Tuesday, July 1, 2008

"လူအမည်ခံများသို့ ........"



မင်းနဲ့ ငါ

လမ်းမှာနောက်တစ်ကြိမ်ပြန်ဆုံခဲ့ရင်

မင်းဘက်ကပြုံးနိုင်အောင်….ကြိုးစားထားပါ။

မင်းကိုငါက

မနှင်ခဲ့ပါဘူး။

မင်းကငါ့ကို

ထားသွားတာပါ။

မင်းကိုငါက

မနာကျင်စေခဲ့ပါဘူး။

မင်းကငါ့ကို

အသည်းခွဲသွားတာပါ။

မင်းကိုငါက

ဘာမှမလုပ်ခဲ့ပါဘူး။

မင်းကငါ့ကို

ဘဝဖျက်သွားတာပါ။

စိန်ခေါ်ပြီးရင်တော့

ဘွာမခတ်ကြေးပေါ့။

လူလို မတွေး

လူလိုမသိ

လူလိုမလုပ်

လူအမည်ခံယုံသက်သက်နဲ့ 

မင်းတို့ လိုလူတွေအတွက်

ငါဆုတောင်းပေးလိုက်ပါတယ်။

မင်းနဲ့ ငါ

လမ်းမှာနောက်တစ်ကြိမ် ပြန်ဆုံခဲ့ရင်

မင်းဘက်ကပြုံးနိုင်ပါစေလို့ …..


(၅.၁.၂၀၀၈)


2 comments:

စိုးထက် - Soe Htet ! said...

လာရောက် လည်ပတ် သွားပါကြောင်း :)

ချိုသာတေး said...

လည်လည်လာသွားတယ်