Wednesday, March 17, 2010

ရဲရင့်နီ၏ ဖီလိုဆိုဖီများ

အောင်မြင်ရေးအတွက်ဆောင်ပုဒ်များ

  1. မိမိကိုယ်ကို မိမိကိုယ်တိုင် မညှာမတာ ဝေဖန်ပါ။
  2. မိမိ၏ အားနည်းချက်များကို အမြန်ဆုံးပြင်ဆင်ပါ။ မိမိ၏ အားသာချက်များကို ပိုမိုကောင်းမွန်အောင်ပြင်ဆင်ပါ။
  3. အခက်အခဲဆိုသည်မှာရင်ဆိုင်ဖြေရှင်းပြီးအနိုင်ယူရန်ဖြစ်သည်။ ကြောက်ရွံ၊ထွက်ပြေးခြင်းဖြင့်အခက်အခဲများပျောက်ကွယ်သွားမည်မဟုတ်ပေ။
  4. သင်အရှုံးမပေးမခြင်း၊လက်နက်မချမခြင်း၊သင်သည်မည်သည့်အခါတွင်မှ မရှုံးနိမ့်ပေ။
  5. မနက်ဖြန်တိုင်းအတွက်အသင့်ပြင်ဆင်ထားပါ။
  6. သင်အလုပ်မည်မျှလုပ်ကြောင်းမပြောပါနှင့်။ သင်အလုပ်မည်မျှပြီးမြောက်အောင်မြင်ကြောင်းသာပြပါ။
  7. မိမိ၏ လက်ရှိအခြေအနေကို အမှန်အတိုင်းရှုမြင်သုံးသပ်နိုင်ရမည်။
  8. ကုန်စုံဆိုင်ကြီးဖွင့်ဖိုထိုင်စောင့်မနေပါနဲ့၊ ကိုယ်တတ်နိုင်တာကွမ်းယာဆိုင်ဆိုရင်လည်း ကွမ်းယာဆိုင်ကိုစဖွင့်လိုက်ပါ။
  9. အခြေနေအရပ်ရပ်တိုင်းတွင် အားသာချက်၊အားနည်းချက်ကိုယ်စီရှိကြသည်။ အောင်မြင်လိုသူသည် အားသာချက်များကိုသာ ရှာဖွေပြီး ထုတ်ယူသုံးစွဲရန်သာဖြစ်သည်။
  10. သူတစ်ပါး၏ အမှုထမ်းအနေဖြင့်ကြီးပွားတိုးတက်ရန်အခွင့်အလမ်း လွန်စွာမှပင်နည်းပါးသည်။ ထို့ကြောင့်မိမိကိုယ်ပိုင်စီးပွါးရေးလုပ်ငန်းထူထောင်နိုင်ရန် အမြန်ဆုံးကြိုးစားပါ။
  11. အောင်မြင်ရေးအတွက်ဆောင်ပုဒ်များ ကိုသိရှိယုံဖြင့်အောင်မြင်မှုကိုမရရှိနိုင်ပေ။ ဆောင်ပုဒ်များအတိုင်းလက်တွေ့ လိုက်နာကျင့်သုံးမှ အောင်မြင်မှုကိုရရှိမည်ဖြစ်သည်။

3 comments:

Nge Naing said...

လိုက်နာနိုင်ရင်တော့ သိပ်ကောင်းတဲ့ ဖီလော်ဆိုဖီတွေပဲ ဒါပေမဲ့ လိုက်နာနိုင်ဖို့က ခက်တယ်။ အစ်မကတော့ အေးဆေးတည်ငြိမ်ပြီး စိတ်ဖိစီးမှု နည်းတဲ့ အမှုထမ်းဘ၀ကိုပဲ ကြိုက်နှစ်သက်တယ်။ အော်စီလာလိုက်ပါလား ကိုယ်ပိုင်စီးပွားရေး လုပ်ချင်လို့ အမြဲတမ်း အိပ်မက်မက်နေတဲ့ အစ်ကိုနဲ့ စပ်တူ စီးပွါးရေးလုပ်လို့ရအောင်။

Unknown said...

လာခြင်တာပေါ့အမရယ်...
ခုနည်းလမ်းတွေရှာနေတာ...
၉၀၁ ပုံစံနဲ့လာလို့ရတယ်ဆို...
ဟုတ်ရဲ့ လားအမရေ...

Tin said...

အင်း လိုနာနိုင်အောင် ကြိုးစားသင့်တဲ့ အချက်တွေပါပဲ။ ကိုယ့်ကိုယ်ကို ပြန်စမ်းစစ်ကြည့်မှ ဖြစ်တော့မယ်။