Tuesday, July 15, 2008

သုည + သုည = တစ်


ငါဟာဘယ်လက်တစ်ဖက်ဆိုရင်
မင်းဟာညာလက်တစ်ဖက်ပါ။
ငါဟာနှလုံးခုန်သံတစ်ချက်ဆိုရင်
မင်းဟာအသက်ရူသံတစ်ချက်ပါ။

ငါဟာရုပ်ဝတ္တုဆိုရင်
မင်းဟာစိတ်ဝိညာဉ်ပါ။
သေချာတာတစ်ခုက
မင်းနဲ့ ငါဟာ
ဘာတစ်ခုမှခွဲခြားလို့ မရ
နှစ်ယောက်ပေါင်းမှ
တစ်ဘဝဖြစ်မှာပါ။
သေချာတာတစ်ခုက
မင်းမရှိရင်ငါမရှိ
နေ့ မရှိရင်ညမရှိသလိုမျိုးပါ။
မင်းမရှိရင်ငါမရှိတဲ့ဘဝမှာ
ငါဆိုတာရှိနေအောင်
မင်းဆိုတာငါနဲ့ အတူရှိနေပေးပါ။

(၂၃.၀၇.၂၀၀၈)

No comments: