

မှောင်မှောင်မဲမဲ
လမ်းကြမ်းကြီးထဲမှာ
တွန်းတွန်းတိုက်တိုက်နဲ့ 
လျှောက်လှမ်းနေရတာ..
ကိုယ်တစ်ယောက်ထဲပါ...
ချစ်ရသူရယ်။
ခြေကုန်လက်ပန်းနဲ့ 
အကြိမ်ကြိမ်ဒူးထောက်လဲကျ
ဇွတ်အတင်းကုန်းရုန်းထလို့ 
ကြိုးပမ်းလမ်းလျှောက်နေရသူပါ။
တစ်ခါတစ်ခါတော့လည်း
နှလုံးသားတစ်စုံနဲ့ 
နားခိုရမဲ့ရင်ခွင်တစ်ခုကို
မက်မက်မောမောနဲ့ 
ကိုယ်တမ်းတနေမိတာပါ။
ချစ်ရသူရယ်
အဝေးကနေရပ်လို့ 
လှမ်းကြည့်မနေပါနဲ့ ။
အနီးကပ်ရပ်ပြီး
ငေးကြည့်လို့ လည်း မနေပါနဲ့ ။
ဖြစ်နိုင်မယ်ဆိုရင်
မင်းနဲ့ ငါတစ်ခုတည်း
အတူတူဖြစ်ပါရစေ။
No comments:
Post a Comment