက ကျွန်တော့်ကို ပြောသည်။.. "နင့်..မျက်နှာကို မကြည့်ချင်ဘူး"..တဲ့..။ အဲဒါဟာ စိတ်တုန်လှုပ် ခြောက်ခြားလို့ သူ မဟုတ်တဲ့ သူက ပြောတဲ့ စကား..။ ကျွန်တော်က ထားခဲ့ရမယ်တဲ့လား. သူ့ကို..။. စိတ်ပူနေရတာနှင့်.. ကျွန်တော် တုန်လှုပ်ဖို့ သတိမရခဲ့..။

သူ့ကို ကျွန်တော် မသိတော့ဘူး..။.. သူကလည်း ကျွန်တော့်ကို သိဟန်..မတူတော့..။. စာအုပ်ကလေးကို မမေ့ဖို့.. ဆရာဘုန်းကြီးဆီ.. သွားဖို့ ထပ်ခါ ထပ် ခါ မှာသည်..။ စိတ်မချစွာ မှာသည်.။ "မကြားလိုပါ." တဲ့။ ပြတ်သားသော စကားနှင့် ရန်လိုလို ငြင်းပယ်သည်..။ သူ့မျက်ဝန်းမှာ မျက်ရည်စတို့ ရှိမနေ..။..သို့သော်.. သူ ငိုနေတာကို သိသည်..။သူ အခိုက်အတန့် ရူးသွပ်သွားတာပဲ ဖြစ်မည်..။..သို့မဟုတ်.. ဖြစ်စေချင်ခဲ့ မိသည်..။

ပူဆွေးသောက.. တွင် စိုးရိမ်ပူပန်မှုက ထပ်ချပ်လိုက်လာပြန်သည်..။..ဘာမှ လုပ်မပေးနိုင်သည့် မိခင်ကြီး ရင်ခွင်တွင်ပင်..ရှိုက်၍ ငိုရသည်..။.. လူ့ သဘောကို အစ အဆုံး မသိနိုင်..သော်လည်း.. သူ့သဘောကိုတော့ အထိုက်အလျောက် သိရှိသည်ဟု ယုံကြည်သည်..ယုံကြည်ခဲ့ မိသည်..။..

ပူဆွေးသောက ရောက်လာတော့ လေ့လာခဲ့ဖူးသော ဧကာယနော မဂ္ဂေါ ဟု ဆိုအပ်သော.. တရားကသာလျင် သက်သာ အောင်.. စောင့်ရှောက်သည်..။သြော်. ဒါဖြင့် သူ့အတွက်က ကော...မိမိ၏ အမှာစကားများနှင့် လုံလောက် ပါ၏လော..။..သူ့စိတ်ကိုသူ စောင့်ရှောက် နိုင်ပါ၏လော...။ မသိနိုင်တော့ပါ..။ သူ့စိတ်ကို မိမိ မပိုင်..မိမိ စိတ်ပင်လျင် မိမိ မပိုင်..။..ဘယ်သူ့ စိတ်ကိုမှ ဘယ်သူကမှ မပိုင်..။ မခိုင်သေးသမို့ အနိုင်နိုင် လျှောက်လှမ်း နေရသည့် သံသရာ ခရီးသည် တွေ ပင် မဟုတ်လော..။

ဖီလိုဆိုဖီ သဘော နှင့်လည်း အချစ်ကို မပြောပြ တတ် တော့ပါ..။.. ချောက် အိပ်မက် များကိုလည်း မမက်လိုတော့..။. အဖြေရှာ လိုသော စိတ်လည်း မရှိလေတော့..။..သို့သော် အချစ်ဟု ဆိုတာနှင့် မရေးလိုလျင်သာ ရှိရမည်.. ဥပါဒါန် သဘောက သူ လို့ပဲ စွဲနေသည်..။

ကံကြမ္မာ ဆိုးသည် ဟူ၍လည်း ထပ်မံ မစွပ်စွဲ လိုတော့..။.ပင်ပန်းသော ဆင်းရဲ ၏ အရင်း အစ.. ကို မရှောင်နိုင် မလွှဲနိုင် ဆွဲ..ကိုင်မိလေသော ဘယ်သူ မပြု မိမိမှု သာ ရှိလေသည်..။..

(ဂီတနက်သန်) ကိုစောညိန်း"သစ္စာ" ဟူသော သီချင်းလေး ကို ကလေးဘ၀က ကြားဖန်များ၍ ကြိုက်နှစ်သက် ခဲ့တုန်းက တစ်နေ့မှာ မိမိ အတွက်..ဖြစ်လာလိမ့်မည် ဟု မထင်မိခဲ့..။..ယခုတော့..ဒီသီချင်းလေးကိုပဲ ညည်းချင် နေမိသည်..။..

"သစ္စာ..သစ္စာခင်ရယ်..ခင့်ကိုချစ်ကြင်လေသမျှ.. လောကရဲ့ ပရိယာယ်... မာယာ အသွယ်သွယ်.. ဆန်းကြယ်စွာ သူလှည့်စား၍ ..ဇရာကား ၀ါးမြိုခဲ့ ပြီကွယ်.. နေစိမ့်တဲ့ ခင်ရယ်..ကွယ်ပျောက်လို့ ဘယ်ဆီမှာဝေးတယ်..သီတာရေမြေ..ဆုံးပါစေတော့.. ရှာရတော့မယ် သစ္စာ ခင်ရယ်.. မေတမင်ပုန်းရက်မှာလားကွယ်..။"

ရေးသောစာသည် အကျိုးမဲ့သော စာများ ဖြစ်နေမလား ဟူ၍ တွေး မိ သေးသည်..။..ဆုံးဖြတ်ချက်ကမူ မခိုင့်တခိုင်..။..သူ့ အမည်..မပါသော..သူ့အကြောင်းကို တခုတ်တရ သဘောနှင့် နောက်ဆုံး ရေးသားပါသည်..။
..

မှတ်ချက်..။ ။အစ်ကို ရဲရင့်နီ နဲ့ ညီမတော် ငှက်ကလေးရေ... ကျွန်တော့် အသိက လိုက်မီတဲ့ အချစ် သဘောဟာ . ပုဂ္ဂလိက သဘောအသွင် ဆောင်လွန်းလို့ အစ်ကို့တို့ ညီမလေးတို့ လို အဓိပ္ပါယ် ပြည့်ပြည့်၀၀ ဖွင့်ဆို နိုင်စွမ်း မရှိတာကို.. ခွင့်လွှတ် သည်းခံ ပေးကြပါခင်ဗျာ..။ TAG POST လေးကို ရေးရင်း နှင့် ဒိုင်ယာရီ ရေးသလို. ဖြစ်သွားရပါတယ်..။...ဘာစာပေ အမျိုး အစား မှန်းလည်း မသိတော့..။..ခြေဦးတည့်ရာ ရောက်သွားတယ်..။.နောက်ဆုံး ရေးသားခြင်း ဖြစ်၍.... ခွင့်လွှတ် သည်းခံ ပေးကြရန် တောင်းပန်ပါကြောင်း...မိတ်ဆွေ အပေါင်းတို့ခင်ဗျား...။ ။



ကျွန်တော်သိသောအချစ်ဆိုသည်မှာ

ကိုရဲရင့်နီ tag လိုက်တဲ့ ခေါင်းစဉ်လေးကိုက ကျွန်တော်သိသောအချစ်ဆိုသည်မှာ တဲ့။ အဲဒီတော့ လွယ်ပါတယ်။ ကျွန်တော်သိသလောက်ပဲ ရေးရမှာပေါ့။ ကျွန်တော်ကလည်း အများကြီးမှ မသိတာ။
ဒီနေရာမှာ အချစ်ဆိုတာကို ၅၂၈ ဆိုတဲ့ အချစ်မေတ္တာကို ဖယ်ထားလိုက်ရအောင်။ ဘာလို့လဲဆို အဲဒီအကြောင်းက သပ်သပ်ပြောမှ ကောင်းမှာကိုး။ ၁၅၀၀ အချစ်နဲ့ ရောထွေးပြီး ပြောလို့ မကောင်းပါဘူး။ အဲဒါကြောင့် ဒီစာစုမှာပြောမယ့် အချစ်အကြောင်းဆိုတာ ဦးကျော်ဟိန်းတို့၊ ဦးချစ်ကောင်းတို့ ဆိုသလို အေးမြတဲ့ ၅၂၈ ချစ်မေတ္တာမဟုတ်ပဲ မီးလိုပူတဲ့ ၁၅၀၀ အချစ်ကို ပြောတာ ဖြစ်ပါတယ်။
ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် တစ်စုံတစ်ယောက်ကို ချစ်မိပြီဆိုရင် ရယူပိုင်ဆိုင်လိုခြင်းတစ်ခုပဲ ရှိတယ်လို့ ထင်ပါတယ်။ စွန့်လွှတ်ပေးဆပ်ခြင်းနဲ့ ချစ်တယ်ဆိုတာ တကယ်တော့ မဖြစ်နိုင်ပါဘူး။ အဲဒီစကားလုံးက ပိုင်ဆိုင်ခွင့်မရှိတော့တဲ့နောက်မှ လှလှပပလေး ဖြေသိမ့်တဲ့ စကားလုံးလို့ပဲ ထင်ပါတယ်။ ချစ်ခြင်းရဲ့ Plan B ပေါ့ဗျာ၊ ဟဲ ဟဲ။
ချစ်မိပြီဆိုရင်တော့ ပထမဆုံး ရယူပိုင်ဆိုင်ခွင့်ရဖို့ ကြိုးစားကြမှာပါပဲ။ အခက်အခဲ အတားအဆီး တစ်ခုခု ရှိနေမှသာ အဲဒီစကားလုံး လှလှလေးကို သုံပြီး ကွဲသွားကြတာ။ သူတို့ရဲ့ အချစ်ခရီးလမ်းကြီးက ဖြောင့်ဖြူးနေမှတော့ အလကားနေရင်း စွန့်လွှတ်ပေးဆပ်ပြီးတော့ ချစ်မနေဘူး။ စာရေးဆရာလိုလို၊ ကဗျာဆရာလိုလို အရူး နှစ်ပိုင်းတစ်ပိုင်းတွေတော့ မသိဘူးပေါ့ဗျာ။
ရည်းစားများတဲ့ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ရဲ့ လက်သုံးစကားလေး တစ်ခွန်းရှိတယ်။ ဘယ်ပညာရှိ ပြောခဲ့တာမှ မဟုတ်လောက်ပါဘူး။ သူ့ဟာသူ ထွင်ထားတာနေမှာ။ လူတစ်ယောက်မှာ အချစ်စစ် သုံးဆယ့်ခြောက်ခါ ပေါ်သတဲ့။ သူ့အတွက်တော့ ဟုတ်မှာပေါ့။ သုံးဆယ့်ခြောက်ခါမဟုတ်ပဲ သုံးရက်ခြောက်ခါ မဟုတ်ကံကောင်း။ အဲဒီလို အချစ်ကို ကစားစရာလို သဘောထားနေသူတွေအတွက်တော့ အချစ်ဆိုတဲ့ အဓိပ္ပါယ်က ပြောလို့ကို မရတော့တာ။
ရှိတ်စပီယားရဲ့ ရိုမီယို ဂျူးလိယက် လို အချစ်မျိုး၊ ဒဏ္ဌာရီထဲက ရှင်မွေ့နွန်း မင်းနန္ဒာ လို အချစ်မျိုး အပြင်မှာ တကယ်မရှိဘူးလို့တော့ မပြောရဲပါဘူး။ ရှိတော့ရှိမယ်၊ အင်မတန်ရှားလိမ့်မယ်။ များသောအားဖြင့်တော့ လူဆိုတာ ကိုယ့်ကိုကိုယ်သာ အချစ်ဆုံးပဲဗျ။
ဆရာမင်းခိုက်စိုးစန်ရဲ့ ဂျစ်ပစီတစ်ယောက်ရဲ့ ရင်ကွဲပက်လက်လမ်းဆုံ ထဲကလိုပေါ့။ သူ အင်မတန်ချစ်ပါတယ်ဆိုတဲ့ ကောင်မလေး ရေနစ်နေတာကို ကယ်တယ်။ အဲဒီမှာ ကောင်မလေးက ကြောက်အားလန့်အားနဲ့ သူ့ကို အတင်းဖက်ထားတော့ ဘယ်လိုမှ ကူးလို့မရပဲ သူပါရောပြီး နစ်နေတာပေါ့။ ရေတွေအရမ်းမွန်းပြီး လေလေးနဲနဲမှ မရှူရရင် သူသေတော့မှာပါလားလို့ ထိတ်လန့်တကြား သိလိုက်တဲ့ အခိုက်အတန့်လေးမှာ ကောင်မလေးကိုလဲ သတိမရနိုင်တော့ဘူး။ တအားရုန်းထွက်ပြီး ရေပေါ်ကိုတက်၊ အသက်ကို တ၀ကြီးရှူပြီး ကြောက်တဲ့စိတ်ပြေမှ သူ့ကောင်မလေးကို သတိရလိုက်တဲ့အချိန်မှာ နောက်ကျသွားပြီ။ လူဆိုတာ သိစိတ်က ဘယ်လောက်ပဲချစ်ပါတယ်ပြောပြော၊ မသိစိတ်ထဲမှာ ကိုယ့်ကိုကိုယ် ချစ်တဲ့ အချစ်စိတ်လေး အမြဲတမ်းရှိနေတယ်ဆိုတဲ့အကြောင်း ပြောချင်တာပါ။ကျွန်တော်ကတော့ ဆရာမင်းခိုက်စိုးစန်ကို အပြည့်အ၀ ထောက်ခံပါတယ်။
ကဲ ... ကိုရဲရင့်နီရေ...။ အချစ်ဆိုတာကို ကျွန်တော်သိသလောက် ဟိုရောက်ဒီရောက်နဲ့ ရေးလိုက်ပါပြီ။ ဘာပဲဖြစ်ဖြစ် အမုန်းတွေများတာထက်စာရင် အချစ်တွေများတာ ပိုမကောင်းဘူးလားဗျာ။ အဲဒီတော့ အားလုံးပဲ ချစ်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်ဗျာ။ ။



ငါ့သား၊ငါ့သမီး၊ ငါ့အဖေ၊ငါ့အမေ၊ ငါ့ညီ၊ငါ့အကို၊ငါ့မောင်ငါ့အမ၊စသည်ဖြင့်နေမှကောင်းရဲ့လား၊ စာမေးပွဲမှဖြေနိုင်ရဲ့လား၊စီးပွားရေးမှ ပြေလည်ရဲ့လား၊စသည်ဖြင့်ပူပင်သောကရောက်စေတယ်ဗျ။ အဲ.... ၁၅၀၀ကျတော့ ကိလေသာတဏှကပါလာပြီ။ ငါ့ရည်းစား ဘယ်ကောင်နဲ့ တွဲနေလဲ၊ ငါ့ရည်းစား ဘယ်ကောင်မနဲ့တွဲနေလည်း၊ ဒီလိုမျိုးလည်း ဖြစ်တတ်သလို၊ ဒီနေ့တွေ့ရင်သူ့ပါးလေးတော့ နမ်းလိုက်ဦးမှ၊ ဒီနေ့တွေ့ရင် သူ့အနမ်းလေးတော့ ခံလိုက်ဦးမှစသည်ဖြင့်ပေါ့ဗျာ ပူလောင်တတ်သဗျ။ သူချစ်ပဲဖြစ်ဖြစ်၊ ကိုယ်ချစ်ပဲဖြစ်ဖြစ်ဘယ်အရာမှမကောင်း
ဘူး၊ စိတ်ကိုပူလောင်စေတယ်။ဒီလိုပဲ ရယူပိုင်ဆိုင်ခြင်းလဲ မကောင်းဘူး၊ ပေးဆပ်ခြင်းလဲမကောင်းဘူး။
ပုထုစဉ်တွေဆိုတော့လဲ ခက်သားလားဗျာ။ဒီလိုပူမှန်းသိရက်နဲ့ပဲ ဒီအချစ်ဆိုတာ
ကြီးကို လိုချင်တပ်မက်ကြတယ်။ ပိုးဖလံလေးတွေလိုပါပဲ မီးကိုပူမှန်းသိရက်နဲ့ရှေ့ဆက်တိုးကြတယ်။
တချို့လဲမသိလို့ တိုးကြတယ်။ ပိုးဖလံလေးတွေမီးထဲကိုဘာကြောင့်တိုးသလဲ??????????
သူတို့စိတ်ထဲမှာ မီးနားနီးလေ ပိုအလင်းရလေထင်နေကြတာကိုးဗျ၊ ကိုယ့်ရဲ့ခန္ဓာတဖြေးဖြေး လောင်ကျွမ်းခံလိုက်
ရတာတော့ သတိမထားမိလိုက်ကြဘူးဗျ၊ အဲ...... သိလိုက်တဲ့အချိန်ကြတော့ နောက်ကျနေပြီလေ။
လူတွေလဲဒီလိုပဲ အချစ်ကို လောကနိဗ္ဗာန်ကြီးတခုလို ထင်နေကြတယ်၊ တကယ့်တကယ် နိဗ္ဗာန်ရောက်
ကြောင်းကျတော့ ဘာမှမလုပ်ပဲလိုချင်ကြတယ်။ ဘာမဟုတ်တဲ့ အချစ်ကိုကျတော့ မရရင်သေမလိုပဲဖြစ်တတ်
ကြတယ်။
ကဲ..... ပြောပြကြပါဦးဗျ အချစ်ဟာ ကောင်းသေးလား။ အင်း.............. ကျနော်လဲ ဒါမျိုးတွေစဉ်းစားမိတော့
ဗျာ...... အာသဝေါတောင်ကုန်သွားပြ၊ီ တဏှလေးနည်းနည်းကျန်နေလို့ အဲဒီအချစ်ဆိုတာကြီးကိုပဲ ပူမှန်းသိရက်
ရှေ့ဆက်တိုးလိုက်ဦးမယ်ဗျာ


မျက်ဝန်းမှတဆင့် သို့မဟုတ် အချစ်ဆိုသည်မှာ

အချစ်ဆိုသည်မှာတဲ့ ကိုရုပ်ရင့်ကြီး အော်..မှားလို့... ကိုရဲရင့်နီ တက်ဂ်ထားတာပါ။ တက်ဂ်ကြွေးတွေ မကြေသေးတော့ စိတ်ထဲမှာလည်း ပို့စ်အသစ်တင်ဖို့ မရဲပါဘူး.. အဟဲ..ဆင်ခြေပေးနေတာ..တကယ်တော့ လုံးဝကို မအားတာပါနော်။ အဲဒီ အချစ်ဆိုသည်မှာ ကို မက်မက်ရဲ့ အဒေါ် တီတီဒွင်းက ရေးပေးထား ပြီးပါပြီ။ :P ဒါပေမယ့် ထပ်တက်ဂ်တယ် ဆိုတော့လည်း ထပ်ရေးပေးပါမယ်။ အမယ်..ရေးပေးမယ်ဒါ ပြောတာ သူတို့တွေ ရေးထားတာတွေက တော်တော်လေး ပြည့်စုံနေတော့ မက်မက်တို့ ဖတ်ရတာနဲ့တင် ရေးစရာ မကျန်တော့ဘူး...အဟဲ...အချစ်ဆိုသည်မှာ ဘာလဲ ဆိုတော့ လူတိုင်းလူတိုင်း သိစိတ်က မသိပေမဲ့ မသိစိတ်က သိနေတဲ့အရာပါ...အဟဲ..နဲနဲမြင့် သွားလား မသိဘူးနော်...... အဟိ ...အချစ်ဆိုတာ မတူညီတဲ့ လူနှစ်ဦးက တူညီအောင် ညှိပြီး အချစ်ပေါ် အချစ်ဆင့်ကာ မိသားစုဆိုတာ ဖြစ်လာပါတယ်၊ လူမှုအတိုင်းအ၀ိုင်း ဆိုတာတွေ ဖြစ်လာပါတယ်။ ပတ်ဝန်းကျင် ဆိုတာတွေ ဖြစ်လာတယ်။ မျိုးဆက်တွေ ပွားပြီးလာပါတယ်။ဒါကြောင့်

သူ+သူမ=အချစ်
သူ+သူမ+အချစ်=လက်ထပ်ခြင်း
သူ+သူမ+အချစ်+လက်ထပ်ခြင်း=သားသမီးရတနာ သူ+သူမ+အချစ်+လက်ထပ်ခြင်း+သားသမီးရတနာ=မိသားစု သူ+သူမ+အချစ်+လက်ထပ်ခြင်း+သားသမီးရတနာ+မိသားစု=ပြသနာ

ဆိုတာတွေ ဖြစ်လာတာပါ။ အကောင်းဆုံးကတော့ တဏှာဖက် မနွယ်တဲ့ အချစ်သည်သာ အေးမြတာပါ။ အချစ်ကြောင့် စွဲလမ်းမှု ဥပါဒါန် တွေ ဖြစ်ပြီး မလိုလားအပ်တဲ့ ပြသနာတွေကင်းတဲ့ ဖြူစင်တဲ့ အချစ်သည်သာ အေးမြတယ်လို့ ထင်ပါတယ်။ များများချစ်ရင် များများခံစားရပြီး နဲနဲပဲချစ်ရင် နဲနဲပဲခံစား ရတာပါ၊ အချစ်ကြီးလို့ အမျက်ကြီးသွားတဲ့ ဘုရားရှင် လက်ထက်က အကြောင်းလေးကို ပြောပြပါ့မယ်နော်။

ဘုရားရှင် လက်ထပ်က ၀ိနောဓ ဆိုတဲ့ဘုရင်တစ်ပါး ရှိပါတယ်။ သူ့မှာ အရမ်းချောမော လှပတဲ့ ဆန္ဒရလင်္ကာ ဆိုတဲ့ ကချေသည် ရှိပါတယ်။ သူမဟာဘယ်လောက်ထိချောလဲဆိုရင် ဘုရင် အပါအ၀င် စစ်သူကြီး သူဌေးကြီး တွေကပါ သူမရဲ့ ဆိုဟန်၊ ကဟန်တွေနဲ့ သူမရဲ့ ရူပါကို စွဲမက်တမ်းတ နေရတာပါ။ နိုင်ငံရဲ့ အလှဂုဏ်ဆောင် ဘုရင့်ကို ဖြော်ဖြေကပြရတဲ့ ကချေသည် ဆိုတော့ တော်ရုံချောတာ မဟုတ်ဘူးနော် ။အလွန်တရာမှ ချောမော လှပတာပါတဲ့။

ဒါကြောင့်လည်း ဘုရင်က သူမကို အနားမရှိ၊ တံခါးမရှိ၊ ဓားမထိတဲ့ ဆုတံဆိပ် ချီးမြှင့်ထားပါတယ်။ (တရုတ်ကားထဲက ပေါင်ချိန်ကို ဘုရင်က ရတနာကျောက်စီဓား ဆုပေးထားသလိုမျိုးပေါ့) နန်းတွင်းထဲကို ၀င်ချင်တိုင်းဝင် ၊ ထွက်ချင်တိုင်း ထွက်နိုင်တဲ့ မည်သူတစ်ဦး တစ်ယောက်မှ တားပိုင်ခွင့် မရှိတဲ့ ဆုပါ။ အပြစ်ရှိ ခဲ့ရင်တောင် ဘုရင့်လက်နက်နဲ့ မထိရ မသေရတဲ့ ဆုဖြစ်ပါတယ်။

တစ်နေ့တော့ဘုရင်က သရက်တော ဥယျာဉ်က သူကိုးကွယ်တဲ့ အရိယာ ရဟန္တာ တစ်ဦးဖြစ်တဲ့ အရှင်ကောဏ္ဍည ဆိုတဲ့ ရဟန်းတော်ကို နန်းတွင်းထဲခေါ်ပြီး တရားနာပါတယ်။ တရားနာ တဲ့အခါ သမာဓိ ပျက်မှာစိုးလို့ နန်းတွင်းဆောင်ထဲ မည်သူမှ မ၀င်စေရလို့ မှာထားပါတယ်။ ဒီအချိန်မှာ အလှပဂေး ဆန္ဒရလင်္ကာလေး ရောက်လာပါတယ်။ နန်းဆောင်ထဲ ၀င်မယ်လုပ်တော့ တံခါးစောင့် ဗိုလ်မှုးလေးက တားမြစ်ပါတယ်။ ဒါကို ဆန္ဒရလင်္ကာလေးက သူ့ကိုတားရ ကောင်းလားဆိုပြီး အမျက်တော်ရှကာ ဘုရင်ပေးထားတဲ့ တခါးမရှိ ဓားမထိတဲ့ ဆုကို ထုတ်ပြကာ သူ့ကို ဘယ်သူမှ တားခွင့်မရှိကြောင်း ရန်တွေ့တာပေါ့။ ဒါကိုဘုရင်က ကြားတော့ သူမကို ၀င်လာဖို့ ခေါင်းညိတ် ပြလိုက်တယ် ဆိုရင်ပဲ ဆန္ဒရလင်္ကာ လေးက၀င်လာပြီး ဘုရင့်အနားမှာ ၀င်ထိုင်ပါတယ်။ ၀တ်ကောင်းစား လှတွေနဲ့ တောက်ပြောင်နေတော့ သူမ၀င်လာတာကို အရှင်ကောဏ္ဍည ကလည်းမြင်ပါတယ်။ အဲဒီမှာ ဆန္ဒရလင်္ကာလေး ကတော့ ရဟန္တာ ကိုမြင်ပြီး အင်မတန် အေးချမ်းတဲ့ ရဟန်းရှင်ရဲ့ မျက်နှာတော်နဲ့ တည်ငြိမ်တဲ့ မျက်ဝန်းတော်ကို တွေ့လိုက်ရတော့ အဲဒီရဟန်းကို ချစ်စိတ်တွေ ဖြစ်ပေါ်ပြီး၊ စွဲလမ်းစိတ်နဲ့ ပိုင်ဆိုင်ချင် စိတ်တွေ ဖြစ်ပေါ်လာပါတယ်။ တဏှာကုန်ပြီး ပပဉ္စ တရားသုံးပါး (ဒိဋ္ဌိ၊ တဏှာ၊ မာန) တွေမရှိတဲ့ ရဟန္တာအရှင်မြတ် ကတော့ အေးဆေး တည်ငြိမ်စွာနဲ့ပဲ တရားဆက်လက် ဟောပါတယ်။

ဒီလိုနဲ့ နောက်တစ်နေ့မှာ ဆန္ဒလင်္ကာလေးက ရဟန္တာ သီတင်းသုံးရာ သရက်တော ဥယျာဉ်တော်ကို ရောက်ရှိ လာပါတယ်။ ပြီးတော့ မထေရ်ရဲ့ ခြေတော်အစုံကို သူမဆံပင်နဲ့ ပတ်ကာ ၀ပ်ဆင်းပြီး အရှင်ဘုရား တပည့်တော်မကို အရှင့်ရဲ့ အပါးမှာ တဖ၀ါးမကွာ ပါရမီဖြည့်ခွင့် ပေးပါဘုရားတဲ့...ဒီတော့ အရှင်ကောဏ္ဍညက အကျွန်ုပ်မှာ ပြုစုလုပ် ကျွေးရန် ကပ္ပိယ ရှိတယ် ဒကာမ ၊ ကျွန်ုပ်အတွက် ဘာမှမလိုပါ လို့ ပြောတာပေါ့။ ဒီတော့ ကချေသည်လေးဟာ သရက်တော ဥယျာဉ်ကျောင်းကို နေ့တိုင်းနေ့တိုင်း လာပါတယ်။ အဲဒီအခါမှာ ရဟန္တာ ကလည်း တံခါးကို ပိတ်ကာ အတွေ့မခံတော့ပါဘူး။ ဒါပေမယ့် ဆန္ဒရလင်္ကာက အနုပီယ သရက်တော ဥယျာဉ်ကို သွားမြဲသွားပြီး ရဟန္တာရဲ့ မျက်နှာလေးကို တွေ့ရနိုး တွေ့ရနိုးနဲ့ တံခါး အပြင်ကနေပဲ နေ့တိုင်း စောင့်နေ ပါတယ်တဲ့။

ကြိုက်မရှက်၊ ငိုက်မရှက်၊ ငတ်မရှက် ဆိုတဲ့အရှက်သုံးပါး ဖြစ်နေတော့ ကျန်းမာရေး တွေလည်းထိခိုက် လာပါတယ်။ ကကြိုးကကွက် တွေကလည်း မမှန်ဖြစ် နေတာပေါ့၊ ဒါကိုသိနေတဲ့ ဒုတိယ ကချေသည်မလေး ကုန္ဓရကေသာ ဆိုသူကလည်း ကုန်းချောဖို့ ချောင်းနေပါတယ်။ ပြီးတော့ ဘုရင်ဆီကို သွားလျှောက်တင်ပါတယ်။ သရက်ကိုင်းလေးကို ကိုင်ပြီး အရှင်မင်းကြီး ဒီသရက်ကိုင်းက ဆန္ဒရလင်္ကာရ လေးရဲ့ရထားလုံး ပေါ်ကရရှိတာပါ၊ ဆန္ဒရလင်္ကာလေးဟာ သရက်တောဥယျာဉ် ကျောင်းလေးကို နေ့တိုင်းသွားကြောင်း၊ အရှင်ကောဏ္ဍညနဲ့ ဆန္ဒရလင်္ကာလေးတို့ ဖောက်ပြားနေကြောင်း ကုန်းချောပါတယ်။ ဒါကိုဘုရင်က မှူးမတ်တွေကို သွားစုံစမ်း စေပါတယ်။ မှူးမတ်တွေကလည်း ဆန္ဒရလင်္ကာလေးက မထေရ်ကြီးကို သူနဲ့ပေါင်းဖော်စေ လိုကြောင်းနဲ့ နေ့တိုင်း သရက်တော ဥယျာဉ်ကျောင်းရဲ့ အပြင်မှာ ရဟန်းကို မြင်ရရုံနှင့် ကျေနပ်ကာ စောင့်နေကြောင်း စသည်ဖြင့် ပြောကြား လိုက်ပါတယ်။ အဲဒီမှာ ဘုရင်က စဉ်းစားပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ရဟန္တာမထေရ်နဲ့ ကချေသည်တို့ ညားတယ်ဆိုတာ ပြောမကောင်း ဖြစ်မဲ့အစား၊ ငါကိုယ်တော်ပဲ အနစ်နာခံပြီး သာသနာကို အဖတ်ဆယ်ရမယ်၊အမျိုးမြင့်တဲ့ဘုရင်နဲ့ ဇာတ်နိမ်တဲ့ ကချေသည်တို့ ဖြစ်တာက ငါတို့ပုထုဇဉ် တွေအတွက် ကိစ္စမရှိ ဒါကြောင့် သာသနာမှာ အပြောမခံရအောင် ငါကိုယ်တော်မြတ် ဆန္ဒရလင်္ကာလေးကို မိဖုရားခေါင် မြှောက်မှ သင့်တော်ပေမယ်။ ဒါဆို ဒုတိယ ကချေသည်လေး ကုန္ဓရကေသာလည်း ပထမ ကချေသည်လေး နေရာရသွားမယ်။ ဆန္ဒရလင်္ကာလေးလည်း မိဖုရားခေါင် ဖြစ်သွားမယ်။ ကဲ....ရှင်ဘုရင်နဲ့ ကချေသည် အဆင့်က ကွာခြားနေတာနော်....ဒါကိုတောင် မထောက်ထားပဲ သာသနာကို ထိခိုက်လာမှာကို မလိုလားလို့ အနစ်နာခံတဲ့ စိတ်လေးက ဘယ်လောက် မြင့်မြတ်လည်းနော်။

ဒီလိုနဲ့ မှုးမတ်တွေ ခေါ်ပြီး ရှင်ဘုရင်ကြီးက ကချေသည် မလေးရဲ့ အဆောင်ကို ကြွပါတယ်။ အရှင်မင်းကြီး ကြွလာတယ်၊ မကြွစဖူး ကြွလာတာ ဘာကိစ္စ များလဲပေါ့ ဆန္ဒရလင်္ကာရက မေးပါတယ်။ ဘုရင်ကလည်း မသိချင် ဟန်ဆောင်ပြီး နှမတော် ကျန်းမာရဲ့လား၊ နှမတော်ကျန်းမာရေး ကောင်းအောင်နေပါ၊ ကျန်းမာရေးကောင်းရင် နှမတော်ကို မိဖုရား မြှောက်ချင်ကြောင်း ပြောပါတယ်။ သဘောတူရဲ့လား လို့မေးပါတယ်။ ဆန္ဒရလင်္ကာလေး ကလည်း သဘောတူကြောင်း ပြောပါတယ်။

အရှင်မင်းကြီး နှမတော် အရမ်းကြောက် နေပါတယ်။ ဘာကြောင့် ကြောက်ရတာလဲ၊ ငါကိုယ်တော် မြတ်လောက် သင်နှမမှာ ကြောက်ရမဲ့သူ ဘယ်သူရှိလို့လဲ မေးပါတယ်။ ဆန္ဒရလင်္ကာ လေးကလည်း ဘုရင်ချီးမြှောက်တဲ့ ဖိဖုရား ရာထူးကို ယူတဲ့နေ့မှာ အဲဒီလူရဲ့ ခေါင်းကိုဖြတ်ပေးပါလို့ ကတိတောင်းပါတယ်။ဘုရင်ကလည်း နှမတော်လက်ညိုးသာ ထိုးလိုက် နှမတော်အလိုကျ ဖြစ်စေရမယ်လို့ ကတိပေးပါတယ်။တကယ်တော့ ဆန္ဒရလင်္ကာလေးက ချစ်တာကို မိန်းမမာယာ ဖြင့်ကြောက်တယ်လို့ ဖြေလိုက်တာပါ၊ သူမရတော့မဲ့ အတူတူ ရဟန္တာရဲ့ ခေါင်းကိုဖြတ်ဖို့ ကြံစည်နေတာပါ။

ဒီလိုနဲ့ ဆန္ဒရလင်္ကာလေး နေကောင်းလာတော့ မိဖုရား မြှောက်တဲ့နေ့မှာ ဆန္ဒရလင်္ကာက အရှင်မင်းကြီး နှမတော်ကို ကတိပေးထားတာ နှမတော်ကြောက်တဲ့ နှမတော်၏ ရန်သူရဲ့ကို ခေါင်းဖြတ်ပေး ပါတော့လို့ ပြောပါတယ်။ ဘုရင်က မေးပါတယ်၊ နှမတော်ပြောပါ နှမတော်ရဲ့ ရန်သူက ဘယ်သူလဲပေါ့။ အဲဒီမှာ သူမရဲ့ ရန်သူဟာ ရှင်ကောဏ္ဍည ရဟန္တာ ဖြစ်တယ်လည်း ဆိုရော ဘုရင်က အံသြတာပေါ့။ အရှင်ကောဏ္ဍည ရဟန္တာရဲ့ ခေါင်းကိုမရရင် အရှင်ဟာ တိုင်းပြည်အုပ်ချူပ် မင်းလုပ်ပြီး ကတိကို မထိန်းသိမ်း သစ္စာတရား မရှိတဲ့ ဘုရင်ဖြစ်တယ် ဆိုပြီး အပြစ် တင်တာပေါ့။ ဒါနဲ့ ဘုရင်ကလည်း အကြိမ်ကြိမ် ချီတုံချတုံ ဖြစ်နေပါတယ်။မိန်းမလိုချင် လို့တော့ မဟုတ်ဘူးနော်။ ဘုရင်ရဲ့ ရာဇပဝေဏီ ထွက်ပြီးသား ကတိစကားကို ထိန်းနေတော့ ချီတုံချတုံ ဖြစ်နေတာပါ။

ဒီလိုနဲ့ နန်းတွင်းမှာ အခြေအတင် ပဋ္ဋိပက္ခ ဖြစ်နေတုန်း ဒါတွေကို ရဟန္တာမြတ်က ဥာဏ်နဲ့ဆင်ခြင် လိုက်တော့ အော်..ငါ့ရဲ့အာယုဒီဂ သက်တမ်းက သိပ်မကျန် တော့ဘူးဆိုတာ သိနေပါတယ်။ ဒါကြောင့် အဘိဥာန်နဲ့ နန်းတွင်းကို ကြွလာပါတယ်။ ဒကာရေမြေ့ရှင် ဆရာတော်ရဲ့ သက်တမ်းက မရှိတော့ပါဘူး၊ ငါကိုယ်တော်၏ ခေါင်းကိုဖြတ်ရင် အရှင်မင်းကြီးလည်း ကတိမပျက် တော့ဘူး၊ ဆန္ဒရလင်္ကလဲ သူရဲ့ရန်သူ မရှိရင် သူအေးအေး ချမ်းချမ်း နေလို့ရမယ်၊ ဒါကြောင့် ငါကိုယ်တော်မြတ်၏ ခေါင်းကိုဖြတ်ပါ၊ ငါလှူပါတယ် လို့ပြောပါတယ်။ ဘုရင်ရဲ့ စိတ်မှာလည်း တော်တော် တုန်လှုပ်သွားပါတယ်။ ဆန္ဒရလင်္ကာ လေးကလည်း အရှင်ဖြတ်ပါတော့ လို့ပြောပါတယ်၊ ဘုရင်ကလည်း ချီတုံချတုံဖြစ်ပြီး နှစ်ကြိမ်လုံးလုံး သန်လျက်ကို ထုတ်လိုက် သွင်းလိုက်နဲ့ ဖြစ်နေပါတယ်။ သုံးကြိမ်မြောက်လည်း ကျရော ဆန္ဒရလင်္ကာလေး အမြင်မှန်ရသွားပါတယ်။

အော်..တကယ်တော့ လူတိုင်းလူတိုင်း ငါက ငါလိုချင်စိတ် တစ်ခုထဲနဲ့ ဒီရဟန်းကို ငါမှမရရင် တခြားလူလည်း မရစေရဘူး၊ ငါမှ မချစ်ရရင် တခြားမိန်းမလည်း မချစ်ရဘူး ဆိုတဲ့စိတ်နဲ့ သတ်မှတ်လိုက်တယ်။ တကယ်တော့ ရဟန်းက တခြားမိန်းမကို ချစ်ဖို့ပေါင်းဖို့မှ မဟုတ်ပဲ၊ ငါနဲ့ ဘုရင့်အတွက် အဆင်ပြေစေအောင် လာပြီး အသက်စွန့်တယ်၊ လူတွေဟာ ငါဆိုတဲ့ အတ္တ တစ်ခုတွက် အလုပ်လုပ်တယ်၊ အရှင်ကောဏ္ဍည ကတော့ အတ္တကိုစွန့်၍ ငါတို့အတွက် လာပေးဆပ်တယ်၊ ဘာကြောင့်မို့ သူဒီလို လုပ်နိုင်တာလဲ၊ ပါရမီရင့် နေတာပါနော်၊ တကယ်တော့ ငါတို့နှစ်ယောက်လုံးကို ချစ်တာပါလား၊ ယောင်္ကျားကောင်း တို့ရဲ့ချစ်တဲ့ အချစ်က ဒါကိုခေါ်တာလား မသိပါဘူးဆိုပြီး စဉ်းစားတာပေါ့၊ လင်ချစ်မယားချစ် စိတ်ကနေ လောကကြီးကို စွန့်လွတ်တတ်တဲ့ အချစ်ကို သူဘယ်လို ကျင့်ခဲ့လည်း မသိဘူး အဲဒီလို အချစ်မျိုးကို ဘယ်လိုပိုင်နိုင် အောင်ခဲ့လည်း စဉ်းစားပါတယ်။ ငါသိချင် လိုက်တာလို့ တွေးလိုက်ပါတယ်။

ဒီအခါမှာ ဘုရင်ကလည်း သုံးကြိမ်မြောက် သန်လျက်နဲ့ အရှင်ကောဏ္ဍည ရဟန္တာရဲ့ ဦးခေါင်းကို ရွယ်လိုက်တဲ့ အခါမှာ ဆန္ဒရလင်္ကာလေးက အရှင်မင်းကြီး တော်ပြီ အရှင်ကောဏ္ဍည မထေရ်ရဲ့ခေါင်းကို မဖြတ်ပါနဲ့တော့။ အရှင်ကောဏ္ဍည ကလည်း နှမတော်ရဲ့ ရန်သူမဟုတ် တော့ပါဘူးဆိုပြီး တားမြစ်လိုက်ပါတယ်။ အရှင်ကေဏ္ဍည ရဟန္တာက အခြားတစ်ယောက်ကို ချစ်ဖို့ပေါင်းဖို့ မဟုတ်ဘူးနော်၊ အရှင်ဘုရား တပည့်တော်မတို့ နှစ်ယောက်အတွက် ဦးခေါင်းကို စွန့်လွတ်ရဲတာက အရှင်ဘုရားရဲ့ စိတ်သန္တာန်မှာ ဘာတွေရှိပါသနည်း လို့မေးပါတယ်။ အရှင်ကောဏ္ဍညက နှမ ငါ၏စိတ် သန္တာန်မှာ ဓမ္မတွေ ရှိပါတယ်လို့ ပြန်ဖြေပါတယ်။ နှမ ဆန္ဒရလင်္ကာ အရိယာတွေသည် ဥာဏ်မှာ စံကြပါတယ်၊ ပုတုဇဉ်တွေသည် ကံမှာ စံကြပါတယ်။

ပုတုဇဉ်တွေက ကံတိုးအောင်နေသည်၊ အရိယာတွေက ဥာဏ်တိုးအောင်နေသည်၊ ကံတိုးရင် ခန္ဓာတိုးတယ်၊ (ကံတိုးတယ်ဆိုတာ သံသရာချဲ့တဲ့ သဘောပါ။) အရိယာတို့သည် ကံတွေကုန်သွားတာ ဖြစ်သည့်အတွက်ကြောင့် ငါ့မှာ အကုသိုလ်ရော ကုသိုလ်ရော ကုန်သွားပါပြီ၊ မရှိတော့ပါ၊ နှမရဲ့ စိတ်သန္တာန်မှာတော့ အရိယာဓမ္မ မဟုတ်တဲ့ အဓမ္မ တွေရှိတယ်၊ အဲဒီတရားတွေက နှမရဲ့ စိတ်သန္တာန်ကို ပူလောင်အောင် ဆင်းရဲအောင် လုပ်နေတာပါ၊ ဒါကြောင့် ရဟန်းကို ရဟန်းမှန်း မသိဘဲ ဖြစ်နေတာပါ။ တကယ်တော့ ဖြတ်ရမဲ့ ဦးခေါင်းက အပြင်မှာ မရှိပါဘူး၊ နှမရဲ့ စိတ်သန္တာန်မှာ ရှိတဲ့ အ၀ိဇ္ဇာနဲ့ တဏှာ ကိုသာပြတ်အောင် ဖြတ်ရမှာပါ။ အဲဒီတရား တွေဖြစ်တဲ့ အ၀ိဇ္ဇာတွေသည် နှမရဲ့ ရင်ထဲ၌သာ ရှိပါတယ်၊ ငါ့ရဲ့ ဦးခေါင်း မဟုတ်ပါဘူး၊ အဲဒီ နှမရင်ထဲ မှာရှိတဲ့ အ၀ိဇ္ဇာ တဏှာဆိုတဲ့ ဦးခေါင်းကို ဖြတ်နိုင်ရင် အလိုလိုပြတ်ပြီး သွားမှာပါ နှမရယ်လို့ ပြောလိုက်တဲ့အခါ အရှင်ကောဏ္ဍည ရဲ့သာယာ တည်ငြိမ်စွာ နှမလို့ခေါ်ဆိုမှုနဲ့ တရားသံတွေကြောင့် ဆန္ဒရလင်္ကာလေးမှာ ရှိနေတဲ့ ဒေါသဟာ အလိုလို ပြာကျသွားပါတယ်။

ပြီးတော့ မထေရ်ရဲ့ ခြေတော်အစုံကို သူမဦးခေါင်းနဲ့ ဆံပင်နဲ့ပတ်ပြီး ရှိသမျှ အပြစ်တွေကို ၀န်ချ တောင်းပန်ပါတယ်၊ ပထမတစ်ခါ အရှင်ကောဏ္ဍညရဲ့ ခြေတော်ကို ၀ပ်ဆင်းတဲ့ အကြိမ်နဲ့ မတူတော့ပါဘူး အခုတော့ အမြင်မှန် ရခဲ့ပြီး အသိတရား ရသွားတဲ့အတွက် အရှင်ဘုရား စံမြန်းတဲ့ အရိယာ စံအိမ်မှာ တပည့်တော်မ နေချင်ပါသည်၊ အရှင်ဘုရားတို့ ကျင့်သုံးတဲ့ အရိယာတွေရဲ့ ဓမ္မတွေကို ကျင့်သုံး ချင်ပါသည်၊ အရှင်ဘုရားတို့ ဖြတ်တောက်ခဲ့တဲ့ အ၀ိဇ္ဇာ တဏှာတို့ကို တပည့်တော်မ ဖြတ်တောက် ချင်ပါသည်လို့ အရှင်ကောဏ္ဍည မထေရ်ကြီးကို လျှောက်ထားပါတယ်။ ဒီလိုနဲ့ ရှင်ကောဏ္ဍည မထေရ်ရဲ့ ခွင့်ပြုချက်ကြောင့် အရှင်ကောဏ္ဍည မထေရ်ရဲ့ နောက်ကို လိုက်ပြီး တရားကျင့်ကြံ တဲ့အတွက် နောက်ဆုံး ရဟန္တာ ထေရ်ရီမ ကြီးဖြစ်သွား ပါတယ်နော်။

အခြေခံကတော့ တဏှာကြောင့် ဖြစ်လာတဲ့ အကြောင်းကို အရင်းခံထား တာပါ။အချစ်ကြီးတော့ အမျက်ကြီးသွားတဲ့ ဆန္ဒရလင်္ကာလေးကို ရေးလိုက်ရတာက အချစ်ဆိုသည်မှာ ပိုစ့်လေးကို ရေးဖို့စဉ်းစား နေစဉ်မှာ ကျေးဇူးတော်ရှင် ဓမ္မစေတီဆရာတော် ဘဒ္ဒန္တကောသလ္လ (ဦးကော) ရဲ့တရားတော်ကို နာကြားမိတာနဲ့ စိတ်ကူးလေးရလို့ ဘုန်းဘုန်း ဦးကောရဲ့ တရားတွေကို ပြန်လည် ရေးသား ပေးလိုက်တာပါ၊
ဒါကြောင့် ကိလေသာ အကုသိုလ်တရား နဲ့ တဏှာဖက် မနွယ်တဲ့ အချစ်နဲ့ ချစ်တတ်နိုင်ကြ စေရန်ဆန္ဒ ပြုလိုက်ပါတယ်။

အစအဆုံး ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကိုရဲရင့်နီလည်း ကျေနပ်နိုင် လိမ့်မယ်ထင်ပါတယ်။ တက်ဂ်တဲ့ အတွက်လည်း ကျေးဇူးပါ။

"DREAM"

အချစ်ဆိုသည်မှာ
ဒုတိယအကြိမ် တက်ဂ်ခံရတဲ့ပို့စ်လေးပါပဲ။ကိုရဲရင့်နီ က အကြွေးအတင်းတောင်းနေလို့ပါ။မချင်းမလေးလည်း
အရင်ကတက်ဂ်ထားခဲ့ဖူးပါတယ်။ ရေးလည်းရေးဖူးပါတယ်။
ခေါင်းစဉ်က အချစ်ဆိုသည်မှာတဲ့.....။ စဉ်းစားရအင်မတန်ကြပ်တဲ့ခေါင်းစဉ်ပါ။
ကိုရဲကြီးကခင်လို့တက်ဂ်တော့လည်း ထပ်ရေးပေးလိုက်ပါတယ်..။
စာတစ်တန်ပေတစ်တန်မရေးတတ်လို့ ဒီကဗျာလေးနဲ့ပဲကျေနပ်ပေးဖို့တောင်းဆိုပါတယ်ကိုရဲကြီးရေ...။
အကြွေးကျေပါတယ်နော်...။

အချစ်ဆိုသည်မှာ...
မျှော်လင့်ခြင်းရဲ့တေးသံ
ထို့ထက်ပိုရသော်
ကမ္ဘာဦးက စီးဆင်းလာတဲ့မြစ်တစ်စင်း
ချစ်ခြင်းရဲ့သင်္ကေတမှာ
အရာအားလုံးဟာ ကြည်နူးလှပနေတယ်....
ညတစ်စင်းမှာ လမင်းကလင်းနေသလိုမျိုး
တချို့က လေညှင်းထက်နူးညံ့တယ်
တချို့က မုန်တိုင်းထက်ကြမ်းတမ်းတယ်...။
နှလုံးသားရေပြင်မှာ
မထင်မှတ်ဘဲ ရိုက်ခတ်ခဲ့သောကြိုးတွေ
အသံမျိုးစုံ၊ အရာင်မျိုးစုံ...
ချစ်ခြင်းအဟုန် လျင်မြန်ပုံက
ဘာနဲ့မှတားမရ၊ ဆီးမရ..
ဘာပဲဖြစ်ဖြစ်
အချစ်မြစ်ပြင်ထဲမှာ စီးဆင်းပြီးပြီဆိုရင်
ကမ်းမမြင်တဲ့နေ့တွေလည်း ကြုံရဦးမယ်...
လတ်ဆတ်တဲ့ရနံတွေလည်းရှုရဦးမယ်ဆိုတာကတော့
သေချာတယ်.....။ ။

နွေသူရ

9 comments:

Anonymous said...

အင်း............ ကိုယ်တိုင်ကအချစ်ဆိုတာတော့
ခံစားခဲ့ဖူးပါတယ်၊ ဒါပေမဲ့အခုတော့ အားလုံးပြီးဆုံးခဲ့တာကြာခဲ့ပြီဆိုတော့ဗျာ
အသည်းနှလုံးက ကျောက်ခဲလိုဖြစ်နေပြီဗျ
အဟိဟိ ကဗျာဆန်သွားသလားမသိဘူး။
ရေးပေးမယ်ဗျ နည်ူးနည်းတော့ စောင့်ဗျ။

Dr Phyo Wai Kyaw said...

အားကိုးတော်နီတာရဲ

သူများနှုတ်ခမ်းမှာ ဘာလို့စာသွားရေးတာလဲ
ပြဿနာတော့ ရှာနေပြန်ပြီ ဒီက ညီတော်မောင်က လိုက်ရှင်းပေးရဦးမယ်.. နာတော့မယ်။
.

ကိုယ့်မှာ ချိတဲ့ အချစ်အကြောင်းကျတော့ မရေးဘူး...
စာအုပ်ထဲက ဟာတွေ လာပြောပြနေတယ်..

မ၇ဘူး ဗျာ...
ကိုယ့်အကြောင်းကိုယ်ထပ်ရေးဘာ...
ကိုယ်တွေ့ပါထပ်ရေး...
ညီအစ်ကိုချင်း လူလည်လာမကျနဲ့ငှဲငှဲ...

ဒါနဲ့ ကျနော်က စာရေးရင် တစ်ခွက်လောက် သောက်လိုက်ရမှ ရေးလို့ကောင်းတာဗျ မြန်မြန်လာတိုက်ပါ.. ကော်ဖီနော်...

ဒါမှ မဟုတ်
မနက်ဖြန် လက်ဘက်ရည်ဆိုင်သွားမယ် ပိုက်ဆံများများ ထည့်ခဲ့ ...

ဒါနဲ့...အနော့် ရှေ့က နာမ၀ိသေသနကြီးက
ဘီလိုဂျီးတုန်းဂျ...
အထင်လွဲချရာကြီး ..အီးးး
:(

Unknown said...

ချစ်သောကြောင့်စခြင်းဖြစ်သည်...
စိတ်ဆိုးလျှင်နောက်ဆိုလျှင်မချစ်တော့ပါ..
ချစ်ချစ်ကိုဘဲချစ်တော့မယ်..
ဟီးဟီးဟီးဟီးဟီးဟီး..

ငှက်ငယ်လေး said...

မောလိုက်တာ အချစ်အကြောင့်ဖတ်ရတာ....
လူတိုင်းရဲ့ ယုံကြည်မှုတခုစီက အချစ်ပဲဖြစ်မှာပါ...။
.....
ဟီးးသွားရေးလိုက်ဦးမယ်...
ကျလိကျလိ ကြီးမထည့်ပါနဲ့ လားဟင်
တခါမှလဲမအော် ရသေးပဲ အသံကြယ်ကြီးတဲ့ အဟင့်...

Dream said...

ဟင့်.. တူက အဲလို အများဂျီးရေးတွားတာနဲ့တင် တော်တော်လေးပြည့်စုံတွားပီ.. တူညားဒွေရေးဖို့ကိုမ ချိဒေါ့ဖူး..... တူမတော်လေးကို အိပ်ပုတ်တဲ့.. ဟင့်
လူတကာသိအောင် ဋ္ဌေကငြာ လိုက်တယ်ပေါ့လေ.. ဒီဦးရီးတော်
ကတော့ .. ဟွန်း...

မီးက အထုမှ ထရေးရေးဖဲ ချိတေးဒါကိုး....ဟင့်..နယ်နယ်ဖဲ ချိတေးဒါဂို ဘီယိုရုတ် အရှစ်အကျောင်းဂို တိမှာရဲယို့.....ဟင့်.... ဂယ်ဖဲ...ဂယ်ဖဲ...

ဒါနဲ့ ဦးရီးတော် အလှတရားက ...အဟိ... တညိုးပဲ...

တစ်ဥတည်းသောညီတော်လေး ပူတူတူးလေးတဲ့... အော်.. အော်... :P :P

Anonymous said...

အဲ ခိုးသောက်တာတွေ ပေါ်ကုန်ပါပြီ ...သူဖော်ကောင်လုပ်တာနဲ့....။
သူတို့ အသီးသီး အ သသ ရေးသွားကြလေတော့ ဒီ ခမျာ ဘာရေးရတော့ပါ့....။ နှင်းအေးအေး နဲ့ နှပ်မယ့် အစီ အစဉ်တော့ ပျက်ပြီ ။ ရေးပြီးရင် တစ်ဝိုင်းပေးရမယ်နော်..။

တက်လူငယ် said...

အချစ်ဆိုလားဗျ။ အင်းအခုပဲ..ရေးလိုက်ပြီဗျာ။

မြတ်သွယ် said...

ဟွန့် ပြေးလို့လွတ်ပြီထင်တာ ရလဲရ၀ူးနော်
ခက်၏
အဲဒီအကြောင်း ဘယ်လိုရေးရမလဲ
ပုံလေးတွေကလှတယ်နော်
ဖတ်သွားပါပြီ
အိမ်ပြန်ပြီး စဉ်းစားလိုက်ဦးမယ် :P

Unknown said...

Home Remedies : The Best Way To Get Rid Of Many Diseases Without Any Side Effects. These Natural Home Remedies Are Proved By Many Medical Institutes So That These are the best option because they are cheap and no have no side effects like pills or other treatment options.