Friday, October 23, 2009

နင်း ........ကြမ်း



သောကရွက်နု လွင့်လာမြူးပြီး
သောကပွင့်သစ် ကြွေကာခသည်
သောကပင်ကို ပျိုးသောကြောင့်

လူနှင့် လူသာငြိုးမာန်ဖွဲ့သည်
မာန တံခွန်ထူသောကြောင့်
နင် ငါ မဟူ အတူတူတည့်
နောက်ဆုံး သေရွာသွားရမည်....

ကိုယ်ပြု့ သည့် ကံ
ကိုယ်သာ ခံ
ကိုယ့် ကံ
ကိုယ် သာစီရင်မည်....

လွန်မိသည့် ဝဋ်
ကြေစေလွတ်.....
ဒီဘဝ ဤမျှ
နောက်ဆုံးတည်း။

“ငါသည်နာကျင်သောကိုယ်ရှိသူဖြစ်လျှက်
နာကျင်သောစိတ်ကင်းသူဖြစ်လတံ့”

(၂၃.၁၀.၂၀၀၉)

2 comments:

MoeThwayNge said...

အားပါး ကောင်းလိုက်တဲ့ ကဗျာလေးဗျာ...
သံဝေဂ ရစေပါတယ်။
သတိပေးတဲ့ ကဗျာလေး တပုဒ်ဆိုလည်း မမှားဘူးပေါ့ ဗျာ..။
ဆက်ထက် ဒီထပ်ပို ရေးနိုင်ပါစေဗျာ။

ခင်မင်မှုဖြင့်

အားလုံးကိုပျော်စေချင်တဲ့.......

တက်လူငယ် said...

အစ်ကိုရေ...

ကဗျာကောင်လေးကို ခံစားဖတ်ရှုသွားပါတယ်ဗျာ။

ဘဝမှာ သတိပြုထားသင့်တဲ့ အရာတွေပါ။

အားပေးလျက်
ညီငယ်...