Saturday, March 20, 2010

နတ်လူသာဓုခေါ်စေသော်......


စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်းတွင်
ယနေ့ (၂၀.၀၃.၂၀၁၀) တွင် ဆွမ်းအလှူအဖြစ်

အရုဏ် မုန့်ဟင်းခါးဆွမ်း
နှစ်ဖက်သောမိဘ၊အဘိုးအဖွားများကို
အမှူးထား၍
ဦးသောင်းညွှန့်+ဒေါ်နော်ဆဲဖေါ မိသားစု တို့မှလည်းကောင်း

နေ့ဆွမ်း
ဆွမ်း
ဘဲဥချဉ်ဟင်း
ပဲနီသုတ်
အစိမ်းကြော်
ငရုတ်သီးပါလချောင်ကြော်
နှစ်ဖက်သောမိဘ၊အဘိုးအဖွားများကို အမှူးထား၍
မောင်ရဲရင့်နီ+မချိုးချိုး တို့မှ လှူဒါန်းခဲ့ကြပါတယ်။
ပြုပြုသမျှ ကုသိုလ်ကောင်းမှု အစုစုတို့အား
၃၁ ဘုံအလုံးစုံတွင်ကျင်လည်ကြကုန်သော
လူ၊နတ်၊ဗြဟ္မာ သတ္တဝါ အပေါင်းတို့အားအမျှပေးဝေပါ၏။
အမျှ..........
အမျှ..........
အမျှ..........
ယူတော်မူကြပါကုန်လော.....
အမျှရ၍ ၃၁ ဘုံအလုံးစုံတွင်ကျင်လည်ကြကုန်သော
လူ၊နတ်၊ဗြဟ္မာ သတ္တဝါ အပေါင်းတို့ ကျမ်းမာ၊ချမ်းသာကြသည်ဖြစ်ကြပါစေသော်.....
ဒီနေ့အလှူဖြစ်မြောက်ဘို့အတွက် ဆောင်ရွက်ပေးခဲ့ကြသော ဦးဇင်းဦးကောဝိဒနဲ့အတူမ၀ါဝါခိုင်မင်း၊မဥမ္မာဌေးနှင့်တကွ စစ်ကိုင်းတောင်ရိုးမှ ဝေယျာဝစ္စ အလှူရှင်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။





5 comments:

အိုးဝေအောင် said...

သာဓု သာဓု သာဓု စိန့် ပေါလ်ကျောင်းသားဟောင်းတဦးရဲ့  ကုသိုလ်ဒါနကို လေးစားပါတယ်

Unknown said...

ဆရာကြီး ဦးမင်းမောင်ရဲ့  တပည့် အတူတူဖြစ်ခွင့် ရခဲ့တဲ့အတွက်... ဝမ်းသာဂုဏ်ယူ မိပါတယ်ခင်ဗျာ...

Nge Naing said...

သာဓု သာဓု သာဓု ပါ။ အလှူရှင်နဲ့ ထပ်တူထပ်မျှ ၀မ်းမြာက်ဝမ်းသာ ဖြစ်ရပါတယ် မောင်လေး ရဲရင့်နီနဲ့ အစ်မ မသိသေးတဲ့ ညီမ မချိုးချိုး။ ဒီကုသိုလ်ကြောင့် မောင်လေးညီမလေးတို့ဘ၀ လမ်းခရီး သာယာဖြောင့်ဖြူးပြီး ကုသိုလ်နဲ့ ယှဉ်တဲ့တဲ့ ဘ၀ကိုအသက်ထက်ဆုံး ပိုင်ဆိုင်ကြပါစေ။
ခင်မင်လျက် အစ်မ

Anonymous said...

သာဓု. သာဓု... သာဓု.......ပါဗျာ။
လေးစားစွာဖြင့်
ကန

Unknown said...

ပေးတဲ့ ဆုနဲ့ ပြည့်ဝရပါစေခင်ဗျာ....